Wednesday, December 22, 2010

နတ်သမီး လက်ရာ

နတ်သမီးလက်ရာဆိုလို့ စားစရာလို့တော့ မထင်လိုက်ပါနဲ့...။
ခွင့်ရက်တွေ အများကြီးရလို့ လျှောက်သွားရင်း ကိုယ်တိုင်ရိုက်လာခဲ့တဲ့ ပုံလေးတွေပါ..။
ကဲ...နတ်သမီးရဲ့ လက်ရာလေးတွေကို အားပေးပါအုံးနော်...။


“အထီးကျန်သူ”

အချစ်နတ်သမီးမွေးဖွားရာနေရာကို သွားတဲ့ ဂူပေါက်
အချစ်နတ်သမီးမွေးဖွားရာနေရာက ချစ်သူတွေအမှတ်အသားလုပ် ကစားထားကြတဲ့ အသဲပုံကျောက်တုန်းလေးများ..။
ရောမဆန်တဲ့ဟိုတည်တခုပါ..။



နှင်းတောင်သို့သွားသော တောင်ကြားလမ်းတခုပါ..


အဲဒီလို ခုံတန်းလေးတွေ ကမ်းခြေမှာအများကြီးပဲ..။



sea cave လို့ခေါ်တဲ့ ပင်လယ်အငူတခုပါ..၊ ရှုခင်းအရမ်းလှတဲ့နေရာလေးပါပဲ..။
တိမ်တောက်ချိန်ညနေဆည်းဆာအလှ။



သူငယ်ချင်းတယောက်ဆီ သွားလည်ရင်း ဝရံတာကနေလှမ်းရိုက်ထားတာ။


ကျမရဲ့ အလုပ်နားရက်တွေမှာ ညနေဆည်းဆာအလှကို အဲဒီခုံတန်းလေးမှာထိုင်ပြီး ကြည့်တတ်ပါတယ်။

ဆိုက်ပရပ်စ်နိုင်ငံသား သက်ကြီးပိုင်း အမျိုးသားများဟာ သူတို့ရဲ့အားလပ်ချိန်များကို ငါးမျှားခြင်းဖြင့် ကုန်ဆုံးစေပေါတယ်။








လက်ရှိ ရာသီဥတုရဲ့ အနေအထားကတော့ အခုမြင်တွေ့နေရတဲ့အတိုင်းပါပဲ..
လေအရမ်းတိုက်ပြီး မိုးရွာတတ်ပါတယ်။ ပင်လယ်ရေတွေဟာ လူသွားလမ်းပေါ်အထိ တက်လာတတ်ပါတယ်..။

နှင်းတောထဲမှာ မကစားချင်ဘူးလား...အစာစားနေတဲ့သိုးကလေးတွေရဲ့သဘာဝ....။



မှတ်ချက်။ ။ ကိုယ်တိုင်ရိုက် ဓာတ်ပုံများဖြစ်ပါသည်။

21 comments:

မိုးယံ said...

အားပေးသွားပါတယ်။ မခေါ်လို့ စိတ်ဆိုးပါတယ်။ အားလပ်ချိန်မှာ အကုသိုလ် ရှာတဲ့လူတွေကို မကြိုက်ပါ။နှင်းတောထဲမှာလဲ ကစားချင်ပါတယ်.

ချော(အစိမ်းရောင်လွင်ပြင်) said...

လှလိုက်တဲ့ပုံတွေ
အပေါ်ဆုံးကပုံကို တအားသဘောကျတယ်
ကာလာလေးတွေ အားလုံးကောင်းတယ်နော်
တော်တယ် ရိုက်တဲ့သူ
အဲ ဘလော့မှာ နတ်သမီးမွေးနေ့တုန်းက ခိုးသွားတဲ့ပုံ တင်ထားတယ်း)

ကိုဇော် said...

အရမ်းကောင်းတဲ့ ပုံလေးတွေပဲ ညီမရေ...

လင်းခေတ်ဒီနို said...

အောင်မြတ်လေး နတ်သမီးရယ် . .

နတ်သမီးလက်ရာဆိုလို့ အပြေးလာကြည့်တာ

လက်ဖ၀ါး နှစ်ဖက်အရာများ တွေ့ရမလားလို့ အဟင့်

တွေ့လိုက်တာတွေက သွားချင်စရာကောင်းတဲ့ နေရာချည်းပဲ အဟင့် မသွားနိင်သေးလို့
ဂလုဆိုပြီး စိတ်လျှော့ပြီး ပြန်သွားတယ် အဟင့်

~ဏီလင်းညို~ said...

ကမ်းခြေက ခုံတန်းလေးတွေမှာ ထိုင်ငေးရတာ အရသာရှိမည်ထင်ပါပေ့......နတ်သာမီးရေ့....။
ပုံတွေမိုက်တယ်.....။
ကြုံရင် ကိုဏီ့ကိုလည်း....လှလှလေးရိုက်ပေးဦး၊
ဝါးရင်းဒုတ်နဲ့ ဟုတ်ဝူးနော်.........:P

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

နှင်းဟေမာ said...

ကောင်းလိုက်တဲ့ လက်ရာလေးတွေပါပဲ ....
အနုပညာခံစားမှုအားကောင်းလို့ အယူအဆတွေက တစ်ကယ့် ပညာရှင်တစ်ယောက်လိုပါပဲ ...း)
ပျော်စရာကောင်းမယ်နော် အဲဒီမှာနေရတာ
နှင်း တွေကို ချစ်လိုက်တာ မမအဖြူရောင်လေးရေ ...

noblemoe said...

တကယ်ပဲစားစရာမှတ်လို့  ပြေးလာတာပါ။

နှင်းတောင်သို့ သွားသောတောင်ကြားလမ်းလေးနှစ်သက်မိပါတယ်။


သာယာချမ်းမြေ့ပါစေရှင်း
မိုး

မိုးငွေ့...... said...

အဲလို ရှုခင်းကောင်းကောင်းနေရာမှာသာရောက်နေရင် စာရေးဖို့ တော်တော်ကောင်းမှာပဲ....ကုန်ကြမ်း ကုန်ကြမ်းးး

အနှိုင်းမဲ့ said...

လက်ရာကောင်းလေးတွေ........

နွေဆူးလင်္ကာ said...

ဓါတ်ပုံဆရာ ကောင်းသားပဲ ...

မောင်လေး said...

အရမ်းလှတဲ့ ဒါ့ပုံလေးတွေ....။နှင်းတော နဲ့ သိုးလေးတွေ
ကို သဘောအကျဆုံးပဲ.....။

အိမ့်ချမ်းမြေ့ said...

ပုံတွေက လှလိုက်တာ...

Anonymous said...

minmaung
နတ်သမီးရဲ့ လက်ရာက တော်တော်ကောင်းပါတယ်...ညနေ ဆည်းဆာပုံလေးနဲ့နှင်းတောထဲကပုံလေးတွေကိုပိုပြီးသဘောကျပါတယ်.........

♥ May said...

ပုံလေးတွေကို ကြည့်ရတာလွမ်းစရာကောင်းလိုက်တာ...အထူးသဖြင့် နတ်သမီးလေး အလုပ်အားတိုင်း အမြဲကြည့်တတ်တဲ့ ဆည်းဆာအလှပုံလေးကို အကြိုက်ဆုံးပဲ...မေလဲ အဲဒီနေရာလေးကိုရောက်ဖူးချင်လိုက်တာ...

♥ May ♥

သိင်္ဂါကျော် said...

နတ်သမီးရဲ့ လက်ရာ ဆိုတော့ စားစရာ လို့တော့ ထင်လိုက်သေးတာပေါ့..
ဓါတ်ပုံလက်ရာတော့ တကယ်ကောင်းတယ်..

အုပ်ကြီး said...

ညနေဆည်းဆာအချိန်လေးရိုက်ထားတာ တော်တော်လှတယ် ..

ဆွေလေးမွန် said...

ညနေ နေ၀င်ဆည်းဆာမှာ ထိုင်စရာခုံတန်းလေးနဲ့
ဘေးနားမှာ ထီးထီးကြီးရှိနေတဲ့ သစ်ပင်ကြီးနဲ့
ကြည့်ရတာ.. အထီးကျန်ပေမယ့် လှနေပြန်ရော..

Khinmarlaraung said...

မရေ.... ပုံလေးတွေကြည့်ပြီး သွားနိုင်တဲ့သူများကို
အားကျလိုက်တာ။ နှင်းတွေဖွေးနေတာကို မြင်တော့
အဲဒီနှင်းတော်ထဲမှာ ပြေးကြည့်ချင်လိုက်တာ။
ပုံလေးတွေက ဝါသနာရှင်အဆင့်တော့ မဟုတ်တန်ရာ။
" HAPPY MERRY CHRISTMAS " ပါမရေ။
ပျော်ရွှင်ပါစေ။
..ခင်မင်လျှက်...ခင်မာလာအောင်..:)

SHWE ZIN U said...

သွားချင်လိုက်တာ ညီမ ရေ ပုံလေးတွေ ကလည်း လှလိုက်တာ ရိုက်ချက်ပြင်းတယ် ဝေးဝေးရှောင်မှ

ချစ်အမကြီး
ရွှေစင်ဦး

ညီညီ said...

အလည်ရောက်သဗျာ ..ရှုခင်းတွေ ကောင်းတယ် ..
ရိုက်ချက်တွေက လှတယ်ဗျာ ... သွားလည်ချင်စိတ်ပေါက်သွားတယ် ..
အလည်ရောက်တိုင်း ကွန့်မန်မရေးဖြစ်ဗျာ ..ချက်ဘောက်မတွေ့တောလဲ မအော်ဖြစ်..နှစ်သစ်မင်္ဂလာပါခင်ဗျာ..

မြစ်ကျိုးအင်း said...

ပုံတွေတအားမိုက်တယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger