Monday, September 13, 2010

Facebook အန္တရာယ်နှင့် လူမှုရေးပြဿနာ



“ခေတ်မှီသူတိုင်း Facebook သုံးကြသည်” ဟုပြောရမလိုပင်...။
ကျမမှာလည်း ယခင်ကFacebook Account တခုရှိခဲ့ဖူးသည်။ အကြောင်းအမျိုးမျိုးကြောင့် ကျမ၏ Account ကို ဖျက်သိမ်းခဲ့တာ ကြာခဲ့လေပြီ။
ဒီနေ့ သူငယ်ချင်းများတွေ့ဆုံခိုက် Blog ပေါ်တွင် ဓာတ်ပုံများတင်လေ့ရှိသော ကျမအားသတိပေးသော အနေဖြင့် Forward Mail တခုမှ Video File လေးတခုကို ဖွင့်ပြခဲ့သည်။
http://www.youtube.com/watch?v=H5XZp-Uyjsg အဲဒီ Video လေးကို ကြည့်ပြီး ကျမ ကိုယ်တိုင်ကြုံတွေ့ခဲ့သော အဖြစ်ပျက်လေးတခုကို ပြန်သတိရရင်း စိတ်မကောင်းဖြစ်ခဲ့ရသည်။

Video ထဲက ကောင်မလေး၏ အဖြစ်ပျက်လေးနှင့် တစိတ်တဒေသ ဆင်တူသော ကျမ၏ အဖြစ်ကတော့ ဓာတ်ပုံရိုက်ခြင်းကို ဝါသနာပါသော ကျမ၊ သွားလေရာတွင် ဓာတ်ပုံရိုက်လေ့ရှိပြီး Blog ပေါ်တွင် ဓာတ်ပုံများကို တင်လေ့ရှိသော ကျမကို ကြည်ဖြူသော သူများရှိသလို ၊ မကြည်ဖြူသူများလည်းရှိသည်ကို ပြဿနာဖြစ်မှ ကျမသိခဲ့ရသည်။ ကျမ အသိနောက်ကျခဲ့သည်ဟု ဆိုနိုင်ပါသည်။

အကြောင်းမှာ ကျမရေးသော ကဗျာနှင့် ဆောင်းပါးများတွင် ပူးတွဲတင်လေ့ရှိသော ကျမ၏ ဓာတ်ပုံတချို့ကို မောင်နှမသားချင်း ယှဉ်တွဲကြည့်၍ မသင့်တော်သော ဘလော့ဂ်တခုမှ ကျမ၏ ဓာတ်ပုံများကို ကူးယူပြီး ၎င်း၏ ဘလော့ဂ်တွင် တင်ခဲ့သည်ကို သူများပြောပြမှ သိခဲ့ရသည်။ အဲဒီတုန်းက ကျမ၏ ချစ်သူနှင့် ဘလော့ဂ်ဂါ မိတ်ဆွေများ၏ မေတ္တာရပ်ခံချက်ကြောင့် ကျမ၏ ဓာတ်ပုံများကို ပြန်ဖျက်ပေးခဲ့သည်။

ဒုတိယအကြိမ်မှာတော့ ကျမ ကိုယ်တိုင် သရုပ်ဆောင်ထားသော အပျော်တန်းVideo တချို့မှ လှုပ်ရှားမှု ပုံအရှင်များကို Stay ဖမ်းပြီး ရုပ်သေဓာတ်ပုံများအဖြစ်ပြောင်းလဲကာ ၎င်း၏ ဘလော့ဂ်တွင် တင်ခဲ့သဖြင့် ကျမအရှက်ရခဲ့ဖူးသည်။
အန္တရာယ်ကို လက်ယပ်ခေါ်ခဲ့သော ကျမ အဲဒီအချိန်မှ စ၍ ဘလော့ဂ် စာမျက်နှာပေါ်တွင် ဓာတ်ပုံများ တင်ခြင်းကို ရပ်တန့်ခဲ့သည်။ “ဘယ်သူမပြု..မိမိမှု”ပေပဲ မဟုတ်ပါလား။

ကျမ၏ ကိုယ်တွေ့ဖြစ်ရပ်နှင့် ယခုကြည့်ခဲ့ရသော Video ထဲမှ ဖြစ်ရပ်မျိုး အပြင်တွင် ဘယ်လောက်များတောင် ရှိမည်လဲဟု ကျမတွေးမိသည်။

လူငယ်အများစုသည် Facebookတွင် Account တခုဖွင့်၍ ဓာတ်ပုံတင်ခြင်း၊ Chatting ထိုင်ခြင်း၊ သူငယ်ချင်းများ Account Add ၍ Game ကစားနည်းမျိုးစုံ ကစားကြခြင်းများကို ခေတ်၏ ရေစီးကြောင်းအလိုက် ပြုလုပ်လာကြသည်။
ထိုမှတဆင့် မိမိAccountအား လာAdd သူ၊ မိမိမသိသော သူများကိုပါ လက်ခံ၍ Friend List အရည်အတွက်များလာသော နည်းဖြင့် တယောက်နှင့် တယောက်ပြိုင်ဆိုင်လာကြသည်။

ထို့နောက် ဓာတ်ပုံများတွင်သော်၎င်း၊ စာတိုစာထွာများ၏ အောက်ခြေတွင်သော်၎င်း၊ ကဗျာများ၏ အောက်ခြေတွင်သော်၎င်း၊အပြန်အလှန် Comment များ ရေးသားခြင်းဖြင့် အချင်းချင်း ရင်းနှီးမှုရယူကြသည်။ Facebook ကို အသုံးပြုပြီး မိတ်ဆွေ သူငယ်ချင်း အချင်းချင်း ရိုးသားစွာ စကြ၊ နောက်ကြသည်ကို ကျမဆိုလိုခြင်းမဟုတ်ပါ။

ငါးရှာထွက်သူများ(သို့)ငါးမျှားသော သူများကိုသာ ဆိုလိုခြင်းဖြစ်သည်။ ထိုသို့ ငါးမျှားရင်း ငါးလုရာမှ ပြိုင်ဘက်အချင်းချင်း Account Add ၍ ရန်ဖြစ်ကြသည်။ ရည်းစားလုခြင်း ပြဿနာဖြစ်လာသည်။

Facebook ကြောင့် တချို့သော လင်မယားများ၊ ချစ်သူစုံတွဲများ ကွဲကြသည်၊ သူငယ်ချင်း အချင်းချင်း စိတ်ဝမ်းကွဲကြသည်။ သဝန်တိုရာမှအစ လူသတ်မှုကျူးလွန်သည်အထိ ဖြစ်လာသည်။ Facebook မှာ တင်ထားတဲ့ ဓာတ်ပုံများကြောင်း သူ့မယား ကိုယ့်မယား ကြာခိုမှုမှားဖြစ်လာကြသည်၊ သူ့ချစ်သူ ကိုယ်ချစ်သူ မြှူဆွယ်မှုများဖြစ်လာကြသည်။ စီးပွားရေး လုပ်ငန်းရှင်များ အချင်းချင်း Facebook မှတဆင့် Deta များခိုးယူခြင်း၊ Personal File များမှတဆင့် လျှို့ဝှက်ချက်များရယူ၍ စီးပွားရေးနယ်ပယ်တွင် နှောက်ယှက် အန္တရာယ်ပြုလာသည်။

တချို့ကတော့ Facebook ထဲတွင် သူငယ်ချင်း အသစ်ရှာရင်း ကြာမြင့်စွာ ကွဲကွာခဲ့သော သူငယ်ချင်း၊မိတ်ဆွေဟောင်းများနှင့် ပြန်တွေ့ကြရသည်။ တချို့လည်း Facebook ထဲတွင် ချစ်သူဖြစ်၍ လက်ထပ်သွားသူများလည်းရှိသည်၊ Facebook ထဲတွင် အလုပ်ရှာရင်း အလုပ်ရသွားသူများလည်းရှိသည်။

Facebook၏ ကောင်းသော အချက်များစွာ ရှိပါသော်လည်း အန္တရာယ်များလှသော Facebook ကို အသုံးပြုလျှက်ရှိသော ဘလော့ဂ်ကာ သူငယ်ချင်းများနှင့် စာဖတ်သူများအားလုံးကို သတိပေးချင်သော ရည်ရွယ်ချက်မှလွဲ၍ မည်သည့်ရည်ရွယ်ချက်မှ ကျမတွင်မရှိ။

Facebook Account ရှိသော သူငယ်ချင်း မိတ်ဆွေများအနေဖြင့် မိမိတို့၏ Account Setting တွင် “Everyone” ဟု ထားရှိမည့်အစား အနည်းဆုံး “Friends of friends” ဟုထားသင့်ပေသည်။ မိမိမသိသော သူများကို လွယ်လင့်တကူ လက်မခံသင့်ကြောင်း သတိပေးချင်ပါသည်။

အမျိုးသမီးများ အနေဖြင့် မိမိတို့၏ Account Setting တွင် “Friend only” ကိုသာ ရွေးသင့်ကြောင်း အကြံပေးရင်း ...
“Facebook အန္တရာယ်နှင့် လူမှုရေးပြဿနာ” ဆောင်းပါးကို တင်ပြလိုက်ရပါသည်။

26 comments:

မိုးခါး said...

အဟုတ်ပဲ အစ်မ
အဲလိုပြဿနာတွေ ကြားရတာ မသက်သာဘူး
ဘယ်သူမပြု မိမိမှုပေါ့လေ
ကိုယ်တိုင်ဆင်ခြင်ရမှာပဲပေါ့ ..

အဆင်ပြေ ပျော်ရွှင်ပါစေနော်း)

ရွှေရတုမှတ်တမ်း said...

အဲဒီ ဖွတ်စဘွတ် စာမျက်နှာတော့ရှိပါရဲ့ ..တလတခါတောင် လှန်မကြည့်ဖြစ်ဘူး

ကိုဇော် said...

ကျနော်ကတော့ Friend Only ပဲ။
ပေါက်ကရတော့ လာမရေးနဲ့..စိတ်က သိပ်မရှည်ဘူး။ ရှည်ရှည်ဝေးဝေးလည်း အရင်လို အချိန် မအားလို့ ပြစ်ပြစ်နှစ်နှစ် အချိန်ကုန်ခံပြီး ရှင်းပြမနေနိုင်ဘူး။ Remove From Friend ပဲ..ကြာလို့။

တကယ်တမ်း ကိုယ်က ဒါလို Social Site တွေကို သိပ်စိတ်ဝင်စားတာ မဟုတ်ဘူး။ ဒါပေမဲ့ ကျောင်းတုန်းက သူငယ်ချင်းတွေကို ပြန်တွေ့ချင်လို့ လုပ်ထားတာပဲ ရှိတယ်။ ပေါက်ကရ လာရေးရင်တော့ Block ပဲ။ ရှုပ်တယ်။ ပြောချင်ရာ ပြောပစေ။ အချိန်ကုန်တယ်။

မိုးငွေ့...... said...

တို့ကတော့ အစကတည်းက friend only ပဲ

စန္ဒကူး said...

ဟုတ်တယ်နတ်သမီးရေ..
ကိုယ်မသိတဲ့သူဆို မိန်းကလေးရော ယောက်ျားလေး ပါ စိတ်မချရဘူး။ အချို့မိန်းကလေးတွေက အချင်းချင်း လက်ထောက်ချတာလေ..သူတို့ သူငယ်ချင်းတွေဆီကိုပုံတွေကူးပီးပို့တာတို့လုပ်တာ..
အဲဒါကြောင့်အရမ်းသတိထားရတယ်..ကိုယ့်အကြောင်း ကောင်းကောင်းသိတဲ့သူငယ်ချင်းတွေကိုဘဲ လက်ခံရဲတယ်။ သူတို့က ကိုယ့်ကိုသူများနာမည်ဖျက်လဲ ကိုယ့်အကြောင်းသိပီးသားမို့ စိုးရိမ်စရာမရှိဘူးရယ်..
သတိတော့ထားရတာပေါ့..း)

သိင်္ဂါကျော် said...

အစက facebook မှာ ဓါတ်ပုံမတင်ဘူး.. နောက်တော့ သူငယ်ချင်းတွေကလည်း တင်ကြတာနဲ့ တင်ဖြစ်သွားတယ်.. Friend Only ဖြစ်နေအောင်တော့ အမြဲစစ်ရတာပေါ့.. အရင်ကတော့ Game ကစားတဲ့လူတွေ Add ရင် လက်ခံပေမယ့် နောက်ပိုင်းတော့ ကိုယ့်သူငယ်ချင်းတွေက လွဲရင် ဘယ်သူမှ လက်မခံတော့ဘူး..။

ချော(အစိမ်းရောင်လွင်ပြင်) said...

တကယ်ကို ဆင်ခြင်စရာဘဲ
အားလုံးသိထားသင့်တဲ့ အချက်တွေကိုပြန်မျှဝေတာ ကျေးဇူးပါညီမရေ
လူတိုင်းဟာ စိတ်ကောင်းရှိသူကြီး မဟုတ်နိုင်တဲ့အတွက် မမျှော်လင့်တဲ့ အန္တရာယ်ဆိုတာ ကြိုတင်စဉ်းစားထားနိုင်မှ တော်ရုံကျမယ်နော်.

Anonymous said...

သတိပေးထားတာကောင်းပါတယ် ...
ငြိမ်းစိုးဦး

နတ်ဆိုးလေး said...

မရောက်တာကြာလို့ လာလည်တယ်ဗျ
ဖေ့စ်ဘုတ်ထဲဝင်ရင် မျက်စိ နောက်လွန်းလို့
feed လေး လုပ်မလို့ဟာတောင် ပျင်းနေတာနဲ့ လုပ်ဖြစ်တော့ဘူး.

ဟန်နာ said...

ဟုတ်တယ်..အမရေ..ဟန်နာဆိုလည်း ကိုယ့်ဓါတ်ပုံတွေ တင်ကိုမတင်ဘူး။ ကျောင်းက သူငယ်ချင်းတွေကတော့ပြောတယ်..နင့်ကို ရှာရတာ ခတ်တယ်တဲ့. နာမည်တူတွေ အများကြီးတဲ့..ဘယ်တစ်ယောက်လည်းမသိလို့ ဓါတ်ပုံတင်လိုက်ပါလား တဲ့။ မတင်နိုင်ဘူးလို့ ။ နင်တို့ အကောင့်ပဲပေး ငါအက်ပေးမယ်လို့ ပြောလိုက်တယ်။ friend only ဖြစ်ဖြစ် ဘာဖြစ်ဖြစ် မတင်တာ အကောင်းဆုံး..အမရယ်

ပျော်ရွှင်ပါစေနော်..:)

မိုးယံ said...

ဦးဇော်လိုမျိုးပဲ လုပ်တာကောင်းမယ်ထင်တယ်။ ပုံတွေလဲ အမြန်ပြန်ဖျက်မှ ဖြစ်မယ်။ ကိုယ်က လဲ ကမ္ဘာကျော် ချင်တာဆိုတော့(အဟီဟိ ဟိ) မဟုတ်တဲ့နေရာမှာသွား ကျော်နေမှ ဒွတ်ခ ။
နတ်သမီးကယ်ပေလို့ပဲ။ ကျေးကျေး အစ်မ

ငြိမ်းချမ်းပါစေ
မိုးယံ

sosegado said...

အဆိုးနှင့်အကောင်း ရှိပါတယ်
ဒါပေမဲ့ facebook စထူထောင်တဲ့လူတစ်ယောက်ကို အပြင်မှာတစ်ခါဆုံပြီးကတည်းက အကောင့်ကိုဒီအတိုင်းပစ်ထားလိုက်တယ်၊

မောင်ဘကြိုင် said...

း) အကောင့်ရှိတယ်ဗျ
ရေရေလည်လည်မသုံးတတ်သေးဖူးး)

နေ၀သန် said...

Good point ပါပဲ စစ်ရေ.....း)))

ခင်မင်တဲ့
နေ၀သန်

မြသွေးနီ said...

FB ကို PW တွေ ခဏခဏမေ့တာနဲ့ မ၀င်ဖြစ်တာကြာပါပေါ့..။ Social Site ဆိုတော့ ကျယ်ပြန့်လွန်းတယ်။ အကောင်းအဆိုးတွဲနေတာပါဘဲ။

Aung Kyaw Min said...

ဝင်တော့ဝင်ထားတယ်ဗျ မသုံးဖြစ်တာများတယ်. မအဖြူရောင်ရေ...

ဘလက်ကော်ဖီ said...

သတိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

blackroze said...

ဟုတ်တယ်အမရေ..သုံးတိုင်းလည်းမကောင်းဘူး
ဆိုတာမျိုးဘဲ

ဝက်ဝံလေး said...

ကြောက်ချာကြီးနော် မမ သမီးလဲ အကောင့် တော့ရှိပါတယ် ပုံတွေတော့ တင်ဖြစ်တယ် လာအက်ရင်လဲ ပြန်လက်ခံဖြစ်တယ် ဟိ
သတိထားရမယ်

မြစ်ကျိုးအင်း said...

ကျွန်တော်တော့ သိပ်မသုံးဖြစ်ဘူး
အချိန်မရှိတာရယ်.. သိပ်ပြီး စိတ်မ၀င်စားတာရယ်ကြောင့်ပါဘဲ။
ဆင်ခြင်သင့်တာ ဆင်ခြင်တာတော့ အကောင်းဆုံးပါဘဲ။

ခနွဲ said...

လုံးဝ ထောက်ခံပါကြောင်း။ ကျွန်တော်ကတော့ ပုံဘယ်တော့မှ မတင်ဘူး။(ကျွန်တော်ကလည်း ဓါတ်ပုံရိုက်တာ ၀ါသနာပါပေမယ့် ဓါတ်ပုံအရိုက်ခံရတာ ၀ါသနာမပါဘူးဗျ) ။ ဘလော့ဂ်ပေါ်မှာဆိုလည်း တင်ခဲတယ်။ FB ဆိုရင်တော့ ပိုဆိုးတယ်။ ကူးရတာ အရမ်းလွယ်လွန်းတယ်။ Data တွေက safe မဖြစ်ဘူး။ အဲဒါကြောင့်မတင်ဘူး။ ကိုယ့်ကိုလူမသိအောင်ဆိုပြီး ဓါတ်ပုံမတင်တာကိုမဟုတ်ဘူး။ နောက်ပိုင်းပြဿနာတွေဖြစ်လာမှာကြောင့် ကြိုရှောင်တာပေါ့။ Friend only ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ။

မြတ်မွန် said...

မမရေ..မွန်ဆို သုံးကို မသုံးတာ..
သုံးလည်း မသုံးတက်ဘူး။
မမလင့်လေးကို နှိပ်ကြည့်လိုက်တာ ကြောက်စရာကောင်းတယ်။
ဓာတ်ပုံတင်ရဲတော့ဘူး။

အင်ကြင်းသန့် said...

တကယ်ကိုကောင်းမွန်တဲ့ပိုစ့်လေးပါပဲ။ ဒီလိုသိထားတော့ ဆင်ခြင်သင့်တာဆင်ခြင်လို့ရတာပေါ့။ ကိုယ့်ရဲ့အတွေ့အကြုံထဲကနေ ဒီလိုမျှဝေပေးတာ ကျေးဇူးပါပဲ အစ်မရေ....

ခင်တဲ့
ဂျင်း

ကိုကိုမောင်(ပန်းရနံ့) said...

အော်... ဖေ့စ်ဘုတ်ဆိုတဲ့ဟာကြီးက မရှိမကောင်း ရှိမကောင်းကြီးပါလား။ အထူးသဖြင့် မိန်းခလေးများ သတိပြုချင်စရာ။

ကိုကိုမောင်(ပန်းရနံ့)

ဝေလင်း said...

်facebook ကတော့ အကောင့်သာ ရှိသာ သိပ်လည်း မသုံးဖြစ်ပါဘူး..။ ကောမန့်တွေ ဘာတွေလည်း ပေးခဲတော့ ဘာမှတော့ မဖြစ်လောက်ဘူးထင်တာပဲ။ အစ်မပြောသလို အမျိုးသမီးတွေက ပိုဂရုစိုက်သင့်တယ် ထင်တာပဲ။ ရေးသင့်ပြောသင့်တဲ့ အကြောင်းအရာပဲ အစ်မရေ....

ကိုကိုးအိမ် said...

အဟိ ကိုးကတော့ ဖေ့စ်ဘုတ်ကို ရေရေလည်လည်သုံး ဖြစ်နေတာ။ ဓာတ်ပုံတွေလည်း အပြင်မှာထားတာထက် ဖေ့စ်ဘုတ်ပေါ်တင်ထားတာမပျောက်ဘူးဆိုပြီး တော်တော်များများတင်ဖြစ်တယ်။ နောက်ပြီး သူငယ်ချင်း အဟောင်းတွေလည်း ဟိုသွားဒီသွားနဲ့ပြန် တွေ့တာတွေရှိတယ်။ လေးတန်းလောက်ကသူငယ်ချင်း ကအစပြန်တွေ့တယ်။ ကိုးလည်းဘယ်ချိန်မှ ပြဿနာ တက်မယ်မသိဘူးနော်။ ဒါပေမယ့် ကိုးကနာမည်ကြီးမှ မဟုတ်တာနော့. ဒါပေမယ့် ပရိုဖိုင်းတော့ အကုန်အမှန် မတင်ထားဘူး.. အဟီး

ခင်မင်လျှက်
ကိုကိုးအိမ်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger