
တခါက ကျမမွေးနေ့မှာ အိမ်မှာအလှမွေးဖို့ ရွှေငါးလေးနှစ်ကောင်
လက်ဆောင်ရခဲ့ဖူးပါတယ်..
တယောက်ထဲနေရတဲ့ ကျမအတွက်
အဖော်ရအောင်လို့တဲ့လေ..သူတို့လေးတွေဟာ ကျမအတွက်
တကယ်ပဲအဖော်ဖြစ်ခဲ့ပါတယ်..
သူတို့လေးတွေကို ကျမအိပ်ယာဘေးက
စားပွဲပေါ်မှာ ဖန်အိုးလှလှလေးနဲ့ထည့်ပြီး နေရာပေးထားခဲ့ပါတယ်..
ကျမအိပ်ယာပေါ်မှ ကြည့်လျှင် သူတို့ကိုမြင်နိုင်သလို..သူတို့ကလဲ
ကျမကိုမြင်နေရပါတယ်..ကျမအိပ်ယာနိုးချိန်တိုင်းမှာ သူတို့လေးတွေကို
အချိန်မှန်အစာကျွေးပါတယ်..တခါတလေ ကျမအိပ်ယာထ နောက်ကျလျှင်
သူတို့လေးတွေကျမကို အသံပေးနှိုးပြီး အစာတောင်းတတ်ပါတယ်..
မယုံမရှိနဲ့ ကျမကိုယ်တွေ့ပါ..ငါးကလေးများ oxygen ရရန် ရေမျက်နှာပြင်ပေါ်ကို
တက်ပြီးလေရှူတဲ့အခါ ထွက်လာတဲ့အသံဟာ ကျမကိုနိုးထစေပါတယ်..
ကျမအိပ်ယာထတာကိုမြင်ရင်လဲ ဖန်အိုးထဲကနေကျမကိုကြည့်ရင်း
ပြာယာခတ်နေတတ်ပါတယ်..သူတို့လေးတွေကို အစာမကျွေးခင်မှာ
အစာဘူးလေးကိုလှုပ်ပြရင်း ကျီစယ်တဲ့အခါ ဖန်အိုးလေးထဲကနေ
အစာနောက်ကိုအငမ်းမရလိုက်တတ်တဲ့ သူတို့ကိုကြည့်ရင်း ကျမ ကြည်နူးခဲ့ရပါတယ်..
တခါတလေ ကျမရဲ.သူငယ်ချင်းများရှိရာသို့ ညအိပ် သွားလည်တတ်ပါတယ်..
နောက်တနေ့ ကျမအခန်းထဲသို့ပြန်ရောက်ချိန်မှာ သူတို့လေးတွေကျမကိုမခေါ်ပဲ စိတ်ကောက်နေတတ်ပါတယ်..(ငါးကစိတ်ကောက်တတ်သလားလို့ မမေးပါနဲ့
အိမ်မွေးတိရစ္ဆာန်မွေးဖူးသူတိုင်း သူတို့လေးတွေရဲ.စိတ်ကို ဖတ်တတ်ပါတယ်..
ကျမအလုပ်ထဲမှာအဆင်မပြေလို့ စိတ်ညစ်တဲ့အခါမျိုးမှာ သူတို့လေးတွေကို
တိုင်တည်ပြီးပြောပြတတ်ပါတယ်..သူတို့လေးတွေကျမပြောတာကို
နားလည်လို့ပဲဖြစ်ဖြစ် အစာကျွေးမယ်ထင်ပြီး ကျမကိုကြည့်နေတာပဲဖြစ်ဖြစ်
ကျမကတော့ ကျမပြောပြနေတာတွေကို နားထောင်နေတယ်လို့ယူဆပါတယ်..
အဲဒီလိုနဲ့ ၁နှစ်ကျော်လောက်မှာ ငါးလေးတစ်ကောင်သေသွားခဲ့ပါတယ် ..
အဲဒီနေ့က ကျမ..သူငယ်ချင်းအိမ်က ညအိပ်ပြီးပြန်လာတဲ့နေ့ပေါ့..
ရေပေါ်မှာဘောလောပေါ်နေတဲ့ ငါးလေးကိုကြည့်ပြီး ကျမငိုလိုက်ရတာ....
ကျန်ခဲ့တဲ့ငါးလေးအတွက်ရော..သေသွားတဲ့ငါးလေးအတွက်ရောပေါ့...။
ငါးအသေလေးကို ကဒ်ထူဘူးလှလှလေးထဲမှာ နှင်းဆီပွင့်ဖတ်လေးတွေနဲ့
အတူထည့်ပြီး ပင်လည်ထဲကို ကျမသွားမျှောခဲ့ပါတယ်..အဲဒီနေ့က
ကျမအလုပ်မသွားနိုင်ခဲ့ပါဘူး..ရောင်ကိုင်းအောင်ငိုထားတဲ့ ကျမမျက်နှာကို
သူငယ်ချင်းတွေမြင်တော့ ကျမကိုလှောင်ပြောင်ကြပါတယ်..
(ကျမနဲ့ငါးလေးတွေရဲ.သံယောဇဉ်ကို သူငယ်ချင်းတွေ မသိကြလို့ပါ..)..
အဲဒီနေ့က..စပြီး ကျန်ခဲ့တဲ့ငါးလေးဟာ သိပ်မလှုပ်ရှားတော့ပဲ
အမြဲတန်းငြိမ်နေတတ်တာကို သတိထားမိပါတယ်..အစာလဲမတောင်းတော့ပါဘူး..
အစာဘူးကိုပြရင်လဲ အနားကိုမလာတော့ပါဘူး..၁လလောက်အကြာမှာပဲ..
အဲဒီငါးလေးသေသွားခဲ့ပါတယ်..
တကောင်သေလို့ နောက်ကောင်လိုက်သေတာလား..
အသဲကွဲပြီးသေသွားတာလား..သူတို့လေးတွေရဲ့ သက်တမ်းကုန်ဆုံးသွားတာလား..
ဆိုတာ အတိအကျမသိရပေမဲ့ အဲဒီအချိန်ကစပြီး ဘာအိမ်မွေးတိရစ္ဆာန်ကိုမှ
ကျမ ..မမွေးတော့တာ အခုချိန်ထိပါပဲ..။
ပထမ ငါးသေလေးကို
မျှောခဲ့တဲ့ ပင်လယ်ထဲမှာပဲ...ဒုတိယ ငါးသေလေးကိုမျှောပေးခဲ့ပါတယ်..
"သူတို့လေးတွေ ပြန်ဆုံနိုင်ကြပါစေလေ"..........
ဖြစ်တတ်တယ်။
ReplyDeleteတကယ်လည်း ကြုံဖူးတယ်။
ကျနော်ကတော့ ခွေးလေးတွေနဲ့ပါ။
ငါးလေးတွေမှာလည်း အသည်းနဲ့ပါကွယ်...း))
ReplyDeleteခင်မင်တဲ့
နေ၀သန်
သေခြင်းတရားရဲ့ .....
ReplyDeleteအဖြေအနီးနားကိုလျှောက်သွားချိန်
တဒင်္ဂတော့ မှင်သက်မိတဲ့စိတ် .....
တရိပ်ရိပ်နဲ့ ဖြတ်ကျော်လာတဲ့ သံသရာမှာပဲ
ကျစ်ရစ်ကြွင်းမဲ့ ငိုသံတွေကြား
လှည့်ပြန်လို့ မရတဲ့အချိန် ....
idulize(အရုပ်ကလေး)
အော် .. လူနဲ့လူ
ReplyDeleteတိရစ္ဆာန် နဲ့ တိရစ္ဆာန်
လူ နဲ့ တိရစ္ဆာန်
အားလုံးမှာ သံယောဇဉ်ဆိုတာ ရှိတတ်ကြတာပါပဲ ...
ကျနော်တော့ အိမ်မွေးတိရိစ္ဆာန်တွေကို အစ လုပ်ပြီး မမွေးဘူး။ ကရိကထ ဒဏ်မခံနိင်တာရယ် သံယောဇဉ်တွယ်ပြီးမှ သေခွဲ၊ ရှင်ခွဲ ခွဲရမှာရယ်ကို မဖြစ်ချင်လို့။
ReplyDeleteနှပ်တမီးလေးရေ... နာငိုပလိုက်ရ... ဗြဲ.... သူတို့စာလာလာဖတ်ပီးရင် ညှက်ရေအမြဲကျရတယ်... အဟင့်
ReplyDeleteသံယောဇဉ်ကြိုးတွေ ဖြတ်တောက်ဖို့ရယ်၊ အလိုလိုဆွေးမြေ့သွားဖို့ရယ် ဆိုတာ အချိန်အတိုင်းအတာတခု အထိလိုလိမ့်မယ်..
ReplyDeleteပိုစ့်ထဲက(ကျမ)နဲ့ငါးကလေး အတွက် စိတ်မကောင်းဖြစ်မိပါတယ်..... (ကွေကွင်းနောက်ဆုံးဖြစ်ချေ၏ )တဲ့ သိပ်မှန်တာဘဲဗျာ..... =)
အင်း....
ReplyDeleteငါးတော့ မမွေးဖူးဘူးဗျ
ဟမ်းစတားလေးတွေတော့ မွေးဖူးတယ်..
ပွားလာတော့ မနိုင်ဘူး..
အကုန်ပြန်ရောင်းပစ်ရတယ်
ငါးလေးတွေအတွက် စိတ်မကောင်းပါဘူး
နတ်သမီးရေ လာဖတ်သွားပါတယ်နော်။ တခုအကြံထပ်ပေးချင်ပါတယ်။ ဆရာကြီးလုပ်တယ် လို့တော့မထင်ပါနဲ့ အမြင်မတော် လို့ထောက်ပြပေးပါတာနော်။ နတ်သမီးရေးတဲ့စာတွေ က ကိုယ့်အတွေးအခေါ်ကိုယ့်အတွေ့အကြုံနဲ့ဖတ်လို့ ကောင်းပါတယ်။ ဒါပေမယ့် တခါတလေ နတ်သမီးရေး တဲ့စာတွေမှာ တခါတလေ မဟုတ်ပဲ တခါတစ်လေ ဆို တာမျိုး ၁၉၇၆ က ဗိုလ်နေ၀င်းမှားရေးခဲ့တဲ့ တစ်ဦး၊ တစ်ယောက်၊တစ်ခုမျိုး အစရှိသဖြင့် တခါတလေမှာ စာလုံးပေါင်းအမှားတချို့ညှပ်ပါ လာနေတတ်လို့ပါ။ တကယ်လို့ နတ်သမီး စာရေးနည်းအမှားနဲ့အမှန် ကောင်းကောင်းခွဲခြားသိချင်တယ်ဆိုရင် ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင်ရေးထားတဲ့ သူ့ဘ၀ဇတ် ကြောင်းအကြောင်းကို ကျနော့ရဲ့ justfreeman blog မှာ link လုပ်ပေးထားတာသွားဖတ်ကြည့်လို့ရပါတယ်နော်။
ReplyDeleteတခါတလေမသိလို့အမြန်လို့လို့ တခါတလေချော် ပြီးမှားတတ်တဲ့အမှားလေးတွေကိုတော့လုံးဝမကြောက်နဲ့နတ်သမီးရေ။ အမှားကိုသိရင်အမှန်ကိုပြင်ပြီး ကိုယ်ယုံကြည်ရာကိုဆက်သာလုပ်ပါ။
ခင်မင်လေးစားလျှက်
ဇာနည်မောင်
သံယောဇဉ်ဖြစ်မိပြီဆိုရင် တိရိစ္ဆာန်အတွက်ဘဲ ဖြစ်ဖြစ် လူအတွက်ဘဲ ဖြစ်ဖြစ် ပူလောင်ရတာပါဘဲလေ....
ReplyDeleteမိသားစု မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဝေးပြီး အထီးကျန်နေရတဲ့သူတွေအတွက်တော့ တိရိစ္ဆာန်ဘဲဖြစ်စေ အပင်လေးတစ်ပင်ဘဲဖြစ်စေ
အကောင်းဆုံး အဖော် ဖြစ်နေတတ်ပါတယ်..
ကိုယ်ချင်းစာမိပါတယ်..
ဟုတ်ကဲ့..ကိုဇာနည်ရေ..
ReplyDeleteပြင်ပြီးပြီနော်..
အဲဒီ ပို့စ်တွေက လွန်ခဲ့တဲ့ ၁နှစ်က ရေးခဲ့တဲ့ ပို့စ်တွေကိုပြန်တင်လိုက်တာမို့ အမှားတွေကို ပြင်ဖို့သတိလွတ်သွားတာ..။
သတိပေးတဲ့အတွက်ကျေးဇူးပါနော်..။
သံယောဇဉ်ပေါ့ မမရယ်..
ReplyDeleteခံစားချက်ကို နားလည်ပါတယ်..
မွန်လဲ မွေးဖူးလို့..။