
ရှင်းထုတ်ပစ်လိုက်စမ်းပါ
“လူ”ပဲကွာ...
တခါတလေတော့လည်း
အလိုမကျမှုဆိုတာ ရှိမှာပေါ့
လောကဒဏ်တရားကိုက
“ရ”တာမလို..“လို”တာ မရ...တဲ့
ဖြစ်ချင်တာတွေ တခုချင်းစီချ
သီမရတဲ့ပန်းဆိုတာ မရှိပါဘူး
ခက်ခဲတယ်ဆိုတာ
လက်တွေ့မလုပ်ရသေးလို့ပါ
“စိတ်”ကို “စိတ်”နဲ့တိုက်
အခိုက်အတန့်တော့
မင်းစိတ်ညစ်လိမ့်မယ်
ပြေးတော့ပြေး
ခေတ်လွန်အပြေးမျိုးတော့မဖြစ်စေနဲ့
လှည့်ကြည့်လိုက်စမ်းပါ
ပြတ်ကျန်ခဲ့တဲ့လူတွေ ဒုနဲ့ဒေး
လူထဲကလူ
မင်းက တမူထူးတယ်
“လှဲ”မချလိုက်ပါနဲ့
“လဲကျတယ်”ဆိုတဲ့စကားလုံး
မင်းအတွက်မှမဟုတ်တာ
တခုပဲတောင်းဆိုချင်တယ်
မှန်ရှေ့မှာ ခါးထောက်ပြီးမတ်မတ်ရပ်
မှန်ထဲကလူကို စေ့စေ့ကြည့်
သူ့ဆီက အားကို မင်းယူ
ငါ...အာမခံတယ်
မင်းလို “ထက်”တဲ့လူ
ဒီလောကမှာ မရှိသေးဘူး။

4:33 PM
အဖြူရောင်နတ်သမီး
Posted in: 

15 comments:
I would like to invite you all to come and listen to Myanmar Music at my site. I have many Myanmar Songs and Myanmar Mp3 collected on my site.
Myanmar Online Music: http://www.myanmaronlinemusic.com/
Thanks a lot!
အရမ်းကောင်းလွန်တဲ့ ကဗျာလေးပဲဗျာ
ဖဘမှာဖတ်ပြီးသား ပြန်လာဖတ်ပါတယ်ရှင့်....။
တကယ့်ကိုအားဖြစ်စေပါတယ်ဗျာ
ခွန်အားဖြည့်.ကဗျာလေးအတွက်
ကျေးဇူးပါအစ်မရေ
ခုပဲ.မှန်ထဲပြန်ကြည့်လိုက်တော့မယ်
မင်းလို.ထက်.တဲ့လူ
ဒီလောကမှာ.မရှိသေးဘူး.လို့..း)
လေးစားလျှက်
လူတစ်ယောက်ရဲ့ အောင်မြင်မှု ရှုံးနိမ့်မှုဆိုတာ
စိတ်ဓာတ်ခိုင်ခံမှုဟာ အဓိကသော့ချက်ပါ နတ်သမီးလေးရေ။
ကဗျာကောင်းလေး အားပေးသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မှန်ထဲ ကြည့်ပြီး ပြောလိုက်တယ်။ အထဲက ကောင်က ပြန်ပြောတယ်။ လာနောက် မနေနဲ့  တဲ့။ ကဲ....... ကောင်းကြရောလား။
အမ စာတွေ ဖတ်ပြီး အားတက်သွားတယ်
စိတ်ပျက် စိတ်ရှုပ်နေတာလေးတောင်
ပျောက်သွားတယ်။ နတ်သမီးရေ ကျေးဇူး :)
အားအင်ပေးတဲ့ ကဗျာလေးလာခံစားသွားကြောင်းပါ။
စိတ်ရောကိုယ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး
အင်အားတွေတိုးစေတဲ့ ကဗျာ
ခွန်အားဖြစ်နေတဲ့ ကဗျာလေးကို
ရင်ဘတ်နဲ့ခံစားဖတ်ခဲ့ပါတယ်
ချစ်ချစ်ခင်ခင် jasmine
ဟုတ်တယ်...
ယုံကြည်ခိုင်ခိုင်မာမာထားပြီး စိတ်ကို စိတ်နဲ့တိုက်ယူရင် မုချရနိုင်တယ်။
အတွေးကောင်းတယ် ညီမငယ်။
ရှိတယ်.. ဘာလို့မရှိရမတုန်း...။။။။
အဲမှန်ထဲကကောင်ထက် အနော်က
ပိုထက်တယ်။။ အမတော်ကတော့ သိလည်းမသိပဲနဲ့.. :D ။။။
နတ်သမီးရေ..နေကောင်းပါစ...ကဗျာလေးကိုခံစားသွား
ပါတယ်နော်..ကျန်းမာပါစေ....
မေတ္တာဖြင့်..
ရွှေဝန်းရတနာ...
Post a Comment