Pages

Monday, August 2, 2010

ထူးခြားသောမွေးနေ့မှာ ဟောတဲ့ဗေဒင်




August လရဲ့ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဒီနေ့ဟာ လူတယောက်ရဲ့ (၂၈)နှစ်ပြည့်တဲ့ မွေးနေ့လေးတခုဖြစ်ခဲ့ပါတယ်။
(၂)ရက်၊(၈)လ၊(၈၂)ခုနှစ်မှာမွေးခဲ့တဲ့..“သူ”..
(၂)ရက်၊(၈)လ...ဖြစ်တဲ့ ဒီနေ့မှာ သူ့အသက် (၂၈)နှစ်ပြည့်ခဲ့တယ်တဲ့..။(၂)နဲ့(၈)ပေါင်းတော့ (၁၀)....{ ၂+၈=၁၀}
(၁၀) ဆိုတဲ့ (၁)ဂဏန်း ... { ၁+၀=၁ }
ဖြစ်လို့နေတာကြောင့် (၁)ဂဏန်းကိုပိုင်ဆိုင်ခွင့်ရတဲ့ “သူ”ဟာ ယနေ့မှ“စ”လို့
ဘဝရဲ့ထိပ်ဆုံးကို မလွဲမသွေ ရောက်လိမ့်မယ်လို့ အတိတ်နမိတ်ကောက်ပေးရင်း
မွေးနေ့ရှင်အတွက် (၁)ဂဏန်းပိုင်ရှင်ဖြစ်တဲ့ ကျမ တနင်္ဂနွေသမီးက ကျင်းပပေးတဲ့
မွေးနေ့ပွဲလေးမှာ လာရောက်သူ သူငယ်ချင်းများအတွက် (၁)ဂဏန်းနှင့်သက်ဆိုင်သော
စားသောက်ဖွယ်ရာများကို စီစဉ်ထားပါတယ်ရှင်...။


“အ” နဲ့“စ”တဲ့ အကင်များ....


“ဥ”နဲ့လုပ်ထားတဲ့ ကိတ်မုန့်များ

“အ” အေးများ...


“အ” ရက်များ..


မွေးနေ့ရှင်အတွက် စပယ်ရှယ် ရေခဲမုန့်

ညမှာ လင်းလက်တတ်တဲ့ ကြယ်တာရာ ကိတ်
မွေးနေ့ကဒ်လေးနဲ့အတူ....

ံ့ Happy Birthday..... ပါ ကိုတူးရေ...
ညရဲ့အမှောင်ထုကို အလင်းပေးတဲ့ အလင်းအိမ်လေး..
ညမှာလင်းတဲ့ ညလင်းအိမ်လေး...
သို့မဟုတ်..
“ကြယ်တာရာ ကိုတူးလေး”တယောက် ယနေ့မှစလို့ ကံကောင်းခြင်းတွေပြည့်နှက်နေတဲ့ ဘဝလေးကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်...။

15 comments:

  1. စောစောစီးစီး ဘယ်သူမှ မစားခင်...အ၀ကျိတ်သွားတယ်။ ပကျွက်...ပကျွက်..။

    အဲ..မွေးနေ့ရှင်ကြီးလည်း ကျန်းမာချမ်းသာပါစေဗျား။

    ReplyDelete
  2. မောင်တူးရေ...ထုံးစံအတိုင်းပေါ့ အကင်နဲ့မြည်းသွားတယ်...အဟဲ...ခွက်တိုက်ခဲ့တယ်နော်..။
    အော်...မွေးနေ့ပွဲကျင်းပပေးတဲ့ စားဖိုမှူးကြီးနတ်သာမီးလဲ မွေးနေ့ပွဲတိုင်းကို ခုလိုပဲစီစဉ်နိုင်ပါစေ....

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  3. ကိုတူး (ညလင်းအိမ်) ရေ.. ဟက်ပီးဘတ်ဒေးပါ...

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  4. မွေးနေ့ရှင် ကျန်းမာပျော်ရွှင်လိုအင် ဆန္ဒ အားလုံးပြည့်ဝပါစေသော်....
    မွေးနေ့ကျင်းပပေးသူလဲ ထပ်တူပျော်ရွှင်ပါစေ.

    ReplyDelete
  5. အစ်မပြုလုပ်ပေးတဲ့ မွေးနေ့ပွဲလေး အတွက် ကျေးဇူးပါနော် ...
    အကင်နဲ့ အရက်တော့ ဘယ်သူကြိုက်လဲဆိုတာ ပြောမနေတော့ပါဘူး .. အဟီး ...
    ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ ..
    လာရောက်ကြသူများလည်း အစ်မ အဖြူရောင်နတ်သမီး တည့်ခင်းဧည့်ခံသော စား သောက် ဖွယ်ရာများကို သုံးဆောင်သွားကြပါ ...
    ကျွန်တော်ကတော့ ခုထိ လစာမရသေးလို့ မွေးနေ့မှာ ငြိမ်ကုပ်ပြီး နေသွားပါတယ် ... (ခွင့်လွှတ်ကြပါ )

    ခင်တဲ့
    ညလင်းအိမ်

    ReplyDelete
  6. နတ်သာမီးရေ့.......

    သူက ဗေဒင်လည်း ဟောတတ်သေးသကိုး......း))

    မောင်တူး.....ဟက်ပီးဘက်သ်ဒေး.......ကိုယ့်လူ...။ ဒီမှာထပ်ဆုတောင်းပေးသွားသည်......။

    ခင်မင်ခြင်းအားဖြင့်.......
    ဏီလင်းညို

    ReplyDelete
  7. ဂျီးတော်က ကျနော်နဲ့တူတယ်ဗျ။ တနင်္ဂနွေပဲ။ မွေးနေ့ဆုတောင်းပေးရင်း တနင်္ဂနွေသားလေး အ မြည်းတွေ စားပြီး အ ရက်တွေ သောက်သွားတယ်။

    ReplyDelete
  8. အ နဲ့ စတဲ့ အထဲမှာတော့ ဟိုပုလင်းလေးတွေကို အကြိုက်ဆုံး ...ဂလု. ..
    ဒါပေမဲ့ ဖြတ်ထားတာ ကြာပြီ။ ဒါကြောင့် မျှော်သွားတယ် ရှလွှတ်. . .

    ReplyDelete
  9. အဟီး စားရပြန်ပီ တစ်ခေါက် ကျေးဂျူး မနမ်းရေ ခုတလော မနမ်းသဘောတွေစွတ်ကောင်း ပေါ်ဆုံးက ငါးကင်လေးအကြိုက်ဆုံး အဟီး အရိုးပါကိုက်သွားတယ် (သတိ. ချီသွားခြင်းမဟုတ် ကိုက်သွားခြင်းသာ)

    ခင်လျှက် ကိုကိုးအိမ်

    ReplyDelete
  10. Happy Birthday ပါကိုညရေ ပျော်ရွှင်သော
    မွေးနေ့ ရက်မြတ်လေးဖြစ်ပါစေဗျာ :)

    ReplyDelete
  11. စားသွားတယ် ဆုတောင်းသွားတယ်

    happy birthday

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  12. အရက်တွေသောက်ပြီး အကင်တွေစားသွားတယ်။

    ReplyDelete
  13. မွေးနေ့ရှင်ရော ဆုတောင်းပေးသူပါ ပျော်ရွှင်ကြပါစေ...။

    ReplyDelete
  14. အင်မတန်ပျော်စရာကောင်းတဲ့မွေးနေ့ပွဲမှာ
    အမှန်အကန်စားသုံးသွားပါကြောင်း
    အမှတ်တရအဖြစ်
    အိပ်မက်တွေလက်တွေ့ဖြစ်နိုင်ပါစေလို့
    အလေးအနက်ဆုတောင်းပေးလိုက်ပါတယ်...


    ထက်သူရ

    ReplyDelete
  15. Happy Birthdayပါ။ မွေးနေ့ရှင်ကိုတော့ မသိပေမဲ့ မွေးနေ့ပွဲလုပ်ပေးသူဆီ လာလည်ရင်း ဆုတောင်းပေးသွားပါတယ်။ ကင်ထားတဲ့ ငါးကင်တွေ ပုဇွန်ကင်တွေကို ကြည့်ပြီး သွားရည်ယိုပြီး ပြန်သွားတယ်။ မနက်ဖြန်သွားဝယ်ပြီး ကင်စားမှ ဖြစ်မယ်။

    ReplyDelete

Name/Url မှာ မိမိတို့ရဲ့ အမည်ကို ထည့်ပြီး Url မထည့်ပဲ Comment ပေးခြင်းအားဖြင့် Malware ရန်မှကင်းရှင်းနိုင်ပါသည်။