Pages

Friday, July 30, 2010

“အဖြူရောင်နတ်သမီး” ဘလော့ဂ် (၁)နှစ်ပြည့်




တခါတလေမှာ ကျမတို့တွေဟာ ဟိုး...ငယ်ငယ်က အကြောင်းတွေကို

တိုက်ဆိုင်မှုရှိလို့ပဲဖြစ်ဖြစ် အချိန်အားလပ်နေလို့ပဲ ဖြစ်ဖြစ် ၊
သတိတရနဲ့ ပြန်ပြီးစဉ်းစားတတ်ကြပါတယ်။

တခါတလေ ဟိုး...အရင်က အမှတ်တရ ရိုက်ထားခဲ့တဲ့ ဓာတ်ပုံလေးတွေကို ပြန်ကြည့်ရင်း

ပီတိအပြုံးလေးတွေ ၊ ကြည်နူးမှုလေးတွေကို ခံစားတတ်ကြတဲ့ သူတွေထဲမှာ
ကျမလည်းတယောက် အပါအဝင်ပေါ့ရှင်...။

စာရေးစာဖတ်မှာ အလွန်အားနည်းခဲ့တဲ့ကျမဟာ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်တဲ့အချိန်က“စ”လို့

တကိုယ်တည်း အထီးကျန်လာတာကတကြောင်း၊
ကိုယ့်ရဲ့ပါတ်ဝန်းကျင်မှာ ဖြစ်ပျက် တွေ့ကြုံ၊ခံစားရတဲ့ အကြောင်းအရာ တချို့ကို အခြေခံပြီး တခြားသူတွေအတွက် သူတို့မသိသေးတဲ့ (ကျမကိုယ်တိုင် အခုမှသိရတဲ့)

ဗဟုသုတနဲ့ အတွေ့အကြုံတွေကို မျှဝေဖို့ စိတ်အားထက်သန်လာရင်း
“nan_ma_wa”(နမ်းမဝ) ကလောင်အမည်ဖြင့် Website တချို့မှာ စာတွေရေးလာရာမှ
(၃၀.၀၇.၂၀၀၉) မှာ “အဖြူရောင်နတ်သမီး ”
(http://seaandangel.blogspot.com) ဆိုတဲ့
ခံစားချက်တို့မျှဝေရာ ကျမရဲ့ ကိုယ်ပိုင်အိမ်လေးတလုံးကို ဖန်တီးဖြစ်ခဲ့ပါတယ်။

ဒီနေ့ဟာ ကျမ “အဖြူရောင်နတ်သမီး”ဘလော့ဂ် (၁)နှစ် တိတိပြည့်တဲ့နေ့ ဖြစ်တဲ့အတွက်
ကျမရဲ့ လုပ်နေကျ အကျင့်အတိုင်း“အဖြူရောင်နတ်သမီး(၁)နှစ်ပြည့်”
အမှတ်တရပွဲလေးတခု လုပ်ဖို့စိတ်ကူးရင်း ကျမရေးခဲ့သမျှ post တွေထဲက တနှစ်အတွင်း
လာလည်သူများရဲ့comment များကို ပြန်လည်ဖတ်ရင်း ဝမ်းသာခြင်း၊ ကြည်နူးခြင်း၊ အားတက်ခြင်း စတဲ့ခံစားချက်များကို ကျမနဲ့အတူ ပြန်လည်ခံစားကြရအောင်လားရှင်...


ဘလော့ဂ်ဖွင့်ပြီးလို့ ဒုတိယမြောက်တဲ့ နေ့မှာပဲ ပထမဦးဆုံးရရှိခဲ့တဲ့ comment ကတော့
ဘလော့ဂ်ဂါ linnhtut ဆီကပဲဖြစ်ပါတယ်။
ဒုတိယ comment ရှင်ကတော့ မလေးရှားက မောင်လေးတက်လူငယ်၊
တတိယ comment ရှင်ကတော့ kyawkhinethin ဘလော့ဂ်တို့ပဲဖြစ်ပါတယ်။
အဲဒီလိုနဲ့ (၂)လအတွင်းမှာ လာလည်ကြတဲ့ မိတ်ဆွေ မောင်နှမများဖြစ်ကြတဲ့....

ကျမက သူ့ကို “ဦးလေး” လို့ခေါ်ပြီး သူက ကျမကို “ဂျီးတော်” လို့ပြန်ခေါ်ရင်း
post တွေထဲက မှားနေတဲ့ သတ်ပုံလေးတွေကို ပြင်ပေးတတ်တဲ့ နွေဆူးလင်္ကာ။
ဘယ်သူ့အိမ်မှာမဆို ကဗျာလေးတွေရေးပြီး comment ပြန်ပေးလေ့ရှိတဲ့ မောင်လေး “အရုပ်ကလေး”။ အဆန်းအပြား ဓာတ်ပုံတွေကိုအမြဲဝေငှလေ့ရှိတဲ့ ကဗျာဆရာ..စာရေးဆရာ..ဒေါက်တာသက်တန့်ချို။
တနှစ်ပတ်လုံးမှာ ကျမရဲ့ ဘလော့ဂ်ကို (၄)ခါသာ လာလည်ဖူးတဲ့
ကျမလေးစားရသော “ဆရာမင်းဒင်”။
အသဲကွဲတဲ့ ခံစားချက်ကို ကြိုက်ပါတယ်လို့ရင်ဖွင့်လာတဲ့ အလွမ်းကဗျာလေးတွေ
သီးသန့်ရေးတဲ့ကဗျာဆရာမလေး“အနှိုင်းမဲ့”။
ကဗျာရေးရာမှာ စကားလုံးကြွယ်ဝပြီး အနုအလှခံစားချက်လေးတွေနဲ့ ကဗျာအရည်အသွေး၏
“တန်း” တတန်းကို ယနေ့အချိန်ထိ ထိန်းထားနိုင်သူ အချစ်ကဗျာဆရာလေး“မိုးစက်အိမ်”။
လျှပ်တပျက် ဆုတောင်း” ကဗျာမှာ comment (၄)ခုကိုဆက်တိုက်ရေးပေးသွားတဲ့
မောင်လေး“ဗညားရှိန်” ။
VZO ကနေ ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်း “မဝင်းမင်း”(ရိုးမအရိုင်းပန်း)။
Blogspot နည်းပညာပိုင်းမှာ အရမ်းကို ကူညီပေးခဲ့ကြတဲ့ အကိုမိုးသွေးငယ်၊ မောင်လေးနေစစ်သူ နဲ့ CO2။
“မိုးငွေ့”ဆိုတာ စိတ်ကူးယဉ်သူ.... ရုပ်ရှင်ကြိုက်သူ....ဖက်ရှင်နှစ်သက်သူ... ကော်ဖီခါးခါးကြိုက်သူပါ..လို့
ကြွေးကျော်ထားတဲ့ အရမ်းသဘောကောင်းတဲ့ မမိုး။
Blogspot လောကကို ယောင်လည်လည်နဲ့တယောက်ထဲ လျှောက်နေချိန်မှာ
တီတီတာတာနဲ့ စကားချိုချိုလေးတွေပြောပြီး အမြဲအားပေးခဲ့ကြတဲ့ ညီမလေးများဖြစ်ကြတဲ့
ဝက်ဝံလေး၊ အိပ်မက်ခြေရာ၊ မိုးစက်ပွင့်လေး၊ Dream၊ Angel Shaper ၊နှင်းဟေမာ ။
လင်းကြယ်ဖြူ ။ကျမရဲ့ကဗျာကိုဖတ်ပြီး သက်ပျင်းရှည်ကြီးချသွားတဲ့ “ကိုမိုးမောင်”။
“နမ်းလို့နွမ်းတာ နဲ့ မနမ်းပဲနွမ်းတာ တူမှမတူတာ”ဆိုပြီး
ကျမရဲ့ကဗျာရဲ့စာသားကို မကျေမနပ်ဖြစ်သွားတဲ့ “အိုအေစစ်”။
“မြန်မြန်နေကောင်းပါစေ”လို့ ဆုတောင်းပေးသွားတဲ့ “ဘရာဘို” “aungko78” နဲ့ “ထင်လင်းအောင်”။ “အချစ်ဘယ်မှာလဲ သီရိမာ”post ကိုဖတ်ပြီး တရားမှတ်သွားတဲ့ မောင်လုလင်။
အဲဒီpost ကိုပဲ ရုပ်ပြ ကာတွန်းတခုမှာဖတ်မိပြီး ကျမနဲ့ အကြိုက်ချင်းတူပြီး အမှတ်တရရှိနေခဲ့တဲ့ than ။
အဲဒီ post မှာပဲ သံဝေဂရသွားသူ နောက်တယောက်ကတော့ “ဏီ(န်)ကင်း” ပါပဲ။
“အတွေးလေးကောင်းပါတယ်” လို့ပြောသွားတဲ့ ချစ်ကြီး။
“အမေပေးတဲ့ အား” ကိုဖတ်ပြီး ဝမ်းနည်းသွားတဲ့ “chit chit”။
“ပိုး” post မှာ အားပေးစကားပြောသွားတဲ့“ septemberainbow” ။
“အထဲက ဆားဘဲဥနဲ့ လမုန့်စားချင်တယ်” လို့ပူဆာသွားတဲ့ “မ မချစ်ရ”။
၅၀၀၀ကျပ်တန်ကို သဘောကျနေတဲ့ “ကိုလူလ”။
“လမုန့်ထဲက ဒဏ္ဍာရီ” post ကို ထပ်တူခံစားသွားတဲ့ “နိုင်နိုင်”။
အဲဒီပုံပြင်ထဲက လမင်းသမီးလေးအကြောင်းကို နားထောင်သွားတဲ့ “wing”။
“လူဆိုတာမလုပ်နဲ့ဆို လုပ်ချင်ကြတယ် မကြည့်နဲ့ဆို ကြည့်ချင်ကြတယ်” လို့
လမုန့်ထဲက မင်းသမီးလေးကို အပြစ်တင်သွားတဲ့ “ဂေါက်သီးနဲ့ရှောက်သီး”။
“အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးတဲ့လား နတ်သမီးလေးရေ...” လို့ လာအော်သွားတဲ့ “အနော်”။ “washinggton dc” လို့comment ပေးသွားတဲ့ Rosan ။
“ကျွန်တော်က မိန်းခလေးနော်” လို့ပြောသွားတဲ့ “ဇော်”။
ဖိနပ်လှလှလေးတွေကို လာကြည့်သွားတဲ့ “ဆောင်းနှင်းရွတ် နဲ့ Talkii ။
ကျန်းမာရေးကောင်းဖို့ ဒေါင်းဖြူလေးတွေကို လာကြည့်သွားတဲ့
မ အမရာ နဲ့ http://www.aungftub.blogspot.com/ ။ တို့ဖြစ်ကြပြီး
ဘလော့ဂ်သက်တန်း (၃)လမြောက်တဲ့အချိန်မှာ......

“အင်း..ဘယ်လိုမှ နားလို့မရတဲ့ ဒီဘလော့ဂ်” လို့ ဝေဖန်သွားတဲ့ “ဘလော့ဂ်ဂါတို့ရဲ့ဘလော့ဂ်ဂါ”။ ကျမစိတ်အဝင်စားရဆုံး ဘလော့ဂ်တခုဖြစ်ပြီး
ကိုယ်တွေ့ဇာတ်လမ်းတွေကို အမြဲရေးလေ့ရှိတဲ့ ဘကျောက်(ရွှေရတုမှတ်တမ်း)။
ဘလော့ဂ်လောကမှာ မသိသူမရှိတဲ့ မကြီးခင်ဦးမေ။
“နတ်သာမီးရေ...ကိုဏီလာသွားတယ်” ဆိုပြီး ကျမကို ညီမလေးတယောက်လို ဂရုတစိုက်နဲ့ လာလာအော်တတ်တဲ့ ကိုဏီလင်းညို။
သူ့အိမ်ကို သွားလည်ရင်း “ကိုမိုးခါး” လို့ comment ပေးမိပြီးမှ ညီမလေးမှန်းသိခဲ့ရတဲ့ ညီမလေးမိုးခါး။
ရင်ထဲမှာ အရမ်းနီးကပ်တဲ့တကယ့်ညီအမတွေလိုခံစားမိတဲ့ ဒဏ္ဍာရီ၊ မချော(အစိမ်းရောင်လွင်ပြင်)၊ သဒ္ဓါလှိုင်း၊
Rose of Sharon ၊ ပူးတေ၊ မသိင်္ဂါကျော်၊ မမခြင် နဲ့ မကိကိ။

အသဲမာအောင် သင်ပေးလည်း ခနခနဟတ်ထိပြီး အသဲကွဲ ကဗျာကောင်းတွေ တပုဒ်ပြီး တပုဒ်ရေးနေတဲ့ အသဲကွဲကဗျာဆရာလေးလို့ကင်ပွန်းတပ်ခံရတဲ့ ကိုတူး(ညလင်းအိမ်)။
ဓာတ်ပုံရိုက်ဝါသနာပါလွန်းလို့ ဓာတ်ပုံတင်လေ့ရှိတဲ့ ကျမရဲ့အိမ်ကို မကြာခန လာလည်တတ်တဲ့
ကိုဂျစ်တူး(မုံရွာ)။ ကျားနှစ်မှာ မွေးခဲ့တဲ့ မီးလေး။ ကဗျာနဲ့ ဓာတ်ပုံလေးတွေလှလို့ လင့်ခွင့်တောင်းသွားတဲ့ ကိုသက်အောင်။
“ကျွန်တော့်နာမည်တူများ တွေ့မိသေးလား” လို့ မေးလာတဲ့ မောင်နွေသစ်။ “မီးဖိုချောင်လက်” post က နတ်သမီး သေးသေးလေးဓာတ်ပုံကိုကြည့်ပြီးအသည်းယားသွားတဲ့ မစန္ဒကူးမေ။
အချစ်အကြောင်း လာဆွေးနွေးသွားတဲ့ အိမ်မက်မြေ။ ”ရုပ်ရှင်မင်းသမီးနဲ့ တူတယ်”လို့ပြောသွားတဲ့ “လှိုင်”။
အော့လစ်ဗ်(Olive)သီးစားသွားကြတဲ့ သဒ နဲ့ ဂျူနို(မအယ်)။ နတ်သမီးရဲ့စောင်းတီးသံကို လာနားထောင်သွားကြတဲ့ မမြလေးသျှင်၊မကြီးရွှေဇင်ဦး၊ မောင်လေး အယ်ကို၊ ညီမလေးရီမိုးပြည့်၊
မောင်လေးပဲပုတ်၊ minthant2009၊ စကားဝါမြေနဲ့ kokomaung.uk

ကျမရဲ့ post ထဲက “သံဒယ” နဲ့ “သံသယ” စာလုံးပေါင်းကို အမှန် ပြင်ပေးသွားတဲ့ ko-thura ။ “ချစ်သူနှစ်ဦးကြားမှာ နှစ်ဦးသားအချစ်ကို ပမာပြု၊နားလည်မှုတခုကို ထားရှိထားမယ်ဆိုရင်
နောင်လာမယ့် အနာဂတ်မှာ တွဲလက်တွေမြဲနေအုံးမှာပါ” လို့ပြောလာတဲ့ ညီမငယ် ပန်းခင်းလေး ။
“ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး...ဘာမှမပြောတော့ပါဘူးဗျာ” ..လို့ ပြောပြီးလှည့်ထွက်သွားတဲ့ အရုပ်ကလေးရဲ့အချစ်တော် အချစ်မဲ့ဂီတာ။
“မြန်မာလူမျိုးဖြစ်တဲ့ ကျမအတွက် အများဆုံးပြောဖြစ်ခဲ့တဲ့အကြောင်းကတော့ ကျမချစ်တဲ့မြန်မာပြည်အကြောင်းပါပဲ”..ဆိုတဲ့ ကျမရေးခဲ့တဲ့စာပိုဒ်လေးကိုဖတ်ပြီး ကြည်နူးသွားတဲ့ အဇ္ဈတ္တပြခန်း။
သဘောင်္ကြီးနဲ့ ဘလော့ဂ်ဂါတွေစုပြီး ပင်လယ်အပျော်ခရီးထွက်ရင်း ကျမကိုဇာတ်လမ်းအဆုံးထိပြန်မခေါ်သွားပဲ
ဆိုက်ပရပ်စ်နိုင်ငံက ကျွန်းလေးမှာ ယနေ့အချိန်ထိ ထားရက်ခဲ့တဲ့ ကိုမြစ်ကျိုးအင်း ။

အသားရည်လှပအောင် စားသောက်ပုံကို လေ့လာသွားတဲ့ ညီမလေးနှင်းဆီဖြူ (emodoll)။
“မျိုသိပ်တတ်တဲ့ယောက်ျားတွေက အချစ်ကြီးတတ်တယ်နော်” လို့ဆိုလာတဲ့ ကိုနေညိုရင့်။
“အမ ကဗျာလေးတွေဖတ်ရတာ ဝေဒနာတခုကို
ဖော်ညွှန်းနေကြသလိုပဲ..အားလုံးလိုလိုပဲ”..လို့ သတိထားမိသွားတဲ့ မောင်လေးဝေလင်း။
“အမှတ်ရနေဆဲပါ” ဝတ္ထုဇာတ်သိမ်းကိုလာဖတ်သွားကြတဲ့ Evy ၊ မောင်လေး Carton ၊
ညီမလေးမြတ်မွန် နဲ့ vista ။
“မှန်ကန်တဲ့ ရိုးသားတဲ့ ချစ်ခြင်းမေတ္တာတွေ ရရှိပါစေ”လို့ဆုတောင်းပေးသွားတဲ့ ညီမလေး သုနြေ္ဒ ။
လမ်းလျှောက်ရင်း လမ်းပျောက်သွားလို့ လမ်းပြခိုင်းတဲ့ F@LL3N ။
“ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ပါတယ်” လို့ “လမ်း” ကဗျာမှာ comment ပေးသွားတဲ့ ဂျေဂျူပိုင် ။
တရုတ်ပြည်က ပန်းလ္ဘက်ခြောက်အကြောင်းကို သဘောတွေ့သွားတဲ့ ဆောင်း ။ အေးအေးချမ်းချမ်းလေးနဲ့ လာနှုတ်ဆက်တတ်တဲ့ အမချစ်ကြည်အေး။
“မင်းအရမ်းလှတာပဲ” လို့ပြောသွားတဲ့ sitt ။ “starry prince” ကတော့ “အရမ်းကောင်းပါတယ်” လို့ပြောသွားလေရဲ့ ။
ကျမနဲ့ ကျမရဲ့ချစ်သူတို့ အချစ်ပြိုင်ရာမှာ ဘယ်သူ့ဘက်ကိုမှ မလိုက်ပဲ ကြားနေဝါဒကို ကျင့်သုံးသွားတဲ့ nyimg ။
“ပန်းသီးလက်ဆောင်”post မှာ တရုတ်အသံထွက် စာလုံးပေါင်းကို လာပြင်ပေးသွားတဲ့ ကျမလေးစားရတဲ့ ဆရာမနိုင်းနိုင်းစနေ ။
“I Love You ”ကဗျာလေးကျမှ အရမ်းနှစ်သက်မိလို့ comment ချန်သွားတဲ့ ကိုမျိုး(အညာမြေ) ။


“တူ”ဆိုတာ ၁ချောင်းထဲဆိုရင် အသုံးမဝင်ဘူး” လို့ပြောသွားတဲ့ မောင်ပါလ ။
“တူ” အကြောင်း ဗဟုသုတယူသွားတဲ့ လုလု ။
ဆိုက်ပရပ်စ်တစ်နိုင်ငံထဲမှာ ရှိနေပြီး ဘလော့ဂ်သက်တမ်း(၄)လမြောက်မှ မွေးနေ့လက်ဆောင်ကဗျာလေးလာပေးခဲ့တဲ့ မောင်လေးဖိုးစိန် ။
မလေးရှားက ညီမချောချောလေး သဇင်ဏီ ။
“စိတ်ဓာတ်ကျချိန်မှာ ဘေးနားမှာ ရှိနေပေးမယ်” လို့ အားပေးခဲ့တဲ့ ညီမ မနောဖြူ ၊စန္ဒကူး၊ နဲ့ JP ။
ကျမရဲ့ ပြဿနာတွေကို နားထောင်ပြီး “နိဗ္ဗာန်ရောက်အောင်ပဲ အားထုတ်ပါတော့” လို့ စိတ်ပျက်စွာ ပြောလာတဲ့ THE STARRY NIGHT ။
“အချစ်နဲ့ စတွေ့ချိန်က စပြီး ကိုယ့်လောကကြီးဟာ အရောင်တွေ ပြောင်းသွားပါပြီ” ဆိုတဲ့ မအိအိချော။
“အချစ်ဆိုတာ ကျွန်တော့်အတွက်တော့ အိုအေစစ်တခုပါပဲ” ဆိုတဲ့ ဘလော့ဂ်ဂါ မောင်မိုး။
“မမချရေးထားတဲ့ အချစ်ရဲ့ခံစားချက်တွေကတကယ်ကိုမြတ်နိုးစရာကောင်းတဲ့ အချစ်စစ်တခုပဲ” လို့ဝေဖန်သွားတဲ့ ဆောင်းနှင်းရွတ်။ ကဗျာလာဖတ်သွားတဲ့ မာန်လှိုင်းငယ်။
“အခုတော့လည်း အမရေသူမ နတ်သမီးပေါ့” လို့ပြောသွားတဲ့ ငဝန်နဒီ။

“လောကမှာ အောင်မြင်ချင်တယ်ဆိုရင် ကိုယ့်ကို လူအများလက်ခံချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်ကလည်း လူအများကို
လက်ခံနိုင်အောင်ကြိုးစားရမှာပါ” လို့ ဝင်ဆွေးနွေးသွားတဲ့ Aries's နဲ့ ယောက်ျားတို့ကမ္ဘာ။
“နမ်းမဝဆိုတာ ဘယ်သူတုန်းဗျ” လို့မေးလာတဲ့ မောင်လေးပြည့်စုံ။
“တွေ့ရင်ပြောပြလိုက်မယ်လို့ ကတိပေးသွားတဲ့ ဧရာဝတီသား။
ကျမရေးတဲ့ကဗျာထဲမှာ သူ့နာမည်ပါလို့ ဂုဏ်ယူစွာဖြင့် လာအော်သွားတဲ့ အဆိပ်ခွက်။ ရုပ်ရှင်သရုပ်ဆောင်ကိုဇီးသီးအကြောင်းဖတ်ပြီးသဘောကျနေတဲ့ မဆုမွန်၊ မခရေညို နဲ့ ကိုလူထွေး။
“အသရေဖျက်ခံရခြင်း” post မှာ ဝင်ဆွေးနွေးသွားကြတဲ့ ထက်စု၊
ရင်ဘတ်ထဲမှ ဆွဲထုတ်ထားသော အရာများ၊ နှင်းဆီပန်းချစ်တဲ့ကောင်မလေး၊ ချစ်တီး၊ အမPandora။
ကိုရီးယားဇာတ်ကားလေးကို ဘာသာပြန်ပြီးရေးထားတဲ့ ဝတ္ထုရဲ့ မူရင်းဇာတ်ကားနာမည်ကို သိချင်နေတဲ့ ကိုချစ်ဖေကြီး။
စိန်ပန်းပင်အကြောင်း လေ့လာသွားတဲ့ မိုးထက်အိမ်။ “ချစ်ချစ်၊မုန်းမုန်း ကိုယ့်ခံစားမှုတွေကို သူ့အတွက်ပေးလိုက်ရပြီဆိုကတည်းကကိုယ်ရှုံးပြီးသား ဖြစ်သွားပြီ၊ kiki ပြောလို မချစ်မမုန်းအကောင်းဆုံးပဲ”
လို့ မျှော်လင့်ခြင်းတသက်တာ VCD မှာ ကျမရေးခဲ့တဲ့ စာသားလေးကို ထောက်ခံရင်း comment
ပေးသွားတဲ့ မငယ်နိုင်နဲ့မလုံမလေး။

သက်တန့်ချို ကနေတဆင့် လာလည်သွားတဲ့ ရန်ကုန်သား။ ဆိုက်ပရပ်စ်အနုပညာတက္ကသိုလ်ကို လာလည်သွားကြတဲ့ ရွှန်းမီ နဲ့ than htike zaw ။
ကျမကို အနီရောင်နတ်သမီးလို့ နာမည်ပေးသွားတဲ့ ကျွန်တော်။ ကျမရဲ့ဆံပင်ရှည်တွေကို သဘောကျနေတဲ့ ညီမလေးရည်မွန်ထိပ်ထား။
ကျမရဲ့မွေးနေ့ပွဲကိုရောက်ရှိလာတဲ့ July Dream ၊ ကိုအောင်(ပျူနိုင်ငံ)၊ Steve Evergreen၊ bysymozzee၊ ဘာသာရေးအရမ်းလုပ်တဲ့ မဝါဝါခိုင်မင်း၊မဆွေလေးမွန်၊ ကိုချမ်းလင်းနေ၊ chocothazin ၊ ။
ကျမကိုမွေးနေ့လက်ဆောင်ကဗျာ ပေးပို့ခဲ့ကြသော.....ဝက်ဝံလေး၊ ဒဏ္ဍာရီ၊ ညလင်းအိမ်၊
စိန်လျှံထွန်း၊ moon၊ မိုးသွေးငယ်၊ သက်တန့်ချို၊ ကိုနောင်၊ ဝင်းမင်း၊ အရုပ်ကလေး၊ ဆွေလေးမွန်၊
သိင်္ဂါကျော်၊ နေစစ်သူ၊ ကိကိ၊မိုးစက်အိမ်၊ အန်(န်)စလင်း၊ မောင်ဘကြိုင်၊ ဏီလင်းညို၊ တောလူသစ်၊
Promise ၊ တက်လူငယ်၊ မိုးငွေ့၊ ဇာနည်မောင်၊ whitelotus။
“အမှတ်ရနေဆဲပါ” ဝတ္ထုကို အဆုံးထိမဖတ်ရလို့ တန်းလန်းကြီးဖြစ်သွားတဲ့ reenoemann ၊ ညီညီ(အနာဂတ်သံစဉ်)။
“ကမ္ဘာပျက်ချိန်မှာ ကျွန်တော်တို့ မရှိနိုင်တော့ဘူး” လို့ ကျမရဲ့ ကြောက်နေတဲ့ စိတ်ကို ပြေပျောက်အောင် လုပ်ပေးသွားတဲ့ မောင်လေးလေပြေ။
“အရှက်ကို ကွဲရောပဲ” post မှာ “ဒါ အရှက်ကွဲတာမဟုတ်ပါဘူး” လို့ အားပေးသွားတဲ့ ကိုရင်နော် ခင်လေးနွယ် ၊ Londa၊ သားကြီး ။

“ငါ့ဘဝကို အဆုံးစီရင်လိုက်ရင်ကောင်းမလား” ပို့စ်မှာ အကြံကောင်းတွေ ပေးသွားတဲ့ TnT ။ သားအိမ်ကင်ဆာဖြစ်နေတဲ့ ကျမရဲ့မန်နေဂျာအတွက်ဆုတောင်းပေးသွားတဲ့
May , CTM , Moe Cho Thinn , Rita ။ သရုပ်ဆောင်တာ ကောင်းတယ်လို့ပြောသွားတဲ့ ဖိုးသားငယ်။
“မသိတာလေးတွေ တော်တော်များများလည်း သိခဲ့ရတယ် ” လို့ဆိုလာတဲ့ ညီမလေး ခင်မာလာအောင်။
“ရိုက်ကွင်းနောက်ကွယ်က အကြောင်း” ကို စိတ်ဝင်တစားနားထောင်သွားတဲ့ အဖြူရောင်ညီမလေး။
“Romantic ကဗျာ” မှာ လိပ်ပြာလေး မူးမှာစိုးရိမ်နေတဲ့ myat ။
“မလှတဲ့ စာမျက်နှာတွေကို ဖျောက်ထားရင်း ပျော်ရွှင်တဲ့ဘဝလေးကိုပဲ ရရှိနိုင်ပါစေ” လို့
ဆုတောင်းပေးသွားတဲ့ linn ။
“ကျနော့်အတွက်ကတော့ဗျာ အချစ်ဆိုတာကို သေသေခြာခြာသိဖို့ တော်တော်ကိုကြိုးစားရအုံးမယ်ဗျာ”လို့ပြောသွားတဲ့ အရူးလေး။
“မိန်းမတယောက်ရဲ့အချစ် ဘယ်တော့မှမတည်မြဲဘူး”လို့ဝေဖန်သွားတဲ့ အညတရမိုးစက်။
“၃၀ကျော် အသက်အရွယ်မှာ ကျွန်တော် အချစ်နဲ့ပတ်သက်ပြီး ရင်ထဲခံယူချက်ကတော့ နူးညံ့စွာပေးဆပ်မှုပဲဖြစ်သွားပြီ”..လို့ရင်ဖွင့်လာတဲ့ Aung Kyaw Min ။
“လမ်း” ကဗျာမှာ လမ်းလာလျှောက်သွားတဲ့ အန်တီချမ်း။ “မေတ္တာနှင့် အောင်နိုင်ခြင်းလောက် ကောင်းတာရှိမှာမဟုတ်ဘူး”လို့ပြောသွားတဲ့ ဦးပေါက်ဖော်ကြီး sosegado။
မမိုးငွေ့အတွက် လုပ်ပေးတဲ့ မွေးနေ့ပွဲမှာ ပန်းရောင်မုန့်လေးတွေကို သဘောကျသွားတဲ့ 9-9 နဲ့ ဇောင်း ။
လှပတဲ့အိမ်လေးထဲက နတ်သမီးလေးရဲ့ ကဗျာနုနုလေးကို လာဖတ်သွားတဲ့ မိုးဦးစံပယ်။

“ရင်ထဲက အတွေးစလေးများ” ပို့စ်မှာ ကျမရဲ့စိတ်နေသဘောထားကိုမေးသွားတဲ့ ကိုကိုးအိမ်။
အဲဒီပို့စ်ကို ထောက်ခံသွားတဲ့ ရွှေနတ်သား၊
ငြိမ်းချမ်းအိမ်၊ Phyo Phyo ။ “သင်္ကြန်” ဇာတ်လမ်းလေးကိုဖတ်ပြီး စိတ်မကောင်းဖြစ်သွားကြတဲ့
မေဇင် နဲ့ nainai14 ။
ကိုဇော်အတွက် လုပ်ပေးထားတဲ့ မွေးနေ့ပွဲလေးကို လာလည်သွားတဲ့ what is good things ။
သင်္ကြန် မှာ ရေလာလောင်းသွားကြတဲ့ညီမလေးအင်ကြင်းသန့်၊ မအနမ်း၊ khun thandar ၊
An Asian Thur Operator ၊မကိကိ၊ကိုမျိုး၊မမိုး၊ ဝေလင်း၊မိုးစက်အိမ်၊ ကိုဏီ၊ ကိုဇော်၊
ဒဏ္ဍာရီ၊ မြတ်မွန်၊ ဘကျောက်၊ phyo phyo ၊ ဦးပေါက်ဖော်ကြီး sosegado ကိုတူး၊ အင်ကြင်း။
“အမြင်များ”ပို့စ်မှာ သူမရဲ့အမြင်ကို ရင်ဖွင့်သွားတဲ့ ညီမငယ်Dlay ။
ပူးတေမွေးနေ့ပွဲမှာ မုန့်တွေကိုသွားရည်ကျသွားတဲ့ မန်းကိုကို။
“တိတ်တိတ်လေးချစ်တာ ကောင်းပါတယ်”ဆိုတဲ့ ရဲနိုင်ဝင်း နဲ့ yenaing။
VCD ကြည့်ချင်လို့ လာလာပူဆာတဲ့အွန်စော။
VCD ထဲမှာ နတ်သမီး နွားလှည်းမောင်းတာကို သဘောကျနေတဲ့ THEIN LIN OO ။ မုန့်စားဖို့လာဖိတ်တဲ့ညီမလေး ကျောပိုးအိတ်။
“ဘယ်နိုင်ငံရောက်နေနေ ကိုယ့်မွေးရပ်လောက် မကောင်းဘူး”ဆိုတဲ့ ဥာဏ်လင်းထူး@norman။ “နွေးထွေးမှုမေတ္တာ အပေးနိုင်ဆုံး နေရာဟာ အိမ်ပါပဲ” လို့ ပြောသွားတဲ့အပြုံးပန်း။
“မတတ်သာလို့သာ ခပ်ခွာခွာဝေး၊ ရာသီဆွေးလည်း၊သွေးကြောထဲမှာဒို့ဗမာ။ ”
ကဗျာလေးလက်ဆောင်ပေးသွားတဲ့ ကိုဟန်ကြည်။ ကိုယ်မှန်တယ်ထင်တာကို
ရဲရဲဆက်လုပ်ဖို့ အကြံပေးသွားတဲ့ ကိုဇာနည်မောင်။
“ဆိုက်ပရပ်စ် အစား တခြားဥရောပနိုင်ငံမှာ ကြိုးစားရင်ရော..” လို့အကြံပေးသွားတဲ့ soe moe thu။ ရောက်ပေမယ့် ခြေရာမချန်ခဲ့တာများတဲ့ မဗေဒါ။
Team Effort Make Success ပို့စ်ကို လိုချင်လို့ Mail နဲ့ပို့ပေးခဲ့ရတဲ့ ညီမလေး shwe ။
အဲဒီပို့စ်လေးဟာ အများအတွက်လည်းအကျိုးရှိစေပါတယ်လို့ ထောက်ခံသွားတဲ့ ပေါ့ဆိမ့်။
လက်ထပ်ခွင့်ကဗျာမှာ “အဓိက က သူသာကိုယ်နာ ဆိုတဲ့ဈေးတွက် တွက်တဲ့စိတ်မျိုး မရှိကြဖို့ပါပဲ” လို့ပြောသွားတဲ့ ကိုသီဟသစ်။ “သူများတွေများ ချစ်တတ်လိုက်တာနော် . . ဟွန်း . . .နာလိုဘူး။ ခံစားရေးတာတောင်မှ မောင် တွေက ပါနေတာပဲ :)“...လို့“စ”သွားတဲ့ post တွေကို
တနေ့တပုဒ်မှန်မှန်တင်တဲ့ ကိုဇော် ။

သူ့အိမ်ကိုလာလည်ဖို့ ဖိတ်သွားတဲ့ မင်းပျို။
“ကောင်မလေး ချောချောလေးတွေရောလာတတ်လား” လို့ မေးသွားတဲ့ thaw zin soe ။
“သံသယကင်းစွာ စောင့်မျှော်နေပါကြောင်း...(လာလည်ဖို့ပြောတာပါ)” လို့ “စ”သွားတဲ့ သကျသွေး။
“မြန်မာပြည်ကိုပြန်ရင် စားချင်တာတွေစားပြီး ဘလော့ဂ်ဂါ မောင်နှမတွေနဲ့ တွေ့ဖို့ ကြိုးစားနေတဲ့ညီမလေး Blackroze ။
အမှတ်တရ အာဝါး x တသိန်းပေးသွားတဲ့ ရန်ကုန်မှာ တွေ့ခဲ့ရတဲ့ ညီမလေးတာတာ။
“နတ်သမီး နှောင်ကြိုးက နတ်သမီးကို ရစ်တာပဲ၊ကိုယ်တိုင်ဖြေမှ ပြေမယ့်ကြိုးမျိုးနေမယ်၊ လူသားမတတ်နိုင်ပေါင်” လို့ပြောသွားတဲ့ ကိုဆန်းဝင်း။
ကိုယ့်ဟာနဲ့ကိုယ်က ခပ်ယဲ့ယဲ့ပါဆိုမှ ဒီကဗျာလေးဖတ်ပြီး ငိုချင်သွားတယ်ဆိုတဲ့ အင်ကြင်းသန့်။
အဖြူရောင်နတ်သမီးဘလော့ဂ်(၁)နှစ်ပြည့်မှာ ကျမအတွက် ကဗျာလက်ဆောင်ပေးဖို့ ဆက်သွယ်လာတဲ့ ညီမငယ် ပြုံးသက်ခြယ်(ကျေးဇူးအထူးတင်ပါကြောင်း)။
“ဘဝရဲ့အမောတွေ ပြေပျောက်နိုင်ကြပါစေဗျာ” လို့ဆုတောင်းပေးသွားတဲ့ ညီသစ္စာ။ “နာကျင်ခြင်းတွေကင်းဝေးနိုင်ကြပါစေ” လို့ဆုတောင်းပေးတဲ့ ခိုင်နုငယ်။
ကိုရီးယားလိုပြောနေကြတဲ့ မြန်မာပြည်က မြန်မာမလေးတွေ ကိုယ့်ဘာသာစကားကို တန်ဖိုးထားရကောင်းမှန်းမသိလို့စိတ်မကောင်းဖြစ်နေတဲ့ ယွန်း။
Ukraineကို အလည်ခေါ်နေတဲ့ Mila။
အမှားဆိုတာ (၃)မျိုးပဲရှိတယ်ဆိုတဲ့ ညအင်္လကာ။
အတွေးများနဲ့အဆွေးသမား မလေးရှားက ကိုစံလင်းထွန်း။
“လူ့လောကမှာ လူတွေက ဒီလိုပါပဲဗျာ.. စကားနဲ့တော့ သက်သေယူလို့မရတာ အမှန်ပဲ ကြည့်ရမှာပေါ့” လို့မျှမျှတတတွေးပေးသွားတဲ့ နေဝသန်။
သူတတ် သိသမျှ နည်းပညာတွေကို အများအတွက် မျှဝေပေးတဲ့ အဲလာ။
“ဘာပဲဖြစ်ဖြစ်ပေါ့ နတ်သမီးရယ်.. ပြုံးနေတာက မဲ့နေတာထက်တော့ ပိုပြီး ကြည့်လို့ကောင်းနေမှာပါ။ :) ”...လို့အားပေးသွားတဲ့ နန်းလေပြေနု။

“ခပ်လွယ်လွယ် ပြောတက်တဲ့ အမှတ်တမဲ့ မောင်ရဲ့ စကားတွေကို ခုံခုံမင်မင် ရူးသွပ်နေမိတဲ့သူပာာ
ကျမ ပါပဲ။”..ဆိုတဲ့ ဆုငယ်။
ကံကောင်းခြင်း၊ ကံဆိုးခြင်းတွေကို သူတတ်တဲ့ပညာနဲ့ မျှဝေပေးတဲ့ ဆရာဟိန်းတင့်ဇော်။
“ကျွန်တော်ကတော့ အခုထိကို မပြုံးတတ်သေးပါဘူးဗျာ” လို့ပြောလာတဲ့ seesein။

အမည်မဖော်ပဲ လာလည်ခဲ့ကြတဲ့ စာဖတ်သူများနှင့်ဘလော့ဂ်ဂါများ အားလုံးကို
အဖြူရောင်နတ်သမီးမှ အထူးကျေးဇူးတင်ရှိပါကြောင်းနှင့်....

ကျမဆီကို (၁)နှစ်အတွင်းလာလည်ကြသူများထဲမှ တချို့က အခုချိန်ထိ ကျမနဲ့အတူရှိနေကြပြီး...၊
တချို့က သူတို့ရဲ့ဘလော့ဂ်အိမ်လေးကိုစွန့်ခွာသွားခဲ့ကြပါပြီ။ တချို့ကျပြန်တော့ လာလည်သော်လည်း ခြေရာလေးတွေ ချန်မထားခဲ့လို့ကျမနဲ့ အဆက်အသွယ်ပြတ်တောက်နေသူများလည်းရှိကြပါတယ်။
အမှန်တော့ ကျမဘက်က တာဝန်ပျက်ကွက်ခဲ့တာပါ။
ကျမဘက်မှ ပြန်လည် လည်ပတ်ဖို့ နှောင့်နှေး ပျက်ကွက်ခဲ့တဲ့အတွက် အဆက်အသွယ်ပြတ်တောက်ပြီး ဝေးကွာသွားကြတဲ့ မောင်နှမများအားလုံးကို ကျမက အထူးတောင်းပန်ပါရစေ..။

ပြီးတော့..ဤပွဲဖြစ်မြောက်ရေးအတွက် မအားမလပ်တဲ့ကြားက ကျမရဲ့အပူကပ်ဂျီကျမှုကို လိုက်လျှောပြီး ကဗျာရေးပေးခဲ့ကြသောကိုလတ်(မိုးသွေးငယ်)၊ ကိုကိုးအိမ်၊ သက်တန့်ချို ၊ ကိုဘကြိုင် ၊ ညအလင်္ကာ ၊
မိုးစက်အိမ် ၊ ညလင်းအိမ် ၊ ဝေလင်း ၊အရုပ်ကလေး၊ အယ်ကို ၊ မမိုးငွေ့ ၊ အနှိုင်းမဲ့ ၊ တာတာ တို့
အားလုံးကို အရမ်း..အရမ်းကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း...




အဖြူရောင်နတ်သမီး အတွက် ကဗျာ

ရောင်စုံတွေကြား

ဖြူလွင်လွင် သူ့ပုံရိပ်များက

ရောင်ခြည်တွေ ဖြာနေသလား

နတ်မိမယ် လိုအလှသွေးကြွယ်ကြွယ်နဲ့

မုအစဉ်မှာ နုယဉ်ထားသလို

မီးလျှံလို မှော်ဝင်ကခုန်ကာ

တိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်မှာ

တွက်ယူခေါ်ငင် လျှောက်လှမ်းရင်း

ကပိုကယိုအလှ နဲ့ ဘလော့တစ်ခုမှာ

ဗျာပါစံလို ကလေးအလှ နဲ့ သူလေ . . ကဗျာတွေရေးတယ်။

သူဟာ ကျွန်တော် သိကျွမ်းခင်မင်ရသော

အဖြူရောင်နတ်သမီး ဆိုသော လူတစ်ယောက်ပါပဲ။

ခင်မင်စွာဖြင့်

(ကိုဇော်)

.............................

အဖြူရောင်နတ်သမီး

သန့်ရှင်းမှူ့တွေအတိ
ဖြူစင်မှူ့တွေအတိနဲ့ အဖြူရောင်
စင်ကြယ်လွန်းလှတဲ့ သူ့ဘ၀မှာ လျှို့ဝှက်မှူ့တွေအပြည့်နဲ့ အဖြူရောင်
ပန်းချီဆရာရဲ့ ရောင်စုံစုတ်ချက်တွေကို အပြုံးမပျက်ခံယူတတ်တဲ့ အဖြူရောင်
လာလည်သမျှလူတိုင်းကို မမောနိုင် မပန်းနိုင် အားဆေးတွေပေးခဲ့တဲ့ အဖြူရောင်
သြော်… ရသပေါင်းစုံပေးစွမ်းနိုင်ခဲ့တဲ့ သူမကို ခေါ်ကြတာကတော့ “ White ” တဲ့လေ။

အားငယ်သူကို အားပေး
ပျော်နေသူကို မျှဝေခံစားပေးတတ်ခဲ့တဲ့ နတ်သမီး
ကြုံလာသမျှ အခက်အခဲ မငြီးငြူဘဲ ဖြေရှင်းပေးတတ်ခဲ့တဲ့ နတ်သမီး
တစ်သက်တာ အတွေ့အကြုံတွေကို အားဆေးအဖြစ် ပြန်လည်ဝေမျှ
စေတနာ ပရပွနဲ့ နတ်သမီး……
လောကကိုရောက် မောသမျှအကုန်ပျောက်အောင် စွမ်းလည်းစွမ်းပါပေ့ နတ်သမီးရယ်..
အင်း….. လူသားတို့ရဲ့ မျှော်လင့်ခြင်း။ ပျော်ရွှင်ခြင်း၊ ပူဆွေးခြင်း ရသပေါင်းစုံကို
ပေးနိုင်စွမ်းတဲ့သူမကို ခေါ်ကြတာကတော့ “ Angel “တဲ့လေ။

ခုတော့လည်း ဖြူရှင်းသန့်စင်တဲ့ စေတနာနဲ့
လူသားတွေကို အမောတွေပြေပျောက်စေဖို့
နတ်သမီးတစ်ယောက် နတ်ရေစင်တွေဝေမျှခဲ့တာ
တစ်နှစ်ပြည့်မြောက် နှစ်လည်ရောက်ခဲ့ပေါ့။

သူမကိုလည်း ခေါ်ကြပြန်သေးသတဲ့ “ White Angel “ တဲ့လေ။

အဖြူရောင်နတ်သမီးအတွက် ဘလော့တစ်နှစ်ပြည့် ကဗျာလက်ဆောင်

(ကိုကိုးအိမ်)

..............................................


နတ်သမီး...ကဗျာ
အို...နတ်သမီး
သင်ဖန်ဆင်းခဲ့သော ပန်းဥယျာဉ်တွင်
မွှေးပျံ့သင်းထုံသော ချစ်ခြင်းရနံ
နူးညံ့သိမ်မွေ့မှု.....
"ကဗျာ" အဖူးအပွင့်တို့နှင့်အတူ
အေးမြလန်းဆန်းနေကြကုန်၏ ။

အို...နတ်သမီး
အမှန်တရားတို့မည်သည်
သင့်နှလုံးသား၏ ရင်ဖွင့်သံနှင့်အတူ
ဤကမ္ဘာမြေပေါ်
စီးဆင်းကြကုန်၏...
အကျွန်ုပ်တို့၏ ခက်ထန်သောနှလုံးသားသည်
သင်၏ ကလောင်အစွမ်းတို့ဖြင့်
နူးညံ့သိမ်မွေ့ကြကုန်၏ ။

အို....နတ်သမီး
ကောင်းကင်ယံတွင်
ဖြူဝင်းသန့်စင်သော...အရှိန်အ၀ါ
နှင့်အတူ
လောကတရား၏
ပကတိအရှိတရား
ချစ်ခြင်း မေတ္တာ...
ဂရုဏာအသွယ်သွယ်ဖြင့်
ဤကမ္ဘာမြေပေါ်...
ဆက်လက် ..... အလင်းပေးနိုင်ပါစေသား....။

အို....နတ်သမီး
အသင်၏ လက်ချောင်းအသွယ်သွယ်သည်
သင်စေညွန်ရာနှင့်အတူ...
မှော်ဝင်နေသော ကဗျာအပေါင်းတို့အား
ဖန်ဆင်းကြကုန်၏....
ကျွန်ုပ်တို့ စွဲလမ်းချစ်ခင်ခဲ့ရသော
နတ်သမီး....ကဗျာတို့သည်
ဤကမ္ဘာတည်သရွေ့
ဆက်လက်ရှင်သန်နေပါစေသား....
ဆက်လက်မွှေးပျံ့နေပါစေသား....
ဆက်လက်စီးဆင်းနေပါစေသား.....

သက်တန့်ချို
...............................................................

>နတ်သမီးဘုံနန်းတစ်နှစ်ပြည့်သက်တမ်း



အားကျစရာပါပဲ၊ ဆိုက်ပရက်နေ နတ်သမီးပျိုဘုံနန်းက

တစ်နှစ်လွန်ကာ တည်နေသည့်အပြင်၊ ဘယ်သူပြောပြော သည်းခံစိတ်ရယ်ကြောင့်

ဖွေမခွာဒီဘလော့ရပ်ဝန်းရယ်မှာ၊ သူ့လမ်းသူ့လျှောက်ခဲ့သည်.....

နမူယူစရာ ၊ သူ့စိတ်ထားတတ်ပုံရယ်ကို

ဒေါမဖြာ မာန်မကြွ နေတတ်ပုံများ လေးစားတယ်ဗျား

မလိုသူ ပလီညု့၊ နတ်သမီးအကြောင်း ဘလော့ဖွရေးလဲ

ရေးသူတွေ ထိုင်ငိုလိမ့် ၊ နတ်သမီး အရေးမစိုက်ပါပေ့..........

ကဲ.. ဘယ်သူဘာပြောပြော ၊ ဘယ်လိုနှောက်ယှက်လာလာ

နတ်သမီးရေ ဘလော့ကောင်းကင်မှာ ဘုံနန်းလေးလှတည်နေတယ်

တစ်နှစ်ရေတွက်ရာက နှစ်ပေါင်းများစွာတည်တန့်ပါလို့

ဘလော့ရေးလို့ပျော် .....

နော် ....နတ်သမီး

မောင်ဘကြိုင် အမှတ်တရသံချိုနှောသည်။
(ကိုဘကြိုင်)

“အရိပ်စစ်မှတ်တိုင် "

တီးယားစ်အိန်ဂျယ်ဟာ
အလင်းမဲ့ဂူမှာ " (ကလုန်း)လူ " ကိုအဖော်ပြုရင်း
ခရစ်နှစ်တစ်ခုကို အန်တုဖို့ 
ရင်ဖွင့်အိပ်မက်တွေ ဝေကျတဲ့အထိ
အရိပ်စစ်တွေပွင့်ချပစ်လိုက်တယ် . . . . .

နဂါးငွေ့ တန်းတစ်ခု
ပန်းလေညှုင်းတို့ နှင့်ကမ္ဘာကိုဖြန့် ခင်း
ကျွန်မစိတ်ကူးနဲ့ စီးနင်းခဲ့သည်
" မီးပြတိုက်တစ်ပါး "
ရင်ဖွင့်ရွာကိုစေစားတော့
စက္ကူတရွက်မှာ မှင်တွေခြေရာချင်းယှက်ခဲ့ သည် . . . . .

ဒီကကြိုးပျက်ရွာမှာ . . .
နွေလေရိုင်းက ဖုန်တွေရစ်သိုင်းလွန်းတယ်
ကဗျာမကျ ကာရန်မလှတဲ့ဘ၀မှာ
အက္ခရာတွေနဲ့ လည်းနှိုင်းကာခံခဲ့ရသူပေါ့ . . . . .

နတ်မိမယ်တစ်ပါးပေမဲ့
ယေဘုယျလူ သာမည၀ိညာဉ်
နေတစ်ရာ လတစ်စင်းလို
မျက်ရည်တစ်စက် ၀တ်ရည်တစ်ထပ်နဲ့ 
ဘ၀ချည်ကိုချုပ်ရိုးအထပ်ထပ်သီခဲ့ ရသူပါ . . . . .

အတိတ်ကောက်ကြောင်းက
အင်္ဂတေပုံမလောင်းခင်ကလို
နေအို ခါးစောင်း မျက်ရည်စီးကြောင်းမို့ 
အနမ်းတလန် ပန်းတလန်နဲ့ 
အတီးခံရတဲ့ ဂစ်တာသံလိုပါဘဲကွယ် . . . . .

တစ်ခါတစ်လေ . . .
နတ်ဆိုးတွေရှုးတိုက်လို့ 
ရေခိုးရေငွေ့ တွေ မူးမိုက်သွားတဲ့ညနက်တွေမှာ
မှင်ကြောင်ထိုးကွင်းတွေ လဲ့ပြာကွဲအက်
မြင်းခွာတစ်ချက်ပေါက်ရင်မီးဟုန်
းဟုန်းတောက်စေရမယ် . . . . .

အခါးကော်ဖီရဲ့ မှော်ဝင်မှတ်တမ်း
" အရိပ်မှတ်တိုင် " စစ်ဖို့ 
ကတ္တီပါရိုင်းပေါ် ခပ်နွမ်းနွမ်းရေးခြစ်
စစ်တုရင်တစ်ပွဲလို့  စိတ်နှစ်မယ်
သတိရတိုင်းပြန်ဖတ်ကြည့်ဖို့ ပေါ့ . . . . .
(မိုးစက်အိမ်)


>အဖြူရောင်နတ်သမီး

တစ်နှစ်ပြည့်အထိမ်းအမှတ်

သူမဘ၀.. ဖြူစင်လှသည်

သူမနှလုံး…ကြည်သာပြုံးနှင့်

ဝေးရပ်မြေခြား…သူနေငြားလည်း

မွေးမြေဆီသို့ …မှန်းဆပိုခဲ့

တမ်းတရင်မှာ လွမ်းလှပါပြီ

မဖြေသာစိတ်..တိတ်တိတ်ရှိုက်သံ

သူမရင်မှာ ဘယ်သို့ရှိလေမည်

ဝမ်းရေးအတွက် ..စွန့်ခွာမြေခြား

ဒေသများတွင်…ဓနဥစ္စာ

ပြည့်စုံရန်တွက်…ဘ၀ကိုရင်း

ပေးဆပ်ခြင်းဖြင့်…အမိမြေကို

လွမ်းလှပါပြီကွယ်

သို့သော်လဲဘဲ…ရရာအလုပ်

အပတ်တကုတ်…ကြိုးစားဝန်တာ

မြတ်သောနှလုံး… အစဉ်ပြုံး၍

အလုပ်ဟူသမျှ… မလစ်လပ်အောင်

ထမ်းဆောင်ခဲ့ပါသည်

သြော်..ကြာညောင်းလှပြီ….သည်ရာသီဝယ်

ရေခြားမြေခြား………..ရောက်ရှိခဲ့သည့်

ကာလများစွာ..ဆန်းစစ်လက်ချိုး

ရေတွက်မိမှ… တစ်နှစ်ပြည့်ရဲ့

မှတ်တမ်းကိုကွယ်….ဒိုင်ယာယီပြုရင်း

အဖြူရောင်နတ်သမီးကို …ဂုဏ်ပြုကဗျာ

ရေးစပ်သီကုးံမိပါသည်။

(ညအလင်္ကာ)

............................................

အဖြူရောင်နတ်သမီး” ဘလော့ တစ်နှစ်ပြည့်အမှတ်တရ ကဗျာ

×××ရာသီစက်ဝန်း……….ခါခါယွင်း၍
××××သုံးလီဥတု ….တူမျှညီစွာ
×××××သည်ရာသီ၌…ဘလော့ကာသက်တန်း
×××××× တစ်နှစ်ပြည့်မြောက်ရှိခဲ့ပြီ

အတိတ်သမိုင်း…….တွေးလေတိုင်းမှာ

ရင်မှာလှိုက်ဖို………..ပြန်မပြောချင်
ဆိုးရာကောင်းကျိုး ဘလော့တွင်မှတ်တမ်း
ရှိခဲ့ဖူးသည်
သူဇာပျိုနွဲ့…မူယာချိုသွဲ့
ညင်သာသွဲ့ပြောင်း… အလင်္ကာစောင်းလို
သံစဉ်ရွရွ…သူဆိုခဲ့တာမှတ်မိသည်။
သူမနှလုံး ဖြူစင်ဆုံးကွယ်
တိမ်နွယ်တင်းပ ပြည့်ဝန်းလှ၏
မြင်သူ့ဘ၀င် ခုံမင်မက်မောခဲ့ပါသည်။
လှပကျော့ရှင်း…မြင်ကွင်းပုံရိပ်
အများသူငါ အတွေးစိတ်တွင်
ခေါ်ငင်တင်စား နတ်သွင်လားကွယ်
အဖြုရောင်နတ်သမီးပါ××××××××××××××××××
ဆယ်ကျော်သက်မျှ…သူ့အလှသည်
ဝင့်ကြွားမာန်နှင့် ………ပန်းနှယ်ပွင့်သို့
သူ့နှလုံးသား…….သန့်ရှင်းဖြူသည်
ကြည်လင်အေးမြ ပန်းအလှမို့…..
သူ၏အပြုံး… စံပယ်ကုံးလို
သော်တာငွေမှင် ရည်မှတ်ထင်သည်
ရုပ်ရည်နတ်မျှ
သူ့ကိုတင်စား ခေါ်လို့ငြားသည်
အဖြူရောင်နတ်သမီးရယ်ပါ

ခင်မင်စွာဖြင့်
ညအလင်္ကာ



မျိုးများစွာ......

စာတွေ
ကဗျာတွေ
ရင်ထဲအရှိအတိုင်း စာမျက်နှာပေါ် ဖွင့်ဟချလို့
ရောက်လာသူတွေရဲ့စိတ်က လက်ခုပ်တီးသူ........
မျက်မှောင်ကြုတ်သူ......

လှောင်ပြောင်သရော်မဲ့သူ
အို....လူအမျိုးမျိုး......
စိတ်
အမျိုးမျိုး
မျိုး.......မျိုး......မျိုး......မျိုးများစွာပေါ့။
ဒါပေမယ့်.........
လူတစ်ယောက်စီရဲ့ နှလုံးသားထဲ

ကောင်းသောတည်ရှိခြင်း၊
မကောင်းသောတည်ရှိခြင်း

တစ်မျိုးစီတော့ရောက်သွားကြတာပဲေ
လ။
ဘယ်လို.....တည်ရှိခြင်းမျိုးပဲဖြစ်ဖြစ်ပါ...။

သူ့ရင်ထဲက အနုပညာကတော့
အသေသပ်ဆုံးလက်ရာမြှောက်သွားတယ်။

(နှိုင်း)




၃၆၅
ပြက္ခဒိန်လေးတွေ တစ်ရက်ပြီးတစ်ရက်
ပြေးထွက်သွားလိုက်တာ..
၃၆၅ ပါတဲ့..
ခြေလှမ်းတွေ တရွေ့ရွေ့...
ခု....
နတ်သမီးလေး တစ်နှစ်ပြည့်သွားပြီ...။
(ဝေလင်း)

............................................

မမျှော်လင့်ခဲ့ပါဘူးကွယ်…
နတ်သမီးတစ်ပါးရဲ့ရင်ခုန်သံတွေကို
ရင်ဖိုစွာနဲ့ နားဆင်ခွင့်တွေရခဲ့လိမ့်မယ်လို့…..
အဲဒီ တိုးသက်သက် ရင်ခုန်သံတွေကဘဲ
ညှို့ဆွဲယူလို့ ကြယ်စင်များလင်းလက်တဲ့
နတ်သမီးရဲ့ကမ္ဘာလေးထဲကို ခေါ်ဆောင်သွားခဲ့ကြတယ်…။

ရင်ခုန်သံများနဲ့ ဖွဲ့တည်ထားတဲ့
နတ်သမီးရဲ့ ကြယ်စင်ကမ္ဘာထဲမှာ…
ရိုးရှင်းနွေးထွေးမှုများနဲ့ တန်ဆာဆင်ထားတဲ့
နတ်သမီးအိမ်လေးရဲ့ ဆွဲဆောင်မှုတွေကြားမှာ…
လူးလွန့်တောက်ပတဲ့ အတွေးစိတ်ကူးတွေနဲ့
နတ်သမီးရဲ့ နဂါးငွေ့တန်းအိပ်မက်တွေနောက်ကို
တကောက်ကောက် လိုက်ပါစီးမျောလို့နေရင်း
ခံစားချက်တွေချင်း ထိခတ်သွားတဲ့ ခဏ
ကြယ်စင်အလင်းတန်းများစွာ တဖွားဖွားလက်ဖြာကျလို့
ရင်ခုန်သံတိုးလျလျတွေ ထပ်တူကျသွားခဲ့ရတယ်…။

ကြယ်စင်တန်းတွေနဲ့ အတူ
စီးမျောလွန့်လူးနေကြတဲ့
ကာရန်အဖွဲ့အနွဲ့တွေက
တေးသွားတွေအလားချိုမြလို့ … …

တိမ်ရောင်စုံတွေက တောက်ပလင်းလက်
ပြိုးပြက်တဲ့ရောင်စဉ်တန်းတွေနဲ့ အတူ
နုနွဲ့လှပတဲ့ သံစဉ်ဖွဲ့ စကားလုံးများကို
နူးညံ့စွာ သယ်ဆောင်လာခဲ့ကြလို့ … …

ညင်သာ ချိုမြ လှပစွာနဲ့ သီကုံးရေးဖွဲ့ထားတဲ့
နုရွရွ သံစဉ်စာသားတွေရဲ့ ဖွဲ့တည်မှုတွေကြားမှာ
နတ်သမီးရဲ့ ဥယျာဉ်တွင်းကဗျာမြစ်များ တစ်သွင်သွင် စီးဆင်းကျလာကြ ...
ထူးခြားဆန်းကြယ်လှစွာ ဖူးပွင့်လာကြတဲ့ကဗျာပန်းပွင့်တွေက
နတ်သမီးရဲ့ ဥယျာဉ်ထဲမှာ အရောင်စုံဖြာ ပွင့်လန်းလို့ … …
လူးလွန့် ပျံသန်းနေကြတဲ့ ကာရန်လိပ်ပြာများကလဲ
နတ်သမီးရဲ့ ဥယျာဉ်တွင်းမှာ တင့်ဆန်းလို့ … … …

(ပြုံးသက်ခြယ်)




နတ်သမီး

ပိတုန်းဆံနွယ်
လင်းလက်မျက်ဝန်း

ဖူးငုံနှုတ်ခမ်း
လက်ချောင်းသွယ်လျ

မို့မောက်ခန္ဓာ

ညိုညက်အသား
ပြည့်စုံကြွယ်လှ
မာနကင်းစင်
ရဲရင့်သွင်ပြင်
နူးညံ့စိတ်ထား
ကဗျာ့နှလုံး သွန်းဖြိုးစိတ်စဉ်
လောကလည်တွင်
ရွံ့ကြောက်မှုကင်း
လွတ်လပ်ကြည်စင်

အဖြူရောင်ဝတ်ရုံလွှာ
ခြုံကာလွှမ်း
ကြယ်တံခွန်ကိုဆွတ်
လခြမ်းကိုဒန်းစီး

အမြဲစွမ်းမယ့်

နတ်သမီးလေးပေါ့....။
(မိုးငွေ့)

“အလွမ်းတို့ဖွဲ့သီတတ်သော နတ်သမီးတစ်ပါးဆီသို့”

လေညှင်းတို့ သယ်ဆောင်လာရာ ဒေသဆီက
လွင့်ဝဲလာသော ၀တ်ဆံမှုန်လွှာတို့
ရနံ့သင်းကာ ဖန်ဆင်းခဲ့လေပြီမို့
လေသာဆောင် ပြတင်းအနား
မျှော်တော်ယောင် နတ်သမီးတစ်ပါးလည်း
အလွမ်းတို့ ရစ်ခြုံဆိုင်း
ရှစ်ခွင်တိုင်း မှုံမှိုင်းနေကြပြီ ...။

အဝေး တကမ္ဘာဆီက
ပျံ့လွင့်လာကြသော အက္ခရာတို့သည်
ရတုကဗျာကြိုးကို သီကုံးဖွဲ့သီ
အလင်္ကာ စာညီလှသမို့
ခြယ်သတဲ့ ပေလွှာတချို့ဆို
သူမရင်ခွင် ပုရပိုဒ် အထပ်ထပ်မှာ
ကာရံတေးချပ်တွေ ဖြစ်ကုန်ကြပြီ ...။

ညင်သာကြရွတဲ့ နှုတ်တော်ပါးဆီက
လေတိုးသံ သဲ့သဲ့တို့တောင်
ရင်ကို ဆွတ်ပျံ့စေတယ်ဆို
သူမဧ။် အိပ်မက်သည်
စက်ခေါ်ရာ ညစဉ်တိုင်း
ပြုံးပန်းတစ်ရာ ဝေဆာနေကြပြီ မဟုတ်ပါလော ...။

ဤသို့ဆိုလျှင်
အလွမ်းတို့မှ ရစ်ခြုံလွှမ်းတတ်သော
နတ်သမီးထံပါးသို့
သံယောစဉ် နွယ်ခက်ပန်းတို့
ပျံသန်းလာကြပါစေ ...
အဖြူရောင် နိမိတ်တို့သည်လည်း
ရှင်သန်ရာ ဘ၀များဆီ
ခိုဝင်ကာ နေရာယူကြပါစေ ...
နတ်သမီး စံပျော်ရာ အိမ်တော်ရာဆီမှာလည်း
ကုမုဒြာပန်းတို့ လရောင်မဆမ်းပဲ ပွင့်လန်းသကဲ့သို့
အစဉ်လန်းဆန်းပါစေ ...။

ရိုးရာမပျက်သော ရာသီစက်ဝန်းတို့
လည်ပတ်နေသမျှ
နတ်သမီးအချင်းနဲ့ ချက်ခြင်းလင်းခဲ့သော လမ်းသည်
ကျောက်ထပ်အက္ခရာမှာ စာစီကုံး
ကဗျာစကားလုံးတို့ အရောင်တင်
ဆောင်နှင်ရာ သတင်းအား
ဤကမ္ဘာမြေထက် ထာဝစဉ် ဖုံးလွှမ်းပါစေသား ...။

--
ညလင်းအိမ်
................................................................................







သူငယ်ချင်း
လက်တွေကိုယ်စီတွဲ
အခက်အခဲတွေရှင်းဖို့ကို
မင်းဖို့ဆို ငါမငြင်းပါဘူး။

ပျော်ရွှင်စွာ ကြည်နူး
သီချင်းတွေနဲ့မြူးဖို့
ငါတို့ ဂစ်တာတလက်တော့လိုမယ်။

ဘ၀ဆိုတဲ့ ခရီးကြီးမှာ
မြက်ဖျားမှာ နှင်းစက်ခို
စိတ်ဓါတ်ကျချိန်တွေဆို
ငါ့ပုခုံးတဖက်ဟာ မင်းအတွက်ပါ။

သွေးချင်းမောင်နှမတွေလို
အေးမြစွာ ခင်မင်
ဖြူစင်စွာခံစားကြည့်ရင်
သူငယ်ချင်းဆိုတဲ့စကားလုံး
ကမ္ဘာတည်သ၍
ဘယ်ပျောက်ဆုံးတော့မလဲ။
(တာတာ)


အဖြူရောင်နတ်သမီး(၁)နှစ်ပြည့်
အမှတ်တရ.....

ဘလောဂ့်လောက ၊ ပြုံးပျော်ကြအောင်
စိတ်ကူးမျှော်ရည် ၊ ခွန်းစာသီလျှက်
လက်ထဲမြံမြဲ ၊ ကလောင်စွဲကာ
ကောင်းကင်၌ညွှတ် ၊ ကြယ်စင်ဆွတ်သူ
နတ်သမီးနှယ် ပျံနိုင်ပေတယ်
တို့များတတွေရဲ့ ဘလောဂ့် နတ်သမီး ။ ။
............
စိတ်ထားဖြူစင် ၊ ပွင့်လင်းကြည်ရွှင်
ကလောင်ချမ်းမြ ၊ ငြိမ်အေးလှ၏
လှိုင်းဒဏ်ထိငြား ၊ ယိုင်မသွားဘဲ
သက်တန့်တွေဆီ ၊ လှမ်းကာချီပြီ
နုပျိုကာလန်း ၊(၁)နှစ်တန်းမှ
ရာစုဆုံးတိုင် ၊ ကလောင်ကိုင်ကာ
မွေးနေ့တိုင်းထံ ၊ မာန်ပြည့်ပျံမည့်
တို့များတတွေရဲ့ အဖြူရောင် နတ်သမီး .... ။ ။


အယ်ကို
.....................................................




ပွင့်လွှာဖြူ

ပန်းမြိုင်လည်တွင် ဆင်းရနံ့သင်းပါလို့
ရှင်းသန့်ယဉ် ၀င့်ထည်ပန်းကိုမှ
လင်းဖန့်ချည်လို့ ဖူးပွင့်သီ ။

သဏ္ဍာန်ဆင်းတွင်ဖြင့် မြင့်မြတ်စဖွယ်ယဉ်လှ၍
မြင်ရသူ ဘ၀င်တွင်းမှာမှ
စံနမူ ပွဲလည်တင့်လို့ရယ်
ဝင့်လို့တာရှည် ။

လေနှင်ရာ သင်းရနံ့မှာပ
ဖြူပြာညို တိမ်စိုင်တွေက
ပြာလွင်လွင် နောက်ခံရှိတ်အောက်
မြူးသလို့ ဟန်ပန်ချီ ။

ဖြူစင်ဝယ် တစ်သက်ဘယ်ဝယ်မညှိုးပါလို့
ဝတ်မှုံဆံရယ် ၀ဲပိတုန်းကပ်တောင်မှ
သွေဖီရာ လေနှင်ကြော
ရပ်တန့်လို့ အစဉ် ။

ပွင့်ချပ်လွှာ ဆင့်တိုင်းသာလို့
ဆူးချက်မပါ မွှေးပျံ့ထုံလေတော့
တွယ်ဖက်စရာ ပန်းမာန်တောမှာမှ
မူမပျက်တဲ့ ပွင့်ခတ်အလွှာ ။


အရုပ်ကလေး

............................




( Photobucket )

51 comments:

  1. တစ်နှစ်ပြည့်မှစ၍နောင်နှစ်များစွာထိ စာကောင်းစာမွန်
    လေးတွေရေးနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်
    အစ်မ ရေ...။www.laypyay29.blogspot.com
    (လေပြေ)

    ReplyDelete
  2. အခုဘလော့တစ်နှစ်ပြည့်မှစပြီးနောင်နှစ်ပေါင်းများစွာတိုင်
    အောင်တည်တံ့နိုင်ပါစေလို့ဆုတောင်းလျက်
    ရှမ်းပဲပုတ်

    ReplyDelete
  3. မနမ်းရေ လာလည်ပါတယ် ဆိုက်ပရပ်စ်ကဟင်းတွေလည်း ပါဘူး။ နောက်ပြီး သားလက်ဆောင်ပေးထားတဲ့ ကဗျာလည်းပါဘူး။ မနမ်းမွကြီးကလည်းဂျာ ။ မုန့်လေးတော့စားချင်တာပေါ့ နောက်တစ်ခါ ရွှေတို့မြေကိုပြန်လာရင် ကျွေးရမှာနော်။။
    ဘလော့လေးအဓွန့်ရှည်တည်တံ့ပါစေဗျာအမ။....

    အဟီး ပထမဆုံးမန့်ရတာ ပျော်စရာကြီး
    ခင်မင်လျှက်
    ကိုကိုအိမ်

    ReplyDelete
  4. အဖြူရောင်နတ်သမီးရဲ့ တစ်နှစ်ပြည့် ဘလော့မွေးနေ့လေးမှာ ပထမဆုံး ဆုတောင်းပေးရတဲ့သူ ဖြစ်ခွင့်ရတာ ကျေးဇူးပါ..
    တစ်နှစ်ပြည့် ဘလော့လေးမှသည် နောက်နှစ် နောက်နှစ်ပေါင်းများစွာတိုင် ချစ်တဲ့ ဘလော့ကာမောင်နှမတွေနဲ့အတူ ခံစားချက်တွေ. ယုံကြည်ချက်တွေ.. ရင်ခုန်သံတွေ စိတ်ကူးတွေ မျှော်လင့်ချက်တွေ.. ဓာတ်ပုံလေးတွေ အတွေ့အကြုံတွေ ဖလှယ်နိုင်ပါစေနော်..
    ချစ်တဲ့
    အနော်

    ReplyDelete
  5. အဖြူရောင်နတ်သမီး

    သန့်ရှင်းမှူ့တွေအတိ
    ဖြူစင်မှူ့တွေအတိနဲ့ အဖြူရောင်
    စင်ကြယ်လွန်းလှတဲ့ သူ့ဘ၀မှာ လျှို့ဝှက်မှူ့တွေအပြည့်နဲ့ အဖြူရောင်
    ပန်းချီဆရာရဲ့ ရောင်စုံစုတ်ချက်တွေကို အပြုံးမပျက်ခံယူတတ်တဲ့ အဖြူရောင်
    လာလည်သမျှလူတိုင်းကို မမောနိုင် မပန်းနိုင် အားဆေးတွေပေးခဲ့တဲ့ အဖြူရောင်
    သြော်… ရသပေါင်းစုံပေးစွမ်းနိုင်ခဲ့တဲ့ သူမကို ခေါ်ကြတာကတော့ “ White ” တဲ့လေ။

    အားငယ်သူကို အားပေး
    ပျော်နေသူကို မျှဝေခံစားပေးတတ်ခဲ့တဲ့ နတ်သမီး
    ကြုံလာသမျှ အခက်အခဲ မငြီးငြူဘဲ ဖြေရှင်းပေးတတ်ခဲ့တဲ့ နတ်သမီး
    တစ်သက်တာ အတွေ့အကြုံတွေကို အားဆေးအဖြစ် ပြန်လည်ဝေမျှ
    စေတနာ ပရပွနဲ့ နတ်သမီး……
    လောကကိုရောက် မောသမျှအကုန်ပျောက်အောင် စွမ်းလည်းစွမ်းပါပေ့ နတ်သမီးရယ်..
    အင်း….. လူသားတို့ရဲ့ မျှော်လင့်ခြင်း။ ပျော်ရွှင်ခြင်း၊ ပူဆွေးခြင်း ရသပေါင်းစုံကို
    ပေးနိုင်စွမ်းတဲ့သူမကို ခေါ်ကြတာကတော့ “ Angel “တဲ့လေ။

    ခုတော့လည်း ဖြူရှင်းသန့်စင်တဲ့ စေတနာနဲ့
    လူသားတွေကို အမောတွေပြေပျောက်စေဖို့
    နတ်သမီးတစ်ယောက် နတ်ရေစင်တွေဝေမျှခဲ့တာ
    တစ်နှစ်ပြည့်မြောက် နှစ်လည်ရောက်ခဲ့ပေါ့။

    သူမကိုလည်း ခေါ်ကြပြန်သေးသတဲ့ “ White Angel “ တဲ့လေ။

    အဖြူရောင်နတ်သမီးအတွက် ဘလော့တစ်နှစ်ပြည့် ကဗျာလက်ဆောင်

    ReplyDelete
  6. အဖြူရောင် ညီမ ရေ ဘလောဂ်လေး တနှစ်ပြည့် ကနေ့ နှစ်ပေါင်း များစွာ စာတွေ ပျော်ရွှင်စွာ ရေးနိုင်ပါစေ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  7. အမရေ...အဖြူရောင်နတ်သမီး.
    .ဘလောပ့်တစ်နှစ်ပြည့်
    မှသည်နောင်နှစ်ပေါင်းများစွာ
    ထိစာပေ့အကျိုးရွက်သယ်ပိုးကာ..
    အစဉ်မပြတ်စာတွေဆက်လက်ရေးသားနိုင်ပါစေ။



    ခင်မင်စွာဖြင့်
    ခိုင်နုငယ်

    ReplyDelete
  8. နတ်သမီးလေး အမြဲချမ်းမြေ့ပျော်ရွှင်မှုနဲ့အတူ
    ဘလော့ဂ်လေး အမြဲတည်တံ့ခိုင်မြဲစေ...

    ချစ်ခင်စွာဖြင့်
    နန်းလေပြေနု

    ReplyDelete
  9. ဘလော့ တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ.....
    ပျော်ရွင်ခြင်းများစွာနှင့်အတူ..စာတွေ ရေးနိုင်ပါစေသော်.....။

    ReplyDelete
  10. ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ပြီပဲ...
    အော် ရာသီချိန်တွေပြောင်းလို့ ဘလော့တောင်တစ်နှစ်ပြည့်သွားပြီ
    ဘလော့မွေးနေ့တစ်နှစ်ပြည့်မှာ
    အဖြုရောင်နတ်သမီးအနေဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာ၍ ၀ါသနာပါရာ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်၍ ဆထက်တပိုးကလောင်စွမ်းရည်ဖြင့် ရေးသားကျော်ကြားပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်

    ခင်မင်စွာဖြင့်
    ညအလင်္ကာ

    ReplyDelete
  11. ဘလော့တစ်နှစ်ပြည့်လေးကိုလာရောက်
    လည်ပတ်သွားပါတယ် နောင်နှစ်ပေါင်း
    များစွာတိုင်တည်တံ့ပါစေ လို့ ဆုမွန်ကောင်း
    တောင်းပေးသွားပါတယ်နော် . . .

    ReplyDelete
  12. ဂျီးတော်ရေ ... တစ်နှစ်ဆိုတာ ဘာမှမဟုတ်ပေမယ့် သံယောဇဉ်တွေတော့ အတော်ခိုင်မြဲသွားနိုင်တဲ့ အချိန်ကာလ တစ်ခုပါ။ နောင်နှစ်ပေါင်းများစွာတိုင် ဆက်ပြီး ခင်မင်နိုင်ပါစေလို့ ဆုတောင်းရင်း ............

    ReplyDelete
  13. ညီမ နတ်သမီးရေ...တနှစ်ပြည့်အောင် တည်တံ့နေဖို့ဆိုတာ မလွယ်သလို အဲဒီတနှစ် အတွင်းမှာ ပိုစ့်တွေ မှန်မှန်တက်နိုင်အောင် ရေးနိုင်ဖို့ဆိုတာ အလုပ်တဘက်နဲ့မို့ တကယ် မလွယ်တာပါ...။ ချီးကျူးပါတယ်ညီမ၊

    သတိတရရှိတဲ့အတွက်လည်း ဝမ်းသာမိပါရဲ့...

    နောင်နှစ်တွေ အများကြီးထိ နှစ်သက်ရာစာလေးတွေ ကျန်းမာပျော်ရွှင်စွာ ဆက်လက်ရေးသားနိုင်ပါစေ ညီမလေးရေ...:)

    ချစ်ခင်စွာ
    အမချစ်ကြည်

    ReplyDelete
  14. မနှစ်ကဆိုတာ မနေ့ကလို ထင်မှတ်ရလောက်အောင်
    အချိန်တွေက အစားမြန်တယ်။

    တစ်နှစ်ပြည့်ကစပြီး ပို့စ်အသစ်အသစ်တွေ လတ်လတ်ဆတ်ဆတ် တင်နိုင်ပါစေ။ ဘလော့လေးရော ဘလော့ဂါမလေးရော ကျန်းမာရေးကောင်းမွန်ပြီး လိုရာပန်းတိုင် ရောက်နိုင်ကြပါစေ။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  15. နတ်သမီးလေး...ဘလော့ဂ်လောကမှာ နှောက်ယှက်မှုကင်းကင်းနဲ့ လမ်းရှင်းရှင်းမှာ အဆင်ပြေချောမွေ့စွာ ဆက်လက်လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...။

    ဘာပဲပြောပြော ငါ့သူငယ်ချင်းတွေရေးတဲ့ ကဗျာအားလုံးကောင်းတယ် ဘယ်သူတွေလဲဆိုတာ သိတယ်နော်...။

    ခင်မင်စွာဖြင့်
    မိုးငွေ့ (သိပ်နေမကောင်းလို့ နတ်သမီးဧည့်ခံထားတဲ့မုန့်တွေကို အကုန်မစားသွားနိုင်ဘူးး)

    ReplyDelete
  16. အစ်မရေ ကျွန်တော်တော့ ကဗျာလေးထဲမှာ ဆုတောင်းပေးပြီးပြီ ....
    အဲဒီအတိုင်း ဖြစ်ပါစေဗျာ ...း)

    ReplyDelete
  17. သတို့ သမီး ပုံကြီးပဲ ကြည့် မကောင်းပါဘူး မနမ်းရာ..


    သတို့သားလေး ရှာတော့...

    ဒီနှစ်တနှစ်ပြည့်တော့ သတို့သမီး

    နောက်တနှစ်ကျရင် စုံတွဲ

    နောင်နှစ်တွေ နှစ်တွေမှာ.. သားတွေ ၊ သမီးတွေနဲ့ စုံစုံလင်လင် မြင်ပါရစေ.:P

    မနမ်းရဲ့ ကိုယ်ပွား တစ်နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာတိုင် ခံစားချက်တွေ၊ ကဗျာတွေ ၊စာတွေကို ရေးရင်း သူငယ်ချင်းမောင်နှမများစွာနဲ့ ပျော်ရွင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

    အဝေးကနေပြီး မောင်နှမတွေ၊ သူငယ်ချင်းတွေကို ဒီဘလော့လေးကနေရတဲ့ စိတ်ချမ်းသာမှုက ဘာနဲ့မှ လဲလို့မရဘူးနော်.

    ဒီလေးနဲ့ပဲ တနေ့တာ အမောတွေကို ဖြေနေရတာ။ စိတ်ကျေနပ်မှုကိုရှာနေရတာ။ ပျော်ဖို့ကောင်းပါတယ်။

    မနမ်းစာတွေဆက်ရေးရင်း ဘအမောတွေ ပြေပျောက်နိုင်ပါစေ။

    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  18. တစ်နှစ်ပြည့်မှသည် နောင်နှစ်များစွာ များစွာတိုင်ပါစေ...
    နံမည်နဲ့ လိုက်အောင်ဘဲ တင်ထားတဲ့ ပုံတွေကလည်း လိုက်ဖက်လှပါတယ်.. အဖြူရောင်ဝတ်စုံလေးနဲ့ ကဗျာဆန်လှပါတယ်...
    ကဗျာလေးတွေလဲ စေတနာနဲ့ ရေးဖွဲ့ထားကြမှန်းသိသာ ထင်ရှားနေပါတယ်..
    ဧည့်ခံထားတဲ့ အစားအသောက်တွေထဲက အမျိုးသမီးတွေအတွက်လို့ ခွဲခြာထားတဲ့ အချိုရည်ကို မသောက်ဘဲ ၀ိုင်ကိုသောက်သွားပါတယ်..
    ချမ်းမြေ့သော စိတ်နှလုံးသားအစုံနဲ့ ဘလော့လောကကြီးမှာ ခိုင်ခိုင်မာမာ တည်တည်တံ့တံ့ နှစ်ပေါင်းရှည်ကြာအောင် ရပ်တည်နိုင်ပါစေနော်..

    ခင်မင်တဲ့

    မချော

    ReplyDelete
  19. လမင်းအလင်း ဖြန့်ကြတ်ရင်း
    ကြယ်စင်တွေ တောက်စားချိန် ....
    လင်းဖြာကျတဲ့ အလင်းတန်းတွေနဲ့အတူ
    ဘ၀ သောကအဖုံဖုံတွေကွယ်ပျောက်
    ရှေ့ဆက်မဲ့ခရီး ချမ်းမြေ့မှုအသင်္ချေ ရရှိပါစေ .. ။

    idulize(အရုပ်ကလေး)

    ReplyDelete
  20. စိတ်ခံစားချက်၊ ကိုယ်ရေးကိုယ်တာ၊ လုပ်ငန်းခွင်အခြေအနေ စတာတွေကြောင့်
    blog သက်တမ်းနဲ့ လူ့သက်တမ်း မတူညီပါဘူး။ ဒါကြောင့် နောင် ၂ နှစ် ၃ နှစ် အထိ စာတွေဆက်ရေးနိင်ပါစေ။
    ဒီမောင်နှမ များနဲ့လည်း ပျော်ရွင်ဖွယ်ရာ အချိန်များကို ဖြတ်သန်းနိင်ပါစေလို့ လေးလေးနက်နက် ဆုတောင်းပေးပါတယ်။

    (အမှန်တကယ် မအားမလပ် ဖြစ်မိလို့ တခုခု မရေးပေးနိင်ဘဲ ကတိ ပျက်ရတာ ခွင့်လွှတ်ပါနော်။ အခုလည်း စည်စည်ကားကား ခြိမ့်ခြိမ့်သဲသဲ ကျင်းပနိင်ခဲ့လို့ ထပ်တူ ပီတိ ဖြစ်ရပါတယ်ဗျာ။)

    ReplyDelete
  21. အဟမ်း... ဘယ့်နှယ် ကျွန်တော့် ကဗျာက အတိုဆုံးဖြစ်နေပါလား :) တစ်နှစ်ပြည့်ရုံတင်မကပဲ အောင်မြင်အောင် တည်ဆောက်နိုင်တာရော၊ ပို့စ်တွေမှန်မှန်တင်နိုင်တာရောပါ အစ်မကို လေးစားချီးကျူးပါရဲ့.... (အစ်မမောင်ကတော့ ပို့စ်မှန်မှန်မတင်တဲ့ ငပျင်းလေ..)
    ပျော်ရွှင်ပါစေအစ်မရေ.....

    ReplyDelete
  22. မမအဖြူရောင်လေးရေ....
    ဘာလိုလိုနဲ့ အဖြူရောင်နတ်သမီးဆိုတဲ့ ပွင့်လင်းဖော်ရွေသူအပြုံးပိုင်ရှင်တစ်ယောက်....
    စိတ်ဓါတ်ခိုင်ခန့်၍ သဘောထားနုညံ့ပျော့ပျောင်းသူတစ်ယောက်လို့ ခန့်မှန်းလို့ရတဲ့ စာပေမြတ်နိုးသူ တစ်ယောက်ရဲ့ ဘလော့သက်တမ်းလေး ၁နှစ်ပြည့်သွားတာ အားရ၀မ်းသာမိသလို အောင်မြင်မှုအတွက်လည်း ကျေနပ်ပီတိဖြစ်မိပါတယ် မမရေ....
    မမအဖြူရောင်လေးရဲ့ အိပ်မက်ရောင်စုံထွန်းညှိုထားသော အိမ်ကလေး နှစ်ပေါင်းများစွာထိ လှပအသက်ဝင်နိုင်ပါစေလို့ တောင်းဆုပြုပေးလိုက်ပါတယ် ....

    ချစ်သော နှင်း

    ReplyDelete
  23. လာလည်သူ မောင်နှမများအားလုံးကို အထူးကျေးဇူးတင်ပါတယ်..။
    ခရီးလွန်ပြီး နောက်နေ့မှ ရောက်လာမည့်သူများကိုလည်း နတ်သမီးမှ ဆက်လက်စောင့်ဆိုင်းနေဆဲပါ..။

    ဒီနေ့မှပဲ နတ်သမီးလည်း တိုက်တိုက်ဆိုင်ဆိုင်တုတ်ကွေးမိပြီး ခေါင်းမထောင်ဘူး..း(

    သြော်...မေ့လို့
    မောင်လေး ဖိုးစိန်ရေ...
    အမဝတ်ထားတဲ့ သတို့သမီးဝတ်စုံနဲ့ ပုံလေးတွေက အမ ရန်ကုန်ပြန်တုန်းက ရိုက်လာတဲ့ပုံတွေလေ..။
    “မောင်”နဲ့ လက်ထပ်ရင် ဝတ်ဖို့ အခုကတည်းက အရောင်ရွေးပြီး မောင့်ကိုပြဖို့ ဓာတ်ပုံရိုက်လာတာ..။
    အဖြူရောင်ရယ်..ရွှေရောင်ရယ်ပေါ့.(မောင်ကတော့ အဖြူရောင်ကိုပဲ ကြိုက်တယ်တဲ့)။

    ရွှေရောင်ဝတ်စုံနဲ့ ဓာတ်ပုံတွေကိုတော့ အမရဲ့ မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာ၁၉ ရက်နေ့မှာတင်မယ်လေ...။ ဘလော့ဂ်ဂါ မောင်နှမတွေလည်းကြည့်ရတာပေါ့..အမနဲ့ ဘယ်အရောင်ပိုလိုက်မလဲလို့...။

    မောင်လေးပြောသလိုပဲ နောက်နှစ်မှာ စုံတွဲပုံမြင်စေရမယ်. ။း)
    ကဲ..ကျေနပ်တယ်ဟုတ်..။

    ReplyDelete
  24. မမရေ..
    ဘာမှ သေသေခြာခြာ မတွေးထားတော့
    ရေးချလို့မရဘူးဖြစ်နေတယ်..။

    မမဘလော့လေးတစ်နှစ်ပြည့်မှာ လူစုံတက်စုံ အားပေး ရေးပေးကြတာ တွေ့ရတော့ ဝမ်းသာကြည်နူးမိပါတယ်..။



    ****အဖြူရောင် ပန်းကလေး သို့****

    ခပ်ပြင်းပြင်းတိုက်ခက်တက်တဲ့
    လေပြင်းတွေကို ဘယ်သူဖန်ဆင်းသလဲ

    အပင်မြင့်လေလေ
    လေပြင်းတိုက်တာခံရလေ

    လေပြင်းတစ်ချက်ဝှေ့တိုင်း
    ခံနိုင်မရှိစွာ ယိမ်းယိုင်မိတယ်

    သူ့ပတ်ဝန်းကျင်က ပွင့်လန်းလျှက်ရှိတဲ့
    ရောင်စုံပန်းလေးတွေက မြင်တော့

    “ ဘာမှ အားမငယ်ပါနဲ့ ”
    အဖြူရောင်ပန်းပင်လေးရယ် ဆိုပြီ

    သူတို့ရဲ့ဝတ်ရုံတွေကို ချွတ်ကာ
    အဖြူရောင်ပန်းပင်လေးပေါ် လွှမ်းချုံပေးလိုက်တယ်။

    {မြတ်မွန်}


    မမဘလော့လေး
    ဆက်လက်ရှင်သန် အောင်မြင်ပါစေ။

    ReplyDelete
  25. နတ်သမီးလှလှလေးရဲ့ ဘလော့တစ်နှစ်ပြည့် အမှတ်တရ ရေးထားတဲ့ ကဗျာလှလှလေးတွေ ဖတ်သွားတယ်... အဖြူရောင်နတ်သမီးလေးရဲ့ဘဝမှာ င်္ကြစည်သမျှတွေ အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

    ReplyDelete
  26. နတ်သမီးလေးရေ . . .
    လကုန်ရက်ဆိုတော့  . . အလုပ်တွေကလည်းများ
    ကွန်ကလည်းလုံးဝမကောင်းနဲ့  . .
    နတ်သမီးလေးရဲ့ အိမ်ကိုလာဖို့  နည်းလမ်းမျိုးစုံနဲ့ 
    ကျော်ခွလိုက်ရတာ ... ခုမှပဲ ရောက်ဖြစ်တော့ တယ်
    blog တစ်နှစ်ပြည့်လေးမှသည် . .
    နောင်နှစ်ပေါင်းများစွာတိုင် . . နတ်သမီးလေး
    ချစ်တဲ့  blog မောင်နှမတွေနဲ့ အတူ
    အနှောက်အယှက်ကင်းဝေးပြီ . . . အေးချမ်းပျော်ရွှင်စွာနဲ့  . . စိတ်ကူးဥာဏ်တွေ ကွန့် မြူးပြီး post ကောင်းကောင်းလေးတွေ ဖန်တီးနိုင်ပါစေလို့  . . .

    ညီမလေး ပန်းခင်းက ဆုတောင်းပေးသွားတယ်နော် . .

    ခင်မင်စွာနဲ့ 

    ပန်းခင်းလေး

    ReplyDelete
  27. အမရေ.. တနှစ်ပြည့် blogging အထိမ်းအမှတ် ဖွင့်ပွဲလေးကို တရက် နောက်ကျပြီးမှ ရောက်လာတဲ့အတွက် တောင်းပန်ပါတယ်ဗျာ..။
    blogging ကို တနှစ်ပြည့်ကနေ စိတ်ပါကိုယ်နိုင်သရွေ့  ဆက်လုပ်နိုင်ပါစေလို့  ဆုတောင်းလိုက်ပါတယ် ပြီးတော့ စိတ်အေးချမ်းသာတဲ့ ကြင်ယာကောင်းဖက်နဲ့  အမြန်ဆုံး လက်တွဲနိုင်ပါစေလို့  မဆီမဆိုင် ထပ်ကွန့် လိုက်ပါတယ်.. :P

    ReplyDelete
  28. နာမည်လေးနဲ့လိုက်အောင်ဓါတ်ပုံလေးထဲကလှပတဲ့
    အဖြူရောင်ဝတ်စုံလေးနဲ့မနတ်သမီးရဲ့အပြုံးပန်းလေးက
    ဖေါ်ကျူးနေပါလား.။
ိုမနတ်သမီးနဲ့ထပ်တူ..တကယ့်ညီအမတွေလိုချစ်ခင်ခံစားရပါတယ်.။
    သံယောဇဉ်တွေတပွေ့တပိုက်နဲ့ရှားပါးလှတဲ့အချိန်လေး
    ထဲမှာလှော်ခတ်နေတဲ့ဘလော့လေးလည်းတနှစ်ပြည့်မှ
    နောက်နှစ်တွေအထိကျန်းမာချမ်းသာစွာနဲ့ဆက်လက်
    လှော်ခတ်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်။

    ချစ်တဲ့
    သဒ္ဓါ

    ReplyDelete
  29. နတ်သာမီးရေ့......

    စာတွေအများကြီးဆက်ရေးသွားနိုင်ပါစေဗျား....။
    ငါ့ညီမ......ဓာတ်ပုံတွေက လှမှလှ.....။
    ကဗျာလေးတွေကလည်း......ကောင်းမှကောင်း....။
    ကိုဏီတော့ ဘာမှရေးမပေးနိုင်တာ......ခွင့်လွှတ်စ်.......း))
    မင်္ဂလာလည်း.....မြန်မြန်ဆောင်ပါစေချင်ကြောင်း................း))
    ဒါမှ အိမ်ထောင်ရေးဇာတ်လမ်းလေးတွေလာမှာ....။

    (နောက်ကျလို့ ရောက်လာရပေမယ့်...အပေါက်ဝက လှည့်မပြန်ခင်.....ပစ္စည်းတွေကူသိမ်းပေးသွားတယ်ဟေ့.....။ နေကောင်းအောင်လည်းနေဦး....။ ပြန်အားပေးသွားသည်......း)))

    ခင်မင်ခြင်းအားဖြင့်.........
    ဏီလင်းညို

    ReplyDelete
  30. လှလိုက်တဲ့နတ်သမီးလေးပါလား... ဘလော့မွေးနေ့ပွဲလေးကလဲ ပျော်စရာကြီးညီမလေးရေ... မွေးနေ့ရောက်ရင် တွေ့ရမယ့် ရွှေရောင်ဝတ်စုံလေးနဲ့ပုံလေးတွေရော နောက်နှစ်မှာကြုံရမယ့် နတ်သမီးလေးရဲ့ မင်္ဂလာပွဲကိုရော စောင့်နေမယ် ညီမလေးရေ...

    အမြန်ဆုံးပျော်ရွှင်စွာ မင်္ဂလာပွဲကိုအတူဆင်နွဲနိုင်ပါစေလို့ ဆုတောင်းသွားပါတယ်....

    ReplyDelete
  31. အမြဲပြုံးပျော်နိုင်ပါစေဗျာ
    တစ်နှစ်ကနေနှစ်ပေါင်းများစွာ ဘုံနန်းလေးလှပနေပါစေး)

    ReplyDelete
  32. အမှတ်တရများနဲ့ ရှိနေမြဲပါ. မအဖြူရောင်ရေ. တစ်နှစ်ပြည့် မှာသည် နောင်နှစ်တွေတိုင်း အဆင်ပြေအောင်မြင်မှုများနှင့် ရှိနေနိုင်ပါစေဗျာ. ခင်မင်မှုများဖြင့်. . .
    အောင်ကျော်မင်း

    ReplyDelete
  33. တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာထိ. အမြဲအမှတ်တရများနှင့် ရှိနေနိုင်ပါစေ. မအဖြူရောင် ရေ...

    ReplyDelete
  34. နတ်သမီးရေ....
    မနေ့မနက် ရုံးသွားတုန်းက မိုးတွေမိထားတာ ညနေအိမ်ရောက်တော့ လုံးဝကို ခေါင်းမထောင်နိုင်တာ ခုမှကွန်ပျူတာရှေ့ပြန်ရောက်တယ်... နောက်ကျတာ ခွင့်လွှတ်ပါနော်... ပုံလေးတွေအားလုံး လှမှလှပဲ.... မြန်မာဆန်ဆန်လေး ကျက်သရေရှိပြီး အရမ်းချစ်ဖို့ကောင်းတယ်.. နတ်သမီးရဲ့ မောင်တော့ မသိဘူး.. ပူးတေတောင် ချစ်ပြီးရင်းချစ်သွားတယ်...တကယ်ပြောတာနော်...

    နတ်သမီးရေ... ၁ နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် နတ်သမီးဘလော့လေး တည်တံ့ခိုင်မြဲပါစေနော်...မောင်နှမတွေကိုလဲ မမေ့သွားကြေးနော်
    နောင်နှစ်မှာ မောင်နဲ့ အတူ ယှဉ်တွဲပြီး ကျက်သရေရှိတဲ့ မောင်နှံပုံလေး မြင်ချင်ပါတယ်နော်... ဆန္ဒအားလုံး ပြည့်ဝအောင်မြင်ပါစေလို့

    ချစ်သော
    ပူးတေ

    ReplyDelete
  35. အမှတ်တရများနဲ့ပါ. မအဖြူရောင်ရေ. တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစာ ခရီးဆက်နိုင်ပါစေဗျာ. ခင်မင်မှုများဖြင့်...
    အောင်ကျော်မင်း

    ReplyDelete
  36. အလည်လာရောက်ပါတယ် အစ်မရေ ...
    ပျော်ရွှင်သောမွေးနေ့လေး ဖြစ်ပါစေ ဟုတ်
    ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျား ..

    ReplyDelete
  37. နောင်နှစ်စဉ် နှစ်တိုင်းလည်း ပျော်ရွှင်စွာ ယခုလိုပဲ ကျင်းပနိုင်ပါစေ။

    ကဗျာကို ချစ်သူဆိုတော့ ကဗျာလေးတွေကိုလည်း ကြုံရင် အခုလို နံရံကပ်ကဗျာ နေရာလေး လုပ်နိုင်ပါစေ။

    ReplyDelete
  38. မနမ်းရေ ပုံလေးတွေက ကျက်သရေရှိလိုက်တာ နောင်နှစ်တွေမှာလဲ ခုလို ဘလော့ မွေးနေ့ပွဲလေးကို ပျော်ရွှင်စွာ ကျင်းပပေးနိုင်ပါစေနော် အစ်မ။ သြော် တစ်ဆက်တည်း blog link လေးလဲယူသွားတယ်ကြောင်း အကြောင်းကြားပါတယ်မ

    ReplyDelete
  39. မမရေ....ဒီအဖြူရောင်နတ်သမီးဆိုတဲ့ဘလော့လေးတစ်နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ဆက်လက်တည်တံ့နေနိုင်ပြီး ချစ်တဲ့ခင်တဲ့ မောင်နှမတွေနဲ့အတူတူ ပျော်ရွှင်စွာ ဘလော့ဂင်းသွားနိုင်ပါစေ....း))

    ReplyDelete
  40. အမ အဖြူရောင် နတ်သမီးကြီး နိဗ္ဗာန်မရောက်ခင် စပ်ကြား အမြဲတမ်း ထာဝရ ပျော်ရွှင်နိုင်ပါစေဗျာ...

    ReplyDelete
  41. ဂျီးတော်ကလည်း မှန်အမြဲ ကြည့်နေတဲ့ လူတွေဆိုတာ ကိုယ့်အတွက် ကိုယ်ပဲ ကြည့်နေတဲ့ လူတွေကို ပြောတာ။ မှန်ကြည့်တဲ့ လူတွေကို မမုန်းပါဘူး။ တင်စားထားတာလေ ဟီးဟီး။

    ReplyDelete
  42. Ma
    Congratulation 1 year Anniversary and i hope BEYOND.
    I am really proud of you... ma
    I love you.

    May you be more writing and creating poem and so on..,

    Tar Tar

    ReplyDelete
  43. ညီမလေး အဖြူရောင်ရေ..

    ဘီးဇီးနေလို့ ဘလော့ဂ်မွေးနေ့လေးကို အလာနောက်ကျသွာါးတယ်။
    ချစ်ခင်စရာကောင်းတဲ့ ဘလော့ဂါမောင်နှမများနဲ့ ပျော်ရွှင်ဖွယ် မွေးနေ့လေး ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

    ၁နှစ်ပြည့်မွေးနေ့မှသည် ဆက်လက်ပြီး ပျော်ရွှင်စွာနဲ့ စာတွေဆက်လက်ရေးသားနိုင်ပါစေ ညီမလေးရေ။

    ချစ်ခင်စွာနဲ့

    မမ၀ါ

    ReplyDelete
  44. တကယ်တော့ ဘလောက် ရေးရတာမလွယ်ဘူး။ အချိန် အများကြီး ပေးရတယ်။ အလုပ်တဖက် နဲ့ သူ ဆိုရင် ပိုပြီးတော့ မလွယ်ဘူး။ အလုပ်တဖက် နဲ့ ဘလောက် ရေး ပြီး တော့ အခုလို ၁ နှစ်ပြည့် နှစ်ပတ်လည် ကို ဘလောက်ဂါ မောင်နှမတွေ နဲ့ အောင်အောင်မြင် ကျင်းပ နိုင်ခဲ့တဲ့ အဖြူရောင်နတ်သမီး ကို ချီးကျူးတယ်။ ဆက်လက်ရှင်သန် ပြီး ဘလောက်ပို့စ်တွေ အများကြီး ရေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

    ReplyDelete
  45. ဝက်ဝံလေးAugust 11, 2010 at 5:33 PM

    အယ် မမ ရေ အားနာလိုက်ထျာာာ တကယ် တကယ် နောက်ကျသွားတယ် မမ ရယ်
    တကယ်အားနာပါတယ်
    တနှစ်ပြည့်မှသည် နောက်နှစ်ပေါင်း ၁၂၀ တိုင်ပါစေ နော် မမ
    ဘွားးးဘွားးး

    ReplyDelete
  46. ဘလော့မွေးနေ့လေး ၁နှစ်ပြည့် မှသည် နောင်
    နှစ်တွေ များစွာ များစွာတိုင် ပျော်ရွှင်နိုင်ပါစေ
    အဖြူရောင်နတ်သမီးရေ ။

    ReplyDelete
  47. အစ်မရေ..လာရောက်ပြီး စာတွေဖတ်သွားတယ်..
    တစ်နှစ်ပြည့်နဲ့တိုးနေလို့.တော်တော်ဖတ်လိုက်ရတယ်ဗျာ..မောလိုက်တာ..ရေတိုက်ဦး...တင်ထားတာ အစ်မပုံလား.လှတယ်နော်..ဒါပေမယ့် မျက်ခုံးမွှေးလေးက နည်းနည်းသေးနေတယ်အစ်မရဲ့..နောက်ပုံတွေကျတော့ နည်းနည်းထူပြီးဆွဲလိုက်ရင်..ရှယ်ပဲ...

    ReplyDelete
  48. အစ်မရေ..လာရောက်ပြီး စာတွေဖတ်သွားတယ်..
    တစ်နှစ်ပြည့်နဲ့တိုးနေလို့.တော်တော်ဖတ်လိုက်ရတယ်ဗျာ..မောလိုက်တာ..ရေတိုက်ဦး...တင်ထားတာ အစ်မပုံလား.လှတယ်နော်..ဒါပေမယ့် မျက်ခုံးမွှေးလေးက နည်းနည်းသေးနေတယ်အစ်မရဲ့..နောက်ပုံတွေကျတော့ နည်းနည်းထူပြီးဆွဲလိုက်ရင်..ရှယ်ပဲ.

    ReplyDelete
  49. အစ်မရေ..လာရောက်ပြီး စာတွေဖတ်သွားတယ်..
    တစ်နှစ်ပြည့်နဲ့တိုးနေလို့.တော်တော်ဖတ်လိုက်ရတယ်ဗျာ..မောလိုက်တာ..ရေတိုက်ဦး...တင်ထားတာ အစ်မပုံလား.လှတယ်နော်..ဒါပေမယ့် မျက်ခုံးမွှေးလေးက နည်းနည်းသေးနေတယ်အစ်မရဲ့..နောက်ပုံတွေကျတော့ နည်းနည်းထူပြီးဆွဲလိုက်ရင်..ရှယ်ပဲ.

    ReplyDelete
  50. Blogging Sphere ထဲက ပျောက်နေလိုက်တုန်း ... ဒီလို မွေးနေ့ပွဲနဲ့ လွဲသွားလိုက်တာ ဆိုးပ ... :)

    ReplyDelete

Name/Url မှာ မိမိတို့ရဲ့ အမည်ကို ထည့်ပြီး Url မထည့်ပဲ Comment ပေးခြင်းအားဖြင့် Malware ရန်မှကင်းရှင်းနိုင်ပါသည်။