Monday, May 30, 2011

ကျမတို့ရဲ့ ရင်ထဲက Hero (ရွှေရတုမှတ်တမ်း)


ရွှေရတုမှတ်တမ်း said... ဘကျောက်က ပုံပြင်လေး ရေးပြီးပို့ချင်တာ.. e mail လိပ်စာကလဲရှာမတွေ့ဘူး... ။ ကိုင်း...ဒီမှာပဲရေးလိုက်ပြီ.. ။ ကဲ..ကဲ...နားထောင်...

တခါက အိုလံပီယာတောင်ကြီးမှာ.. Zeus ကျောက် နတ်မင်းကြီးနဲ့ စိုးမြတ် Hera မိဖုယားကြီးတို့ရှိသတဲ့..။ တနေ့တော့ စိုးမြတ်ဟီရာ ကပြောသတဲ့... "ကိုကျောက်ရယ်.. တော့ တောင်ပေါ်ကြီးမနေချင်ပါဘူး.. ကျုပ်မှာ မီးသတ်မျှော်စင်ပေါ်နေရသလိုပဲ၊ လေကလဲ တဝှီးဝှီးနဲ့ ပြူတင်းပေါက်ဖက်တောင်ကျောပေးမအိပ်ရဲဖူး.. ဝေသာလီဗျိုင်းဖြစ်မစိုးလို့ .. ကျုပ်..Cyprus ကျွန်းသွားမယ်တော်"

နတ်မင်းကြီးကျောက်နဲနဲ စိတ်လေသွားတယ်..

" မိန်းမရာ ငါ့ခရက်ဒစ်ကက်တွေကလဲ မင်းသုံးလွန်းလို့ လစ်မစ်တောင်ကျော်နေပြီ.. အိမ်မှာငြိမ်ငြိမ်နေပါကွာ " လို့ပြောသတဲ့..၊ စိုးမြတ်ဟီရာကလဲ မီးပျက်ညရဲ့ ဘလော့ ကို ဖတ်ထားသူပဲ ဘယ်ရမလဲ..

" ဟင့်..ဟင့်.." လို့ မျက်ရည်လဲကျပြလိုက်ရော.. နတ်ကျောက်မင်းလဲ မနေနိုင်တော့ဘူး.. အင်း..မဖြစ်ဖူးမဖြစ်ဖူး.. ဒီမိန်းမတောင် မကြီးပေါနိုင်ငံက ကဇော် မြှောက်ပေးလို့ လက်ကတီးကြား.. ဟိုကတီးကြားက ချွေးတွေစုပြီး အလစ်မှာ ပက်ပြီး ရအောင်ယူထားတာ ချော့ထားမှ လို့ တွေးပြီး "ကဲ..ပါ မိန်းမရာ အခုပဲ အွန်လိုင်းကနေ လိန်ပျံလက်မှတ်ဝယ်လိုက်ပြီ " လို့ ပြောရသတဲ့..၊

ဟော..ဆိုက်ပရပ်လဲ ရောက်ရော တခါ စိုးမြတ်ဟီရာက တရုတ် ဆိုင်မှာ စားချင်ပြန်ရော.. နတ်ကျောက်က ခရက်ဒစ်ကဒ်အကြွေးရင်လေးနေတာမို့.. " မင်း ကနမော်နမဲ့နဲ့..၊ အဲဒီဆိုင်က လှေခါးက ခလုပ်တိုက်ပြီးမှောက်လဲအောင် လုပ်ထားတာကွ၊ လာစားတဲ့သူတွေကိုလဲ မှန်ကွဲအောင်လုပ်ခိုင်းပြီးအရော်တောင်းနေကြ.မင်းကိုယ်လုံးကြီးနဲ့ မှန် ၁၀ ချပ်လောက် ကွဲသွားနိုင်တယ်" လို့ ပြောပေမဲ့ '" ဟင့်အင်း..ဟင့်အင်း.. အဲဒီမှာ အိုက်စကလင် ဆာတေး စားမလို့ ကြံနေတာကြာပေါ့" လို့ စိုးမြတ်ဟီရာက အမူပိုပို ပြန်ပြောသတဲ့..၊ သူလဲပြောရော နတ်ကျောက်တောင် အဲဒီဆိုင်က တရုတ်မရဲ့ အာတာပူစီ မီးကင်ရွရွကြီး ကြီးကို မျက်စေ့ထဲ ပြေးမြင်သတဲ့.. ရှလွတ်... စားသောက်ဆိုင်မသွားခင် beach မှာရေကူးချင်တယ်ဆိုပြီး စိုးမြတ်ဟီရာက ရေကူးဝတ်စုံနဲ့ ရေထဲလဲဆင်းရော.. နတ်ကျောက်ကြီးခမြာ အလန့်တကြားဖြစ်သွားသတဲ့..၊ " ဟာ.....မင်း...ဗိုက်ပူ တင်ကားကြီးနဲ့ စင်ကာပူက ဟို ဘလော့ကာ မမ ဝဝကြီးတွေ လို ဖြစ်နေပါ့လား"

အဲ လို အားပေးစကားသံလဲကြားရော... စိုးမြတ်ဟီရာအရမ်းဒေါသဖြစ်သွားသတဲ့..

"တော် .. ဘာစကားပြောတာလဲ ကျုပ်ဗိုက်ပူနေတာ ရှင့် ကြောင့်.. ရှင့်ကြောင့်.." လို့ ပြောပြီး မေ့လဲ သွားလို့ 911 ခေါ်ပြီးဆေးရုံပို့လိုက်တော့ သမီးတော်လေးတပါး ဖွားမြင်သတဲ့..၊

သူ့နာမည်ကို အက်ဖရိုဒိုက်လို့မှည့်ပေမဲ့ လူတွေကတော့ white angle အဖြူရောင်နတ်သမီးလေးလို့ ခေါ်ကြသတဲ့.. နတ်သမီးလေးမွေးတဲ့နေ့က.... နိုဝင်ဘာလ ၁၉ ရက်နေ့တဲ့....

ကိုင်း...ဘကျောက်ပြောတဲ့ပုံပြင်ကတော့ ဒါပါပဲကွယ်..

November 19, 2010 6:13 AM

.................................................................................

မနှစ်က ဘကျောက်ရေးပေးခဲ့တဲ့ ကျမရဲ့မွေးနေ့လက်ဆောင် ပုံပြင်လေးကို( အဲဒီအချိန်က )ဖတ်ပြီး အားရပါးရ ရီရယ်)ခဲ့ဖူးတယ်။ အခုတခါ ပြန်ဖတ်တဲ့အချိန်မှာတော့ ကျမ မရီနိုင်တော့ပါဘူး...။ အဲဒီပုံပြင်လေးကို လက်ဆောင်ပေးခဲ့တဲ့ ဘကျောက်(ရွှေရတုမှတ်တမ်း) ဟာ ၃၀.၀၄.၂၀၁၁နေ့က ကွယ်လွန်သွားခဲ့ပါပြီ။

ဒီနေ့ဟာလည်း ဘကျောက်ကွယ်လွန်သွားခဲ့တာ (၁)လပြည့်တဲ့နေ့ဖြစ်ပါတယ်။

ကျမနဲ့အတူ ဘကျောက်ကို ချစ်ကြတဲ့ စာဖတ်သူ၊စာရေးသူ မောင်နှမတွေလည်း ကျမလိုပဲ ဘကျောက်ကို လွမ်းဆွတ် သတိရနေကြလိမ့်မယ်လို့ ကျမယုံကြည်ပါတယ်။

ဘကျောက်ဟာ သူ မကွယ်လွန်မီ လအနည်းငယ်အလိုကတည်းက သူ့ရဲ့ရောဂါအခြေအနေကို ကြိုတင်သိထားပြီးပေမယ့် သူကွယ်လွန်သွားတဲ့အချိန်အထိ အပြုံးမပျက်ပဲ ဘလော့ဂ်လောကထဲမှာ ဘလော့ဂ်ကာမိသားစုဝင်များနဲ့အတူ ပျော်ရွှင်စွာနေသွားခဲ့သူပါ..။

သူရေးခဲ့တဲ့ Post အားလုံးလိုလိုဟာ ကျမ အတွက်ဗဟုသုတရစရာ၊ အတုယူစရာတွေဖြစ်ခဲ့ရတဲ့အပြင် ကျမစိတ်ဝင်စားတဲ့ ရိုးမတောထဲက အဖြစ်အပျက်များ၊ သရဲအကြောင်း၊ သိုက်အကြောင်းတွေဟာလည်း ကျမအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ စိတ်အဝင်စားဆုံးအကြောင်းအရာတွေပါပဲ။

ဘကျောက်ရေးခဲ့တဲ့ “ယမမင်းထံသို့ ခြေလှမ်း(၁၈၀ ) ”ဆိုတဲ့ Post တင်ပြီးတဲ့နောက်ပိုင်းမှာတော့ ဘကျောက်ကို ချစ်ခင်ကြတဲ့ အနယ်နယ် အရပ်ရပ်မှ စာရေးသူ၊ စာဖတ်သူများရဲ့ ဆုတောင်းမေတ္တာများ၊ ဆေးဝါးများ၊ ဘုရားစာများ၊ စသည်တို့ကို ဘကျောက်ထံသို့ နည်းမျိုးစုံနဲ့ အရောက်ပို့ပေးခဲ့ကြတာဟာလည်း မြန်မာလူမျိုးတို့ရဲ့ မိသားစုမေတ္တာကို ပြသခဲ့ကြတာပဲ မဟုတ်ပါလားရှင်။ ဘကျောက်ရဲ့ ခံစားနေရတဲ့ ဝေဒနာတွေ သက်သာစေကြောင်း ဆေးဝါးများနှင့် ဆုတောင်းများကို လက်ခံခဲ့တဲ့ ဘကျောက်ရဲ့ ရင်ထဲမှာ ဘယ်လိုများခံစားခဲ့ရရှာမလဲ....၊

တနေ့... သူ့ရဲ့G Talk status မှာ “အရမ်းဝမ်းနည်းနေလို့ ဘယ်သူနဲ့မှစကားမပြောနိုင်ပါ” ဆိုတဲ့ စာတန်းလေးကို တွေ့ခဲ့ရတယ်၊ ကျမလေ.. ဘကျောက်ရဲ့ ရင်ထဲကို ဝင်ပြီး ခံစားမိပါတယ်၊ ကိုယ်သေမယ့် နေ့ကို သိနေတဲ့သူတယောက်ရဲ့ ရင်ထဲမှာ တရားမှတ်ဖို့အချိန်၊ ကြိုတင်ပြင်ဆင်စရာများအတွက် အချိန်ဆိုတာရှိပေမယ့် ဝေဒနာခံစားရင်း သွေးပျက်ခြောက်ခြားနေမှာ အမှန်ပါပဲ..။

ဘကျောက်ကတော့ အပြုံးမပျက်ပဲ စာရေးသူမောင်နှမတွေကြားထဲမှာ စလိုက်... နောက်လိုက်နဲ့ သူ့ရဲ့ခက်ခဲလှတဲ့ အချိန်တွေကို ဖြတ်သန်းသွားခဲ့ပါတယ်။

သူ မကွယ်လွန်မီအချိန်အနည်းငယ်မှာတောင် သူခံစားနေရတဲ့ ရောဂါဟာ လုံးဝပျောက်ကင်းသွားပြီ၊ သူ မသေနိုင်တော့ပါဘူး ဆိုတဲ့ Post လေးကိုရေးပြီး သူ့အပေါ်မှာ စိတ်ပူနေကြတဲ့ စာရေးသူ၊ စာဖတ်သူ မိသားစုဝင်များရဲ့စိတ် (အစွဲ)ကို ဖြေဖျောက်ပေးခဲ့တဲ့ တရားသိတဲ့ လေးစားရတဲ့ မြန်မာဗုဒ္ဓဘာသာတဦးပဲဖြစ်ပါတယ်။

ဘကျောက်ဟာ ကျမအတွက်တော့လူစွမ်းကောင်းတယောက်ပါပဲ...

ဘကျောက်ရေ...

တူမကြီးရဲ့ Post တွေထဲက ဘကျောက်ရေးခဲ့တဲ့ commentတွေကို ပြန်ဖတ်ရင်း ဘကျောက်ကို တနေ့မှ မေ့မရခဲ့ပါဘူး...။

ဘကျောက်လို တရားရှိတဲ့သူ တယောက်အတွက် ဘာအစွဲမှမရှိပဲ အခုချိန်မှာ ကောင်းရာဘုံတခုခုကို ရောက်ရှိနေလိမ့်မယ်လို့လည်း တူမကြီး ယုံကြည်ပါတယ်..။

ဒီနေ့ဟာ ဘကျောက်ကွယ်လွန်ခဲ့တာ (၁)လပြည့်တဲ့နေ့မို့...

ဘကျောက်အတွက် အမှတ်တရ Postလေးရေးရင်း တူမကြီးနှင့်တကွ ဘကျောက်ကို ချစ်ကြတဲ့ စာရေးသူ၊ စာဖတ်သူများက ဘကျောက်ကို မမေ့မလျှော့ အမြဲသတိရနေကြတယ် ဆိုတာ ဘကျောက်တယောက် သိမြင်နိုင်ပါစေနော်....

ပြီးတော့ တူမကြီးပြုခဲ့သမျှ ကုသိုလ်ကောင်းမှုများကိုလည်း အမျှပေးဝေပါတယ်.. ဘကျောက် သာဓုခေါ်ပေးပါနော်...

ဘကျောက်ရဲ့ “ရုပ်ခန္ဓာ”မရှိတော့ပေမယ့် ....

ဘလော့ဂ်လောကမှာ ဘကျောက်ရဲ့“နာမ်”ရှိနေသေးတယ်...

ဘကျောက်ရေးသားခဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ စာပေတွေဟာ ထာဝရရှိနေမှာပါ....

ဘကျောက်ကို ချစ်တဲ့ စာဖတ်သူ၊ စာရေးသူတို့ရဲ့ရင်ထဲမှာ ဘကျောက်ဟာ “HERO” တယောက်ပါ...

တူမကြီးတို့ရဲ့ ရင်ထဲမှာ ဘကျောက်ကို ချစ်တဲ့ အချစ်တွေ ဘယ်တော့မှ မပျောက်ပျယ်သွားဘူးဆိုတာကို ဘကျောက် သိမြင်နိုင်ပါစေ...

ဘကျောက်တယောက် မြင့်မြတ်သော ဘုံမှာ အေးချမ်းပျော်ရွှင်နေပါစေရှင်....

20 comments:

...အလင်းစက်များ said...

ဘကျောက်ကို ဘလော့စလုပ်ပြီး ၆ လလောက်ကြာမှ စသိတာပါ။ ဆုံးခါနီးထိလဲ သိပ်မရင်းနှီးပါဘူး။ ဒါမယ့် သူ့ စာတွေတော့ သွားသွားဖတ်ဖြစ်ခဲ့တယ်။ ဆုလဲတောင်းပေးဖြစ်ခဲ့တယ်။

သူမဆုံးခင် အားလုံးကို စိတ်ရှင်းသွားအောင် “ရောဂါ သက်သာပျောက်ကင်း သလို” ရေးသွားတဲ့ပိုစ့်လေး ကို အင်မတန် လေးစားမိတာ အမှန်ပါပဲ။ ကိုယ်အတွက် အခြားလူတွေ ၀န်မပိစေချင်တဲ့ စိတ်ထားပါပဲ။ မနတ်သမီးရေ...။ ဘကျောက်ရဲ့ ဘလော့လေးထဲက စာတွေကို ဆက်ထိန်းသိမ်းနိုင်ကြရင် သိပ်ကောင်းမှာပဲလို့  ထင်မိပါကြောင်းဗျား

ကိုကိုလတ်။

ကိုဇော် said...

ကိုကြီးကျောက်ကတော့ ကောင်းရာ မွန်ရာ ဘုံဘဝကို ရောက်ပြီး ပျော်နေဦးမှာပါပဲလေ။

မိုးငွေ့...... said...

ကိုကြီးကျောက် ခွဲခွာသွားတာ တစ်လတောင်ပြည့်သွားပြီလား...။
ခဏကလေးလိုပဲ....။ ဟိုနေ့တုန်းကမှာ ရွှေရတုမှတ်တမ်းက တစ္ဆေအကြောင်းရေတဲ့ပို့စ်တွေကို သိမ်းထားချင်လို့ အကုန်ကော်ပီပြန်ကူးနေတာ....။
နတ်သမီးပြောသလိုပဲ ဘကျောက်ဆိုတာ ဘလော့ဂ်လောကမှာ hero တစ်ယောက်ပါပဲ...။
ဘကျောက်ကောင်းမွန်ရာဘုံဘ၀ရောက်မယ်ဆိုတာ ယုံကြည်ပြီးသားပါ...။

ခင်တဲ့
မိုးငွေ့

ခနွဲ said...

ဘကျောက်တစ်ယောက် ကောင်းရာမွန်ရာ ဘုံဘ၀မှာ ပျော်နေမှာပါ။ ပုံပြင်လေးကို ဖတ်လိုက်ရတော့ ဘကျောက်ကို ပိုလွမ်းသွားတယ်။ သတိရနေပါတယ်။ ဘကျောက်။

SHWE ZIN U said...

ညီမရေ

ပုံပြင်လေး ဖတ်ပြီး လွမ်းသွားတယ် အမတို့ ဘလော့ဂါ တွေ ရင်ထဲမှာ ကိုကြီးကျောက် အမြဲ ရှိနေမှာပါ

မောင်ဘကြိုင် said...

ဖုန်းဆက်ပြီးအားပေးတုန်းက
အဆင်ပြေနေကောင်းပါတယ်ညီရာဆိုတဲ့ အသံလေးကို
ကြားမိနေရတုန်းဗျာ
သတိရမိတယ်

း(

မောင်ဘကြိုင်

Han Kyi said...

ဒီစာကိုဖတ်ရတော့ ကိုကြီးကျောက်ကို လွမ်းလိုက်တာဗျာ...အားကျစရာ တကယ့်သူရဲကောင်းပါ...သူမရှိတော့တဲ့နောက်ပိုင်း စာရေးဖို့တောင် အားမရှိသလိုလိုပဲ...သြော်...တစ်လတောင် ရှိပါပကောလား...သူ့ဘလော့လင့်ခ်လေးကို ဒီအတိုင်းပဲထားပြီး သတိရတိုင်း သွားဖတ်ဖြစ်တယ်...သတိရမိပြန်ပြီကော...

sosegado said...

ဖတ်ရတိုင်း ဝမ်းနည်းမှုတွေဖြစ်ရပါတယ်၊
နတ်သမီးအတွက် ဒီပုံပြင်လေးကတော့ တကယ့် အမှတ်တရပေါ့။

An Asian Tour Operator said...

ကိုကြီးကျောက်ရဲ့ ပုံပြင်လေးက ချစ်စရာလေး.. နတ်သမီး အတွက် အမှတ်တရ ဖြစ်နေမှာပဲနော်..

နေ၀ဿန် said...

ကောင်းရာဘုံဘ၀မှာ စံမြန်းနေပါလိမ့်မယ်ဗျာ...


ခင်မင်လျက်
နေ၀ဿန်

ချော(အစိမ်းရောင်လွင်ပြင်) said...

နတ်သမီးရေးထားတာလေးဖတ်ပြီး စိတ်ထဲထိထိခိုက်ခိုက် ဖြစ်သွားမိတယ်
ဝမ်းနည်းလိုက်တာ
ကိုကြီးကျောက်ကို အမြဲသတိရနေမိတာပါ။ သူ့ကော်မန့်တွေ မတွေ့ရတော့တာလည်း ၀မ်းနည်းစရာပါဘဲ
ကိုကြီးကျောက် ကောင်းရာမွန်ရာမှာ ပျော်ရွှင်နေပါစေ

blackroze said...

မနမ်း...
မ..ရေးထားတာလေးဖတ်ပြီးတော့စိတ်မကောင်း
ဖြစ်ရပါတယ်..ကိုကြီးကျောက်နဲ့ရင်းနှီးစွာမသိပေမဲ့
သူ့စာတွေတော့သွားဖတ်ဖြစ်ပါတယ်..
သူမရှိတော့ပေမဲ့
သူ့ကိုချစ်ကြတဲ့သူတွေရဲ့ရင်ထဲမှာတော့
သူအမြဲရှင်သန်နေမှာပါ..မရယ်..

Angelhlaing(May everybody be happy and healthy! said...

ခဏလေးမှ ခဏလေးပါပဲ မမရေ ညီမလေးနဲ့ ရင်းနှိးချိန် မကြာသေးတဲ့ အခါမှပဲ ဆိုပေမယ့် သူရဲ့ ဟာသနှောတဲ့ ကွန်မန့်လေးတွေကြောင့် ပဲအမှတ်အမှတ်တရနဲ့ သတိရနေတာတော့ အမှန်ပါပဲ...ဘကျောက် ကောင်းရာသုဂတိမှာ ငြိမ်းအေးနေပါစေလို့....

မိုးယံ said...

တစ်လသာ ပြည့်သွားပေးမယ့် ကိုယ်ရေးသမျှ ပေါက်ကရနဲ့တင်သမျှ တွေကို ဟာသ ဖြစ်အောင် မန့်တတ်သူကြီးကို သတိတရ လွမ်းမိစဲပါ။

ကောင်းရာမွန်ရာမှာ ပျော်ရွှင်ပါစေဗျာ။

kiki said...

နတ်သမီးပြောသလို ..ဘကျောက် ဆိုတဲ့ ဘလော့ဂါကျောက် ဟာ ဘလော့မောင်နှစ်မ တတွေရဲ့  ဟီးရိုးတယောက်ပါပဲ..
သူ့ ရဲ့ ဟာသဥာဏ်နဲ့ ဗဟုသုတဖြစ်စရာ စာပေတွေဟာ ဘလော့လောကမှာ အမြဲရှင်သန်နေမှာပါ..
သူ့ ကို သတိရတိုင်း သူ့ ဘလော့လေးကို ဝင်ကြည့်ဖြစ်တယ်.. အရင်ကတော့ ပျော်ရွှင်စွာ ၊ ခုတော့ဝမ်းနည်းစွာနဲ့ ပဲပေါ့..

ဘကျောက်တယောက် ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းစွာ ရှိနေမှာပါ ။

မကိ..

kiki said...

နတ်သမီးပြောသလို ..ဘကျောက် ဆိုတဲ့ ဘလော့ဂါကျောက် ဟာ ဘလော့မောင်နှစ်မ တတွေရဲ့  ဟီးရိုးတယောက်ပါပဲ..
သူ့ ရဲ့ ဟာသဥာဏ်နဲ့ ဗဟုသုတဖြစ်စရာ စာပေတွေဟာ ဘလော့လောကမှာ အမြဲရှင်သန်နေမှာပါ..
သူ့ ကို သတိရတိုင်း သူ့ ဘလော့လေးကို ဝင်ကြည့်ဖြစ်တယ်.. အရင်ကတော့ ပျော်ရွှင်စွာ ၊ ခုတော့ဝမ်းနည်းစွာနဲ့ ပဲပေါ့..

ဘကျောက်တယောက် ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းစွာ ရှိနေမှာပါ ။

kiki said...

နတ်သမီးပြောသလို ..ဘကျောက် ဆိုတဲ့ ဘလော့ဂါကျောက် ဟာ ဘလော့မောင်နှစ်မ တတွေရဲ့  ဟီးရိုးတယောက်ပါပဲ..
သူ့ ရဲ့ ဟာသဥာဏ်နဲ့ ဗဟုသုတဖြစ်စရာ စာပေတွေဟာ ဘလော့လောကမှာ အမြဲရှင်သန်နေမှာပါ..
သူ့ ကို သတိရတိုင်း သူ့ ဘလော့လေးကို ဝင်ကြည့်ဖြစ်တယ်.. အရင်ကတော့ ပျော်ရွှင်စွာ ၊ ခုတော့ဝမ်းနည်းစွာနဲ့ ပဲပေါ့..

ဘကျောက်တယောက် ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းစွာ ရှိနေမှာပါ ။

ခင်တဲ့
မကိ

ရဲထွန်းဇော် said...

စိတ်မဆိုးပါဘူးဗျာ...
အားလုံးကိုသဘောရိုးနဲ့ခင်တက်ပါတယ်...
ဒါပေမယ့် ကျနော့်ရဲ့နောက်ဆုံး ပိုစ့်ဖြစ်သွားတယ်..
ခင်မင်လျက်....

ရဲထွန်းဇော်

မြစ်ကျိုးအင်း said...

မအားလို့ ဒီနေ့မှ ရောက်ဖြစ်တယ်။
ဘကျောက်တစ်လပြည့်တဲ့နေ့က သတိရမိသေးတယ်။
ကောင်းရာဘုံဘဝရောက်ပါစေလို့ ဆုတောင်းမိပါတယ်။ အားလုံးလည်းဝိုင်းဝန်းဆုတောင်းပေးကြမှာပါ။

မောင်(စွယ်စုံကျမ်း) said...

ဘလော့ဂါအသစ်လေးမလို့  မသိပေမယ့် အရင်လူများနည်းတူးထပ်တူကြေကွဲမိပါကြောင်း....

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger