Pages

Tuesday, August 17, 2010

ကျမ အခန်းထဲက မိန်းမဝိဥာဉ်



“Nan!...Nan!...”
အလုပ်မှပြန်လာပြီး ရေချိုးခန်းထဲတွင် ကိုယ်လက်သန့်စင်နေသော ကျမ၏ အမည်ကို ကျမ၏ ဘေးခန်းတွင်နေသူ
တရုတ်မလေး Ivy မှ လှမ်းခေါ်နေခြင်းဖြစ်သည်။
“ I am hear ”
ရေချိုးခန်းထဲတွင် ကျမရှိနေကြောင်း အသံပေးရင်း ရေချိုးခန်းထဲမှ ကျမ ထွက်လာခဲ့သည်။
“What's matter? ”
ကျမပြန်မေးလိုက်သည်။
“ Nothing....” ဟု သူမပြန်ဖြေပြီး ကျမကိုတလှည့် ကျမ၏ အခန်းထဲကိုတလှည့်ကြည့်ရင်း ...
“Good night...Nan ! Take care...”
ဟုဆိုကာ သူမလှည့်ထွက်သွားပြီး သူမအခန်းထဲသို့ ဝင်သွားတော့သည်။
သူမဘာကိုပြောချင်တာလဲ....အတွေး
စလေးကိုဖျောက်ပြီး ကျမလည်း အိပ်ယာဝင်ခဲ့လိုက်တော့သည်။
..................................................
“Good Morning..Nan!”
ကျမ အိပ်ယာနိုး၍ မျက်နှာသစ်ရန်အခန်းပြင်သို့ ထွက်လိုက်စဉ် ဘေးခန်းမှ Ivy က လှမ်းနှုတ်ဆက်သဖြင့်
ကျမပြန်နှုတ်ဆက်လိုက်သည်။
“Good Morning...Ivy!”

“Nan...Are you O.K?”
ဟော...လုပ်ပြန်ပြီ၊ ညကလည်း “Good Night...Nan, Take care”...တဲ့
အခုလည်း “Are you O.K?”..တဲ့
သူ့စကားက ဟုတ်ကိုမဟုတ်တော့တာ...
“What wrong with you..Ivy?”
သူ..ကျမကို လက်ကာပြပြီး မျက်နှာသစ်ရန်ပြောသည်။


ကျမ မျက်နှာသစ်ပြီးချိန်မှာတော့... ကျမတို့နေသော မိန်းခလေးအဆောင်၏ ဧည့်ခန်းထဲတွင်
ကောင်ဖီ(၂)ခွက်နှင့် Ivy ကိုတွေ့ရ၍ သူမ၏ရှေ့တွင် ဝင်ထိုင်ရင်း “ကဲ..ပြောပါအုံး”..
ဟူသည့် အကြည့်မျိုးဖြင့် သူ့ကိုကြည့်လိုက်တော့ သူဖျော်ထားသည့် ကော်ဖီတခွက်ကို
ကျမရှေ့သို့ တွန်းပို့ရင်း...........
“ နမ်း...ညက အိပ်လို့ပျော်ရဲ့လား..”
“ပျော်ပါတယ်..ဘာဖြစ်လို့လဲ Ivy ရဲ့”..
“ညက နမ်းရဲ့အခန်းထဲမှာ သူငယ်ချင်း တယောက်ယောက်များ ရောက်နေသလားလို့”..
“ရှင်...နမ်းရဲ့အခန်းထဲကို ဘယ်သူမှ မလာပါဘူး..ဘာဖြစ်လို့လဲ”...
“နမ်းရဲ့အခန်းထဲကို ညက ဘယ်ဧည့်သည်မှ မလာတာသေခြာရဲ့လား”
“သေခြာပါတယ်..”
“ညက ကိုယ်တို့ အလုပ်က ပြန်လာတော့ နမ်းရဲ့အခန်းထဲကို ကိုယ်ကြည့်မိလိုက်တယ်..
အခန်းထဲမှာ အမျိုးသမီးတယောက် အင်္ကျီအဖြူရောင်နဲ့.မတ်တပ်ရပ်နေတာ တွေ့လိုက်ရပြီး
နောက်တခါ ပြန်ကြည့်လိုက်တော့ မရှိတော့ဘူး..၊ နမ်းကို ခေါ်ကြည့်တော့ နမ်းက ရေချိုးခန်းထဲက ထွက်လာတယ်လေ..
ညကတည်းက ကိုယ်ပြောမလို့ပဲ..နမ်း ကြောက်မှာဆိုးလို့ မပြောတာ..”


ကျမတကိုယ်လုံး ကြက်သီးမွှေးများထောင်လာခဲ့သည်။ “အာ...Ivy နော်...ကျမကို အဲဒီလိုတော့ မစနဲ့ကွာ..”
“မစဘူး..နမ်း..၊ ကိုယ်လည်း ညက အိပ်မပျော်ခဲ့ဘူး”
ကျမ၏ ကြောက်စိတ်များ ငယ်ထိပ်သို့ရောက်သွားခဲ့လေပြီ။

Ivy ၏ ပြောပြချက်အရ ညက ကျမ၏ အခန်းထဲတွင် ဝတ်ဖြူစင်ကျယ်နှင့် အမျိုးသမီးတယောက်ကို
တွေ့လိုက်ရကြောင်း၊ Ivy ၏ စိတ်ထဲတွင် ကျမ၏ သူငယ်ချင်း တယောက် ကျမထံသို့ လာလည်သည်ဟု ထင်မိကြောင်း၊
ကျမ၏ အခန်းထဲသို့ ထပ်ကြည့်လိုက်ချိန်တွင် ထိုအမျိုးသမီးမှာ မရှိတော့၍ နာနာဘာဝ
အမျိုးသမီးတဦး၏ ဝိဥာဉ်သာဖြစ်မည်ဟု ယူဆ၍ ကျမကိုစိတ်ပူပြီး သူမပါ အိပ်မရခဲ့ကြောင်း ပြောပြခဲ့သည်။
စားသောက်ဆိုင်မှာ အလုပ်လုပ်ရသည့် ကျမ၏ အိမ်ပြန်ချိန်မှာ အလွန်နောက်ကျသည့်အတွက် မကျွတ်၊
မလွတ်သော ဝိဥာဉ်တခု ကျမနောက်သို့ ကပ်ပါလာပြီး ၊အခန်းထဲသို့ ရောက်တွင် ကိုးကွယ်ထားသော
ဘုရားဆင်းတုတော်ရှိနေသည့်အတွက် ကြာကြာနေ၍ မရခြင်းကြောင့် ပြန်ထွက်သွားသည်လည်း ဖြစ်နိုင်သည်ဟု
သူငယ်ချင်းများက ဝေဖန်ကြသည်။

အဲဒီညက “စ”၍ ကျမလည်း အခန်းထဲတွင်မအိပ်ရဲတော့သဖြင့် သူငယ်ချင်းတယောက်၏ အိမ်သို့ သွားအိပ်ခဲ့ရသည်။
နောက်နေ့များတွင်တော့ နေ့စဉ်ရက်စက် သူများ၏ အိမ်တွင် အိပ်၍ အဆင်မပြေနိုင်သောကြောင့် ကြောက်စိတ်ကို
ဖြောက်ပြီး အခန်းမီးထွန်းကာ မျက်စိကို စွတ်မှိတ် အိပ်ရင်း တပတ်အကြာတွင် ကျမ၏ ကြောက်စိတ်များ သူ့အလိုလို
ပျောက်သွားပါတော့သည်။

အမှန်မှာတော့ Ivy တွေ့ကြုံခဲ့သည့် အဖြစ်အပျက်အတိုင်း ကျမကိုယ်တိုင် တွေ့ကြုံခဲ့ရပြီးသည့်နောက်တွင်တော့
ကျမ၏ ကြောက်စိတ်များမှာ သူ့အလိုလို ပျောက်ပျက်သွားခဲ့ရသည်။
အကြောင်းမှာမူ...
၁၀ပေပတ်လည်သာရှိသော ကျမ၏ အခန်းထဲတွင် ထားရှိသော မှန်တင်ခုံမှာ အခန်းထဲသို့ဝင်သော ဝင်ပေါက်နှင့်
မျက်နှာချင်းဆိုင် အနေအထားတွင်ရှိနေခြင်းကြောင့် အခန်းအပြင်မှ ဖြတ်ခနဲ ကြည့်လိုက်စဉ်တွင် မှန်မှထင်ဟပ်သော မိမိ၏ အရိပ်ကို တစုံတယောက်၏ အရိပ်ဟု မျက်စိမှား ထင်မှတ်မိခြင်းပင်ဖြစ်ပါကြောင်း...................။
(ထိုနေ့က Ivy မှာ ညအိပ်အင်္ကျီ အဖြူရောင် ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ထားခဲ့ခြင်းကို သူမ မေ့လျှော့နေခဲ့ခြင်းပင်ဖြစ်သည်)

33 comments:

  1. တကယ်လားလို့၊ တကယ်ရှိနေရင် ဘယ်လို
    လုပ်မလဲ ...း)

    ReplyDelete
  2. မပြောနဲ့...
    ကြောက်တယ်..
    အခန်းထဲမှာတော့ ရှိပါဘူး...
    ဟိုဘက်အဆောင်မှာ တကယ်ရှိတယ်...
    တံခါးကို လာကိုဆွဲလှုပ်တာ....
    အမျှလိုချင်လို့ထင်တာပဲ...
    နောက်မှပြောပြမယ်...

    ReplyDelete
  3. အော် ဂျီးတော်က သရဲဝတ္တုလည်း ရေးတတ်သားပဲ ...

    ReplyDelete
  4. ဝက်ဝံလေးAugust 17, 2010 at 4:39 PM

    ဟားဟားးးးး
    တကယ်မှတ်လို့ ကြက်သီးထသွားတယ် မ ရယ် ဟိ

    ReplyDelete
  5. အမြန်ပြေးလာပါတယ် တကယ်လားလို့

    ပြန်ပြီဗျို့

    ရွှေစင်ဦး

    ReplyDelete
  6. နတ်သမီး လည်းသရဲကြောက်တာပဲလား..း)

    ReplyDelete
  7. အမယ်ရေးတော်.... တရဲဆို ဒီကလဲကြောက်သတော့.... အီးးး

    ReplyDelete
  8. အဲဒီအခန်းမှာတကယ်ရှိတာဗျ။ ဟိုးအရင်တစ်ယောက်တုန်းကတော့ အရပ်7ပေ လောက်မြင့်ပြီး လျှာထုတ်ပြတာ ကြမ်းပြင်ထိနေတာတွေ့ပြီး ဆေးရုံပို့ပြီး တစ်ပတ်လောက်ကုခဲ့ရဘူးတယ်။ သိပ်မကြောက်ပါနဲ့ ပရိတ်လေး၊ပဌါန်းလေးရွတ်ပေါ့။
    တကယ့်ကိုသိနေသူ။

    ReplyDelete
  9. မနမ်းရာ အလန့်တကြားရှိလိုက်တာဗျာ။ တကယ်မှတ်လို့ ။ တကယ်လည်းရှိနိုင်တာပဲနော့ အဆောင်ဆိုတာ။ အဟဲ အဲတော့လည်းအိပ်ရတာ အဖော်ရှိတာပေါ့နော့။ သိပ်တော့လည်းမကြောက်ပါနဲ့ ဗျာ။ ၀ိဥာဉ်မမနဲ့ တူတူနေရလည်း တစ်နှစ်ပေါ့။ နောက်နှစ်ကျရင် အပျော်ဆုံးဘ၀ကိုပိုင်ဆိုင်ရတော့ မှာပဲနော့။ အဟဲ နောက်တာနော်အမ။ စိတ်ဆိုးကောင်းဘူး။...

    ခင်မင်လျှက်
    ကိုကိုးအိမ်

    ReplyDelete
  10. ဟင်..သူက သူ့အရိပ်တောင် သူမသိဘူးလား..။
    ပြောတော့ပါဘူး
    တော်ကြာ မမကြောက်နေပါ့မယ်..။
    ပရိတ်ကြီး ၁၁သုတ် ဖွင့်ပြီး အိပ်လေ မမရဲ့..။
    ခင်မင်စွာဖြင့်။

    ReplyDelete
  11. အလို.. လူဇိုး... ဒီကရင်ထိတ်သွားတယ်.. အဟိ.... ဒါနဲ့ အမက ရှမ်းလား... နန်းဆိုလို့...


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  12. ဂယ်မှတ်လို့ ဖတ်နေတာ။ ရင်သိမ့်တုန်းလေးတောင် နှမြောတယ်။

    ဟိုတစ်ယောက်လဲ မတ်လုံးမကောင်းတော့ဝူး ဖြစ်မယ်။

    ReplyDelete
  13. စိတ်က ခြောက်ရင်ပိုပြီးကြောက်တယ်
    ကိုယ့်စိတ်ကို မကြောက်စေနဲ့...
    အပေါ်မှာ တကယ်ခြောက်ပြီထင်ပြီးဖတ်လာတာ
    အောက်ရောက်မှ တော်သေးဆိုပြီး သက်ပြင်းချမိတယ်..း)

    ReplyDelete
  14. သူ့အရိပ်သူတော့ မဖြစ်နိုင်ဘူး။ တကယ် ရှိတာပဲ ဖြစ်မှာပါ။ သူတို့က အမျှ လိုချင်လို့လား ၊ ဂုတ်ချိုးချင်လို့လားပဲ။ ဟိဟိ...ကြပ်သွား၏။
    လစ်မှ....

    ReplyDelete
  15. ကြောက်တာ ဖတ်ရတာ။တစ်ကယ်မဟုတ်လို့တော်သေးတယ် မနမ်းရဲ့..
    ဆွေလေးလဲ ကြောက်တယ်..တစ်ယောက်ထဲနေရတာ ..အဖော်မရှိဘူး..ပြီးတော့ အိမ်လိုမျိုးဆိုတော့လေ..
    ပြီးတော့ ဒီဟောင်ကောင်မှာ အိမ်ပေါက်ဝင်္တေမှာ စင်လေးတွေနဲ့ လုပ်ထားကြတော့လေ။ဘာပဲပြောပြော တစ်ယောက်ထဲဆိုတော့ အားတင်းရမှာပဲ။

    ReplyDelete
  16. တော်ပါသေးရဲ့အမရယ်..
    တကယ်သာဆိုရင်တော့
    အမလေး...ကြောက်စရာကြီးဘဲနော်..

    ReplyDelete
  17. နတ်သမီးလည်း ဇာတ်လမ်းကို မြန်မာသရဲကားလိုသိမ်းတတ်သားပဲ...ဟဲ...ဟဲ
    မကြောက်နဲ့နော်...နတ်သမီးပဲ သရဲမခြောက်ပါဘူး..။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  18. မနမ်းရေ..ညဘက်အိပ်ရင်
    မေတ္တာလေးပို့ပြီးမှအိပ်ပါနှော်။
    အရိပ်မဟုတ်ပဲ တကယ်များလား။
    သရဲက နတ်သမီးဆိုပြီးလာကြည့်တာဖစ်မယ်။း)

    ခင်မင်စွာဖြင့်
    ခိုင်နုငယ်

    ReplyDelete
  19. ဟုတ်ပါ့..ဖတ်ရင်းနဲ့တကယ်လားလို့အောက်ရောက်
    တော့မှ ဟင်းးးးးးးးးးးဆိုပြီးသက်ပြင်းချရတော့တယ်..
    စိတ်သာအဓိကပဲနော်...

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  20. ဦးဇော်မှာ သရဲနိုင်ဆေးရှိတယ်ဗျို့ :)

    ခင်မင်စွာဖြင့်
    ကိုရီး{ကိုကြီး}

    ReplyDelete
  21. သရဲ .................................

    ကြောက်တယ် ... ကြောက်တယ် .........

    အဟတ် ... ကျွန်တော်အရင်နေခဲ့တဲ့ အိမ်ကဆို
    အိမ်ရှေ့ဧည့်ခန်းမှာ ဗီယက်နမ်မ နှစ်ယောက် ပန်ကာမှာ ဆွဲကြိုးချ သေသွားတာလေ .. အဲဒီအောက်မှာ နေတိုင်း ကဗျာရေးတယ် ... ပိုတောင် အသက်ဝင်သေးတယ် ...

    ReplyDelete
  22. နတ်သမီးကိုတွေ့လို့ .....
    ခြောက်သည့်သရဲ မှောက်လျက်ကိုလဲ...
    နှောက်ယှက်ဖို့လွဲ.....။

    idulize(အရုပ်ကလေး)

    ReplyDelete
  23. မှင်စာတစ်ယောက်က ..သရဲအကြောင်းမေးနေလို့ 
    စိတ်ထင်တာဖြစ်မှာပါလို့ ပြောပြီး ...ဒီဆိုက်လေးကို
    ညွှန်းလိုက်တယ် ....:)

    ReplyDelete
  24. သူငယ်ချင်းရေ
    ကျနော်လည်းပြောခဲ့ဖူးပါတယ်နော်
    ညအမှောင်က လူကိုလှည်းစားတတ်ပါလားနော်………….
    ဘာပဲဖြစ်ဖြစ်
    စိတ်သာအဓိကပဲလို့ပဲပြောလို့ရမယ်

    ခင်မင်စွာဖြင့်
    ညအလင်္ကာ

    ReplyDelete
  25. နတ်သမီးစောင့်ရှောက်တော့ ပိုတောင် ကောင်းသေးတယ်လို့ မှတ်လိုက်နော်

    ReplyDelete
  26. ကျွန်တော်လည်း သရဲကြောက်တတ်တယ်ဗျ
    ဒါကြောင့် ခေါင်းစဉ်တွေ့တာနဲ့ ကြောက်လို့ တော်တော်နဲ့ လာမဖတ်ရဲဘူးး)
    နောက်တာပါဗျာ
    အလုပ်များနေလို့ ခုမှဘဲရောက်ဖြစ်တော့တယ်..
    တကယ်မှတ်လို့ ဖတ်လာတာအောက်ဆုံးရောက်တော့မှ ပြုံးလိုက်မိတယ်...
    ဘာဘဲဖြစ်ဖြစ် မခြောက်တာ တော်သေးတာပေါ့

    ReplyDelete
  27. ကိုကိုကျောက်မြန်မြန်နေပြန်ကောင်းဖို့ဝိုင်းဆုတောင်းပေး နေကြတော့ ခဏကြာ ဘလော့ရွာကိုပြန်လာရင် ဆေး တောင်းပေးမယ်

    သူ့မှာ တရဲနိုင်ဆေးရှိတယ်
    ဖတ်ရင်း ကြက်သီးထတယ်း)

    မောင်ဘကြိုင်

    ReplyDelete
  28. နတ်သမီးရေ ဒီမှာကတော့ ၁၉၉၅ ခုနှစ် နှစ်လယ် လောက်က မှင်စာလိုလို သရဲလိုလို အကောင်သေး သေးလေးတကောင်ကို တကယ်ပဲ ထိုင်း-မြန်မာ နယ်စပ် မှာမြင်ခဲ့ဘူးတယ်နော် ...... :)

    ReplyDelete
  29. တွေ့တော့လဲ ရယ်ပြလိုက်၊ သူ့အကြောင်းတွေ အကုန်ထိုင်မေးလိုက်လေ.ဇတ်လမ်းတောင်ရသေးတယ်:P

    ReplyDelete
  30. မမအဖြူရောင်လေးရေ...
    ဖတ်ရင်း ဖတ်ရင်းနဲ့ ကြက်သီးမွေးတွေထလာတယ် ...
    နှင်းက သရဲအရမ်းကြောက်တတ်တာ ..
    အခု စင်္ကာပူမှာက တစ္ဆေကြီးပွဲတော်ချိန်ကြီးဆိုတော့ ညဘက် အိမ်ပြန်နောက်ကျရင် ဓါတ်လှေခါးထဲကို တစ်ယောက်ထဲမ၀င်ရဲဘူး ဖြစ်နေတာ အခု ဒီပို့စ်ကို ဖတ်ပြီး တစ်ကယ်မဟုတ်ပဲနဲ့ကို ပိုကြောက်သွားတယ် ...
    နှင်း

    ReplyDelete
  31. အော် ဖြစ်ရမယ်.. လူစစ်စစ်ကနေ ၀ိဥာဉ်ဖြစ်သွားသကိုးး
    အဟီးး သရဲဆိုလည်း ကြောက်ပါဘူး။ မတွေ့ဖူးသေးလို့....း)))

    ReplyDelete
  32. မမ ကျွန်တော်က မမစာကို အခုမှဖက်ရတာပါ။ မမ အရမ်းတော်တယ်။ တစ်ကယ်ထင်ပြီး အရမ်းကို ကြောက်သွားတာ။ မမ ရဲ့ စာဖက်ပရိတ်သစ်ပါ။ ကောင်းသော နှစ်သစ် ဖြစ်ပါစေ လို့ ဆုတောင်းပေးပါတယ်။

    ReplyDelete

Name/Url မှာ မိမိတို့ရဲ့ အမည်ကို ထည့်ပြီး Url မထည့်ပဲ Comment ပေးခြင်းအားဖြင့် Malware ရန်မှကင်းရှင်းနိုင်ပါသည်။