Pages

Monday, July 5, 2010

13.06.2010...ကဗျာဆရာ/ဆရာမတို့ရဲ့ ရင်တွင်းစကားများ



“ကဗျာ” နဲ့ “ကဗျာဆရာ” ဘာကွာသလဲ????
ကျမကတော့ ကဗျာတွေကိုချစ်တယ်..အရူးအမူးကိုချစ်တာ...
အဲဒီလိုပဲ ..ခံစားချက်ကဗျာတွေကို ဖန်တီးတဲ့ “ကဗျာရေးသူ”တွေကိုလေးစားတယ်...
ကဗျာတွေနဲ့အိပ်စက်တဲ့ကျမ...ကဗျာတွေနဲ့ နိုးထတတ်တဲ့ကျမ..
ကဗျာတွေနဲ့ရှင်သန်နေတတ်တဲ့ကျမဟာ...
တခါတလေတော့လည်း “ကဗျာရေးသူ”တွေရဲ့ရင်ထဲက ခံစားချက်တချို့ကို ..
ထွင်းဖောက်ခံစားခွင့်တော့ရချင်သေးတယ်....
(နမ်းမဝ)



ဘာမှတော့မရှိပါဘူး... တကယ်တော့.. ဘာမှ မရှိတာဟာ ရှိနေတဲ့ အရာတွေထက်ကို သာလွန်နေလို့ပါပဲ... ရှိ..ပူရသေး မရှိ..စိတ်အေးတာပေါ့.. ဟုတ်တယ်ဟုတ်... (အချစ်မဲ့ဂစ်တာ)



နတ်သမီး တစ်ပါး သက်ဆင်းခြွေတဲ့ ရာသီတမ်းခြင်းမှာ အားလုံးမိန်းမောကြွေကျ... တစ်စ တစ်စနဲ့ ဖန်ဆင်းတဲ့... ကဗျာရုပ်ကြွင်း.... (အရုပ်ကလေး)



အမှတ်တမဲ့ ဆိုတာ အမှတ်တရ ဖြစ်စေမဲ့ မွေးကင်းစ ကလေးလေး တယောက်လိုများလား ! (မင်းသုခ) စားစား သွားသွား နားနား နေနေ ခွေခွေ အိပ်အိပ် ငါ..လေ..ကဗျာဆိုတဲ့ စိတ်လေးပဲရှိတယ်...။ (မင်းသုခ)



စတင်တွေ့ဆုံခြင်း၏ အရောင်တွေထဲ ခင်မင်မှုတွေ ရောယှက်နေလိမ့်မယ်.....။ (ညလင်းအိမ်)



*အာဘွား......* (နှိုင်း)



စာရေးဆရာ ကိုတာ ကတော့ရေးထားတယ်။ ခလေးတွေဆော့တဲ့အခါ ရည်ရွယ်ချက်မရှိဘူး။ သစ်ရွက်တွေ သူ့ဘာသာသူ လွတ်လပ်စွာ စိမ်းသလိုမျိုး “မ”လည်း ကဗျာတွေကို အမြဲ လွတ်လပ်စွာ ရေးဖွဲ့နိုင်ပါစေ။ (တာတာ)



မမ......... ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်း... ကျနိုင်ပါစေ...ဟု ဆန္ဒမွန်ပြုလျှက်... (လဲ့ရည်)



ကဗျာဆိုတာ... ကျွန်တော် ရင်ထဲ ပိုက်ထားတဲ့ လွယ်အိတ်ကလေးပါပဲ....။ အမြဲခင်မင်လျက်...(Broken Poem)



ကဗျာချစ်သူမို့ ဂုဏ်ယူဝမ်းသာစွာ ကြိုဆိုပါတယ်.... (ရင်နင့်သူ)



နတ်သမီးလေးအတွက် အမြဲတမ်း အမှတ်တရရှိစေဖို့.... (မိုးငွေ့)



တွေ့ဆုံခဏ သောက်လို့ပျော်လည်း
ပြန်ဆုံမယ့်နေ့
တစ်သသ မမေ့
မောင်နဲ့ နှမ
ချစ်ကြပါစေ..။
(မင်းသိနိုး)

15 comments:

  1. အင်...နာတော်တော်ပိန်သွားတာပါလား.. :(
    ငါ့အမ..အဆင်ပြေလား ? ဒီမှာ ပင်ပန်းထားတာတွေနဲ့ ရောက်ရောက်ချင်းတော့ခဏနားအုံးမှပေါ့..
    ချက်ချင်းကိုတင်တော့တာပဲ..ကျန်းမာရေးဂရုစိုက်အုံး..

    ReplyDelete
  2. မီးခြစ်က ပါသွားသေးတယ် ... ဟွန်း ..း)))
    ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်ပြီး အားငယ်သွားတယ် ...
    ဓာတ်ပုံရိုက်တဲ့သူ မတော်လို့ ထင်တယ် .. :P :P :P

    အစ်မရေ အစဉ်ပျော်ရွှင်လန်းဆန်းပါစေ ...

    ခင်တဲ့
    ညလင်းအိမ်

    ReplyDelete
  3. အသွေးအသားက တောင့်တချက်တိုင်း
    သီကာကုံးတဲ့ ကဗျာတွေကြား
    အလေးထားကာ နိုးကြားစေမဲ့
    ပဉ္စလက်အတတ်တွေ ....
    ရုပ်ချည်းတော့ ပြောင်းလဲမသွားစေနိုင်တဲ့အရာ ...
    ရေးသားချက်ရဲ့ ညည်းချင်းတွေကြားမှာပဲ
    တစ်ခါတစ်ခါ အပေါင်းအသင်းတွေနဲ့ ထပ်တူ
    ပျော်ရွှင်မှု ပကတိကို ရခဲ့ .....
    ရင်ခုန်သံကျူးရင့်ဖို့အတွက် ....
    အနားသတ်မျဉ်းတွေ ညီညာစေခဲ့ ...
    မလိုသူ မုန်းထားသူတွေကြားမှာပဲ
    လိုလားလို့ ရင်ဘတ်ချင်းညှိရတဲ့ ကဗျာ့လက်သံတွေက ....
    မိုးထက်သို့ညံ .. တသိမ့်သိမ့် စီးဆင်းပါစေသား ..


    ချမ်းမြေ့မှု အသင်္ချေ ရရှိပါစေ ..
    idulize(အရုပ်ကလေး)

    ReplyDelete
  4. မဖြစ်ညစ်ကျယ် ကဗျာတွေရေးနေမိပေမဲ့ . . .
    ကဗျာကောင်းကောင်း ဖန်တီးတတ်သူတွေကို လေးစား အားကျပါတယ်။ ဒါကြောင့် ဖြစ် ၊ ပျက် ၊ တည် အောင် ရေးဖွဲ့နိုင်သော ကဗျာဆရာ / ဆရာမ ပုံတွေကို အမှတ်တရ ကြည့်သွားပါတယ်။

    ReplyDelete
  5. ပျော်ရွှင်ဖွယ်ရာ တွေ့ဆုံပွဲလေး ဖြစ်ခဲ့ပုံပဲ
    အားကျစရာ...။

    ReplyDelete
  6. ကဗျာဆရာ..ဆရာမများ၏အမှတ်တရရင်းတွင်စကား
    များနဲ့ကဗျာဆရာ၊ဆရာမများကို..
    အရောက်လာကြည့်သွားပါတယ်။

    ReplyDelete
  7. ကဗျာမရေးတတ်တဲ့ မိုးငွေ့ ဘယ်လိုဖြစ်ပြီး ကဗျာဆရာ ဆရာမတွေထဲပါသွားတာပါလိမ့်...။ နတ်သမီး လုပ်ချလိုက်ပြီ...အဟီး သူများပုံပါသွားပြီ...။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  8. ပုံလေးတွေကိုကြည့်ပြီးကြည်နူးလိုက်တာ.မနတ်သမီး..
    ပြန်ရောက်ရောက်ချင်းမောနေပြီလား..ပြီးလွမ်းနေလား..
    အဆင်ပြေပျော်ရွှင်ပါစေနော်..။

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  9. ကိုယ်တိုင်ကဗျာရေးဖို့ဝါသနာမပါပေမယ့် သူများရေးတာတွေကိုတော့ အရမ်းကြိုက်တယ် .အဟီး

    ကိုကိုးအိမ်

    ReplyDelete
  10. နှပ်သာမီးရေ......

    တွေ့ကြတာပျော်စရာကြီးပဲ.....။
    ကိုဏီကတော့ တစ်ခုပဲပြောချင်တာ......။
    တို့မမိုးကြီးအချောဆုံးဗျိုးးးးးးးးး
    (လူမိုက်က.....ကိုတူး....မီးခြစ်တောင် ဒင်းကပါသေး...ဆေးလိပ်သောက်ထှာ.....း))

    ခင်မင်ခြင်းအားဖြင့်......
    ဏီလင်းညို

    ReplyDelete
  11. ဟီးဟီး...
    မမိုးတို့ချောချက်ကတော့....
    အပြင်မှာ မပြင်ပဲနဲ့ကို ချောတာဗျို့....
    လက်တွေ့..လက်တွေ့...
    မယုံရင် ကိုတူးကိုမေးကြည့်...
    “ဟေ့ယောင်...ပြောလိုက်လေ...”

    ReplyDelete
  12. အေးဆေးမှလာပါမနတ်သမီးရေ..
    ရောက်ရောက်ခြင်းအလုပ်တွေလည်းရှုပ်၊ အရှုပ်တွေလည်း
    ရှင်းနေရမှာပေါ့နော်.....။
    နေကောင်းအောင်လည်းနေနော်...

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  13. ဝါးးးးနှိုင်းကို တွေ့ရပြီဟေ့..ချောတယ်..။
    မိုးငွေ့လည်း ချောတယ်တော့..
    ကိုညကတော့ မြင်ဖူးပြီးသား..

    ReplyDelete
  14. မ..
    မ လုပ်သလို လုပ်လိုက်ရမလား။
    copy .. paste
    အပေါ်က အတိုင်းပါပဲး)

    ခိခိ
    အာဝါးx တသိန်း
    အားလုံးအမှတ်တရနဲ့
    တာ

    ReplyDelete
  15. အမှတ်တရများစွာနဲ့ မွေးရပ်မြေမှာ ပျော်ရွှင်ခဲ့တယ်ဆိုရင်ကိုပဲ... ၀မ်းသာပါ၏။

    ReplyDelete

Name/Url မှာ မိမိတို့ရဲ့ အမည်ကို ထည့်ပြီး Url မထည့်ပဲ Comment ပေးခြင်းအားဖြင့် Malware ရန်မှကင်းရှင်းနိုင်ပါသည်။