Wednesday, August 5, 2009

ဆံလွဲ...တောင်းဆု


ငယ်ငယ်တုန်းက
လူကြီးတွေပြောတာ ကြားဖူးတယ်
ညဖက်
ကောင်းကင်ပေါ်က
ကြယ်ကလေးတွေ ကြွေတာတွေ့ရင်
"ဆုတောင်းပါ ဆုတောင်းပြည့်တယ်"တဲ့

ကျမအတွက်တော့
သူများကြွေမှ
ကိုယ့်ဆုတောင်းပြည့်ရမဲ့
အဲဒီလို"တောင်းဆု"မျိုးကို
မလိုချင်ပါဘူး
ကြယ်လေးတွေ
သူ့နေရာနဲ့သူ ရှိနေပါစေလေ

2 comments:

Anonymous said...

အမ...ဆံလွဲလား။ စံလွဲလား။

အဖြူရောင်နတ်သမီး said...

“ဆံလွဲ”..လား
“ဆန်လွဲ”...လား..
“စံလွဲ”...လား....
သူပြောမှ ပိုရှုပ်သွားပြီ...
ရှင်းပေးအုံး...သိတော့ဘူး...

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger