Sunday, December 20, 2009

“ဗယ်လန်တီနာ” နှင်းဆီဝိုင်



စာဖတ်သူများနှင့် မိတ်ဆက်ပေးချင်သည့် ဝိုင် ကတော့ ဆိုက်ပရပစ်နိုင်ငံလုပ် “ဗယ်လန်တီနာ” နှင်းဆီဝိုင်(Valentina Rose Wine)တဲ့....
ချိုမြမြ ရှတတ အရသာရှိသော “ဗယ်လန်တီနာ” နှင်းဆီဝိုင် လေးရဲ့အကြောင်းကို မပြောခင် “ဝိုင်”(Wine) ကို အကြမ်းအားဖြင့် ......
(1)White Wine(Dry/Medium Dry/Sweet/ Medium Sweet)
(2)Red Wine(Dry/Medium Dry)
(3)Rose Wine(Dry/Medium Dry/Sweet/Medium Sweet)
(4)Dessert Wine
(5)Champagnes
(6)Sparkling Wine...ဟူ၍ (၆)မျိုး ခွဲခြားထားသည်။
(1)White Wine ကို ပင်လယ်အစားအစာများဖြင့် တွဲဖက်၍သော်၎င်း၊ (2) Red Wine ကို အမဲသား၊ ဆိတ်သား ကဲ့သို့သော ဟင်းလျှာများဖြင့် တွဲဖက်၍သော်၎င်း၊ (3)Rose Wine ကို ပူပြင်းသော နွေရာသီတွင် ပေါ့ပါးသောအစားအစာ(Light food) များဖြင့် တွဲဖက်၍သော်၎င်း၊ (4)Dessert Wine ကို ညစာစားပြီးအချိန်တွင် အချိုတည်းရန်အတွက် အချိုဝိုင် အဖြစ်သော်၎င်း၊ (5)Champagnes ကို မွေးနေ့ပွဲများ၊ ဖွင့်ပွဲအခန်းအနားများ၊ ဂုဏ်ပြုပွဲအခန်းအနားများ၊ ကျင်းပသည့် မိတ်ဆုံစားပွဲများတွင်သော်၎င်း၊ (6)Sparklin Wine ကို တခွက်တဖလား မသောက်မဖြစ် သောက်ရသည့် ပွဲများတွင် အမူးလွယ်တတ်သော အမျိုးသမီးများ၊အရက်မသောက်တတ်သော အမျိုးသမီးများအတွက်သော်၎င်း၊ အမျိုးမျိုးခွဲခြား၍ သောက်သုံးကြလေ့ရှိသည်။
ဝိုင် ပုလင်းတိုင်း၏ အောက်ခြေတွင် အရက်(Alcoholic)ပါဝင်မှုနှုန်းများကို (% Vol)ဖြင့် ဖော်ပြထားလေ့ရှိသည်။ (10.5%Vol)မှ (13%Vol)အထိ အရက်ပါဝင်သော Wine များကို Medium Dry Wine အဆင့်အဖြစ် သတ်မှတ်ပြီး ၊ (13.5%Vol) မှ (16%Vol)အထိ အရက်ပါဝင်သော Wine များကို Dry Wine အမျိုးအစားအဖြစ် သတ်မှတ်ထားသည်။

စာဖတ်သူများနှင့် မိတ်ဆက်ပေးချင်သည့် ဝိုင် ကတော့ ဆိုက်ပရပ်စ် နိုင်ငံမှ ထုတ်လုပ်သည့် Medium Sweet Wine အမျိုးအစားဖြစ်သော“ဗန်လန်တီနာ နှင်းဆီဝိုင်” (Valentina Rose Wine) ဖြစ်သည်။ “ဗယ်လန်တီနာ” နှင်းဆီဝိုင်ချိုချိုကို “ကာဗနက် ဆဗန်ငေါ” (Cabernet Sauvignon) ၊ မာတာရို (Mataro) စပျစ်သီးတို့မှ ထုတ်လုပ်သည်။ ၎င်းစပျစ်သီးများကို “မယ်ဆိုယိ” (Mesoyi) ရွာတွင်စိုက်ပျိုးပြီး “ဖီကာဒို့စ်” (Fikardos)ကုမ္ပဏီမှ ထုတ်လုပ်သည်။ သီးစုံရနံ့ သင်းပျံ့ပြီး ပန်းဆီရောင်ရှိသော “ဗယ်လန်တီနာ”နှင်းဆီဝိုင်ကို ပူပြင်းသော နွေရာသီအချိန်တွင် ဒေသခံများက Fashion တရပ်အနေဖြင့် ညစာစားပွဲများတွင် သောက်သုံးလေ့ရှိသည်။
ဆိုက်ပရပ်စ် နိုင်ငံမှ မြေသားများသည် မာကျော ကျစ်လစ်ပြီး မြေဆီလွှာကောင်းမွန်ခြင်းတို့ကြောင့် ဆိုက်ပရပ်စ် နိုင်ငံမှ ထုတ်လုပ်သော Wine များသည် ကမ္ဘာ့တန်းဝင် အရည်အသွေးမှီသော Wine များအဖြစ် လူသိများသည်။ ထို့အပြင် ကမ္ဘာပေါ်တွင် Wine အစောဆုံးထုတ်လုပ်သော နိုင်ငံများအနက် ဆိုက်ပရပ်စ် နိုင်ငံသည်လည်း တခုအပါဝင်ဖြစ်သောကြောင့် ဆိုက်ပရပ်စ်နိုင်ငံကို “Father Of Wine”ဟု တင်စားခေါ်ဆိုကြသည်။
“ဗယ်လန်တီနာ နှင်းဆီဝိုင်” ကို ထုတ်လုပ်သည့် ကုမ္ပဏီ၏ အမည်ဖြစ်သော “ဖီကာဒို့စ်” (Fikardos)သည် ပိုင်ရှင်၏ အမည် ဖြစ်ပြီး၊ ဝိုင်၏ အမည်ဖြစ်သော “ဗယ်လန်တီနာ” (Valentina) သည် ပိုင်ရှင်၏ သမီး အမည်ဖြစ်ကြောင်း နှင့် Valentina Rose Wine ကို “Romantic Summer Wine” ဟု တင်စားခေါ်လေ့ရှိကြောင်း ဗဟုသုတ အနေဖြင့် ရေးသားလိုက်ရပါသည်။

11 comments:

ရွှေရတုမှတ်တမ်း said...

ဆိုက်ပရပ်ဝိုင်တွေ ကောင်းမှန်းသိပေမယ့် ဘကျောက်တော့ ဥပုသ်ဆောင်ဝင်နေတယ်

နေညိုရင့် said...

လာသောက်မယ် အမရေ.. :))

မိုးစက်အိမ် said...

အင်း ၀ိုင်အမျိုးအစားတွေ အကြောင်းတော့
တော်တော်နားလည်သွားတယ် ၀ိုင်မှာသူ့ အစား
အစာနဲ့  တွဲဖက်သောက်သုံးရတာလေးကို
တော့ သဘောကျမိတယ် . . . ကုမ္ပဏီအမည်
နဲ့  ၀ိုင်နာမည် တွေပေးပုံကတော့ Romantic
ဆန်တယ် မာစီဒီး ကားနာမည် ရာဇ၀င်လိုဘဲဗျာ. . . :)

မောင်ဘကြိုင် said...

သောက်ချင်တယ် အားလုံးကို တဂွပ်ဂွပ်နဲ့ကိုသောက်ချင်
း) ဂလုဂလု ပဲ ရှင်းပြတာလေးဖတ် ပုလင်းမြင် ဂလု
အိုးအို ကိုကိုကျောက်လိုပဲ ဥပုတ်ဆောင်ဝင်နေတော့မှ
နဲ့တူတယ်ဟရို့

ညရဲ့ကောင်းကင် said...

သိချင်နေတာ ၀ိုင်နဲ့ ပတ်သတ်ပြီး...
ဗဟုသုတ ရသွားလို့ ကျေးဇူး အစ်မ...

~ဏီလင်းညို~ said...

နတ်သာမီးရေ...
နည်းနည်းရီဝေေ၀ဖြစ်ပြီး ပြန်သွားဘီဗျိုးးးးး
ခင်မင်တဲ့
ဏီလင်းညို

ဒဏ္ဍာရီ said...

သူငယ်ချင်းရေ... X-mas နီးပြီနော်။ ၀ိုင်အကြောင်းတွေ ပြောလို့ လာငမ်းသွားတယ်။
အပေါ်က အဖွဲ့တွေကတော့ မသောက်ရပဲ ပုံလေးတွေ ကြည့်ပြီး သွားရည်ကျနေကြပြီ။
ကိုဏီလင်းနဲ့ ကိုတူး အဆိုးဆုံးဖြစ်မယ်။း)
စတာနော်....

ခင်မင်လေးစားလျှက်

အစိမ်းရောင် said...

ဝိုင်လာမြည်းသွားတယ်..ညီမလေး
လင့်ချိတ်ဖို့ ခွင့်လာတောင်းတာ.. လာတုန်းကတော့ အကောင်းပါ... မူးပြီးပြန်သွားတယ်..ဗလင်တီနာ နှင်းဆီဝိုင်တဲ့လား.. နံမည်ကြားရတာကို ရင်ခုန်စရာ ..
နံမည်နဲ့တင် ရီဝေေ၀ဖြစ်စေပါတယ်...
အချိန်ရရင် လာလည်ပါဦး...

နွေဆူးလင်္ကာ said...

အယ် သောက်ချင်တယ် ဂျီးတော်ရေ.. ပြန်လာရင် ဦးလေးအတွက် အကုန်သာ မ လာခဲ့နော် ဟီးဟီး။

မြတ်မွန် said...

(% Vol)နည်းလေ အချိုရေနဲ့ တူလေဘဲနော်..အရသာက မူးလဲမမူးဘူး ..တခါဘဲ သောက်ဖူးတာကို ဖြီးကြည့်တာ မမရ..
ကျေးဇူးတင်ပါတယ်
မမပုံလေးတွေကလဲ လှ အရက်လေးတွေကလဲ မိုက်တယ်ဗျို့..။

မိုးငွေ့..ဆိုတာ said...

မနေ့ကမန့်တာမရဘူး...ခုထပ်မန့်လိုက်မယ်...
ဝိုင်တွေသောက်ချင်စရာလေးတွေနော်... နတ်သမီးရေ.. အမြည်းလေးပို့ပေးလိုက်...
ဝိုင်အကြောင်းလေးစုံစုံလင်လင်ရှင်းပြပေးထားတဲ့အတွက် ကျေးဇူးပါနော်

ခင်မင်စွာဖြင့်
မိုးငွေ့

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger