Pages

Tuesday, August 3, 2010

မျက်တော်ဖြေ ...ခရေ


ခပ်ယဲ့ယဲ့ ခရေ ကိုမှ
ခြွေရက်တဲ့..မေ
ခရေ လွမ်းလို့ နွမ်းရပြီကော....

ခရေ အိပ်ပျက် နွေအိပ်မက်မှာ
အထီးကျန်စွာ ခရေ ဆွေးတော့...
မေ အနေခက်ပြီပေါ့...

မေ့အလွမ်းနဲ့
ခရေ့ ကိုနမ်းတော့
မေ့ အချော့မှာ ခရေ ပျော့ရပြန်ရော...

မခြွေခင်က ကြွေပြရတဲ့ ခရေ့ဘဝ
နွေမက ပူနေရင်တောင်
မေ့အတွက်ဆို
အေးမြအပြုံး ခရေသုံးလို့
ရင်ကို အေးမြစေခဲ့သူ....

ခရေ တန်ဖိုး
မေ သိပြန်တော့
တသိမ့်သိမ့်ခံစား
ခရေ ကိုသနား
မြတ်နိုးတွယ်တာ
တသက်မှာ တဘဝ
ခရေ ကို ထာဝရ
မေချစ်ဖို့ရည်ရွယ်.
ခရေ သိပါစေကွယ်...။

27 comments:

  1. နတ်သမီးလေးရေ... အမလဲ ခရေပန်းသိပ်ကြိုက်တယ်... မမြင်ရတာတောင်ကြာပေါ့...

    ReplyDelete
  2. ခရေ သိပါစေ အစ်မရေ ..း))

    ReplyDelete
  3. ဒီကဗျာကိုတော့ အရမ်းခိုက်သွားပြီ...။
    ခရေကိုမကြိုက်ပေမယ့်...ခရေတွေနဲ့သီထားတဲ့
    ကဗျာလေးကိုတော့ ကြိုက်သွားတယ်...။

    ReplyDelete
  4. ခရေလေးက ဒီကဗျာလေးကို ဖတ်ပြီး ကျေနပ် ကြည်နူးနိုင်မှာပါ။

    ReplyDelete
  5. တန်ဖိုးနဲ့ ညီမျှတဲ့ ချစ်ခြင်း ခရေ ပိုင်ဆိုင်နိုင်တာ အမြန်ဆုံး သိပါစေလို့ ကူဆုတောင်းပေးခဲ့ပါတယ်။

    ReplyDelete
  6. ခရေရနံ့ သင်ထုံမွှေးမြတဲ့
    ကဗျာပန်းခင်းထဲ
    စိတ်ချမ်းကြည်မြ
    ကျနော်.....
    အလည်ရောက်ခဲ့တယ်။

    ReplyDelete
  7. ဂျီးတော် .. ခရေပန်းတော့ လိုက်မရောင်းလောက်ပါဘူးနော်။

    ReplyDelete
  8. ခရေနံ့ကို သဘောကျတယ်..
    ငယ်ငယ်က ကျောင်းပတ်ပတ်လည်ခရေပင်တွေကြီးဘဲ
    ကျောင်းသွားရင်းခရေကောက်ရတာ ပျော်ဖို့ကောင်းတယ်
    သတိရသွားပြီ.

    ReplyDelete
  9. ခရေပန် နဲ့ ဇတ်လမ်းများ ရှိလေသလားကွယ်။
    စီပုံး ရှာမရလို့ မန့်ခဲ့ပါတယ်ဗျာ

    ReplyDelete
  10. ခရေပန်းနဲ့ ဇတ်လမ်းများ ရှိခဲ့လေသလား နတ်သမီးရယ်

    စီပုံးရှာမရလို့ ဒီမှာပဲ မန့်ခဲ့ပါတယ်ဗျာ

    ReplyDelete
  11. ခရေပန်းနဲ့ ဇတ်လမ်းများ ရှိခဲ့လေသလား နတ်သမီးရယ်

    စီပုံးရှာမရလို့ ဒီမှာ မန့်ခဲ့ပါတယ်

    ReplyDelete
  12. ငါ့ညီမ ကဗျာလက်သွက်လာလှချေလား....

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  13. ကဗျာလေးတွေလဲဖတ်သွားတယ်။
    ဖိတ်ထားတာလဲအကုန်လက်ကျန်လေးတွေစားသွားတယ်။ အဖြူရောင်မြန်မာအိကျီနဲ့ အရမ်း ကြက်သရေ ရှိတာဘဲ။ မမအဖြူရောင်နတ်သမီးက လှတာထက် ချောတာ.. အကြည့်ခံပီး ကျက်သရေ ရှိတဲ့သူမျိုး...
    အပြင်မှာတွေ့ဖူးချင်သေးတယ်။ နောက်တစ်ခေါက် ပြန်အုံးမယ်ဆို လက်တို့လိုက်နော်.း))

    ReplyDelete
  14. ညီမ နတ်သမီးရေ ခရေကဗျာလေးက နုနွဲ့နေတာပဲ....
    ကဗျာလာဖတ်ရင်း လင့်ခ်ယူထားတဲ့ အကြောင်းလေး လာပြောပါတယ် ညီမရေ...:)

    ReplyDelete
  15. ရက်စက်တဲ့ ဟောသည့်နွေ
    အပူကို အပူချင်းမခံနိုင်တဲ့အချိန်...
    နွမ်းလျကာ တမ်းတရှာတဲ့ .. ခရေ

    မေ့အတွက်ဖြစ်တည်လာတဲ့
    ဟောဒီ ဘယ်ဘက်ရင်အုံနွေးနွေးထဲက
    ဆည်းလည်းသံလေးများ ....

    မျက်ဖြေစိတ်နဲ့ ခရေသီကုံး
    နိမိတ်လုံးလုံးလှတဲ့ နေ့ရက်တွေ ...

    ရနံ့သင်းအဖြစ် ပျံ့လွင့်ရင်း
    မေ့အတွက် ထူးတဲ့ခရေ
    သီကာကုံးတဲ့ မေ့လက်တွေမှာ
    မေတ္တာထုံမွှမ်း စီးဆင်းစေသား ....။

    ချစ်သော ခရေနှင့် ဆုံဆည်းပါစေ ..။

    idulize(အရုပ်ကလေး)

    ReplyDelete
  16. ခရေကဗျာလေးလာဖတ်သွားတယ်။
    နတ်သမီးနဲ့လိုက်ဖက်တဲ့ ကဗျာလေးပါပဲ။

    ReplyDelete
  17. ခရေ အနံလေး ကို ပိုကြိုက်တယ်ဗျာ

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  18. အမဖြူရေ..
    ကဗျာလေးကလေ..
    ခရေရနံလေးသင်းနေတာဘဲအမရယ်...

    ReplyDelete
  19. ♫ ပန်သူမရှိလဲ ကြွေဆင်းပေးတယ်...
    လူတကာတွေက အို သင်းပျံ့လိုက်တာတဲ့ ♫

    ဆိုင်ဆိုင် မဆိုင် ဆိုသွားတယ်...
    ခရေသီချင်း
    ပူးတေလဲ ခရေကို သိပ်ကြိုက်
    ရန်ကုန်မှာတုန်းက ခြောက်သွားတဲ့ ခရေပန်းခြောက်လေးတွေကို လက်ကိုင်ပုဝါပါးလေးနဲ့ ထုတ်ပြီး ခေါင်းအုံးစွပ်ကြားထဲ ထည့်အိပ်တယ်... သူက နွမ်းခြောက်သွားတဲ့ အထိ သစ္စာရှိရှိ မွှေးနေတုန်းလေ...

    နတ်သမီး ခရေလေးလဲ ဒီလိုပဲထင်တယ်နော်...

    ReplyDelete
  20. ခရေပန်းရဲ့ ခံစားမှုလေးကို ခံစားသွားပါတယ်
    နောက်များလည်း လာခဲ့ပါဦးမယ်ဗျာ.....
    ချမ်းမြေ့ပါစေ။

    ခင်မင်စွာဖြင့်
    ကိုရီး{ကိုကြီး}
    www.k0gyi.multiply.com

    ReplyDelete
  21. မနမ်းရေ..လာလည်အားပေးတဲ့အတွက်
    ကျေးဇူးပါတော်။
    ခရေပန်းတော့..ကြိုက်တယ်..ရနံ့လေးကိုရော
    ရေစိမ်ထားရင်အမြဲလန်းနေတဲ့ပွင့်ဖက်လေးတွေကို
    ရောသနပ်ခါးထဲထည့်လူးရတာကြိုက်ပါ့။
    ခရေနဲ့သီကုံးထားတဲ့ကဗျာလေးကလည်း...
    ခရေရနံ့လေးလိုပါပဲ။

    ခင်မင်စွာဖြင့်
    ခိုင်နုငယ်

    ReplyDelete
  22. အမရေ ခရေကဗျာလေးကိုလာဖတ်သွားပါတယ် သန္တရသကို ပေးစွမ်းပါတယ်အမ။
    အမမေးတဲ့မေးခွန်းလေးကိုလည်းဖြေပေးခဲ့ပါတယ်။ န၀ရတ်ကိုးသွယ်ဟာ တကယ်ပဲ ဘုန်းကံရှိတဲ့သူတွေမှ ၀တ်ထိုက်တာပါ။ ဘုရင်တွေရယ်လို့တော့မဟုတ်ပါဘူး။ ဘုန်းကံရှိသူတွေဝတ်ရင် ပိုပြိးအကျိုးထူးပါတယ်။ အကျိုး ရှိပါတယ်။ ဘုန်းကံမရှိ နိမ့်နေတဲ့သူတွေဝတ်ရင်တော့ အရမ်းဆိုးကျိုးပေးခိုက်တတ်တယ်လို့ အဆိုရှိပါတယ်အမ။ အဲဒီတော့ လူတစ်ယောက်ဘုန်းကံ ရှိမရှိဆိုတာ အဲဒီလူကိုယ်တိုင် ကောင်းကောင်းသိပါတယ်။ ၀တ်ထိုက်တဲ့လူတွေအတွက်တော့ အဖိုးအရမ်းထိုက်တဲ့ ရတနာတွေပါအမရေ။

    ခင်မင်လျှက်
    ကိုကိုးအိမ်

    ReplyDelete
  23. မင်္ဂလာပါ နတ်သမီးရေ ရောက်လာပြီး ဖတ်သွားမှတ် သွားပါတယ်

    ReplyDelete
  24. လက်ရာတွေ အရမ်းတက်လာတယ် ...
    ကဗျာနူးနူးညံ့ညံ့လေး အရမ်းကောင်းတယ် ....

    ခရေနဲ့အတူ
    အချစ်ဆုံးသူ
    ခရေကိုပျိုး
    ရနံ့တိုးပါစေ ...။

    ReplyDelete
  25. တကယ့်ကို နုနုနွဲ့နွဲ့ ကဗျာလေးပဲ....ထာဝရချစ်ဖို့ ရည်ရွယ်တာကို ခရေသိပါစေလို့ ကူပြီး ဆုတောင်းပေးသွားတယ်နော်။

    ခင်တဲ့
    ဂျင်း

    ReplyDelete
  26. ပန်းလည်းကြွေကျ ခရေလည်းကျ စည်းခြားခဲ့သော် ပန်းပင်ခြားမှာ ခရေအကြောင်း သိကောင်းစေခဲ့။

    ReplyDelete
  27. ခရေကတန်ဖိုးကိုနားလည်သွားလို့ 
    ခရေကိုသနားပြီး ချစ်ဖို့ ရည်ရွယ်ပုံက
    ခရေသိလို့ သူ့ အတွက်နွမ်းကြွေရမယ်
    ဆိုရင်တောင်ရနံ့ ကတော့သင်းပျံ့ နေအုံးမှာပါ
    ကဗျာကောင်းလေးပါဘဲအမရေ ခရေသိမှာစေ
    နော့်  :) ခင်မင်လျက် . . .

    ReplyDelete

Name/Url မှာ မိမိတို့ရဲ့ အမည်ကို ထည့်ပြီး Url မထည့်ပဲ Comment ပေးခြင်းအားဖြင့် Malware ရန်မှကင်းရှင်းနိုင်ပါသည်။