Wednesday, February 24, 2010

ကျောက်တောင် ဂူဘုရားကျောင်း


ဒီတခါ သူငယ်ချင်းတို့ကို ပြောပြချင်တဲ့ အကြောင်းလေးကတော့ “အာဂီယို နီယိုဖိတို”(Agios Neofytos)လို့ခေါ်တဲ့ ရဟန်းတော်ကြီးတပါး အကြောင်းပါပဲ။ “အာဂီယို နီယိုဖိတို”(Agios Neofytos) ရဟန်းမင်းကြီးကို ၁၁၃၄ နှစ်၊ “ကာတိုဒရိုင်း”(Kato Drys) ရွာလေးတွင် ဖွားမြင်ပြီး စပျစ်ပင် တောင်ယာလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း ပြုရင်း ကြီးပြင်းလာခဲ့သည်။ လူ့ပတ်ဝန်းကျင်၊ လူ့အသိုင်းအဝိုင်းနှင့် ကင်းဝေးချင်သော “နီယိုဖိတို”သည် လူလတ်ပိုင်းအရွယ်တွင် ရသေ့ဘဝကို ယုံကြည်စွာဖြင့် စိတ်အားထက်သန်စွာ ကူးပြောင်းရင်း ခရစ်ယာန်ဘာသာ၏ မူရင်းနယ်မြေဖြစ်သော ဂျူရိုဆလင်ဒေသ(Holy Land) တွင် ၆လကြာ တရားဘာဝနာများကို လေ့လာဆည်းပူးခဲ့သည်။ ပြီးနောက် မွေးရပ်မြေဖြစ်သော ဆိုက်ပရပ်စ် (Cyprus)နိုင်ငံသို့ပြန်လာပြီး “အာဂီယို ခရစ်ဆိုတိုမို့စ်” (Agio Khrysostomos) အမည်ရှိသော ဘုရားကျောင်းတွင် နှစ်အနည်းငယ်ကြာ သီတင်းသုံးပြီး ထိုကျောင်းမှထွက်ခွာလာခဲ့သည်။ ဤကဲ့သို့ ဘုရားကျောင်း ၄ကျောင်းခန့် လှည့်လည်သီတင်းသုံးရင်း ပါ့ပို့စ်မြို့(Paphos) လေးမှ ၁၀ကီလိုမီတာအကွာရှိ “ထာလာ”(Tala) ဟုခေါ်သော တောင်ပေါ်ရွာလေးတရွာတွင် ရှိသော “တယ်အိုတိုခို မာရီယာ”(Theotokos Maria) ဘုရားကျောင်းလေးတွင် စတည်းချ သီတင်းသုံးရင်း ရွာသူ ရွာသားများ၏ ကြည်ညိုကိုးကွယ်မှုကိုရရှိခဲ့သည်။
“တယ်အိုတိုခို မာရီယာ”(Theotokos Maria) ၏ အဓိပ္ပါယ်မှာ “သယ်အို”(Theo)=ဘုရားသခင်(God) ဖြစ်ပြီး၊ “တိုခို”(tokos)=ပဋိသန္ဓေ ၊ ထို့ကြောင့် “ဘုရားသခင်၏ ပဋိသန္ဓေကို ဆောင်သူ” (သို့) “ဘုရားသခင်၏ မိခင် မာရီယာ” ဟု အဓိပ္ပါယ်ရသည်။

“အာဂီယို နီယိုဖိတို” (Agio Neiofitos) ဘုန်းတော်ကြီးသည် “တယ်အိုတိုခို မာရီယာ” ဘုရားကျောင်း၏ အရှေ့ဘက်တွင်ရှိသော ကျောက်တောင်ကြီးကိုထွင်းဖောက်ပြီး ဂူငယ်အဖြစ်ပြုလုပ်ကာ ထိုဂူထဲတွင်တရားကျင့်ကြံအားထုတ်ခဲ့သည်။ ထိုနေရာသည် ယခုအခါ သမိုင်းဝင်ရှေးဟောင်းဂူအဆောက်အအုံအဖြစ် ထင်ရှားလာခဲ့သည်။ ထိုဘုရားကျောင်းထဲမှ စိတ်ဝင်စားစရာ တခုမှာ ဘုန်းတော်ကြီးနေ့စဉ်အိပ်စက်လျှက်ရှိသော (ကျောက်တုံးကြီးတစ်တုံးကို အနောက်တိုင်းရေချိုးကန်ကဲ့သို့ထွင်းလုပ်ထားသည့် ဇလုံပုံသဏ္ဍာန် ရှိသည့် )ကျောက်ကုတင်တစ်လုံးပင်ဖြစ်သည်။ ထိုကုတင်၏ ထူးခြားချက်မှာ ဝသောသူ၊ပိန်သောသူ၊ အရပ်ရှည်သောသူ၊ အရပ်ပုသောသူ၊မည်သူမဆို ဤကျောက်ကုတင်အတွင်းတွင် အိပ်စက် လဲလျှောင်းဝင်ဆန့်နိုင်ခြင်းပင်။ ဂူထဲမှ တခြားစိတ်ဝင်စားစရာများမှာ ဘုန်းတော်ကြီး၏ အသုံးအဆောင်ပစ္စည်းများဖြစ်သော ကျောက်စားပွဲ၊ ကျောက်ကုလားထိုင် နှင့် စာကြည့်ခန်းပင်ဖြစ်သည်။ (ဓာတ်ပုံရိုက်ခွင့်မရှိသဖြင့် ဓာတ်ပုံမရိုက်ခဲ့ရပါ)။ဘုန်းတော်ကြီး၏ သက်တော် (၆၅)နှစ်တွင် လက်ရှိသီတင်းသုံးလျှက်ရှိသော ဂူ၏ အပေါ်ဘက်တွင် အခြားသူတော်စင်များအတွက် တရားအားထုတ်နိုင်ရန် ရည်ရွယ်ပြီး ဂူခွဲများကို ထပ်မန်ထွင်းဖောက်ခဲ့သည်။ သက်တော် (၈၅)နှစ်တွင် ဘုန်းတော်ကြီးကွယ်လွန်ခဲ့ပြီးနောက် နှစ်(၂၀၀)ခန့်တွင် သာသနာရေးအဖွဲ့မှ ထိုဂူများကို ခေတ်နှင့်အညီ မွန်းမံဆောက်လုပ်ပေးခဲ့သည့်အချိန်မှ “စ”၍ ဤနေရာ၏ မူလဘုရားကျောင်းဖြစ်သော “သယ်အိုတိုခို မာရီယာ”(Theotokos Maria) ဘုရားကျောင်းမှာ ပိုမိုထင်ရှားလာခဲ့ရင်း ကမ္ဘာလှည့်ခရီးသည်အများအပြားကို ဆွဲဆောင်နိုင်သော အလွန်စိတ်ဝင်စားစရာကောင်းသည့် “ကျောက်တောင်ဂူဘုရားကျောင်း” “အာဂီယို နီယိုဖိတို”( Agio Neofytos Monastery) ဘုရားကျောင်းအဖြစ် ယနေ့တိုင် နိုင်ငံခြားသားများ အမြဲမပြတ် လာရောက်လည်ပတ်ရာ နေရာတနေရာအဖြစ် တည်ရှိနေဆဲဖြစ်ပါကြောင်း...။

မှတ်ချက်။ ။ “အာဂီယို နီယိုဖိတို” ကျောက်တောင်ဂူဘုရားကျောင်း နှင့် “သယ်အိုတိုခို မာရီယာ”မူရင်း ဘုရားကျောင်းတို့ကို မျက်နှာချင်းဆိုင် အနေအထားဖြင့်တွေ့မြင်နိုင်သည်။

16 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နတ်သမီးလေးရေ..

မရောက်ဖူးတဲ့ နေရာဒေသလေးတွေက ဗဟုသုတ အကြောင်းလေးတွေ နဲ့အတူ ဓာတ်ပုံလေးတွေနဲ့ပါ အတူတကွ တင်ပြပေးထားတာ ဖတ်ရလို့ ကျေးဇူးပါကွယ်။

ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုမွန်ချွေလိုက်ပါတယ်..

ခင်မင်စွာဖြင့်
ကိုမျိုး

ချော (အစိမ်းရောင်လွင်ပြင်) said...

ဘလောဂ့်ရေးဖြစ်တော့မှဘဲ နိုင်ငံတကာမှာရောက်နေတဲ့ သူတွေဆီက
အတွေ့အကြုံတွေ ထင်ရှားတဲ့နေရာတွေ၊ ထူးဆန်းအံ့သြဖွယ်နေရာတွေကို
ကိုယ်တိုင်မရောက်ရပေမဲ့ ရောက်သွားသလို ခံစားရတော့တယ်..
ရေးပေးပြီး ဝေမျှသူအားလုံးကိုကျေးဇူးတင်ပါတယ်..
နောင်လဲ ဝေမျှပါဦးနော်..

ညရဲ့ကောင်းကင် said...

အင်း စိတ်ဝင်စားစရာနေရာတွေပဲ ...

မျှဝေပေးတာ ကျေးဇူး အစ်မ...
မမြင်ဖူးတဲ့ အရာတွေ မရောက်ဖူးတဲ့ နေရာတွေကို ခုလိုတွေ့ခွင့်ရတော့ မျက်စိသူငယ် နားသူငယ် မဖြစ်တော့ဘူးပေါ့ ....

မိုးငွေ့...... said...

နတ်သမီးလေး အမရောက်လာတယ်နော်...။
ဗဟုသုတလေးရစေတဲ့ ပို့စ်လေးအတွက် ကျေးဇူးပဲ..။ ဆိုင်းပရပ်စ်ကို လာလည်ချင်တယ် ...။


ခင်မင်စွာဖြင့်
မိုးငွေ့

Angel Shaper said...

Theotokos Maria ဘုရားကျောင်းကို စာအုပ်မှာပဲ ဖတ်ဖူးတာ။ တကယ်ရောက်နေရသလိုပဲ။ ဗဟုသုတရအောင် မျှဝေပုံဖော်ပေးတာကျေးကျေးစ်ပါ ချစ်မရေ.....
စကားမစပ် ဘုရားကျောင်းဘေးက မမလေးက ပိုလှလာသလိုပဲနော်။ အဟဲ မြှောက်ပြောတာမဟုတ်ဘူး။ မုန့်များစားရမလားလို့ပါ။ အဟိ

ဒဏ္ဍာရီ said...

သူငယ်ချင်းရေ........... မသိသေး၊ မရောက်ဖူးသေးတဲ့ အရပ်ဒေသတွေက အံ့သြစရာတွေကို ဗဟုသုတ အဖြစ် မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။ ဘုရားကျောင်းပုံလေးတွေနဲ့ မော်ဒယ်လေးကလည်း ကဗျာဆန်တယ်နော်..း)

ခင်မင်လေးစားလျှက်

လေပြေ said...

စာသားလေတွေရောလူရောအမြဲလိုလိုလှပနေပါလား
နတ်သမီးလေးခင်ဗျာ...။

လေပြေ said...

စာသားလေတွေရောလူရောအမြဲလိုလိုလှပနေပါလား
နတ်သမီးလေးခင်ဗျာ...။

~ဏီလင်းညို~ said...

နတ်သာမီးရေ...
ဓာတ်ပုံလေးတွေငေးရင်း... အဲ့ဒီနေရာကိုတစ်ခေါက် ရောက်သွားတယ်ဗျိုးးးးးးးးး
ကျေးဇူးစ်....း))
အခုမှရောက်လာတယ်...။ ကိုဏီနေမကောင်းလို့....း((
ခင်မင်တဲ့
ဏီလင်းညို

မောင်ဘကြိုင် said...

ကျေးဇူးပါဗျာ ဗဟုသုတရတယ်
နေရာလေးတွေလဲလှတယ် ငါ့အစ်မလဲ လှတယ်
း) ရှုခင်းတွေငေးချင်စရာလေးပါလားနော်

rose of sharon said...

ပုံတွေကြည့်ပြီး လာလည်ချင်သွားတယ်

WWKM said...

“တယ်အိုတိုခို မာရီယာ” ဘုရားကျောင်း၏ ဘေးတိုက်မြင်ကတော့ သိဘူး ညီမလေးနတ်သမီးရဲ့ဘေးတိုက်အမြင်ကတော့ တကယ်လှတာ။း)))
အလည်လာပြီး ဓါတ်ပုံလေးတွေ တ၀ကြီးလာကြည့်သွားပါတယ် ညီမရေ။မမလည်း ဘီးဇီးနေတာနဲ့ ဘယ်မှ မရောက်တာနော်။ သတိရနေတယ်။ကျန်းမာပျော်ရွှင် အဆင်ပြေပါစေ။

သဒ္ဓါလှိုင်း said...

မနတ်သမီးရေ...
ပျောက်နေလို့ နေကောင်းလားလို့....
သတိရနေပါတယ်..

ခင်တဲ့
သဒ္ဓါ

လိုင် said...

ရုပ်ရှင်မင်းသမီးနဲ့တူတယ်

ကိုဇော် said...

တကယ် ရောက်နေရသလိုပါပဲလား..
ပုံလေးတွေကလည်း စိတ်ဝင်စားစရာပဲ...
အားပေးလျက်ပါဗျာ..

ပျော်ရွှင်ပါစေ
ကိုဇော်

Mydiary said...

နတ်သမီးလှလှလေးရေ

ချစ်ဖို့ကောင်းတယ်နော်။
( အဟီး )စာတွေဖတ်မသွားဘူး။
မအားသေးလို့
လူကိုအရင်လာရှိုးသွားတယ်။
ချစ်စရာလေးနော်။

ခင်လျက်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger