Monday, April 4, 2011

ဓာတ်ပုံ- နမ်းမဝ


ဧည့်သည်တွေ ထိုင်ချင်ကြတဲ့ ကျမတို့ဆိုင်က “sea view” စားပွဲ

အောက်က ပုံ(၃)ပုံက ကျမအလုပ် လုပ်တဲ့ စားသောက်ဆိုင် အပေါ်ကနေ ရိုက်ထားတဲ့ ပင်လယ်ရှုခင်းပါ၊





ဒီပုံလေးတွေကတော့ ကျမ လမ်းလျှောက်ထွက်တဲ့ နေရာလေးတွေရဲ့ ရှုခင်းလေးတွေပါ





ကလေးလေး(၂)ယောက်ရဲ့ သဘာဝပုံလေးတွေ


ကမ်းခြေတလျှောက်မှာ ဆောက်လုပ်ထားတဲ့ လမ်းလျှောက်ထွက်သူတွေအတွက် နားနေဆောင်လေးတွေပါ


ကမ်းစပ်ဘေးက စားပွဲလေးတွေ...


သမိုင်းဝင် မီးပြတိုက်ဟောင်းတခု




ဒီပုံလေးကလည်း ဘာမှမဟုတ်ပေမယ့် ခံစားတတ်ရင် ကဗျာတပုဒ်ဖြစ်နိုင်တယ်...





ဒီနေရာလေးမှာ ကျမ စာတွေ ကဗျာတွေ ရေးလေ့ရှိပါတယ်


အလုပ်တွေကများ....လူက မအား..... ကျမရဲ့ဘလော့ဂ်လေးကို လာလည်ကြတဲ့ သူငယ်ချင်းတွေအတွက် ပို့စ်အသစ်မတင်ပေးနိုင်၊ အိမ်တွေကိုလည်း မလည်နိုင်နဲ့.. တာဝန်တွေပျက်ကွက်နေတာမို့ ကျမကိုယ်တိုင် ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကိုပဲ တင်ပေးလိုက်ပါတယ်နော်...





Video ကတော့ ကျမအလုပ် လုပ်တဲ့ဆိုင်ပေါ်ကနေ ရိုက်ထားတာပါ၊ ပင်လယ်ရှုခင်းလေးပေါ့...။

26 comments:

sosegado said...

yo ကလင်ဒါထုတ်လို့ရပြီ

မောင်လေး said...

ဘေးနှစ်ဘက်၊အပေါ်အောက်အကာနဲ့ ခုံတန်းရှည်လေး
ကိုကြိုက်တယ်...ကဗျာဆန်လိုက်တာ...:)

Angelhlaing(May everybody be happy and healthy! said...

လှလိုက်တဲ့ရူးခင်းလေးတွေ...
ရောက်ဖူးချင်ပါဘိ..မမရေ..
စကားမစပ်..အလည်ခေါ်ပါလားဟင် မမ:P
အဟီးးး
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

ကိုကိုမောင်(ပန်းရနံ့) said...

ထန်းပင်တွေလား မသိ။ ကြည့်ရတာ တုံးဖလားရွာနဲ့ တူလိုက်တာ။ နောက်က ပင်လယ်ကြီး ပါတာက လွဲရင်ပေါ့။း)))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ကိုဇော် said...

ကောင်းမှကောင်း...............

ဝေလင်း ( Вэй Линн) said...

အရမ်းလှတယ်အစ်မ။။ ကိုယ်လည်းဓါတ်ပုံရိုက်တာပဲ ဟီး တစ်ခါမှ အဲလောက်ပုံကောင်းကောင်းမရဖူးဘူး..

ရွှေရတုမှတ်တမ်း said...

ကိုင်း...သူလဲ ဓါတ်ပုံရိုက်ကြတဲ့ ဘလော့ဂ်ဂါအသင်းထဲပါလို့ရပြီ

နေ၀ဿန် said...

ဘယ်မှာလဲငင်.. လှလိုက်တာ...း)).. တကယ်သွားလည်ချင်တယ်...

ခင်မင်လျက်
နေ၀ဿန်

ခနွဲ said...

ဓါတ်ပုံလေးတွေက တစ်ခုတစ်မျိုး အဓိပ္ပါယ်ရှိတယ်နော်။ လှတယ် ဓါတ်ပုံလေးတွေ။

သက်တန့်ချို said...

Wonderful Creature on the world : ) Thanks Sis

ချစ်ကြည်အေး said...

ပုံလေးတွေ လှတယ် ညီမ နတ်သမီးရေ....ပန်းခင်းဝါဝါလေးနဲ့ပုံရယ် တံမြက်စည်းပင်လို ရှည်ကိုင်းကိုင်းအပင်တွေရယ် ပါတဲ့ပုံတွေကို ကြိုက်တယ်....:)

လင်းခေတ်ဒီနို said...

လှချက် ဆိုဒ်ပရက်ရဲ့ အလှမှာမျှောသွားတော်မူသည်း)

အနှိုင်းမဲ့ said...

ရိုက်ချက်တွေအရမ်းကောင်းတယ်...ငါ့အမ

စော(အဝါရောင်မြေ) said...

ပင်လယ်နဲ့  အရမ်းနီးတာကို ကြောက်တယ်။ ဘာမှ မဖြစ်တဲ့အချိန်ဆိုရင်တော့ ဒီလိုပဲ ချစ်စရာကောင်းမှာပါ။

myathida said...

သာယာလှပတဲ့ ရှခင်းတွေ ကြားမှာ “ မ ” တစ်ယောက် ငြိမ်းချမ်းပါစေ

မိုးငွေ့...... said...

နတ်သမီးစာထိုင်ရေးတတ်တဲ့ နေရာလေးကိုအကြိုက်ဆုံး...။ ကိုယ်တိုင်တောင် အဲဒီမှာ စာလာရေးချင်စိတ်ပေါက်တယ်...။ ကိုယ်ကပင်လယ်ကိုချစ်တဲ့သူဆိုတော့ ပင်လယ်ရှုခင်းတွေကိုလဲ အကုန်ချစ်တယ်...။

ခင်တဲ့
မိုးငွေ့

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီလိုရှုခင်းတွေ အလှအပတွေ လေကောင်းလေသန့်တွေ အမြဲရနေ မြင်တွေ့နေရတော့ အသက်ရှည်မယ်လို့တောင် ထင်မိတယ်
ရှုခင်းတွေများ လှလိုက်တာ အံ့မခန်းဘဲ။
လမ်းလျှောက်ချင်စရာလေးဘဲကိုး.. သာယာကြည်နူးဖို့လည်း သိပ်ကောင်းမှာဘဲ။
ဒီလိုအလှအပတွေ နေ့တိုင်းမြင်တွေ့နေရတာ ကံကောင်းခြင်းတစ်မျိုးပါ နတ်သမီးရယ်။
လူရှုပ်ရှုပ်၊ ကားမီးခိုးတွေ၊ အညှော်နံ့တွေ နေ့တိုင်းမြင်ရ ရှုရတာထက်စာရင် ဘယ်လောက်စိတ်ချမ်းသာဖို့ ကောင်းလိုက်သလဲ။

ဆောင်း said...

ညီမရေ
ကိုယ်တိုင်မလာနိုင်လို့  ရှု့ ခင်း ဓါတ်ပုံ တွေများများ ရိုက်ပြီး ပို့စ်တင် ပေးပါ။ မြို့ ထဲမှာလည်း ရိုက်ပြနော်။

အစားသောက် ဆန်းဆန်းတွေ လည်း ရိုက်ပြပါအုန်း ပင်လယ်စာ တွေ သိပ်ပေါ သိပ်ကောင်းလို့ ဂရိတွေက ကြွားတယ်။ ဆိုဒ်ပရပ်မှာလည်း ပေါမယ် ထင်တယ်နော်
ပုံတွေ အတွက် ကျေးဇူး

ကိုအောင်(ပျူနိုင်ငံ) said...

ဓါတ်ပုံ ရိုက်ချက်တွေက ကောင်းလိုက်တာဗျာ၊
တကယ်ပါ မြှောက်ပြောတာ မဟုတ်ဘူး၊ တကယ့်ကို ကောင်းတယ်၊ အားပေးလျက် ...

မင်္ဂလာပါ .... said...

မမအဖြူရောင်လေးရေ ...
ဓါတ်ပုံလေးတွေကြည့်ပြီး ဘယ်ကိုလွမ်းလို့လွမ်းမှန်းမသိအောင် ခံစားလိုက်ရတယ်
အဲဒီပတ်ဝန်းကျင်လေးမှာ လက်ရှိနေထိုင်နေရတဲ့ ကာယကံရှင်တော့ ဘယ်လိုနေမလဲမသိဘူး
သာယာလိုက်တာနော်
တစ်ကယ့်ကို လာလည်ချင်ပါသေးတယ်
အဲဒီနိုင်ငံလေးကိုရော မမတို့ဆိုင်လေးကိုရောပေါ့း)
ညီမလေး နှင်းဟေမာ

PhyoPhyo said...

ဓါတ်ပုံလေးတွေလှလိုက်တာ၊
ကလေးနှစ်ယောက်နဲ့ ပုံလေး ကြိုက်တယ်၊ မီးပြတိုက်လည်းကြိုက်တယ်၊
နားနေဆောင်လေးတွေလည်း ကြိုက်တာပဲ
ပုံတောင်ဆွဲကြည့်ချင်သွားတယ်
နတ်သမီး ပျော်ရွှင်ချမ်းမြေ့ပါစေ

ဇော်သိင်္ခ said...

သဘာဝကျကျ ရိုက်ကူးထားတဲ့ သဘာဝလှပတဲ့ ရှူ့ခင်းလေးတွေကို စိတ်ဝင်စားစွာဖြင့် လေ့လာကြည့်ရှု့သွားပါတယ်ခင်ဗျာ။

ဇော်သိင်္ခ said...

သဘာဝကျကျရိုက်ကူးထားတဲ့ သဘာဝရှု့ခင်းလှလှလေးတွေကို သဘာဝကျစွာ၊ စိတ်ဝင်စားစွာနဲ့ ကြည့်ရှု့သွားပါတယ် ခင်ဗျာ။

Ree Noe Mann said...

ပုံလေးတွေ တော်တော် လှတယ်နော် အမ။ အမ မပြန်ခင်
များများရိုက်သွားနော်။ မရောက်ဖူးတဲ့ ကျနော်တို့လည်း ဆိုက်ပရပ်စ် ဆိုတာ တော်တော်လှပါလားလို့ သိရတာပေါ့

Aung Kyaw Min said...

မအဖြူရောင် ရေ. အလည်းရောက်တယ်ဗျ. ဆိုက်ပရပ်စ် ကိုရောက်ရသလိုပါ. မဖြူရောင်၏ ရိုက်ချက်များကောင်းတယ်. လန်းတယ်. မအဖြူရောင်ရှိတဲ့ ဆိုက်ပရပ်စ် ကိုGoogle Earth နဲ့ လည်ဖြစ်တယ်ဗျ. နှစ်ကူးသင်္ကြန်မှာ လန်းဆန်းမှုတွေနဲ့အတူ အေးချမ်းနေပါလို့ဆုတောင်းလိုက်ပါတယ်.

Aung Kyaw Min said...

မအဖြူရောင် ရေ အလည်ရောက်ပါတယ်. ဆိုက်ပရက်စ် ကိုရောက်ရသလိုပါ. မဖြူရောင်ရဲ့ ဓါတ်ပုံလက်ရာတွေကောင်းတယ်. ဒီနှစ်သင်္ကြန်မှာ စိတ်တွေလန်းပြီး အေးချမ်းမှုနဲ့ ရှိနေပါစေဗျာ...

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger