သူ့ဆီက အချစ်"စစ်စစ်"တွေပြည့်နှက်နေတဲ့ "နှလုံးသားနုနု"တစုံကို ကျမ အပြီးအပိုင် သိမ်းပိုက်နိုင်လိုက်တဲ့ အချိန်က"စ"ပြီး..
သူဟာ..ကျမရဲ့ အတွေးကမ္ဘာထဲကို အချိန်ပြည့်ရောက်ရှိနေတတ်တယ်...။
သူ့ရဲ့အကြင်နာတွေအောက်မှာ ကျမရဲ့ဘဝလေး နွေးထွေးနေခဲ့တာ...။
သူ့ရဲ့အပြောလေးတွေကြားမှာ ကျမရဲ့နှလုံးသားလေး မျောပါသွားခဲ့တာ...။
သူ့ရဲ့ပုံရိပ်ကွန်ယက်တွေကြားက ကျမရုန်းထွက်လို့မရနိုင်ခဲ့တာ...။
သူပြောသမျှကို နှုတ်ခမ်းလေးကိုက်ပြီး ပြုံးပြုံးလေးနားထောင်နေတတ်တာ...။
သူပြောပြတတ်တဲ့ အချစ်ပုံပြင်လေးတပုဒ် မပြီးဆုံးခင်မှာ ခလေးတယောက်လို ကျမအိပ်ပျော်သွားတတ်တာ...။
သူ့ကိုအချိန်ပြည့် ကျမလွမ်းဆွတ် သတိရနေတတ်တာ....။
....အဲဒီခံစားချက်တွေ အားလုံးဟာ...
သူက ကျမကို ပိုချစ်လို့ဖြစ်ပေါ်လာတာလား...
ကျမက သူ့ကိုပိုချစ်လို့ဖြစ်ပေါ်လာတာလား...???????
ကဲ..ပြော....
သူငယ်ချင်းတို့ရဲ့ ထင်မြင်ချက်လေးတွေ......
(ဖတ်ပြီးသွားရင် ဒီအတိုင်းလှည့်မပြန်ကြေးနော်....တခုခုရေးခဲ့ပြီးမှ ပြန်..ဒါပဲ...)

15 comments:
ဘီရိုကြောရမှန်းတိဝူးဖစ်တွားဒယ်ဂျ
း)
ကိုယ်ကချစ်လွန်းရင်အဲလိုဖြစ်တတ်တယ် ဟဲဟဲ
ထင်တာပဲအစ်မရဲ့ ကျွန်တော်လည်းဖြစ်ဖူးလို့
လူတိုင်း ကိုယ့်ချစ်သူကို ချစ်မိတိုင်း ဂလိုဖြစ်တယ်ထင်
တာပဲ ကိုယ်ချစ်တဲ့ချစ်သူ ဘက်ကတော့တိဝူးးးး
း)
အစ်မက သူ့ကိုပိုချစ်ခဲ့တဲ့ အတွက်
သူက အစ်မကို ပိုချစ်တဲ့ စိတ်တွေနဲ့ နွေးထွေးစေခဲ့တာပါ...
အချစ်ဆိုတာ တကယ်တော့
သေချာမခွဲခြားနိုင်ပေမယ့် ချစ်တယ်လို့ခံယူတဲ့လူရဲ့
စိတ်နဲ့ယုံကြည်မှုအပေါ် အခြေခံမယ်လို့ထင်တယ် အစ်မရယ်...
ဘယ်လောက်ပဲ ခံစားခဲ့ရ နာကျင်ခဲ့ရပေမယ့်လည်း
လူတစ်ယောက်အပေါ်ကို ချစ်နေသေးတယ်...
သူ့အတွက် ပေးခဲ့တဲ့ ကတိတွေတိုင်းကို မမေ့မလျော့ပဲ
ဆက်လက်လုပ်ဆောင်နေသေးတယ်ဆိုရင်
သူပြန်လာမှာလားဟင်... ပြန်မေးခဲ့ပါရစေ အစ်မရေ...
အချစ်ကို ၁၀၀ ရာခိုင်နှုန်းမသိခဲ့ပေမယ့်
အချစ်ကြောင့် ရတဲ့ ဒဏ်ရာ ၇၀ ရာခိုင်နှုန်းလောက်ကိုတော့
အပြည့်အ၀ ခံစားခဲ့ဖူးပြီးပြီလေ...
အဟင်း...ထင်မြင်ချက်ပြောခိုင်းတာ
ကျွန်တော်က ကိုယ်ပြောချင်တာ ပြောသွားတယ်..
နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်ဗျာ...း)
ခင်မင်လေးစားလျက်
ညရဲ့ကောင်းကင်
နတ်သမီးရေ...
အတူတူပဲစ်...လို့ထင်ပါ၏၊
(တော်ကြာ သူ့ပိုတယ်..ငါ့ပိုတယ် ဖြစ်နေမှာစိုးလို့လေ...။ ဟိ..ဟိ..)
ခင်မင်တဲ့
ဏီလင်းညို
အချစ်စစ်မှာ
ပိုတယ်...........
လိုတယ်...........
ဆိုတာရှိသေးလို့လားးး...?
လောလောဆယ်တွေ့ရတာတော့ အစ်မကပိုချစ်တယ်ဗျ :)
လက်ခုပ် ဆိုတာ နှစ်ဘက်တီးမှ အသံမြည်တယ်မဟုတ်
လား . . . အဲလိုဘဲမင်္ဂလာဆောင် ဖိတ်စာလည်း တစ်ဖက်တည်းရိုက်
ရတာမဟုတ်ဘူးလေ နှစ်ဖက်ပါမှ မင်္ဂလာဆောင်ဖိတ်စာ
ဖြစ်မှာမဟုတ်လား . . . နောက်ရေးထားတဲ့  စကားလုံး
အင်အားတွေ့ ကိုကြည့်ခြင်းအားဖြင့် ကျွန်တော်ထင်တာ
တော့ နှစ်ယောက်လုံး အရမ်းချစ်လို့ လို့ ဘဲထင်ပါတယ်
ဟီးးးးးးးးးးးး မဲကိုညီတူမျှတူပေးသွားတယ်နော် :)
ချစ်သူနဲ့ ထာဝရ ပျော်ရွှင်ကြည်နူးပါစေလို့  ဆုတောင်းပါ
တယ် အမရေ . . .
မောင်လေးညက သူ့ခံစားချက်တွေကို လာဖွင့်သွားတယ်တော့.....။
အမှန်တော့ သူကပိုချစ်တယ် ငါကပိုချစ်တယ်ဆိုပြီး အဲဒီအချစ်ကိုတိုင်းတာတဲ့ကိရိယာလည်းမရှိပါဘူး..။
အချစ်=အချစ် ပါပဲ
ဟုတ်ကဲ့...လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တယ်ထင်ပဗျာ။
ပြောလို့မရဘူး...
ဘာလို့လဲဆိုတော့...
တစ်ယောက်တည်းရဲ့အခြေနေကိုပဲ ပြောထားတာလေ...
အခု ..အစ်မပြောသလိုဆို၇င်တော့..အစ်မက
သူ့ကို ချစ်တာသေချာတယ်..........။
သူငယ်ချင်းရေ .... ခံစားချက်ခြင်း တူညီတဲ့ ချစ်သူတွေမှ ရတတ်တဲ့ ခံစားမှုမျိုးပါ။
ခင်မင်လေးစားလျှက်
....အဲဒီခံစားချက်တွေ အားလုံးဟာ...
သူက ကျမကို ပိုချစ်လို့ဖြစ်ပေါ်လာတာလား...
ကျမက သူ့ကိုပိုချစ်လို့ဖြစ်ပေါ်လာတာလား...???????
အပေါ်က ဆိုလိုချက်အရဆို အဖြူရောင်နတ်သမီးခံစားချက် ကြောင့်ဒီကဗျာလေးဖြစ်လာတာပေါ့။ ဒါဆို အဖြူရောင်နတ်သမီးက ချစ်လို့.. ပိုချစ်လို့ ဆိုတာ ၂ယောက်နှိုင်းယှဉ်မှရမယ်ထင်တယ်။
တော်ကြာ သူပိုတယ် ကိုယ်ပိုတယ်ဆိုပြီး စကားများနေအုံးမယ်
တစ်ခုခုရေးသွားရမယ် ဆိုလို့ .. :) အတူတူချင်းမို့ ပါ .. ဟုတ်ဘူးလား
ကောင်းပါတယ်ဗျာ... အရမ်းကို ကောင်းပါတယ်(****)
<(^ ^,)>
တခုခု ရေးခဲ့ ဆိုရင်တော့....မင်း အရမ်း လှတာပဲ ....
တခုခုတော.ပြောခဲ.ချင်ပါတယ်...အမလိုပဲ အမေးတွေပဲ များနေလို.ထပ်မေးပေး ပါဦးမယ်...ပန်းအတွက်ပါ
အပိုဖြေပေးကြပါ လို....
Post a Comment