Saturday, September 25, 2010

မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း




Restauranမှာအလုပ်လုပ်တာကြာပြီဖြစ်တဲ့ကျွန်မအတွက်ဆိုင်ကိုပုံမှန်လာနေကျဧည့်သည်အတော်
များများနဲ့ခင်နေပြီပေါ့...။ ကျွန်မရဲ့အလုပ်ဟာ ဧည့်ကြိုဆိုပေမဲ့လည်း..ဧည့်ကြိုကောင်တာက ကျွန်မလုပ်ရမည့်အလုပ်တွေပါးတဲ့အခါမျိုးမှာရင်းနှီးတဲ့ဧည့်သည်အချို့ကိုဧည့်ခံရင်းစကားပြောရပါတယ်။
ကိုယ်သိတဲ့အကြောင်းတွေလည်း ပြောရင်း.သူတို့ပြောပြတဲ့အထဲကဗဟုသုတရစရာတွေကိုလည်း..မှတ်သားရပါတယ်..။

မြန်မာလူမျိုးဖြစ်တဲ့ ကျွန်မအတွက် အများဆုံး ပြောဖြစ်ခဲ့တဲ့ အကြောင်းကတော့..ကျွန်မချစ်တဲ့ မြန်မာပြည်အကြောင်းပါပဲ။ကျွန်မတို့ဆိုင်ကိုပုံမှန်လာနေကျဧည့်သည်အတော်များများဟာလည်း
ကျွန်မကြောင့် မြန်မာပြည်အကြောင်းကို တော်တော်လေး သိနေကြပါပြီ...။ အဲဒီထဲကမှ ကျွန်မနဲ့ အရင်းနှီးဆုံး အင်္ဂလန်နိုင်ငံက ဧည့်သည်စုံတွဲတစ်တွဲဖြစ်တဲ့ Mr. & Mrs. Harleyတို့နဲ့စကားပြောဖြစ်ခဲ့ပါတယ်...။

Mr. Harley ဟာ ကျွန်မတို့ဆိုင်ကိုလာတိုင်းအကောင်းစားဝိုင်တစ်ပုလင်းကိုမှာပြီး သူတစ်ယောက်ထဲ သောက်တတ်ပါတယ်။ အဲဒီဝိုင်တစ်ပုလင်းလုံး ကုန်သွားချိန်မှာ ကော်ဖီပြင်းပြင်းတစ်ခွက်ကိုပါမှာပြီး သောက်တတ်တဲ့ Mr. Harley ရဲ့ အလေ့အကျင့်ကို စိတ်ဝင်စားတာကြောင့် မေးမိခဲ့ပါတယ်..။ သူကျွန်မကို ပြန်ရှင်းပြခဲ့တာကတော့သူဟာဝိုင်ခပ်ပြင်းပြင်းရဲ့အရသာကိုကြိုက်နှစ်သက်တာကြောင့်
အရသာခံပြီး သောက်ပါတယ်...၊ ဝိုင်တစ်ပုလင်းလုံး သောက်ပြီးလို့ မူးသွားတဲ့အခါ အမူးပြေစေဖို့ ကော်ဖီခပ်ပြင်းပြင်းတစ်ခွက်ကို သောက်ရင်း ကိုယ့်ကိုယ်ကို ထိန်းပါတယ်တဲ့...။

နောက်ထပ်သူပြောခဲ့တဲ့ စကားတစ်ခွန်းကတော့...“ဝိုင်ပဲမူးမူး...အရက်ပဲမူးမူး...အဲဒီအမူးပြေအောင်...ကော်ဖီခပ်ပြင်းပြင်းတစ်ခွက်က ကူညီနိုင်ပေမဲ့ ...”....“ လူတစ်ယောက်ရဲ့ဘဝမှာ ဘဝမူးလွန်သွားရင်တော့ ကော်ဖီခပ်ပြင်းပြင်းတစ်ခွက်က ကူညီနိုင်မှာ မဟုတ်ပါဘူး”....တဲ့လေ။
“အဲဒီတော့ ဘဝနဲ့ပတ်သက်လာရင် ...မမူးပါစေနဲ့”....တဲ့။

ကျွန်မ တို့ရဲ့ဆိုင်ကို အင်္ဂလန်ကနေ မကြာခန လာလည်တတ်တဲ့ Mr. & Mrs. Harlay တို့ဇနီးမောင်နှံဟာ ကျွန်မရဲ့ Favourate Customers များဖြစ်ကြပါတယ်။ သူတို့လာတိုင်းလည်း ဘဝရဲ့သင်္ခန်းစာများကို ခရီးသွားဟန်လွဲပြောပြတတ်တဲ့ Mr. Harlay ဟာ အခုဆိုရင် လူ့လောကကြီးစွန့်ခွာသွားခဲ့ပါပြီ။
သင်္ခါရတရားဆိုတာ ကြီးကို ကျွန်မတော်တော်လေးကို နားလည်သဘောပေါက်လိုက်ရတယ်၊ Mr. Harlay ဟာ အရွယ်ကောင်းပဲ ရှိပါသေးတယ်..။ သူ့ရဲ့အမျိုးသမီးMrs. Lynn ဆီက “Harlay..ဆုံးပြီ” ဆိုတဲ့ သတင်းကို ပြောတုန်းက ကျွန်မအပါအဝင် ဆိုင်က ဝန်ထမ်းတွေ အားလုံး ကိုယ့်နားတောင် ကိုယ်မယုံနိုင်လောက်အောင် ငြိမ်သက်သွားခဲ့ရတယ်။
Mr. Harlay ဟာ ကျွန်မနဲ့ဆွေမျိုးမတော်ဆပ်ပေမယ့် ကျမရဲ့ ဆွေမျိုးရင်းချာ တစ်ယောက် ဆုံးရှုံးလိုက်ရသလိုပါပဲ..။
သူတကယ်ကွယ်လွန်သွားပြီဆိုတာကို ကျွန်မ အခုထိ မယုံကြည်နိုင်သေးပေမယ့်လည်း သူကတော့ လူ့လောကကြီးကို တစ်ကယ်ပဲ စွန့်ခွာသွားခဲ့ပါပြီ။

Dear Brother...
You are always in our heart...
We will never forget you...
We love you forever...
Angels know....
You knows....
God will bless you...


(Family of Chloe's Chinese Restaurant)

17 comments:

မိုးယံ said...

စိတ်မကောင်း ဖြစ်မိပါတယ်။

ဒါပေမယ့် သဘာဝပဲလေ။ ၀င်လာလိုက် ပြန်ထွက်သွားလိုက် ဒီလောက ကြီးထဲမှာ

~ဏီလင်းညို~ said...

စိတ်မကောင်းစရာပါပဲလား....နတ်သာမီးရေ့...။
ဒီလိုပဲ.......လာလိုက်......သွားလိုက်နဲ့.......း(

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

ဝက်ဝံလေး said...

ဘဝဆိုတာ ရထားကြီးတစင်းနဲ့တူတယ်တဲ့ တက်လာလိုက်ကြ ဆင်းသွားလိုက်ကြနဲ့ ဒီလိုပါပဲ မ ရယ် .....

စိတ်မကောင်းပါဘူး .....

ဆွေလေးမွန် said...

စိတ်မကောင်းဖြစ်ရပါတယ်..
တစ်နေ့တော့ ကိုယ်လဲမလွဲမရှောင်သာ ဒီလမ်းကို သွားရ
အုန်းမှာပါပဲ..

ကိုဇော် said...

အားလုံးက တွေ့ ဆုံ ကြုံ ကွဲ ပါပဲလေ။

ဒီပို့စ်လေး အရင်လည်း ဖတ်ဖူးတယ် ထင်တယ်နော်။

SHWE ZIN U said...

စိတ်မကောင်းဖြစ်မိပါတယ်

ရွှေစင်ဦး

ဝေလင်း said...

အဲဒါပဲအစ်မရေ.. တွေ့ရဆုံရပြန်တော့ သံယောဇဉ်တွယ်မိပြန်ရော..။ သံယောဇဉ်ရှိမိတဲ့ လူတွေကို ဆုံးရှုံးဖို့ဆိုတာ စိတ်ကူးကြည့်ရုံနဲ့တောင် ခြောက်ခြားစရာကောင်းလွန်းပါတယ်အစ်မရယ်..
စိတ်မကောင်းပါဘူး...

ခြင် said...

ဟယ်... ဘယ်လိုဖြစ်ပြီးဆုံးသွားတာလဲ ညီမရေ... သိနိုင်မလားဟင်...

ရွှေရတုမှတ်တမ်း said...

အင်း..ဘာရောဂါတဲ့လဲ..ဓါတ်ပုံထဲမှာ အကောင်းကြီးပဲ

မောင်လေး said...

ဟင်... ဘာဖြစ်လို့ဆုံးသွားတာလဲခင်ဗျ..။

rose of sharon said...

May he rest in peace :(

sosegado said...

နေ့မြင်ညပျောက် တွေ့ဆုံကြုံကွဲ လောကရဲ့ ဓမ္မတာတွေပါပဲ၊ စိတ်မကောင်းပါဘူး၊

အနှိုင်းမဲ့ said...

(၁) ကိုယ်သေရင်
မငိုနဲ့ ပါးစိုရုံ ရှိမှာပေါ့။
သပိတ်မသွတ်နဲ့ လွတ်ပြီးသား
ကျွတ်ပြီးသား။
ထမင်းမထုပ်နဲ့ သိုးစာ၊ ပုပ်စာ၊
...ဖြုန်းတီးစာ။
အိုးမခွဲနဲ့ အိုးမလို ဘာကိုမှ
ကိုယ် မစွဲဘူး။
အပွင့်အခက် ယူမသွားနဲ့ ပြန်လိုက်ရမယ့် အစား
မဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည် ဘာကိုမှ မလည်နဲ့ သံသရာကြီးမှာ လည်ခဲ့သူ။

(၂) ကိုယ်သေရင် မငိုနဲ့ ကြိုကြိုပြီး
သေထားသူ။
“ဘုရားရှင်ရဲ့ ဂုဏ်တော်” ကို မြတ်နိုးပူဇော်ရင်း အကြိမ်ကြိမ်
အသေရင်းထားသမို့ မရဏမင်းဆီ ပျော်ပျော်သွားမှာ။
ပြီးတော့
ဆက်ပြောပါရစေ... သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကို
ဆက်လုပ်ဖို့ ဟောဒီ ချစ်ရတဲ့ မိခင်မြေကို ပြန်လာခဲ့မယ် မုချ။
ဒီတော့
ကိုယ်သေရင် မငိုနဲ့ ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ။
လူသာဆုံးတာ
ကျန်တာ မရှုံးဘူး မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။

မိုးဟိန်း
(သားဂျာနယ်ကျော်) (၁၉၄၂-၂၀၁၀)

အနမ်း said...

စိတ်မကောင်းစရာပါပဲ..နတ်သမီးရေ..။
သံယောဇဉ်တွေများတတ်တဲ့ လူသားတိုင်း ဒီလို စိတ်မကောင်းစရာတွေကတော့ ကြုံနေကြရတာပါပဲ။

norman said...

စိတ်မကောင်းပါဘူးဗျာ။
ကိုယ်ခင်မင်တွယ်တာသူတွေက ကိုယ့်ကိုထားသွားမှာ ကြောက်လို့ ဖြစ်နိုင်ရင် ကိုယ်ကပဲ အရင်ထွက်သွားချင်တယ်။

ကိုကိုးအိမ် said...

အင်း အခုဓါတ်ပုံရိုက်ထားတဲ့ဦးဦး ဆိုရင်တော့ ထွက်သွားတာစောသေးတယ်ပြောရမှာပဲ
ဒါပေမယ့် ဒါမျိုးဆိုတာ ကိုယ်တိုင်စီမံလိုရတာမှမဟုတ်တာ

ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

မိုးစက်အိမ် said...

ဖြစ်ပျက်ချိန်တန်ရင် မမြဲပါဘူးဗျာ အဲလိုဘဲ
ပြောရမလားပေါ့ ကိုယ်လည်းတစ်နေ့ ဒီလမ်း
သွားကြရမှာပါ သံဝေဂတရားတွေပါဘဲ မိသားစု
နဲ့ လည်းထပ်တူဝမ်းနည်းမိပါတယ်း(

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger