Pages

Monday, August 16, 2010

“ M ” Name Day


August, 15 ရက်နေ့သည် ဆိုက်ပရပ်စ်နိုင်ငံ၏ Holiday နေ့များထဲတွင် တရက်အပါအဝင်ဖြစ်သည့်
ဘုရားရှင်၏ မိခင်“ မာသာ မေရီ” နေ့ဖြစ်သည်။
ဤနေ့တွင် ဆိုက်ပရပ်စ်နိုင်ငံသားများသည် ဆွေမျိုးများ၏ အိမ်သို့သွားရောက်လည်ပတ်၍
အသားကင်များလုပ်စားခြင်း၊ ပန်းခြံများတွင် မိသားစုလိုက် ပျော်ပွဲစားထွက်ခြင်း၊ မိမိတို့၏
ရင်းနှီးသောမိတ်ဆွေများကို ဖိတ်၍ အိမ်တွင်သော်၎င်း၊ စားသောက်ဆိုင်များတွင်သော်၎င်း၊
နေ့လည်စာ(သို့)ညစာစားသော အလေ့အကျင့်များကို ပြုလုပ်လေ့ရှိကြသည်။
ယနေ့ ကျမအလုပ်လုပ်သော စားသောက်ဆိုင်တွင် လာရောက်စားသုံးကြသော
ဒေသခံလူများထဲတွင် “M ”နှင့်“စ”သော အမည်ပိုင်ရှင် အများအပြားကိုတွေ့ရှိရသည်။
ထိုနေ့ကို “M ” Name Day ဟု လည်း ခေါ်ဆိုကြောင်းသိရှိရပါသည်။

8 comments:

  1. မနမ်းရေ ကျွန်တော်ဒီတစ်ရက်လောက် ဆိုက်ပရပ်စ်ကို လာလည်နိုင်ရင်ကောင်းမှာပဲဗျာ။ အဟဲ အသားကင်တွေ လိုက်စားရအောင်လို့လေ။ နောက်ပြီး အမ်နိမ်းဒေးဆိုရင် ကိုးလည်း အမ်ပါတာပဲ။အဟီး ဒါဆိုဒီနေ့က ကိုးနဲ့လည်းဆိုင်တဲ့နေ့ပေါ့နော်။..။
    ခင်မင်လျှက်

    ကိုကိုးအိမ်

    ReplyDelete
  2. ဗဟုသုတရစေတယ်မနတ်သမီးရေ..။
    အဲဒီနေ့မှာ အသားကင်တွေဘယ်လောက်
    စားလိုက်လဲပြောအုံးနော်...

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  3. အင်း .. ဂျီးတော်ရေ .. ပျော်စရာကြီးနေမှာနော် .. စကားမစပ် ကျနော့်ဘလော့ဂ်က ဂျီးတော်ဆီမှာ update မဖြစ်ဘူး co.cc မဟုတ်တော့ဘူးလေ blogspot ပြန်ဖြစ်သွားပြီ

    ReplyDelete
  4. အင်း .. ဂျီးတော်ရေ .. ပျော်စရာကြီးနေမှာနော် .. စကားမစပ် ကျနော့်ဘလော့ဂ်က ဂျီးတော်ဆီမှာ update မဖြစ်ဘူး co.cc မဟုတ်တော့ဘူးလေ blogspot ပြန်ဖြစ်သွားပြီ

    ReplyDelete
  5. M Name Day ဖတ်သွားပါတယ် အစ်မ ။
    ဘကျောက်အတွက် လဲ ကိုဘကြိုင်ကြီးဆီမှာ ဆုတောင်းခဲ့သေးတယ်

    အစ်မရဲ့အိမ်မှာ လဲ ဆုတောင်းသွားပါတယ်

    ဘကျောက်ကြီး မြန်မြန်ကျန်းမာလာပြီး။

    အတွှေုအကြုံတွေ ဆက်လက်ရေးသားနိုင်ပါစေ

    မိုးယံ

    ReplyDelete
  6. ဂလိုမှန်းအခုမှ သိတော့တယ်ဗျာ
း)

    ReplyDelete
  7. တကယ်မသိဘူးဗျ
    အခုမှသိတယ်သူငယ်ချင်းရေ
    ဗဟုသုတတွေဝေမျှပေးတာကို ကျေးဖူးပါ

    ReplyDelete
  8. 15 ရက်နေ့ .....

    idulize(အရုပ်ကလေး)

    ReplyDelete

Name/Url မှာ မိမိတို့ရဲ့ အမည်ကို ထည့်ပြီး Url မထည့်ပဲ Comment ပေးခြင်းအားဖြင့် Malware ရန်မှကင်းရှင်းနိုင်ပါသည်။