Saturday, February 5, 2011

တကယ် “ချ” ခဲ့ကြတဲ့“ပွဲ”


၂.၂.၂၀၁၁(ဗုဒ္ဓဟူးနေ့)ညက ကျမတို့သူငယ်ချင်းတွေ နှစ်သစ်ကို ကြိုဆိုရင်း ချခဲ့ကြတဲ့ ဓာတ်ပုံတချို့ကို အမှတ်တရ ဖော်ပြလိုက်ပါတယ်..။
ဒီနှစ်မှာတော့ ဝန်ထမ်းတချို့ဟာ တရုတ်ပြည်ကို အလည်ပြန်ခြင်း၊ ပါတီပွဲသို့မလာနိုင်ခြင်းများကြောင့် လူအရမ်းနည်းတဲ့ အတွက် ပါတီပွဲကို ဆိုင်မှာမလုပ်ပဲ ဝန်ထမ်းအဆောင်မှာ လွတ်လပ်စွာ ကျင်းပခဲ့ကြတယ်။
အထူးအစီအစဉ်အနေနဲ့ ကျမရဲ့လက်ဆောင်အဖြစ် ဝန်ထမ်းများတယောက်စီအတွက် မတူညီသော လက်ဆောင်တခုစီကို မဲနှိုက်စေပြီး မိမိကျသည့် လက်ဆောင်ကို ရရှိစေခဲ့ပါတယ်။



ိကုမ္ပဏီက ပေးတဲ့ USAနိုင်ငံထုတ် Sofiero Beer ဘူးပေါင်း ၁၀၀ နဲ့ ....
ကျမတို့ဝန်ထမ်း၁၈ယောက်ဟာ ကြိုးစားပြီး “ချကွာ” ခဲ့ကြပေမယ့် ယနေ့ထိတိုင် ဘီယာများဟာ စိတ်ပျက်စရာကောင်းလောက်အောင် ကျန်ရှိလို့နေပါတယ်..။



စားပွဲထိုးလေး Terry , Big chef , Manager တို့ “ချ ”နေကြပုံ

Big chef နဲ့ Kevin..

Kun ရဲ့ တကိုယ်တော် “ချကွာ”..


လက်ဆောင်ကံစမ်းမဲ ဖောက်အပြီး မိမိရရှိခဲ့သော လက်ဆောင်နှင့်အတူ..



ထုံးတန်းစဉ်လာအတိုင်း “ဒန်းပလင်း”လို့ခေါ်တဲ့ ဖက်ထုတ်မုန့် ထဲမှာ အကြွေစေ့ကို ထည့်ထားပြီး ကံထူးသူကို ရရှိစေပါတယ်...(ကံထူးသူ Terry)


ကံထူးသူ တရုတ်မလေး Yu

အကြွေစေ့ကို နှုတ်ခမ်းပေါ်တင်ပြီး မျောက်ပုံဖြစ်အောင် လုပ်ပြနေတဲ့ “ဂျိုရှု”
(သူလည်းပဲ ဘလော့ဂ်ကာတယောက်ပါပဲ..၊ သူရေးတဲ့ ကဗျာတွေ နာမည်ရပါသတဲ့)



ကဗျာဆရာလေး ဂျိုရှု ရဲ့ချစ်သူ Peggi ကတော့ ယုန်နှစ်ကို ကြိုဆိုတဲ့အနေနဲ့ လက်ချောင်းလေးများနဲ့ ယုန်ပုံလုပ်ပြခဲ့ပါတယ်..


ခွင့်ပြုချက်ရရှိပြီးသား ဝန်ထမ်းများရဲ့ဓာတ်ပုံတချို့ကို တင်ပြရင်း ခွင့်ပြုချက်မရရှိသော တချို့ဝန်ထမ်းများရဲ့ဓာတ်ပုံများကိုတော့ ထိန်ချန်ထားခဲ့ရင်း...
၂.၂.၂၀၁၁(ဗုဒ္ဓဟူးနေ့)ည ၁၂နာရီကျော်မှာ ကူးပြောင်းခဲ့တဲ့ ယုန်နှစ်ကို ကြိုဆိုရင်း ကျမတို့ တကယ်“ချကွာ” ခဲ့ကြပါကြောင်း...။




video



Happy Chinese New Year....

16 comments:

တောက်ပကြယ်စင် said...

သိပ်ပျော်စရာကောင်းမှာပဲနော် သူငယ်ချင်းတွေနဲ့လေ။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီဘလော့ပိုင်ရှင်ကျတော့ခွင့်မပြုဘူးထင်တယ်
သူ့ပုံတွေတော့ မတွေ့ရဘူး
စိတ်ပုတ်တယ်နော်း)
ပျော်စရာနှစ်သစ်ဖြစ်ပါစေ ညီမရေ....

အဖြူရောင်နတ်သမီး said...

ဆင်ဆာထိပါတယ် ဆိုနေ...
မချောကြီးကလည်း...
တင်ချင်တာပေါ့လို့...

ဟို လူဆိုးပေါ့...
တင်ရဘူးတဲ့..
ဟင့်...

ကိုဇော် said...

မတင်တာ ကောင်းပါတယ်။
ရှင်းရှင်းနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် . . .
အားမပေးပါဘူး။

အဖြူရောင်နတ်သမီး said...

ဟင့်..
တင်ဘူးးးးး
စိတ်ချ...

ရဲထွန်းဇော် said...

တင်ချင်လည်းတင်လေ...မျက်နှာကို ဖျတ်ထားပေါ့...ကိုဇော်နော်..သူကြတော့ ဖဘ မှာသူ့ပုံချည်းဘဲ...

မောင်လေး said...

ဘီဘီတွေပိုနေလား....၊ဒီဘက်ကိုပစ်လိုက်....:)
မိုက်သဗျာ.....တကယ်ကိုချတဲ့ပွဲပဲဗျနော်....:)

ချမ်းလင်းနေ said...

နတ်သမီးတို့ အဖွဲ သိပ်ပြီး မချနိုင်ပဲကိုး ဘီယာကျန်သေးလားဟေ့....။ ကျန်သေးရင် ကွန်ယက်ပေါ်တင်လိုက် ဒေါင်းချပြီး အကုန်မော့လိုက်မယ်။
ညီမလဲ အာရှဆိုင်မှာ လုပ်တာလား။ အစ်ကိုလိုပေါ့။ အစ်ကိုလဲ အရင်က Far Easten Fusion မှာ လုပ်တာပဲ။ ဘဝတူတွေပဲပေါ့။ ပျော်စရာဘဝလေးတွေ လွမ်းမောလိုက်တာ။ ပျော်ရွှင်ပါစေ နတ်သမီးရေ...။ လာလည်တဲ့အတွက်လဲ ရှဲရှဲ....(wok fried ကြော်သံ....မဟုတ်ပါ။)

မြစ်ကျိုးအင်း said...

ကုန်လွန်ခဲ့တဲ့တစ်နှစ်အတွက် အမောအပန်း ဖြေရင်း နောက်တစ်နှစ်အတွက် အားအင်အသစ်တွေ တက်ကြွစေမယ့် ပွဲလေးပေါ့။
ယုန်နှစ်မှာ ငြိမ်းချမ်း ပျော်ရွှင်ပါစေဗျာ။

ကိုဇော် said...

ရေးတာ နဲ့ နားလည်တာ လွဲပြီ။
ပြောချင်တာက ဓါတ်ပုံကို ပြောတာ မဟုတ်ဘူး။
ရိုးရိုးဓါတ်ပုံ တင်တာကို ဘာမှ မပြောဘူး တင်ပေါ့။
အခုလို သောက်စားနေတဲ့ ပုံတွေကို ပြောတာ။
ဒါကို အားမပေးတာပါ။ တခြား ခေတ်မှီတဲ့ ပုံတွေကတော့ မပြောပါဘူး။ ခေတ်လွန် ၊ ခေတ်ပျက်တဲ့ ပုံတွေက ကိုယ့်သမိုင်းကို မရိုင်းစေတယ်လေ ၊ ဒါကြောင့် ပြောတာ။
( စာကို ဂရုစိုက်ပြီး ဦးနှောက်က မရေးနိုင်သေးတော့ စာတွေက ကျန်နေတတ်တယ်။ ဆောရီးပဲ )

အဖြူရောင်နတ်သမီး said...

အင်းပါ...
တင်ပါဘူးဆိုနေ...
ဒီအကိုတွေ ဒီမောင်တွေရဲ့စကားကို နားထောင်ပါ့မယ်ဆိုနေ...။
တင်ချင်ရင် အစောကြီးကတည်းက တင်ပြီးပြီပေါ့..။
တင်ဘူးနော်..တင်ဘူး...

မေဓာဝီ said...

ဗိုက်ဆာလိုက်တာ ...
ရေလဲဆာတယ် ... ဂလု
တံတွေးမြိုပြီး ပြန်သွားပြီ :)))

An Asian Tour Operator said...

ဘူး ၁၀၀ ထဲများ :))

ရွှေရတုမှတ်တမ်း said...

စားချိန်မှာ စားတာ..စားသာစား...
ချဟေ့..၁၀၀ လုံးကုန်အောင်

kiki said...

ချကွာ...ချ သာချ...
ဝိုင်းချ ပေးရအုံး မလား နတ်သမီးရေ...
ဒုတ်နဲ့  ချ တာ ပြောပါတယ်။
ယုန်နှစ်မှာ အကုန်ဖြစ်ပါစေ..( ဖြစ်ချင်တာတွေ ပြောပါတယ်)...

ခင်တဲ့ မကိ..
( များ ဘလော့ အဟက် ခံ နေ ရ တယ်.. ခုသူ များဆီက လာချောင်းတာ..း((( )
ကယ် ပါ အုံး..

သစ်နက်ဆူး said...

မဖြူ..
မဖြူက မိတ်ဆွေပီသပါတယ်..
နှစ်သစ်ကူးမှာလဲ လာနုတ်ဆက်ဖော်၇တယ်..
ကျနော်က ခရီးကပြန်လာကတည်းက စိတ်မော လူပန်းဖြစ်နေလို့ စာလဲမရေးနိုင်သေးဘူး..
ဘလော့ဂ်တွေလည်းမလည်နိုင်သေးလို့ ..။
မဖြူကို အားနာတယ်ဗျ...။
နှစ်သစ်မှာ ချကွာကို လာအားပေးပါတယ်..
ချတော့ချပေါ့...။ ထိန်းပြီးချကွာ..။
ယုန်နှစ်မှာပျော်ရွှင်ပါစေ..။
ဒါနဲ့ ...မဖြူတို့ ..တနှစ်မှာ ဘယ်နှစ်ခါ
“ ချကွာ” လဲ...တွေ့ တာတော့ ခဏခဏဘဲ..။
တခါလောက်ဆုံချင်တယ်..။ကိုယ်တို့ ကတော့
ရင့်တယ်နော်...
ဘီယာတဘူးလောက်ကုန်ကာနီးရင် ..
အာတွေလေးပြိး သီချင်းဆိုရင် မပီချင်တော့ဘူး..ဟဲဟဲ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger