Wednesday, March 9, 2011

ဆိုက်ပရပ်စ်မှာ ရွာတဲ့ “မိုးသီး”


“ နိုင်ငံတကာ အမျိုးသမီးများနေ့”
ဖြစ်တဲ့ မနေ့က မှတ်မှတ်ရရပါပဲ..
ကျမနေတဲ့ မြို့လေးမှာ မိုးသီးတွေရွာပါတယ်..။
ကျွန်းနိုင်ငံဖြစ်တဲ့အတွက် ရာသီဥတုလည်း ကြမ်းပါတယ်၊ ချက်ချင်းမိုးရွာ ချက်ချင်းနေပူ တတ်တဲ့ ရာသီဥတုမျိုးပါ။


အဲဒီလိုနဲ့ပဲ တနေလုံး မိုးရွာလိုက် နေပူလိုက်နဲ့ ညဘက်မှာ မိုးသီးတွေပါ ရွာလာတာမို့ မမြင်ဖူးတဲ့သူငယ်ချင်းတွေအတွက် မိုးသီးများကို ဓာတ်ပုံရိုက်ပြီး တင်ပေးလိုက်ပါတယ်။




ပုံထဲမှာမြင်တွေ့ရတဲ့ မိုးသီးများဟာ မုန့်ကြာစေ့အရွယ်ခန့် ရှိသော ရေခဲတုံးကလေးများဖြစ်ပါတယ်၊






ကားလမ်းမပေါ်မှာ ပြန့်ကျဲနေတဲ့ မိုးသီးကလေးများကို ဆိုင်ထဲကနေရိုက်ထားတဲ့ပုံပါ။

17 comments:

တောက်ပကြယ်စင် said...

ဟိုက် နတ်သမီးရေ မိုးသီးက ကြောက်စရာကြီးပါလားနော် ဆိုဒ်ပရပ်စ်နိုင်ငံဆိုတာ ဘယ်နားမှာရှိတယ်ဆိုတာကို မြေပုံထဲကြည့်မယ်ကြည့်မယ်နဲ့ ခုထိမကြည့်ဖြစ်သေးဘူး ခုပဲ ကြည့်လိုက်တော့မယ် ကျန်းမာပျော်ရွှင်ပါစေ...

Anonymous said...

ဟိုက် နတ်သမီးရေ မိုးသီးက ကြောက်စရာကြီးပါလားနော် ဆိုဒ်ပရပ်စ်နိုင်ငံဆိုတာ ဘယ်နားမှာရှိလဲဆိုတာကို မြေပုံထဲကြည့်မယ် ကြည့်မယ်နဲ့ ခုထိမကြည့်ဖြစ်သေးဘူး ခုပဲ ကြည့်လိုက်တော့မယ် ကျန်းမာပျော်ရွှင်ပါစေ...
တောက်ပကြယ်စင်

လှိုင်ဘွား said...

မြန်မာနိုင်ငံမှာလည်း ကျွန်တော်တို့ ငယ်ငယ်တုံးက မိုးရွာရင် မိုးသီးတွေ ပါလေ့ရှိတယ် ရန်ကုန်မှာပေါ့ အစ်မရေ ဒါပေမယ့် တော်တော်တော့သေးပါတယ် ဘာမီတွန် tablet ပြားလောက်ပဲရှိတယ် အရေပြန်ပြီးပျော်သွားတာလည်း သိပ်မြန်တယ်
ကျွန်တော်တို့  ညီအစ်ကိုတွေ မိုးရေချိုးရင်းနဲ့  မိုးသီးလေးတွေပါလာရင် သံမန်တလင်း ပေါ်မှာ
အစ်ကို ကအဲ့ဒါ မိုးသီးတွေ မိုးသီးတွေ ဆိုပြီး ကောက်စားတော့တာပဲ ကျွန်တော်တို့ ကလည်း မိုးစက်မိုးပေါက်တွေကြားထဲက မိုးသီး ပိစိလေးတွေလိုက်ကောက်စားကြတာပေါ့ ရေခဲတုံးလေးတွေစားရတာနဲ့ အတူတူပါပဲ
ဒါပေမယ့် အခုတော့ ရန်ကုန်မှာ မိုးရွာရင်မိုးသီးပါတာ မကြားရတော့ပါဘူး ရာသီဥတုပူလာ (အဲလေ ဟိုလူကြီးတွေလို ကြီးကြီးကျယ်ကျယ်လိုက်ပြောလိုက်ဦးမယ်)
ကမ္ဘာကြီးပူနွေလာမှုကြောင့်နေမှာနော် PPP

လှိုင်ဘွား(သီချင်းအိမ်)

မိုးသီးကျောက် said...

မတ်လမှာကျတဲ့ မိုးသီးက မိုးသီးမတ်..
ဇွန်လမှာကျတဲ့ မိုးသီးက..
ဘကျောက်တို့ ဆီတော့ ဟိုတလောက ရေခဲမိုးရွာတာ မိုးသီးကျသလိုပါပဲ..ဒါပေမဲ့ ကျပြီး ချက်ချင်းခဲသွားတော့ လမ်းပေါ်မှာ လမ်းလျှောက်ဖို့တောင်မလွယ်ဘူး

ဆွေလေးမွန် said...

မိုးသီးတော့ မြင်ဘူးတယ်။ဒါပေမယ့် အမှတ်ရတာလေး
တော့ရှိတယ်။ အဲဒီနှစ်က အိမ်ပြင်နေတာ အိမ်က အမိုး မရှိသေးဘူး။ မိုးရွာတော့ မိုးသီးတွေပါလာရော..
အို..ဘာပြောကောင်းမလဲ ချစ်ရတဲ့ ဖိုးဖိုးနဲ့ မြေးအဖိုးနှစ်
ယောက် အိမ်ပေါ် မိုးရွာကြီးထဲ ပျော်လိုက်ကြတာ။
မိုးသီးလိုက်ကောက်စား..
ပြောရင်တောင် လွမ်းတယ်..
ဒါပေမယ့် မ ရိုက်ထားတဲ့ ပုံထဲက မိုးသီးလေးတွေက အရမ်းချစ်ဖို့ကောင်းတယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မတို့နယ်မှာတော့ ကွမ်းသီးလုံးလောက်တွေထိ ကျဖူးတယ်
မြေပြင်ကို မမြင်ရတော့ဘဲ ရေခဲ (မိုးသီး) တွေချည်း ဖုံးသွားတာ
နွေပိုင်းမှာ ပိုဖြစ်တတ်တယ်
ပျော်လဲပျော်လန့်လဲလန့်ပေါ့
ငှက်တွေဆို အများကြီးသေကြတယ် မိုးသီးမှန်လို့လေ။
သနားစရာ

အယ်ကို said...

မိုးသီးတွေ ဒီလောက်တောင်ကြွေကျသလား ။ ဒါဆို သိပ်အေးမှာပေါ့ဗျ .။ ကျန်းမာရေး ဂရုစိုက် အမ နတ်သမီးရေ ...
ကျနော်က သိတောင်မသိလိုက်ဘူးဗျ ...

sosegado said...

ငယ်ငယ်တုန်းကတော့ တွေ့ဘူး၊ ကစားဘူးပါတယ် မိုးသီးကိုပြောတာ၊
မိုးသီးမိုးရွာတော့မယ်ဆိုရင် တိရိစ္ဆာန်တွေကကြိုသိတယ်ပြောကြတယ်၊

Angelhlaing(May everybody be happy and healthy! said...

မိုးသီးတွေက အကြိးကြိးတွေပဲနော်။
တော်တော်အေးမယ်ထင်တယ်။
မမရေ..မျှဝေပေးမှုအတွက်
ကျေးဇူးပါ။
ကောင်းသောနေ့လေးဖြစ်ပါစေ။

Anonymous said...

ချစ်စရာလေးတွေ မိုးသီးလေးတွေက .. အပြင်မှာ ကြုံဖူးချင်တယ် ..း) ထိပ်တော့ ပေါက်မလားမသိ :P

မိုးခါး

သက်တန့်ချို said...

ခေါင်းပေါ်ကျလိုက်လို့ကတော့ကွာ အာလူးတွေထွက်ကုန်တော့မှာပဲ :P ( နတ်သမီးအာလူးဆိုအတော်ရောင်းကောင်းမယ်နော် ဟိဟိ)

မြစ်ကျိုးအင်း said...

မိုးသီကြွေရင် ငယ်ငယ်က အပြေးအလွှား ကောက်
ကြတာကို သတိရမိတယ်။ ဒီလောက်ကြီးတဲ့ မိုးသီမျိုးတော့ မကြုံဖူးသေးဘူး။

စော(အဝါရောင်မြေ) said...

မချောပြောသလို ကွမ်းသီးလုံးလောက်တော့ ရှိတယ် ဒါပေမယ့် လေးထောင့်တုံးလေးတွေပဲ တွေဘူးတာ။ ကျောက်ဆည်မှာ ညဘက်ကြီး မိုးရေထဲပါလာတာ။ အားလုံးကြောက်ရမှန်းလဲ မသိပါဘူး။ ကျနေတုံး ထွက်ကောက်တာ၊ ထီးနဲ့ ထွက်ပြီး မိုးသီးခံတဲ့သူနဲ့ လူကြီးတွေက သိလို့ အော်တားရတယ်။ အဲဒီ မိုးသီးက ခွက်ထဲတဲ့ထားတာ တစ်နာရီလောက်ခံတယ်။
မိုးသီးမှန်ရင် နွားတွေတောင်မှ သေကြသတဲ့လေ။ ကျမတို့ ဇာတိမှာတော့ လက်းသန်းလောက်လေးတွေ ငယ်ငယ်က မကြာမကြာ တွေ့ ဖူးပါတယ်။

လရိပ်အိမ် said...

ရေခဲတုံးအသေးစားဘဲနော်၊ စားလို့ရမလား အမ ၊ အရသာဘယ်လိုရှိတယ်မသိ ?

Han Kyi said...

မိုးသီးတစ်ခါမှ မမြင်ဖူးသေးဘူး အခုမှပဲ မြင်ဖူးတော့တယ် ခေါင်းပေါ်ကို တတိန်တိန်ကျရင် အာလူးသီးထွက်ရောပေါ့ တော်ပြီ ဆိုက်ပရပ်စ်ကို မလာရဲတော့ဘူး

ဆူးသစ် said...

အခုမှမြင်ဖူးတယ်ဗျာ။ ကျေးဇူးပါ။

အဖြူရောင်နတ်သမီး said...

ရန်ကုန်မှာတုန်းကတော့ မိုးသီးဆိုလို့ ကြည့်လိုက်ရင် အရည်ပျော်သွားတာနဲ့ သေသေခြာခြာမတွေ့ခဲ့ရဘူး..။
ဒီမှာတော့ မိုးသီးတွေက ခနခနကြွေနေတော့ မြင်ဖူးသွားတာ..။
သူများတွေကတော့ပြောတယ်၊ မိုးသီးကြီးတွေ ကြွေရင် လမ်းပေါ်က ကားတွေတောင် အမိုးတွေ ရှေ့ဖုံးတွေ အချိုင့်ရာတွေဖြစ်တယ်တဲ့..၊ အဲဒါကြောင့် မိုးသီးကြွေရင် လမ်းပေါ်မှာရှိတဲ့ကားတွေက ဓာတ်ဆီဆိုင်လို အမိုးရှိတဲ့နေရာတွေကို အပြေးဝင်ခိုလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တခုတွေမိတယ်...
အဲဒီလို မိုးသီးကြွေတဲ့အချိန် ရန်ကုန်က လူတွေ ဘော်လုံးထွက်ကန်သလိုမျိုးနဲ့များကြုံလို့ကတော့ မိုးနတ်မင်းက ရေခဲလောက်စလုံးနဲ့ ဆွဲသလိုဖြစ်နေမှာပဲနော်...ဟိ

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger