Pages

Monday, August 9, 2010

လူတယောက်...အကြောင်း


လူတယောက်မှာ “မျှော်လင့်ခြင်း” ဆိုတာ ပျောက်ဆုံးသွားတဲ့အခါ (သို့မဟုတ်)
ပစ္စုပ္ပန်တွေ ပျောက်ဆုံးသွားတဲ့အခါ (သို့မဟုတ်)
သူ မြတ်နိုးစွဲလန်းရတဲ့ သက်ရှိ / သက်မဲ့ တခုခုကို ဆုံးရှုံးလိုက်ရတဲ့အခါမျိုးမှာ
အနာဂတ်မဲ့သွားတတ်ကြပါတယ်..။

တချို့က စီးပွားရှုံးတယ်...
တချို့က ပညာရှုံးတယ်...
တချို့က အချစ်ရေးရှုံးကြရင်း...
စိတ်ဓာတ် ကျပြီး ဘဝပါ ဆုံးကြရပြန်ရော..။

“လူ” ရယ်လို့ ဖြစ်လာကတည်းက ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ ဝမ်းနည်းခြင်း၊ ဆုံးရှုံးခြင်း..ဆိုတဲ့
ဒုက္ခ ၊ သုခ တွေရဲ့ကြားမှာ ကျင်လည်နေကြရတဲ့ လူသားတွေထဲက ကျမတွေ့ခဲ့ဖူးတဲ့
“လူ”တယောက်ကတော့...
“ DAVE ”အမည်ရှိ အသက်(၅၈)နှစ်အရွယ် အင်္ဂလိပ်လူမျိုးတယောက်ပဲဖြစ်ပါတယ်။

သူ့နာမည်က “ DAVE ”
အရမ်းချမ်းသာပြီး ဆိုက်ပရပ်နိုင်ငံနဲ့ အင်္ဂလန်နိုင်ငံမှာ အိမ်တလုံးစီဝယ်ထားပြီး
တလှည့်စီနေထိုင်ကာ အငြိမ်းစားနေသူ။
ငွေတွေကို ထားစရာမရှိအောင် ချမ်းသာတဲ့ DAVE ဟာ မေတ္တာ နဲ့ပတ်သက်လာရင် ကံဆိုးသူတယောက်ဖြစ်ခဲ့ရတယ်။
DAVE ငယ်စဉ်ကတည်းက သူ့ရဲ့မိဘနှစ်ပါးလုံး ဆုံးပါးခဲ့ပြီး မိဘများ ကျန်ရှိခဲ့တဲ့ ပစ္စည်း၊ဥစ္စာများကို ဥာဏ်ရှိသလို အသုံးချရင်း အလွန်ချမ်းသာကြွယ်ဝသော သူဌေးကြီးဘဝကို ပိုင်ဆိုင်ခဲ့သူဖြစ်တယ်။
အသက်(၃၃)နှစ်အရွယ်မှာ အိမ်ထောင်ကျပြီး သားတယောက်ထွန်းကားပြီး (၅)နှစ်ခန့်အကြာမှာ
DAVE ရဲ့ဇနီးသည်ဟာ နှလုံးရောဂါနဲ့ဆုံးပါးသွားခဲ့ရတယ်..။
အသက်ငယ်သေးတဲ့ DAVE ဟာ “ဂျုံး”ဆိုသူနှင့် ဒုတိယအိမ်ထောင်ပြုခဲ့ပြီး မိသားစု(၃)ယောက် ပျော်ရွှင်နေဆဲမှာပဲ ပထမ အိမ်ထောင်နဲ့ ရတဲ့ သားဖြစ်သူဟာ အသက်(၁၉)နှစ်အရွယ်မှာ
ကားမှောက်ပြီး ဆုံးပါးသွားခဲ့ပြန်တယ်..။

“လူ့ဘဝ” ဆိုတာကလည်း တော်တော်ကို ဆန်းကျယ်တာပဲနော်..
အဘက်ဘက်က ငွေကြေးပြည့်စုံပြီး မေတ္တာနဲ့ မိသားစုဘဝကိုသာ မက်မောခဲ့တဲ့ DAVE ကို
ကံကြမ္မာက မျက်နှာသာမပေးခဲ့ဘူး။
အဲဒီလိုနဲ့ပဲ သားသမီးမရှိတော့တဲ့ DAVE တို့ ဇနီးမောင်နှံဟာ ကျမအလုပ် လုပ်တဲ့ စားသောက်ဆိုင်ကို
မကြာခနလာရောက်ပြီး ညစာစားလေ့ရှိတယ်။
ကျမတို့ဆိုင်က ဝန်ထမ်းများနှင့်လည်း အလွန်ရင်းနှီးနေပြီဖြစ်တဲ့ DAVE တို့ ဇနီးမောင်နှံဟာ
ကျမတို့ဆိုင်ရဲ့ မိသားစုဝင်လိုဖြစ်နေပါပြီ။
DAVE ရဲ့ပြောပြချက်အရ “မင်းတို့ဆိုင်မှာ ငါတို့လင်မယား ညစာလာစားရခြင်းဟာ အစားအသောက်ထက်
မင်းတို့ဆီက နွေးထွေးတဲ့ အကြင်နာ မေတ္တာတွေကို လိုချင်လို့”ဆိုတဲ့ စကားကြောင့် သားသမီးငတ်နေရှာတဲ့
DAVE တို့ဇနီးမောင်နှံကို ကျမတို့ဝန်ထမ်းများက ပိုပြီး ဂရုနာ သက်မိပါတယ်။

စနေနေ့က DAVE တယောက်ထဲ ကျမတို့ဆိုင်ကိုရောက်လာခဲ့တယ် ။
Augustလ ရဲ့ သောကြာနှင့် စနေနေ့တွေဟာ ကျမတို့ဆိုင်မှာ လူအကျဆုံးလနဲ့ အလုပ်အရှုပ်ဆုံးနေ့များဖြစ်တဲ့အတွက် DAVE ကို ကျမ အရင်ကလို ကောင်းကောင်းဧည့်ခံဖို့ အချိန်မရခဲ့ပါဘူး။
အထူးသဖြင့် စနေနေ့လို နေ့မျိုးမှာ လူ(၃၀၀)ခန့်ကို နေရာချပေးနေရတဲ့ ကျမနဲ့ စားပွဲထိုးနေရတဲ့
ဝန်ထမ်းများဟာ အလုပ်ရှုပ်နေကြတဲ့အတွက် DAVE ကို ပစ်ထားသလိုဖြစ်ခဲ့ရတယ်။
ပိုဆိုးတာက အဲဒီနေ့က DAVE ရဲ့ဇနီးမပါပဲ..DAVE တယောက်ထဲ ကိုသာ တွေ့ရတာကြောင့်
ဇနီးသည် “ဂျုံး”တယောက် အင်္ဂလန်ကို ခနပြန်သွားသည်ဟု ကျမတို့နားလည်သဘောပေါက်ခဲ့ကြပါတယ်။
(မကြာခန ဆိုသလို အဲဒီလိုပဲ သွားနေကျပါ)။

ည(၁၀)နာရီခွဲခန့်တွင်တော့ ကျမလည်း အလုပ်ပါးပြီမို့ DAVE ရှိရာစားပွဲသို့သွားပြီး နှုတ်ဆက်လိုက်ပါတယ်...။
(မိဘမရှိတော့တဲ့ ကျမက သားသမီးမရှိတော့တဲ့ သူတို့လင်မယားကို ကျမက “ဒယ်ဒီနဲ့မာမီ”လို့ ခေါ်နေကျမို့...)
“ Sorry ပါ..ဒယ်ဒီ.၊ သမီးအလုပ်များသွားလို့ ဒယ်ဒီ့ကို ဧည့်ဝတ်မကျေသလိုဖြစ်သွားတယ်..၊ ဒါနဲ့ မာမီ မပါဘူးလား”..
ကြေကွဲနေသော မျက်နှာနှင့် ကျမကို သူမော့ကြည့်ရင်း
“မင်းရဲ့ မာမီ ဆုံးသွားပြီ”...
“ရှင်...”
အံ့သြခြင်းများစွာဖြင့် ဘာဆက်ပြောရမှန်းမသိလောက်အောင် ကျမ ဆွံ့အသွားခဲ့ရတယ်..။
“သမီးစိတ်မကောင်းလိုက်တာ ဒယ်ဒီရယ်..၊ ဒါဆို သမီးမြန်မာပြည်ကို အလည်ပြန်တဲ့အချိန်မှာ ဆုံးတာပေါ့နော်..”..
DAVE မှ ခေါင်းညှိတ်ပြရင်း..“ဒီနေ့ဟာ မင်းရဲ့ မာမီဆုံးတာ (၂)လပြည့်တဲ့နေ့ပဲ”
“ပြီးတော့ မင်းရဲ့မာမီ ဆုံးပြီးကတည်းက ငါလည်း အိမ်အပြင်မထွက်ဖြစ်တာ..ဒီနေ့တော့ ငါ ဘယ်လိုမှ တယောက်ထဲ မနေချင်တော့တာနဲ့ မင်းတို့ဝန်ထမ်းတွေရှိရာကို လာခဲ့တာ”....
ကျမ အရမ်းကို စိတ်မကောင်းဖြစ်မိသွားတယ်..။
ဒီလိုနေ့မျိုးကျမှ ကျမတို့ဝန်ထမ်းတွေကလည်း အရမ်းကိုအလုပ်များနေကြတာမို့ DAVE ကို ဘယ်သူကမှ
စကားကြာကြာပြောပြီး အဖော်မလုပ်ပေးနိုင်ခဲ့ကြတဲ့အတွက် DAVE အတွက် ပိုပြီးအထီးကျန်ခဲ့ရတယ်။
“သမီးတို့ တောင်းပန်ပါတယ်..ဒယ်ဒီ့ကိုပစ်ထားသလိုဖြစ်ခဲ့ရတယ်”..

DAVE မှ လက်ကာပြပြီး..“ ငါ နားလည်တယ်..သမီး၊ မင်းတို့အလုပ် မင်းတို့လုပ်နေတာပါ..”
“မင်းတို့မှာ ဘာအပြစ်မှ မရှိပါဘူး...ငါ့ ခံစားချက်နဲ့ ငါပါ..”..
“မေးခွင့်ရှိမယ်ဆိုရင်...မာမီ ဘယ်လိုဆုံးခဲ့တာလဲ..ဟင်”
“မင်းရဲ့ မာမီ နေမကောင်းဖြစ်နေတာ ကြာပြီ..၊ အဲဒါကြောင့် အင်္ဂလန်ကအိမ်မှာ ခန သွားနားတယ်..
တနေ့ ငါ့ဆီကို ဖုန်းဆက်လာတယ်၊ သူသေတော့မယ်တဲ့..၊သူ့ကိုအမြန်လာတွေ့ပါတဲ့”...
ကျမငြိမ်ပြီးနားထောင်နေလိုက်သည်
“ ငါ အင်္ဂလန်ကို ချက်ချင်းလိုက်သွားခဲ့တယ်..၊ အဲဒီညမှာပဲ ငါ့လက်ပေါ်မှာ သူဆုံးသွားခဲ့တယ်”...
“ဒီနေ့ဟာ သူဆုံးတာ (၂)လပြည့်တဲ့နေ့ပဲ...ပိုဆိုးတာက ငါ့ရဲ့ ဇနီး(၂)ယောက်လုံးဟာ
တိုက်တိုက်ဆိုင်ဆိုင်ပဲ JUN လ (၇)ရက်နေ့မှာ ဆုံးပါးသွားခဲ့ကြတာ”..
ကျမ စိတ်မကောင်းကြီးစွာဖြင့် DAVE ရဲ့လက်ကို ဆုပ်ကိုင်ရင်း အားပေးမိသည်။
“သမီး စိတ်မကောင်းပါဘူး ဒယ်ဒီ၊ မိဘမရှိတော့တဲ့ သမီးအဖို့တော့ ဒယ်ဒီဟာ သမီးရဲ့အဖေပါပဲ..”
“သမီးတင် မကပါဘူး...ဒီဆိုင်မှာ ရှိတဲ့ ဝန်ထမ်းတွေအားလုံးဟာ ဒယ်ဒီ့ရဲ့သားသမီးတွေပဲပေါ့”..
“ဒယ်ဒီ့ဘဝ အထီးမကျန်ပါဘူး”...
DAVE ကို ကျမ နှစ်သိပ်ပေးနေမိသည်။
အားတက်သွားသော အရိပ်တခု ကို DAVE ၏ မျက်နှာတွင်တွေ့လိုက်သည်။
“ဟုတ်တယ်...မင်းတို့ဟာ ငါ့ရဲ့သားသမီးတွေပဲ..မေတ္တာငတ်နေတဲ့ ငါ့အတွက် မင်းတို့ဆီက
မေတ္တာတွေကို ငါ ရနိုင်သေးတာပဲ”...“ဒီနေ့က စပြီး မင်းကို ငါ့ရဲ့သမီးအဖြစ် သတ်မှတ်လိုက်ပြီ”..
“မင်းတို့လည်း ဆိုင်သိမ်းတော့မယ်..ငါ ပြန်လိုက်အုံးမယ်”...

နှုတ်ဆက်ပြီး ထွက်သွားသော DAVEကို ကြည့်ရင်း ကျမတွေးနေမိသည်။
ပြီးပြည့်စုံတဲ့ လူဆိုတာ လောကမှာ မရှိခဲ့ပါဘူး...
တချို့က ဆင်းရဲတယ်..ဒါပေမယ့်် သူတို့ဘဝလေးနဲ့သူတို့မိသားစု ပျော်ရွှင်နေကြတယ်...
တချို့က ချမ်းသာတယ်...ဒါပေမယ့် မေတ္တာငတ်ကြတယ်..၊ ကျန်းမာရေးချို့တဲ့ကြတယ်...
ငွေရှိပေမယ့် မေတ္တာကို ဝယ်ယူလို့မရကြရှာဘူး...၊ ကျန်းမာရေးကို ငွေနဲ့ လဲလှည်လို့ မရကြရှာဘူး...။
“ငွေရှိရင် ဘာမဆိုဖြစ်တယ်”..တဲ့
ငွေနဲ့ ဝယ်ယူလို့ ရတဲ့ အရာတွေရှိသလို...ငွေနဲ့ဝယ်ယူလို့မရတဲ့ အရာတွေလည်း လောကမှာ အများကြီးပါပဲ..။

ကျမတွေ့ခဲ့ရတဲ့ DAVE ဆိုသူကတော့...
ငွေပုံပေါ်မှာ ကြီးပျင်းလာခဲ့ရပေမယ့် သူ့ဘဝ အထီးကျန်ဆန်တယ်...
သူ့ဘေးနားကလူတွေ တယောက်ပြီးတယောက် သူ့ကိုခွဲခွာသွားခဲ့ကြတယ်...
သူ့ဘေးနားမှာ ကျမတို့ဝန်ထမ်းတွေ ရှိနေသေးတယ်လို့ သူစိတ်သက်သာရာရအောင်
ကျမနှစ်သိမ့်ပေးလိုက်ရတာ...

အမှန်တကယ်မှာတော့...
နောက်နှစ်ဆိုရင် ကျမလည်း မြန်မာပြည်ကို အပြီးပြန်ပြီး ကျမလိုချင်တောင်းတတဲ့ “မိသာစုမေတ္တာ” ဆိုတဲ့
အိမ်ထောင်သည် ဘဝကို တည်ဆောက်တော့မှာမို့ ....
“ကျမကိုလည်း ခွင့်လွှတ်ပေးပါ..DAVE ရယ်”....

32 comments:

  1. အမရေ အမလိုချင်တောင့်တတဲ့ မိသားစုမေတ္တာကို တစ်သက်လုံးပိုင်ဆိုင်နိုင်ပါစေဗျာ။ ဒီလိုပါပဲအမရယ် လူဆိုတာ ရောက်ရာနေရာတိုင်းမှာ လူချစ်အောင် နေတတ်ရင် အထီးကျန်မဆန်ပါဘူးအမ

    ခင်မင်လျှက်
    ကိုကိုးအိမ်

    ReplyDelete
  2. အင်း ဖတ်ရတာ သနားစရာ
    လောကကြီးမှာ ပြည့်စုံတယ်ရယ်လို့ ဘယ်မှာမှ မရှိပါလားနော်
    ငွေကြေးချမ်းသာသူတွေက မေတ္တာ ငတ်မွတ်ကြတယ်.. ချစ်ခြင်းမေတ္တာပြည့်စုံပြန်တော့ ငွေကြေးရှားပါးကြပြန်ရော..
    ညီမလဲ ပျော်ရွှင်ချမ်းမြေ့သော မိသားစု ဘ၀ကို ရာသက်ပန်တည်ဆောက်နိုင်ပါစေနော်..

    ReplyDelete
  3. စိတ်မကောင်းပါဘူးဗျာ.. ဂျီးတော် မြန်မာပြည်ကို အပြီး ပြန်လာမယ်ဆိုတာတော့ ကြိုဆိုပါတယ်ဗျာ

    ReplyDelete
  4. အင်း.. ဒီလိုအခြေအနေမျိုးမှာ အသိတရာဝင်ပြီး ၀ိပဿနာကျင့်နိုင်၇င် ဘယ်လောက်ကောင်းမလဲ...

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  5. ညီမ ရေ

    သနားစရာနော် ဖတ်ပြီးတော့ စိတ်မကောင်းဖြစ်မိတယ်
    ညီမ တို့လို လူမျိုးတွေ နဲ့ တွေ့တော့ တော်သေးတာပေါ့

    ညီမ လည်း အပျိုကြီးဘဝက စွန့်လွှတ်တော့မယ်ပေါ့

    ပျော်ရွှင်ပါစေ
    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  6. မေတ္တာတွေ ....
    ထုံမွှမ်းတတ်တဲ့ လူ့လောက
    ဘ၀က ပီပြင်တာတွေ...
    ရုပ်လုံးမကြွတာတွေ...
    ပါးပါးလေးနဲ့ ပုတ်ပုတ်ထုတ်သွားတဲ့ ဖြစ်စဉ်တွေ ..
    ရလဒ်တွေကိုက စုန်ချီဆန်ချီလွန့်လူးနေတဲ့အဖြစ် ..
    တဒင်္ဂရဲ့ ဘ၀အိပ်မက်တွေကိုပဲ တည်ဆောက်
    အခြေအနေတွေရှုပ်စေတဲ့ ပုထုဇဉ်ဘ၀ကို
    အခါခါသံပြိုင်ဟစ်ကြွေးရင်း
    မိသားစုမေတ္တာကို လူသားအားလုံး ထာဝရပိုင်ဆိုင် ငြိမ်းချမ်းပါစေသား ...။

    idulize(အရုပ်ကလေး)

    ReplyDelete
  7. လောကကိုက ဒီလို ဖန်တီးထားတာပဲ။
    ဒါမှလည်း ဘဝဆိုတာ ရှင်သန် ရုန်းကန်ရတာ တန်ဖိုး ရှိသလို ဖြစ်လာတာပေါ့လေ။

    ပျော်ရွှင်စရာကောင်းသော မိသားစုလေး ဖြစ်ပါစေ။

    ReplyDelete
  8. အော် DAVE အဖြစ်ကလည်းသနားစရာပါ
    လားဗျာ သူ့ ဘ၀ငွေရှိပြီးမပျော်နိုင်တဲ့ဘ၀ပါ
    ဘဲဗျာ ဇနီး2ယောက်လုံးဆုံးတာ ရက်တူနေတာ
    ရော သူ့ သားကိုပါဆုံးရှုံးသွားရတာရောကတော့
    တော်တော်အံ့သြမိပါရဲ့ ဗျာ သူအဖြစ်ကအဲ
    လောက်တောင်မှဘဲဆိုးရသလားဗျာ . . . အဲ
    အောက်နားကကြော်ငြာကိုတော့ အားပေးတယ်
    ဗျာ မင်္ဂလာဆောင်ကျဖိတ်အုံနော့်  :)

    ReplyDelete
  9. နောက်နှစ်တကယ့်ပြန်လာမှာပေါ့နော်...မိုးစက်ကများ ကြည့်စမ်း မင်္ဂလာဆောင်ဖိတ်ခိုင်းနေသေးတယ်...
    နေပေ့စေ...သူ့ကိုသတိုးသားအရံလုပ်ခိုင်းမယ်..ဟွန်းးး


    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  10. မနမ်းရေ..ဒီလိုပါပဲ
    လူ့ဘ၀ဆိုတာကတော့..ပြီးပြည့်စုံတယ်ရယ်လို့
    မရှိပါဘူး။တစ်ခုခုတော့..
    လိုအပ်နေကြတာချည်းပါပဲ။
    အမလည်း..ပြီးပြည့်စုံသော..မိသားစုဘ၀ကို
    အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေ။နှော်

    ခင်မင်စွာဖြင့်
    ခိုင်နုငယ်

    ReplyDelete
  11. ပုထုဇဉ်တိုင်းဟာ အထီးကျန်ခြင်းကို တခဏလေးတောင် မခံစားချင်ကြပါဘူး။ ဒါပေမဲ့ လောကနိယာမကိုတော့ လွန်ဆန်လို့မှမရနိုင်ဘဲလေ။ ဒါကြောင့် မမနတ်သမီးလေးလည်း နွေးထွေးတဲ့ မိသားစုလေးကို ထာဝရပိုင်ဆိုင်နိုင်ပါစေရှင်...

    ReplyDelete
  12. လောကမှမေတ္တာငတ်နေတဲ့ လူတွေ အများကြီးပါလားဗျာ
    ကျွန်တော်တို့ ကိုယ့်အတွက် ကိုယ့်ဘ၀အတွက်နဲ့ ဘဲ
    မေတ္တာငတ်နေတဲ့ သူတွေကိုလျစ်လျူရှူမိသလိုတွေများနေပြီထင်ပါတယ်ဗျာ

    ReplyDelete
  13. အမဖြူရယ်...
    DAVE ဘဝကလဲသနားပါတယ်နော်
    အထီးကျန်လိုက်တာနော်..
    အမဖြူလည်းအမြဲတမ်းပျော်ရွှင်နွေးထွေးတဲ့
    မိသားစုဘဝလေးတည်ဆောက်နိုင်ပါစေလို့

    ခင်တဲ့ညီမ...blackroze

    ReplyDelete
  14. ဘ၀မှာ ခွဲခွာခြင်းဆိုတာ လူတိုင်း မလွဲမသွေကြုံကြရမှာပါဘဲ.. ကြုံကြိုက်တဲ့ ခဏတာမှာ တစ်ယောက်နဲ့တစ်ယောက် ကိုယ်ချင်းစာ၊ ငဲ့ညှာစိတ်တွေနဲ့ ဖေးမ ကူကြရင်း စိတ်ထိခိုက်နေသူအဖို့တော့ သက်သာရာရကြပါတယ်..
    ပျော်ရွှင်ချမ်းမြေ့သာယာသော အနာဂတ်တစ်စုံကို တည်ဆောင်နိုင်ပါစေ။

    ReplyDelete
  15. မျက်စိလည်လာတဲ့ တေလေလေးပါ
    စာတွေ တော်တော်များများကို
    စားသုံးသွားပါတယ်..
    စာပေမွန်တွေမို့ လင့်ယူသွားပါတယ်
    ကျေးဇူးပါ...

    ReplyDelete
  16. ဝက်ဝံလေးAugust 11, 2010 at 5:34 PM

    မမ ရေ စာကြွေးတွေ လာရှင်းသွားတယ်နော်
    တကယ်အားနာပါတယ် မမ ရေ ဆော်ရီးပါနော်
    မမ က ခွင့်လွှတ်လိုက်ပေါ့နော့် ဟိ

    ReplyDelete
  17. ဟုတ်တော့ဟုတ်တယ်ဗျ ဒါပေမယ့် ဂျီးတော်ထင်သလို မဟုတ်ပါဘူး ရိုးသားပါတယ်

    ReplyDelete
  18. Congratulation ပါ မမ

    မသီ၇ိ

    ReplyDelete
  19. စာအရေးအသားကောင်းတဲ့ မမနတ်သမီးကိုအားကျလိုက်တာ။ အရေးကောင်းဆို ခံစားချက်စိတ်ရင်းသဘောထားကလည်းပြည့်စုံတာကိုး။ တကယ်ကို ချစ်ခင်တွယ်တာစရာ အစ်မတစ်ယောက်အဖြစ် အွန်စော အားကျမိတာပါ။

    ReplyDelete
  20. ဟွန် တူ့ဘ၀က တနားစရာပဲ။ ကျွန်တော်တို့ နတ်သမီး ကြော်ငြာ ထိုးသလို မြန်မြန်ဖြစ်ပါစေ။ နွေးထွေးသော မိသားစု ဘ၀လေး နဲ့ ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပါစေ။
    အူလည်လည်နဲ့ မိုးယံ

    ReplyDelete
  21. ဒီလိုပဲ ညီမ နတ်သမီးရေ...အစစ ပြည့်စုံနေရင် ဘဝမှာ တခုခု မှားနေပြီပဲ...တခုမဟုတ် တခုတော့ ကြေကွဲစရာ၊ လိုအပ်တာ ရှိမြဲပါလေ...

    ReplyDelete
  22. နတ်သာမီးရေ့.....

    ဒီလိုပါပဲ.....။
    အားလုံးလိုအပ်ချက်တစ်ခုခုတော့ ကိုယ်စီရှိကြစမြဲပဲလို့ ကိုဏီတော့ ထင်မိပါရဲ့ဗျာ......။
    (တချို့ဆို တစ်ခုထက်မက လိုနေကြတတ်ပါသေးတယ်.......)

    ခင်မင်ခြင်းအားဖြင့်.....
    ဏီလင်းညို

    ReplyDelete
  23. ဖတ်ရတာ စိတ်မကောင်းစရာပဲ။ ဒါပေမယ့်လည်းလေ....လူတိုင်းလူတိုင်း ဘ၀မှာပြီးပြည့်စုံတယ်ရယ်လို့မှ မရှိတာ။ သူ့ဟာနဲ့သူ လိုအပ်ချက်တွေ ကွက်လပ်တွေက ရှိနေကြတာပါပဲ။

    ဂျင်း

    ReplyDelete
  24. မနမ်းရေ ဒီလကုန် 31 ရက် 8လပိုင်းမှာ ကိုးရဲ့ 21နှစ်ပြည့်မွေးနေ့ရှိတယ်။ လာခဲ့ဦးနော်။ အဟီး လက်ဆောင်လေးလည်းမေ့နဲ့နော်...

    ခင်မင်လျှက်
    ကိုကိုးအိမ်

    ReplyDelete
  25. ကိုကိုးအိမ် said...
    မနမ်းရေ ဒီလကုန် 31 ရက် 8လပိုင်းမှာ ကိုးရဲ့ 21နှစ်ပြည့်မွေးနေ့ရှိတယ်။ လာခဲ့ဦးနော်။ အဟီး လက်ဆောင်လေးလည်းမေ့နဲ့နော်...

    ခင်မင်လျှက်
    ကိုကိုးအိမ်
    ................
    လာမှာပေါ့..ကိုကိုးရဲ့...
    မွေးနေ့ပွဲလေးလည်း လုပ်ပေးမယ်နော်...

    ReplyDelete
  26. မင်္ဂလာပါ နတ်သမီးရေ ရောက်လာပါတယ် 2.9.2010 မှာ ၃၉ နှစ်တိတိပြည့်တော့မယ် ။ ဒါပေမယ့် ယောင်္ကျား တွေရဲ့ဘ၀က အသက် ၄၀ မှစတာနော် ....... :)

    ReplyDelete
  27. ဇာနည်မောင် said...
    မင်္ဂလာပါ နတ်သမီးရေ ရောက်လာပါတယ် 2.9.2010 မှာ ၃၉ နှစ်တိတိပြည့်တော့မယ် ။ ဒါပေမယ့် ယောင်္ကျား တွေရဲ့ဘ၀က အသက် ၄၀ မှစတာနော် ....... :)
    ...............................................
    အံမယ်...
    အထွန့်က တက်သွားသေးတယ်...
    ယောက်ျားတွေ အသက်(၄၀)ကျော်မှ ဘဝစတာ မစတာတော့မသိဘူး..။

    လောလောဆယ်..
    အသက်(၃၉)နှစ် တိတိပြည့်တဲ့ ကိုဇာနည်ကတော့ နည်းနည်းစကားပိုများလာသလားလို့..
း)..း)
    အဟတ်..

    ReplyDelete
  28. မနမ်းရေ ပွဲလေးလုပ်ပေးမယ်ဆိုလို့ကျေးဇူးနော်။
    ကိုးရဲ့ မြန်မာလိုမွေးလမွေးရက်က တော်သလင်းလ္ဆန်း 1 ရက်ပါဗျာ။ ကိုးလည်း ဟိုရှာ ဒီရှာလုပ်ပြီး ကျွေးမွေး လုပ်ဖို့အစီအစဉ်ရှိတယ်ခင်ဗျ။ နောက်ပြီး မနမ်းလိုအစီအစဉ်လေးလည်း ရှိတယ်။ အဟဲ အဲဒါတော့ကြိုပြောဘူးနော်။


    ခင်မင်လျှက်
    ကိုကိုးအိမ်

    ReplyDelete
  29. ငါ့အစ်မ လိုချင်တဲ့ဘဝလေးပိုင်ဆိုင်ပါစေ
း)

    ReplyDelete
  30. မေတ္တာငတ်နေသူကို မေတ္တာပေးလိုက်တာဟာလဲ ကုသိုလ်တစ်မျိုးပါဘဲ။ သူ့ဘ၀က ပစ္စည်းဥစ္စာပြည့်စုံပေမဲ့ စိတ်ချမ်းသာမှုနှင့်မိသားစု သိုက်သိုက်ဝန်းဝန်း နေရကံ မပါဘူးထင်တယ်။ သတ္တ၀ါတစ်ခု ကံတစ်ခုပေါ့လေ။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  31. ရတာမလို လိုတာမရဆိုတာ သိပ်မှန်တယ်နော်...
    သူကြတော့လည်း မိသားစုမေတ္တာမရလို့...။ ကိုယ်တွေ
    ကြတော့လည်း..ကိုယ့်မိသားစုနဲ့ ခွဲပြီး ငွေနောက်လိုက်
    နေရတယ်...အင်း...။

    ReplyDelete
  32.ီDAVE အကြောင်းလေးဖတ်ရတာ မျက်ရည်ဝဲမိတယ်။
    သူကနောက်ထပ်အိမ်ထောင်ပြုလို့ရသေးတာပဲ၊ နတ်သမီးအကြံပေးလိုက်ပါအုံး။

    ဒါနဲ့ အပေါ်က ကိုတိုးကဘယ်သူ့ပြောတာလဲဟင် ...
    နတ်သမီးအိမ်မှာပြောတာဆိုတော့ ဘယ် မနမ်းလဲး)))

    ReplyDelete

Name/Url မှာ မိမိတို့ရဲ့ အမည်ကို ထည့်ပြီး Url မထည့်ပဲ Comment ပေးခြင်းအားဖြင့် Malware ရန်မှကင်းရှင်းနိုင်ပါသည်။