Pages
Thursday, July 22, 2010
နွေ..နိဂုံး
အိုအေစစ်ရင်ခွင်ထက်က
ခရေတပွင့် ကြွေလွင့်သွားချိန်
နွေဥသြ တေးသံကမချို....
ပုဇင်းတို့ရဲ့
ရင်ကွဲည သံစဉ်တွေက ခပ်အအ
ကန္တာရ အခန်းကျဉ်းလေးထဲမှ
အကြင်နာမီးအိမ်က မှုံပြပြ
ဒိုင်ယာရီ တအုပ်က ကြေမွမွ....
အာကာသ ကြယ်တွေက
ဟိုတပျောက်..ဒီတပျောက်
လမင်းမျက်ရည်ကလည်း
ဟိုတပေါက်...ဒီတပေါက်....
ဝိုင်နီ ချိုချိုတခွက်နဲ့ရေးတဲ့
အသဲကွဲ ပန်းချီကားတချပ်
နွေနေပူမှာ တခန်းရပ်သွားတဲ့
ဒီပြဇာတ်....
သြော်...
နောက်ဆုံးတော့လည်း
သူ့ဆီက
မတန်မရာ ငါလှမ်းယူမိခဲ့တဲ့
ကြင်နာခြင်းဆိုတာ
ငါ့အတွက်တော့
နာကျင်ခြင်းတွေပါပဲလား....။
12 comments:
  1. နွေလိုပူပြင်း ဒီတလင်းမှာ
    ထိုင်ကာငေးမော စိတ်၏သဘော
    ဥသြတွန်သံ ပျံ့လွင့်မှန်ကို
    လွင့်စင်ပပျောက် နားစည်အရောက်
    မချိတင်ကဲ ဒီရင်ထဲ၌
    လွမ်းဖွဲ့ပွေလီ နစ်မြောကွယ်ပြီ ..။
    ရင်တွင်းစကား သွန်းရှိုက်ထွေလည်း
    မျက်နှာပြင်တွေး င့ါ၏အရေး
    လှုပ်လီလှုပ်လဲ့ မင်အားနဲ့စွက်
    ရေးပါသော်ညား စိတ်ရဲ့အားက
    ကွယ်ပျောက်လွင့်စင် ကြေမွမိစဉ် ..။
    ဟိုရပ်ဆီငေး ကြယ်စုကြယ်ဝေး
    တဖျောက်နှစ်ဖျောက် စိတ်ရဲ့အနောက်
    ပျံလွင့်ချီတက် လမင်းဆီဖက်
    မကြာမြဲမြံ သွန်းမိအမှန် ..။
    ပန်းချီတစ်ချပ် နှလုံးသားမှာရပ် ..။
    အစနိဂုံး ကြွင်းကျန်မဆုံး
    လောင်သည့်ခဏ သွေဖီခက်လို့
    မှောင်၏တစ်ဖက် အလင်းစွက်ပြီး
    ရောင်ဖြာအလင်း ဖြည့်၏စိတ်တွင်း ။ ။
    idulize(အရုပ်ကလေး)
    ReplyDelete
  2. သြော်...
    နောက်ဆုံးတော့လည်း
    သူ့ဆီက
    မတန်မရာ ငါလှမ်းယူမိခဲ့တဲ့
    ကြင်နာခြင်းဆိုတာ
    ငါ့အတွက်တော့
    နာကျင်ခြင်းတွေပါပဲလား....။
    မိုက်တယ်...မိုက်တယ်..မိုက်တယ် :)
    ReplyDelete
  3. မင်္ဂလာပါမနတ်သမီးရေ.။
    ကဗျာလေးကိုဖတ်သွားပြီ.။
    နေကောင်းတယ်နော်။
    ခင်တဲ့
    သဒ္ဓါ
    ReplyDelete
  4. အရင့်အရင်...ကဗျာတွေထက်ပိုပိုကောင်းလာတယ်..။
    ကာရံတွေလဲထိမိ..စကားလုံးတွေလှကြွယ်လာတယ်..။
    အဟဲ ဆရာကြီးစတိုင်လ်နဲ့ ဝေဖန်သွားတယ်...။
    ခင်မင်စွာဖြင့်
    မိုးငွေ့
    ReplyDelete
  5. နာကျင်ခြင်းတွေနဲ့တော့ အဆုံးမသတ်ပါရစေနဲ့ကွယ်။ မမနတ်သမီးရယ်။
    ReplyDelete
  6. နာကျင်စရာနိဂုံးဆိုရင် ဘယ်သူ့အတွက်မှ မကောင်းဘူး
    ပျော်ရွှင်စရာ နိဂုံးသာ ဖြစ်စေချင်ပါတယ်..
    ကဗျာသက်သက်သာ ဖြစ်ပါစေ..
    ReplyDelete
  7. “သြော်
    နောက်ဆုံးတော့လည်း
    သူ့ဆီက
    မတန်မရာ ငါလှမ်းယူမိခဲ့တဲ့
    ကြင်နာခြင်းဆိုတာ
    ငါ့အတွက်တော့
    နာကျင်ခြင်းတွေပါပဲလား။”
    နာကျင်ခြင်းမှာကင်းဝေးနိုင်ပါစေ...
    မနမ်းရေ
    ခင်မင်စွာဖြင့်
    ခိုင်နုငယ်
    ReplyDelete
  8. စကားလုံးလှလှလေးတွေနဲ့ ကာရံညီတဲ့ကဗျာလေးတစ်ပုဒ်ကို ဖက်ရတာ နူးညံ့ဆွတ်ပျံ ကြည်နူးခြင်းတွေခံစားရတယ် မမ။ ကဗျာလေးကို ကြိုက်လွန်းလို့ ကွန်မတ်ဝင်ပေးသွားတယ်နော်း)
    ပျော်ရွှင်ပါစေ
    ခင်လျှက်
    ဆု
    ReplyDelete
  9. အသည်းကွဲ ပန်းချီဆိုတာ အသည်းကြီး ကွဲနေတဲ့ ပုံလား ဂျီးတော် ..
    ReplyDelete
  10. အိုအေစစ်ရင်ခွင်ထက်က
    ခရေတစ်ပွင့် ဝေပွင့်သွားချိန်
    နွေဥသြက တေးသံချို
    သြော်နောက်ဆုံးတော့ သူ့ ဆီကလှမ်းချူလို့ 
    လှမ်းယူလိုက်တဲ့ ကြင်နာခြင်းဆိုတာ
    ငါ့အတွက်တော့ နွေးထွေးခြင်းတွေပါပဲလား
    ကဗျာကို ကဗျာဆန်ဆန်ပြန်ပြင်ပေးတွား
    တယ်ဗျို့ ကဗျာမဆန်တာကိုကဗျာဆန်အောင်
    ပျက်လိုဖျက်စီးလုပ်တွာပါဒယ် ... :D
    ReplyDelete
  11. ကောင်းလိုက်တဲ့ ကဗျာ ...
    အစ်မအရေးအသားတွေ အရမ်းတိုးတက်လာတယ် ...
    စာသားအယူအဆ အရမ်းထိမိတယ် ..
    ReplyDelete
  12. အင်း....ကိုယ့်ဟာနဲ့ကိုယ်က ခပ်ယဲ့ယဲ့ပါဆိုမှ ဒီကဗျာလေးဖတ်ပြီး ငိုချင်သွားတယ်။
    ဂျင်းဆီကို ကဗျာလေးလာအားပေးသွားတာကျေးဇူးနော်။ ဂျင်းလည်း လင့်လေးယူသွားဦးမယ်။ ၃၀ ရက်နေ့တင်မယ့်ပိုစ့်မှာ ဂျင်းနာမည် ယူသုံးထားတယ်ဆိုလို့ ဖတ်ချင်လှပြီ။ မျှော်နေမယ်နော်....း))
    ခင်မင်စွာဖြင့်
    ဂျင်း
    ReplyDelete
Name/Url မှာ မိမိတို့ရဲ့ အမည်ကို ထည့်ပြီး Url မထည့်ပဲ Comment ပေးခြင်းအားဖြင့် Malware ရန်မှကင်းရှင်းနိုင်ပါသည်။