Sunday, October 17, 2010

ကျမဖုန်းထဲသို့ ရောက်ရှိလာသော Message တခု


This October is very special.
It has (5)Fridays, (5) Saturdays and( 5) Sundays in 1 month.
This happens once in (823) years. These are known as money bags.
Pass this along to 8 good people and money will appear in 4 days based on the Chinese Feng Shui.
Those who stop it will experience none.

2010 နှစ်၏ ယခုရောက်ရှိနေသော October လသည် အထူးခြားဆုံးလ ဖြစ်သည်။
အကြောင်းမှာမူ ပုံမှန်အားဖြင့် သောကြာ၊ စနေ နှင့် တနင်္ဂနွေနေ့တို့သည် ၁လအတွင်း ၄ကြိမ်နှင့် ၅ကြိမ်ရှိတတ်ကြသော်လည်း သောကြာ၊ စနေနှင့် တနင်္ဂနွေ ၃နေ့လုံးမှာ ၅ကြိမ်အဖြစ်ဖြင့် ၁လအတွင်း တူညီစွာ ကျရန်မှာခဲယဉ်းလှပေသည်။
ဤအဖြစ်အပျက်မျိုးမှာ ၈၂၃ နှစ်တွင် ၁ကြိမ်သာ ဖြစ်ပေါ်တတ်သည့်အတွက် ထူးခြားသောလဟု ခေါ်ဆိုနိုင်ပါသည်။
တရုတ်လူမျိုးများကမူ “ Chinese Feng Shui” အနေဖြင့် ငွေများ အစုလိုက် အပြုံလိုက် ဝင်မည့် အယူ နမိတ်ကောင်းအဖြစ်သတ်မှတ်ပြီး အထက်တွင်ဖော်ပြထားသော စာပိုဒ်ကို နီးစပ်ရာသူငယ်ချင်းများဆီသို့ Forward message များပို့လျှက်ရှိရာ ကျမထံသို့ ရောက်ရှိလာသဖြင့် စာဖတ်သူ သူငယ်ချင်းများဆီသို့ လက်ဆင့်ကမ်းဖြန့်ဝေလိုက်ရပါသည်ရှင့်...။
သူငယ်ချင်းများအားလုံး ကံကောင်းခြင်းလက်ဆောင်ကို ပိုင်ဆိုင်နိုင်ကြပါစေ.....

18 comments:

ကိုကိုးအိမ် said...

အဟီး တို့အရင်ဆုံးဖတ်တာကွ
တို့အရင်ဆုံးကံကောင်းမှာ နော့ မနမ်း
ဟီးဟီး ပျော်စရာကြီး သိန်းထောင့်ငါးရာထီပေါက် ပါစေ. ကိုယ့်ကိုယ်ကို ဆုတောင်းတာ

ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

အင်ကြင်းသန့် said...

ထူးထူးခြားခြား message လေးကို လာဖတ်သွားတယ်။ ကံကောင်းခြင်းတွေရတော့မှာပေါ့နော်။ မျှဝေပေးတဲ့သူလည်း ကံကောင်းခြင်းတွေ ထာဝရပိုင်ဆိုင်ပါစေ...။

ခင်တဲ့
ဂျင်း

ရွှေရတုမှတ်တမ်း said...

ဖတ်လိုက်ရတဲ့အတွက် ကံကောင်းပြီ....

ကိုဇော် said...

ပေးတဲ့ ကံကောင်းခြင်း လက်ဆောင်ကို ကြည်ကြည်ဖြူဖြူ လက်ခံယူသွားပါတယ်ဗျာ။

ပေးသူလည်း ထပ်တူထပ်မျှ ရရှိပါစေ။

ဝေလင်း said...

အဲလိုလား ကျွန်တော်လည်း လိုက်ဖြန့်လိုက်ဦးမယ်..။ တကယ်ပဲ အစ်မပြောမှ သတိထားမိတော့တယ်..။

blackroze said...

အဟီးးး ဒုတိယဖတ်မိလို့
ပိုက်ဆံနဲနဲနည်းမှာပေါ့နော်..
ရပါတယ်ကိစ္စမရှိပါဘူးလေ..
ထိုင်ဝမ်ထီပေါက်ရပါလို၏။။

မိုးယံ said...

ကံပေါ်ရင် ပြန်လျော်ပေးလိုက်ပေါ့ (ဘာလဲမသိ)

ကိုကိုမောင်(ပန်းရနံ့) said...

ထီထိုးလိုက်ဦးမယ်။ ကံကောင်းချင်ကောင်းနေမှာ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မိုးငွေ့...... said...

နတ်သမီးပြောမှ သတိထားကြည့်မိတယ် ကိုယ့်ရှေ့က ပြက္ခဒိန်ကို....။ ထူးခြားတဲ့ လပေပဲ...ဒီလက သီတင်းကျွတ်ဆိုတော့ လူကြီးတွေသွားကန်တော့ရမှာ..မုန့်ဖိုးရဦးမယ်..။

ခင်တဲ့
မိုးငွေ့

ခွန်သဒ္ဓါ said...

ပြီးခဲ့တဲ့ August လတုန်းကကျတော့
တနင်္ဂနွေ တနင်္လာ အင်္ဂါ နေ့တွေက ၅ရက်ဆီဖြစ်လို့ ထူးခြားတဲ့လဆိုပြီး ခွန်ဆီလည်း အဲဒီလိုမျိုး သူငယ်ချင်းက ပို့ပေးသေးတယ်။ ဒီလတော့ မပို့ လာတော့ဘူး... ;P
ခွန်လဲ အမှတ်တရဆိုပြီး အဲဒီပြက္ခဒိန်တွေ သိမ်းထားတယ် အစ်မရေ... ;)

nyaalinkarr said...

သူငယ်ချင်း ပြောပြမှပဲ
သိတော့တယ်
ဟုတ်လားလို့လည်း ပြက္ခဒိန် ပြန်ကြည့်တော့
မှန်သား
သောကြာ၊စနေ၊တနင်္ဂနွေ (၅)ရက်စီဖြစ်နေတယ်
ဘယ်လိုပိုက်ဆံရမလဲမသိဘူး
ငွေအများဆုံးရနိုင်တဲ့နည်းကတော့ ထီထိုးရမှာပဲလေ
ထီသွားထိုးလိုက်ဦးမယ်

ခင်မင်စွာကျေးဇူးတင်စွာဖြင့်
ညအလင်္ကာ

သဒ္ဓါလှိုင်း said...

အားလုံးကံကောင်းခြင်းလက်ဆောင်တွေရမှာပါ..
ဒါနဲ့..ငွေတွေအစုလိုက် အပြုံလိုက် ဘယ်ကနေ
ဝင်လာမလဲမသိဘူး...း)

ချစ်တဲ့
သဒ္ဓါ

မိုးစက်အိမ် said...

တကယ်အစုလိုက် အပြုံလိုက် ၀င်မှာလား
ဒါဆိုရင်တော့ ရှိတာအကုန်ပေါင်ပြီးရင်းလိုက်
မယ် ဟုတ်ရင်တော့ဟုတ် မဟုတ်ရင်တော့
နတ်သမီးဆီကို မန်နစ်ရှိတ်နဲ့ ပြန်လာတောင်း
မယ် ဟီးးးးးးးး :D :P

blackcoffee said...

ကံကောင်းခြင်းတွေကို လာယူရင်း.. ကံကောင်းပါစေလို့ ပြန်ဆုတောင်းပေးသွားပါကြောင်း....

မြတ်မွန် said...

ဒါလဲ ဟုတ်တာပဲ..
နောက်ကျရင်ရော..
မွန်တော့ နောက်ကျသွားပီကွာ။

sosegado said...

ခုမှပဲ ပြက္ခဒိန်ကိုသေချာကြည့်မိတယ်၊ တော်သေးတယ် ၂၁ ရက်ပဲလုပ်ရလို့

Anonymous said...

ကံကောင်းခြင်းတွေကိုနောက်ဆုံးမှ ခံယူသွားတယ်ဗျား)

မောင်ဘကြိုင်

ဇာနည်မောင် said...

ရောက်လာပါတယ်နတ်သမီးရေ ပို့စ်အသစ်ကလေးလည်းလာဖတ်သွားပါတယ်။ ဖြစ်နိုင်ပါ တယ်တချို့လူတွေအတွက်ထူးခြားတဲ့လ တလ တနှစ်မှာတခါရှိတတ်တယ်ဆိုတာ ယုံရမလိုလို ဖြစ်နေတာ် တကယ်လည်းတိုက်တိုက်ဆိုင်ဆိုင်တွေ့ကြုံ ခံစားခဲ့ဘူးလို့ပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger