Tuesday, February 16, 2010

“ကျားနှစ်”မှာ မွေးတဲ့သူ

ဒီရက်ပိုင်းမှာ ကျမ အလုပ်တွေ အရမ်းများနေရပါတယ်၊ Valentine's Day အတွက် ဆိုင်မှာ Decoration တွေဆင်ရ၊ အသဲပုံ ရင်ထိုးတံဆိပ်တွေ ကိုယ်တိုင်လုပ်ရနဲ့..။ ဖြစ်ချင်တော့ Valentine's Day နဲ့ Chinese New Year Day ဟာ တရက်ထဲ ဖြစ်နေတာကြောင့် (တရုတ်စားသောက်ဆိုင်မှာ အလုပ်လုပ်တဲ့ ကျမအတွက်) တော်တော်လေးကို ဗျာများခဲ့ရပါတယ်။ အဲဒါက (၁၄) ရက်နေ့အတွက် တပတ်အလိုက ရှုပ်နေခဲ့ရတဲ့ အရှုပ်တွေပါ..။



(၁၃)ရက်နေ့မှာ သူငယ်ချင်းတယောက် ဘုရားကျောင်းမှာ လက်ထပ်လက်မှတ်ထိုးပါတယ်..၊ (ကာရကံရှင်ရဲ့ဆန္ဒအရ သတို့သမီးရဲ့ဓာတ်ပုံကို ဖျောက်ထားပါတယ်)။ (၁၅)ရက်နေ့မှာ သူငယ်ချင်းတယောက် မြန်မာပြည်ကို အပြီးပြန်ပါတယ်။ အဲဒီလူမှုရေး..စီးပွားရေး တွေကြားထဲမှာ မြောပါရင်း Valentine's Day ဆိုတာကြီးက ကျမကို ဖြတ်ကျော်သွားလိုက်ပြန်ပါတယ်။ အဲ...မပြီးသေးဘူးရှင့်.. (၁၃)ရက်နေ့က လက်ထပ်ကြတဲ့ သူငယ်ချင်းရဲ့ နောက်တပတ်မှာ ကျင်းပမယ့် မင်္ဂလာဧည့်ခံပွဲ အတွက် သတို့သမီးအရံ မိန်းခလေးနှစ်ယောက်အတွက် ဝတ်စုံလှလှလေးတွေချုပ်ပေးဖို့ နဲ့ ကျမဝတ်ဖို့ ဝတ်စုံတွေချုပ်နေရပါတယ်..။ ဒီကြားထဲ ဆိုင်က ဝန်ထမ်းတွေအတွက် နွေရာသီဝတ်စုံတွေကို ၃လပိုင်း ပထမအပတ်မှာ အပြီးချုပ်ပေးရပါမယ်..၊ သူငယ်ချင်းတွေရဲ့ post အသစ်တွေကို တွေ့နေရပေမယ့် မဖတ်ဖြစ်သေးပါဘူး၊ ကျမရဲ့ blog ကို လာလည်သူများ အိမ်ရောက်ပြီး ဖတ်စရာ၊ ကြည့်စရာ မရှိပဲ ပြန်မသွားရလေအောင် (၁၃)(၁၄)(၁၅)ရက်နေ့များက ကျမရဲ့လှုပ်ရှားမှုဓာတ်ပုံလေးတွေကို တင်ထားပေးရင်း... မြန်မာပြည်ပြန်မယ့်သူငယ်ချင်းက ကျမနဲ့ အနီရောင်လေးကြားထဲက သူပါ...

ဒီနှစ်ဟာ “ကျားနှစ်”(Tiger of the year) ဖြစ်တဲ့အတွက် ...
(1950 and 2010) နှစ်ဖွားသူများကို The Metal Tiger အဖြစ်၎င်း၊
(1902 and 1962) နှစ်ဖွားသူများကို The Water Tiger အဖြစ်၎င်း၊
(1914 and 1974) နှစ်ဖွားသူများကို The Wood Tiger အဖြစ်၎င်း၊
(1926 and 1986) နှစ်ဖွားသူများကို The Fire Tigerအဖြစ်၎င်း၊
(1938 and 1998) နှစ်ဖွားသူများကို The Earth Tiger ဟု သတ်မှတ်ပြီး “ကျားနှစ်” မွေးဖွားသူ အများစုဟာ ဖြတ်ထိုးဥာဏ်ရှိခြင်း၊ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းများကြားမှာ ထင်ရှားကျော်ကြားခြင်း၊ လူအမျာ၏ ကြည်ညိုလေးစားခြင်းကို ခံရခြင်း၊ ကျားတကောင်ကဲ့သို့ ဒေါသထွက်လွယ်ခြင်း၊ တပါးသူ၏ အတွင်းစိတ်ကို အလွယ်တကူ ခန့်မှန်းနိုင်ခြင်း၊ ဟောပြောခြင်း အတတ်ပညာကြွယ်ဝသော လက္ခဏာများနှင့် ပြည့်စုံကြောင်း တင်ပြရင်း “ကျားနှစ်” (Tiger of the year) ကို ကြိုဆိုလိုက်ရပါတယ်ရှင်...။



(၁၄)ရက်နေ့က ဆိုင်မှာ ဝန်ထမ်းမိတ်ဆုံစားပွဲဓာတ်ပုံပါ

သြော်....မေ့တော့မလို့ ....
“ကျားနှစ်” မှာ မွေးဖွားသော သူများဟာ ရုပ်ဆင်းအင်္ဂါ (ရူပါ)နှင့် ပြည့်စုံတယ်လို့ တရုတ်မလေးတယောက်ရဲ့ပြောသံကို အဲဒီညကကျင်းပခဲ့တဲ့ ဝန်ထမ်းများမိတ်ဆုံစားပွဲမှာ ကြားသိခဲ့ရပါကြောင်း....။

“ကျားနှစ်” မှာ မွေးဖွားသူများရဲ့စိတ်နေသဘောထားကို ရှင်းပြပေးနေတဲ့ တရုတ်မလေး Yan

13 comments:

ဒဏ္ဍာရီ said...

အဲဒါဆို နွယ်တို့က Fire Tiger ထဲမှာ ပါတယ်။း)

ခင်မင်လေးစားလျှက်

~ဏီလင်းညို~ said...

နတ်သာမီးရေ....
သေချာတယ်...ဒါဆို ကိုဏီတစ်ယောက်တော့ ကျားနှစ်မဖြစ်နိုင်တော့ဘူး...ဟား...ဟား...။
ဒါနဲ့ စကားမစပ်...ကိုဏီ့ကိုလည်း...အင်္ကျီတစ်ထည်လောက်ချုပ်ပေးဘာလား....? သူငယ်ချင်းဘလော့ဂ်ဂါတွေ အကယ်ထမီပေးပွဲကြရင် ဧည့်မြောင်အဖြစ်ကပ်လိုက်သွားချင်လို့လေ....။ ချုပ်ခတော့ နည်းနည်းလျှော့နော်...၊ မောင်နှမအချင်းချင်းတွေပဲ...ဟာပဲ...ဟာပဲ..လေနော်....ခွိ..ခွိ...
ခင်မင်တဲ့
ဏီလင်းညို

ဆောင်းနှင်းရွက် said...

Tiger year ကိုမှ
အဲ့လို ထပ်ခွဲသေးတာလားးး ..
ဗဟုသုတ ယူသွားတယ် မရေ ..

“ကျားနှစ်” မှာ မွေးဖွားသော သူများဟာ ရုပ်ဆင်းအင်္ဂါ (ရူပါ)နှင့် ပြည့်စုံတယ်...
ဆိုတာ ...
သွေ့လော ..
သွေ့လော ...
ခွိခွိ ... !

ရွှေရတုမှတ်တမ်း said...

အလုပ်တွေရှုတ်နေတယ်....
ဘကျောက်လဲ..ကိုဏီးလို ဝတ်စုံချုပ်ချင်တယ်...

ညရဲ့ကောင်းကင် said...

အဲဒါတော့မသိဘူးဗျ...
အနော်က ကျားနှစ်မဟုတ်တဲ့ ကျားဖြစ်နေလို့လားမသိဘူး...း)

လုလု said...

တို့လည်း ကျားနှစ်ဖွားပဲ။ ကျားနှစ်ဖွားအကြောင်း သိရလို့ ကျေးဇူးတင်ပါတယ်နော်။

ချော (အစိမ်းရောင်လွင်ပြင်) said...

ဘာဘဲ ဖြစ်ဖြစ် အဲလို အလုပ်လေးတွေ ရှုပ်နေရတာကိုက စိတ်ချမ်းသာတယ် မဟုတ်လား..
ပြီးတော့ ညစာစားပွဲလေးကလဲ ပျော်စရာနော်..
ပုံမှန် နေ့စဉ်ဖြတ်သန်းနေတဲ့ နေ့တွေထက်စာရင်
ခုလိုထူးထူးခြားခြားနေ့တွေက အမှတ်ရစရာတွေပေါ့..
နတ်သမီးလေး ပျော်ပါစေ..

နွေဆူးလင်္ကာ said...

ကျားနှစ်မှာ မွေးတဲ့လူက ကြောက်စရာကောင်းတာ မဟုတ်ဘူးလား ဂျီးတော်ရ ...

အယ်ကို said...

ကျားနှစ်မှာ ကျားတကောင်မဖြစ်လိုက်ရလို့
...လာငိုသွားပါတယ် .. ဗြဲ...ဗြဲ...


.............. ဗြဲ....

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နတ်သမီးလေး ရေ..

ရွှင်လန်းချမ်းမြေ့ပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။ လည်လည်လာရောက်ရင်း ကျန်းမာပျော်ရွှင်ပါစေလို့လည်း ဆုမွန်ချွေလိုက်ပါတယ်။

ခင်မင်စွာဖြင့်
ကိုမျိုး

မိုးစက်အိမ် said...

ဖြတ်ထိုးဥာဏ်ရှိခြင်း၊ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းများကြားမှာ ထင်ရှားကျော်ကြားခြင်း၊ လူအမျာ၏ ကြည်ညိုလေးစားခြင်းကို ခံရခြင်း၊ ကျားတကောင်ကဲ့သို့ ဒေါသထွက်လွယ်ခြင်း၊ တပါးသူ၏ အတွင်းစိတ်ကို အလွယ်တကူ ခန့်မှန်းနိုင်ခြင်း၊ ဟောပြောခြင်း အတတ်ပညာကြွယ်ဝသော လက္ခဏာများနှင့် ပြည့်စုံကြောင်း
ထင်တယ် ထင်တယ် ဒါကြောင့် မိုးစက်အိမ်က ကျားထဲကျား
ဖြစ်နေသကိုး ဟီး လူရှိန်အောင်ဝင်ဖိန့် သွားတာ :)

Angel Shaper said...

အယ်...............
ကျားနှစ်ဖွားမဖြစ်ခဲ့တာ ကံဆိုးတာပဲ။
ကြွက်ဖွားတွေကော ချစ်မ...အဟဲ

မီးလေး said...

မီးလေးက The fire Tiger
ဒါကြောင့် ထင်ပေါ်နေတာ ထင်တယ်... ဟီး ဟီး

တရုတ်အယူအရ အိမ်ထောက်ဖက် ရှာတဲ့အခါ မိန်းကလေးက ကျားနှစ်ဖွားဖြစ်ခဲ့ရင် မင်္ဂလာကိစ္စ ပျက်တတ်ပါတယ်တဲ့... မိန်းကလေး ကျားနှစ်ဖွားဆို ကြောက်ကြတယ်လို့ အယူရှိပါသေးတယ်... :P

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger