Thursday, September 3, 2009

ယုံကြည်သော အချစ်



video



မိုးကုတ်စက်ဝိုင်းကြီးရဲ့အောက်က ပင်လယ်ပြင်ရဲ့ အစွန်းတစ်ဖက်တစ်ချက်စီမှာ....
နင်နဲ့ငါ ရပ်နေကြတယ်....
ငါ...နင့်ကိုလွမ်းတိုင်း ပင်လယ်ပြင်ကိုသွားကြည့်တယ်.....
နင်...ငါ့ကိုလွမ်းတိုင်း ပင်လယ်ပြင်ကိုသွားကြည့်တယ်....
ငါတို့နှစ်ယောက်ရဲ့အချစ်ကို ပင်လယ်ပြင်က ဆက်သွယ်ပေးထားတယ်....
တစ်ယောက်ကိုတစ်ယောက် အမှန်တစ်ကယ်မမြင်ရပေမဲ့....နှလုံးသားကတဆင့် တွေ့မြင်နေရတယ်....
ငါပြောချင်တဲ့စကားတွေကို ပင်လယ်ပြင်က သိနေတယ်....“သူ”...နင့်ကိုပြန်ပြောပြပါလိမ့်မယ်...
နင့်ဆီက အနမ်းတွေကို လှိုင်းတွေက ငါ့အတွက်ယူဆောင်လာပေးပြီး....
ငါ့ဆီက အလွမ်းတွေကို နင့်အတွက် သူတို့ပြန်ယူသွားကြတယ်....
ငါယုံကြည်တယ်....
တစ်နေ့...နင်နဲ့ငါ....ပင်လယ်ပြင်ကြီးရဲ့ ..တစ်ဖက်တစ်ချက်စီမှာမဟုတ်ပဲ...ပင်လယ်ပြင်ရဲ့တစ်ဖက်ထဲမှာ...
တို့နှစ်ယောက်အတူတူရှိနေလိမ့်မယ်ဆိုတာကိုပါပဲ......
I believe myself......

1 comments:

နွေဆူးလင်္ကာ said...

ပင်လယ်ကြီးရဲ့ တစ်ဖက်တည်းမှာ အတူ ဆုံနိုင်ကြပါစေ။ ကိုယ်ချင်းလည်း စာပါတယ်။ ကျနော်လည်း အဲလိုပဲ ခံစားနေရတယ်လို့ ထင်တယ်လေ။ ဒါပေမယ့် အဲလိုလေး ခံစားချင်လိုက်တာဗျာ။ တရားဝင်ပေါ့။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger