Monday, October 19, 2009

“ဆိုက်ပရပ်စ်”က..အချစ်နတ်သမီးလေးအကြောင်း


ဟိုး.......ရှေးရှေးတုန်းက...“ဆိုက်ပရပ်စ်”လို့ခေါ်တဲ့ ကျွန်းကလေးတစ်ခုမှာ “အက်ဖရိုဒိုက်”(Aphrodite) လို့ခေါ်တဲ့ အချစ်နတ်သမီးလေး(Goddess of Love) တစ်ပါးရှိတယ်။ အဲဒီမင်းသမီးလေးကို ဖန်ဆင်းရှင် အဖိုးဖြစ်သူက..ပင်လယ်ရေမျက်နှာပြင်ကို သူ့ရဲ့လက်နဲ့ရိုက်ပြီး လှိုင်းများထစေကာ ဖြစ်ပေါ်လာတဲ့ ရေမြှုတ်တွေကနေတဆင့် “အက်ဖရိုဒိုက်” မင်းသမီးလေးကို မွေးဖွားခဲ့တယ်။ မင်းသမီးလေး ဖွားမြင်တဲ့ အဲဒီကမ်းခြေမှာ “Rock of Aphrodite”လို့ခေါ်တဲ့ ကျောက်တုံးကြီးကို ဂရိ(Greece)နိုင်ငံကနေ တန်ခိုးနဲ့ယူဆောင်လာပြီး ပင်လယ်ကမ်းခြေမှာ တည်ထားခဲ့တယ်..။ မင်းသမီးလေးဟာ အရွယ်ရောက်လာတော့ “အာကာ့မတ်စ်” (Acamas)လို့ခေါ်တဲ့ ပန်းပေါင်းစုံ၊ဆေးမြစ်၊သစ်ဥ၊သစ်ဖု တို့စုံလင်စွာပေါက်ရောက်တဲ့ ဒေသက နွယ်ပင်တွေနဲ့ ဖုံးအုပ်နေတဲ့ ရေတံခွန်ရှိတဲ့ လှိုင်ဂူသေးသေးလေးတစ်ခုမှာ ရေသွားချိုးလေ့ရှိတယ်။ အဲဒီနေရာကို မင်းသမီးလေးဟာ သူ့ရဲ့ရွှေဝေါယာဉ်ကြီးကို စီးပြီး ရေအောက်ကနေ မြေလျှိုး...(အဲ..မှားလို့/ ရေလျှိုး)ပြီးသွားလေ့ရှိတာကြောင့် အဲဒီနေရာကို “Beth of Aphrodite” လို့ခေါ်တွင်စေခဲ့တယ်။ “အက်ဖရိုဒိုက်”မင်းသမီးလေးရဲ့အသားအရောင်ဟာလည်း ရွှေရောင်ကဲ့သို့ဝါဝင်းပြီး သိပ်ချော သိပ်လှတဲ့ အဆင်းရုပ်သွင်နဲ့ပြည့်စုံတာကြောင့် တန်ခိုးရှင် မင်းညီ/ မင်းသားတို့ရဲ့အလည်မှာ ထင်ရှားခဲ့တာပေါ့။ မင်းသမီးလေးဟာ “အာကာ့မတ်စ်”ဒေသရဲ့ အရှင်သခင် “ဇာတ်စ်”(Zeus)Father of the God နဲ့ချစ်ကြွမ်းဝင်ခဲ့တယ်။ သူတို့ချစ်သူစုံတွဲတွေ ကျက်စားခဲ့တဲ့နေရာလေးကတော့ “Mount Olympus”လို့ခေါ်တဲ့ နှင်းတွေနဲ့ပြည့်နှက်နေတဲ့ “ထရိုဒို”(Troodos Mauntain) တောင်ပဲဖြစ်တယ်။ အဲဒီမှာတင် မင်းသမီးလေးကို တဖက်သတ်ကြိုက်နေတဲ့ “ပါ့ပို့စ်”(Paphos) လို့အမည်တွင်တဲ့ တခြားမြို့က ဘုရင်“ပေမလွန်”(Pygmalion) မင်းသားလေးဟာ အသဲကွဲပြီး မခံမရပ်နိုင်ပဲ “အက်ဖရိုဒိုက်” မင်းသမီးလေးရဲ့ပုံတူရုပ်ထုကို ပြုလုပ်ပြီး မှော်အတတ်နဲ့ အသက်သွင်းကာ “နို့ရည်ကဲ့သို့အဆင်းရှိသော”လို့အဓိပ္ပါယ်ရတဲ့ “ဂါလတီယာ”(Galatea) ဘွဲ့အမည်နဲ့ “အက်ဖရိုဒိုက်”မင်းသမီးလေးရဲ့ကိုယ်ပွားကို ဖန်ဆင်းပြီး လက်ဆက်ခဲ့ကြတယ်။ အဲဒီမင်းသားလေးနဲ့ ကိုယ်ပွားမင်းသမီးလေး“ဂါလတီယာ”တို့ လက်ဆက်ခဲ့ကြတဲ့ နေရာကတော့ ကျမ လက်ရှိနေထိုင်လျှက်ရှိသော “ပါ့ပို့စ်”မြို့လေးပဲဖြစ်ပါတယ်။ အဲဒီအချစ်ဇာတ်လမ်းလေးကို အစွဲပြုပြီး အင်္ဂလန်ကစုံတွဲအတော်များများဟာ ဒီမြို့လေးကို တကူးတကလာပြီး လက်ထပ်ပွဲတွေကျင်းပလေ့ရှိတယ်။ တခုထူးခြားတာက “အက်ဖရိုဒိုက်”မင်းသမီးလေးမွေးဖွားရာ ကမ်းခြေက ကျောက်တုံးလေးတချို့ဟာ အသဲပုံသဏ္ဍန်ဖြစ်နေပြီး / ကျောက်တုံးလေးတွေထဲက အကြောလေးတွေဟာ ပန်းပုံသဏ္ဍန်လေးတွေပေါ်နေတာကို တွေ့ရတတ်ပါတယ်။ ချစ်သူစုံတွဲတွေဟာလည်း “Rock of Aphrodite” လို့ခေါ်တဲ့ ကျောက်တုံးကြီးပေါ်မှာ ကိုယ့်ရဲ့ဆန္ဒကိုချရေးကာ၊ အဲဒီကျောက်တုံးကြီးကို (၃)ပတ် ပတ်ပြီး ချစ်သူတွေ ဆုံဆည်းကြဖို့ ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့သိရပါတယ်။ အဲဒီကျောက်တုံးကြီးရဲ့မျက်နှာပြင်မှာ ချစ်သူစုံတွဲတွေရဲ့အမှတ်တရရေးထားတဲ့ စာတန်းလေးတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။ နောက်တခုက “အက်ဖရိုဒိုက်”မင်းသမီးလေးရေချိုးတဲ့ Bath of Aphrodite က စိမ့်စမ်းရေနဲ့မျက်နှာသစ်ရင် မျက်နှာပွင့်လန်းတယ်..တဲ့။ ပြီးတော့ မင်းသမီးလေးစီးခဲ့တဲ့ ရွှေဝေါယာဉ်ကြီးကိုလည်း အဲဒီရေတံခွန်လျှိုလေးရဲ့အောက်မှာ သိုက်ပစ္စည်းအဖြစ်နဲ့ နစ်မြုတ်နေဆဲလို့ဒေသခံတွေက ယုံကြည်ကြတယ်။














အင်း.......ပုံပြောရတာလဲ မောသွားပြီ ၊ အချစ်ရာဇဝင်လေးတွေနဲ့ပြည့်နှက်နေတဲ့ “ဆိုက်ပရပ်စ်”ကိုရောက်ရင် “Rock of Aphrodite” ကျောက်တုံးကြီးပေါ်မှာ စာရေးပြီး ကျောက်တုံးကြီးကို (၃)ပတ် ပတ်ပြီးဆုတောင်းဖို့ရယ်..၊ “Bath of Aphrodite”က စိမ့်စမ်းရေနဲ့ မျက်နှာသစ်ဖို့ မမေ့ကြနဲ့နော်...။

11 comments:

~ဏီလင်းညို~ said...

ဗဟုသုတဖြစ်စရာအကြောင်းလေးကို ဖတ်သွားပါတယ်ခင်ဗျာ...။ နောက်လည်းရေးပါဦးဗျ...။

သိင်္ဂါကျော် said...

ပုံပြင်လေး လာဖတ်တယ်
ဆိုက်ပရပ်စ်ကို သွားလည်ချင်သွားတယ်။

may said...

စိတ်ဝင်စားဖို့ ကောင်းတဲ့ ရာဇ၀င်လေးနဲ့  နေရာလေးတွေပဲ
အဲ့ဒီ့နတ်သမီးလေးများလားလို့  ထင်ယောင်မှားမိတယ်

မောင်မိုး said...

ဗဟုသုတလေးတွေ ဝေမျှပေးလို့ကျေးဇူးတင်ပါတယ်

busymozzee said...

ညီမလေးရေ ပုံပြင်လေးက ချစ်စရာလေးနော်..

Vista said...

ကံကောင်းတယ် အဲလိုနေရာမှာနေရလို့  တကူတကသွားမလယ်ရတော့ဘူးပေါ့
မင်းသမီးတော့မသိဘူးနတ်သမီးကတော့လှဒယ် ဟိဟိ

အဖြူရောင်နတ်သမီး said...

ကွာပါ့...
ဒီလိုcomment မျိုး...များများလိုချင်တာ..ဟိ...
ဟိုလူတွေကတော့..“အသားမဲမဲကြီးတဲ့...စည်ပိုင်းလောက်ကြီးတဲ့...အသက်ကြီးတဲ့ အဖွားကြီးတဲ့..”..ဟွန်း...
မုန်းစရာကြီး...မမြှောက်တတ်ရင် နောက်တခါမလာခဲ့နဲ့လို့..နော်..အဲဒီလူတွေကိုတွေ့ရင်ပေါ့...

ဒဏ္ဍာရီ said...

အလည်လာသွားလို့ ကျေးဇူးတင်ပါတယ်နော်။
စိတ်ဝင်စားဖို့ကောင်းတဲ့ ပုံပြင်လေးတွေနဲ့တကွ လှပတဲ့ ဓါတ်ပုံလေးတွေကိုလည်း ခံစားသွားပါတယ်။ ဗဟုသုတ အဖြစ်လည်း မှတ်ယူသွားပါတယ်။

ခင်မင်လေးစားလျှက်

မောင်ဘကြိုင် said...

ဒန်တန်တန် ဒီဒီတာတာ နတ်သမီးလေး နေတဲ့နေရာလေးကို ကြည့်သွားတယ်
နတ်သမီးပုံပြင်ထဲနစ်မျောသွားတယ်
း)
အဲ နတ်သမီးမမ လဲ နတ်သမီးလိုပါပဲဂျာ
း)
း)

Angel Shaper said...

အားးးးးးးပါးးးးးးးး
မမ.... ရောက်ဖူးချင်တယ်။
လိုက်ပို့ပေးပါ။
မမလှလှလေးက ဘူလဲဟင်။ အဲဒီ နတ်သမီးလေးပြောတာပါ။ ဟဲဟဲ
ချစ်စရာလေးနော်။

kiki said...

နတ်သမီးလေးရဲ့  အလှအပတွေ ကို လာကြည့်သွားပါတယ် ..
မရောက်ဖူးသေးတဲ့ နေရာလေးတွေ လည်း လည်လည် လိုက်ခဲံ့ တယ်

(ဘူဒူတွေ ဘာလိမ့် ..
“အသားမဲမဲကြီး လို့...စည်ပိုင်းလောက်ကြီးလို့...အသက်ကြီးတဲ့ အဖွားကြီးလို့  ပြောသွားကြတာ )
မဟုတ်မဟတ်တွေ .. .. သွားချဲ ပလိုက်မယ် ..ဟွန်းးးးး

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger