ဒီဇင်ဘာ(၆)ရက်၊ တနင်္ဂနွေနေ့က ဆိုက်ပရပ်စ်(Cyprus) နိုင်ငံရောက် မြန်မာ၊ဖိလစ်ပိုင်၊အိန္ဒိယနှင့် ဆူလန်ကာနိုင်ငံတို့မှ မောင်နှမများ ပါဝင်သော X'mas အကြို ပျော်ပွဲ ရွှင်ပွဲတခုကို ဆိုက်ပရပ်စ်(Cyprus) နိုင်ငံ၊ နီကိုဆီးယား(Nicosia) မြို့တော်ရှိ ဆိုရှယ်လ် စင်တာ(Social Centre)အဆောက်အအုံဝင်း အတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
ဒံပေါက်၊ အသားကင်၊ ကော်ပြန့်ကြော်၊ ကော်ဖီ၊ လ္ဘက်ရည်၊ ရွှေရင်အေး၊ ပလာတာ၊ အိန္ဒိယ နိုင်ငံမှ ရိုးရာ အစားအစာများ၊ ဖိလစ်ပိုင်နိုင်ငံမှ ရိုးရာ အစားအစာများ၊ စာအုပ်များ၊ ဖိနပ်မျိုးစုံ၊ ပန်းချီကားများ၊ အဝတ်အထည်များ၊ X'mas အလှဆင်ပစ္စည်းများ၊ လက်မှုပညာ အိမ် အလှဆင်ပစ္စည်းများနှင့် ကံစမ်းမဲများကို ရောင်းချပြီး ရရှိသည့်ငွေများကို Social Centre မှ နိုင်ငံခြားရောက် အလုပ်သမားများ(Association for Support of Foreign Workers)အတွက် ရန်ပုံငွေ ထည့်လှူသွားမည်ဖြစ်ကြောင်းနှင့် ...
ထိုပွဲသို့ Nicosia, Lanaca, Limasol, Paphos တို့မှ မြန်မာ မောင်နှမ(၆၀)ခန့်နှင့် ဖိလစ်ပိုင်၊ အိန္ဒိယ၊ ဆူလန်ကာ နိုင်ငံမှ မောင်နှမများနှင့် အခြားနိုင်ငံမှ ကမ္ဘာလှည့် ခရီးသည်များအပါအဝင် စုစုပေါင်း လူ(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။ထို့အပြင် အိန္ဒိယနိုင်ငံမှ မောင်နှမများကလည်း တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေဧည့်ခံကြပြီး ကံစမ်းမဲ ဖောက်သော ကစားနည်းမျိုးစုံကို ကစားရင်း ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည် ဟုသိရှိရပါသည်။
10 comments:
အဖြူရောင်နတ်သမီး ရေ ပျော်စရာပွဲလေးပဲနော်။
မျှဝေခံစားသွားတယ်ဗျာ။
အိမ်ဝေးနေတဲ့ သူချင်းတူတော့ ပျော်စရာကို ၀ိုင်းပျော်ပေးပါတယ်။
ခင်တဲ့
ဟာ ဂွတ်တယ်ဗျာ စားစားရာတွေတော့ ဂလုဖြစ်စရာပါ
အသားကင်နေတာကြည့်ပြီး “ဟင်းးးးတိုက်ဂါးလေးနဲ့ဆို”
တယ်ကောင်းမှာ ပြောရင်း ဂလုလာပြီနော် စောစောစီးစီး
း)
ဝါး မမရိုက်တာကြည့်ပြီ မွန်လဲ သွားရိုက်အုံးမှပဲ..မွန်တို့ရှီမှာတော့ မီးတွေထွန်းနေပြီ မမရေ..မျှဝေပေးတာ ကျေးဇူးနော် မမ..
ခင်တဲ့
မြတ်မွန်
“မုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲ၊ ကြာဇံချက်၊ သာကူ၊ ဝက်သားတုတ်ထိုး၊
ဒံပေါက်၊ အသားကင်၊ ကော်ပြန့်ကြော်၊ ကော်ဖီ၊ လ္ဘက်ရည်၊ ရွှေရင်အေး၊ ပလာတာ၊ ”...အဲ့ဒါတွေအကုန်လုံး..စားမယ်...စားမယ်... ၀ယ်ကျွေး...ဒါဗြဲ... ။ မ၀ယ်ကျွေးရင် နိုလိုက်မှာဘဲ....ဗြဲ....
(လှမ်း..ငတ်သွားပါ၏)
ခင်မင်တဲ့
ဏီလင်းညို
ပျော်စရာလေး...
အရုပ်ကလေးတွေ ကြိုက်တယ်..
ပျော်စရာကြီးပဲဗျာ..။ မုန့် ဟင်းခါး တအားစားချင်တာပဲ။
ကျွန်မ ဒီမှာ အလုပ်လုပ်တဲ့ ဆေးရုံရဲ့ နာမည်ကလည်း St.Joseph's Hospital တဲ့။ Staff တွေနဲ့ ခရစ်ဆမတ်ပွဲ နှစ်တိုင်း ကျင်းပတယ်။
ပျော်ဖို့ကောင်းတယ်နော်..
အစားစုံစားရတယ် ... အဟိ...
မစားရ အငတ်ခံသွားပါ၏...
ကိုသက်တန့် ဆီကနေလာပါတယ် ....
မြန်မာမောင်နှမတွေ အတွက် သိပ်ပျော်စရာကောင်းတဲ့ ပွဲလေးပါပဲ မျှဝေတဲ့ အတွက် ကျေးဇူး
ခင်တဲ့
ရန်ကုန်သား :)
စားချင်တယ် ...
စားချင်တယ် ...
Post a Comment