Thursday, January 12, 2012

မိအေးက (၂)ခါထဲနာတာ..နမ်းမဝက (၃)ခါနာ


ကျမရဲ့ DELL အမျိုးအစား ကွန်ပျူတာလေး လွန်ခဲ့တဲ့ တစ်ပတ်လောက်က စက်သံတွေကျယ်လောင်စွာမြည်ပါတယ်၊ အလုပ်ပိတ်ရက်တွေခံနေတာမို့ ဆိုင်မပို့ဖြစ်ပဲ အဲဒီအတိုင်းပဲ ၂ရက်လောက် ဆက်သုံးဖြစ်လိုက်ပါတယ်။ ၃ရက်မြောက်တဲ့နေ့မှာတော့ စက်သံဟာလုံးဝပျောက်သွားတာကြောင့် ကျမလည်း ဝမ်းသာနေတာပေါ့။
မကြာပါဘူး (၁၀)မိနစ်၊ (၁၅)မိနစ်လောက်နေတော့ ကွန်ပျူတာရဲ့အောက်ဖက် ပန်ကာရှိတဲ့နေရာက အရမ်းပူလာပါတယ်၊ ပူတာမှ မီးပူ ပူသလိုမျိုးကို ပူလာတာပါ။ အဲဒါနဲ့ စက်ကို ဆိုင်ပို့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကွန်ပျူတာ အကြောင်းနားလည်တဲ့သူငယ်ချင်းများကလည်း ပြောပါတယ်၊ ပန်ကာက ဖြစ်တာ၊ ပန်ကာလဲလိုက်ရင် ကောင်းသွားမှာပါတဲ့။
အဲဒါနဲ့ပဲ ကျမစဉ်းစားမိလိုက်တာက ပို့ရမယ့်ဆိုင်ပါ။
ဒီ DELL ကွန်ပျူတာကို ကျမနေတဲ့“ပါ့ပို့စ်”မြို့မှာရှိတဲ့ ကွန်ပျူတာအရောင်းဌါနကနေ လွန်ခဲ့တဲ့(၁)နှစ်ကျော်ကျော်က ဝယ်ခဲ့ပါတယ်။ ဆိုင်က ထုတ်ပေးလိုက်တဲ့ ဘောက်ခြာမှာ (၂)နှစ်အတွင်း စက်ပျက်ခဲ့လျှင် အခကျေးငွေ မယူပဲ အလကားပြင်ပေးမယ်ဆိုတဲ့ ဝန်ဆောင်မှုပါပါတယ်။
ဒါပေမယ့် အဲဒီဆိုင်က ပြင်ပေးမှာမဟုတ်ဘူးနော်၊ ဘာလို့လဲဆိုတော့ အဲဒီဆိုင်က ကွန်ပျူတာပေါင်းစုံကိုရောင်းတဲ့ဆိုင်။ သူတို့ရဲ့ဆိုင်က ဝယ်တဲ့ စက်မှန်သမျှ (၂)နှစ်အတွင်းမှာ ပျက်ခဲ့လျှင် သူတို့ဆိုင်ကို ပို့ရပါတယ်။ သူတို့ကနေတဆင့် ပတ်သက်ရာ DELL, TOSHIBA, ACER,APPLE,...အစရှိတဲ့ ဆိုက်ပရပ်စ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ နီကိုဆီးယားမြို့က ပင်မကုမ္ပဏီတွေဆီကို ပြန်ပို့ပြီး ပြင်စေပါတယ်။ အဲဒီလိုပြင်တဲ့အခါ ၂ပတ် ကျော်လောက်အချိန်ပေးရပါတယ်။
ငွေမကုန်ပေမယ့် (၂)ပတ်ကျော် (၃)ပတ်ဆိုတဲ့အချိန်ဟာ ကျမအတွက် သိပ်ကိုကြာလွန်းတာကြောင့် ကျမတို့မြို့မှာရှိတဲ့ ကျမတို့ကုမ္ပဏီက ကွန်ပျူတာတွေပျက်ရင် ပြင်တဲ့ ဆိုင်ကို ပို့လိုက်ပါတယ်။
ပန်ကာ လဲယုံပဲဆိုတော့ အလွန်ဆုံးကြာရင် ၃/၄ ရက်ပေါ့။
အဲဒီလို ပို့ရာမှာလည်း ကျမကိုယ်တိုင်သွားပို့စရာမလိုပဲ ဆိုင်ကို ဖုန်းဆက်လိုက်ပြီး ဆိုင်ကဝန်ထမ်းက ကျမဆီကနေလာယူသွားတာပါ။
နောက်တစ်ရက်မှာတော့ ကျမရဲ့ကွန်ပျူတာက ပန်ကာပျက်သွားတဲ့အကြောင်း၊ လဲရမယ်ဆိုတဲ့အကြောင်းနဲ့ ၄၈ယူရိုကျတဲ့အကြောင်းကို ဖုန်းဆက်အကြောင်းကြားပါတယ်။
စက်ပျက်ပြီဆိုမှတော့ ပြင်ရတော့မှာပေါ့။ ၄၈ယူရိုဆိုလည်း ပေးရတော့မှာပေါ့။ ကျမရဲ့ကွန်ပျူတာလေး အချိန်တိုတိုအတွင်းမှာ ကျမဆီ ပြန်ရောက်လာဖို့က အဓိကပဲလေ။ ပိုက်ဆံမကုန်တဲ့ DELL ကုမ္ပဏီကို တိုက်ရိုက်ပို့ခဲ့မယ်ဆိုရင် (၂ )ပတ်ကျော် (၃)ပတ်စောင့်ရမှာမို့ အချိန်တိုတိုအတွင်းမှာ ပြန်ရနိုင်မယ့် ဒီဆိုင်ကို ပိုက်ဆံအကုန်ခံပြီး အားကိုးခဲ့တာပါ။
ဒီကွန်ပျူတာလေးဟာ ကျမရဲ့အဖော်လေးပါ။
သူက ကျမရဲ့အထီးကျန်တဲ့အချိန်တွေကို ဖျောက်ဖျက်ပေးခဲ့တယ်။ ကျမအတွက် FACEBOOK ရှိတယ်၊ BLOGSPOTရှိတယ်၊ G TALK ရှိတယ်၊ INTERNET MOVIESရှိတယ်..။ သူမရှိရင် မနေတတ်တော့တဲ့ကျမ ငွေကုန်တာထက် စက်ကလေး ကျမရဲ့လက်ထဲအမြန်ပြန်ရောက်ဖို့ကိုသာ ဆန္ဒရှိနေခဲ့တာ။

ဒီနေ့ဆိုရင် ကျမနဲ့ ကျမရဲ့စက်လေး ခွဲနေရတာ (၃)ရက်ရှိနေပြီ။ ကျမရဲ့စက်ကလေး ကျမဆီကို ပြန်လာဖို့ အချိန်တန်ပြီ။ ဒါနဲ့ပဲ စက်ဆိုင်ကိုဖုန်းဆက်ပြီး မေးလိုက်ပါတယ်။ စက်ဆိုင်က ပြန်ပြောလိုက်တာကတော့....
“ကျမရဲ့ကွန်ပျူတာဟာ DELLအမျိုးအစားဖြစ်တဲ့အတွက် နီကိုဆီးယားမြို့မှာရှိတဲ့ DELL ကုမ္ပဏီကိုပို့ပြီး ပန်ကာလဲခိုင်းထားပါတယ်”တဲ့...
သူတို့လဲပေးတာထက် သက်ဆိုင်ရာ ကုမ္ပဏီက လဲပေးတာ ပိုကောင်းအောင်လို့ပါတဲ့...
ပြီးတော့ ကျမက ကုမ္ပဏီနဲ့ပတ်သက်နေတဲ့လူဖြစ်တဲ့အတွက် ကျမရဲ့စက်ကို သေခြာအောင် ပြန်စစ်ဆေးချင်လို့ပါတဲ့...
ပြီးတော့...... ကျမကို ကြေကွဲစေတဲ့ စကားတစ်ခွန်းကတော့..
(၃)ပတ်ကြာပါမယ်...တဲ့လေ..


အောင်မလေး...လုပ်ရက်လိုက်ကြတာ...
အဲဒီလိုကြာမှာဆိုးလို့ အလကားပြင်ပေးတဲ့DELL ကုမ္ပဏီကိုတောင်မပို့ပဲ ပိုက်ဆံအကုန်ခံပြီး ဒီစက်ဆိုင်ကို ပို့တာပေါ့လို့...........
ခုတော့...ခုတော့... မိအေး.. မိကလိုရီ... မိနမ်းမဝ...နာနေတာ..နာနေတာ...
၂ခါတောင်မကဘူး.. ဗိုက်ပါ နာနေရပြီ...
မိအေးက (၂)ခါပဲ နာခဲ့ရတာ၊ အင်္ဂါနေ့ညက အဆာအိမ်အောင့်လို့ အရေးပေါ်ဌါနကိုရောက်သွားခဲ့ရတာနဲ့ဆိုရင် ကျမက(၃)ခါနာခဲ့ရတာ..။
တုန်းလိုက်တဲ့ ကျမ..
အ လိုက်တဲ့ ကျမ...
နုံလိုက်တဲ့ ကျမ...
တိုင်နဲ့ခေါင်းနဲ့သာပြေးဆောင့်လိုက်ချင်တယ်..၊ ဒါပေမယ့်လည်း မဆောင့်ဖြစ်ပါဘူး၊ နာမှာကြောက်လို့...။
ဒီ ပို့စ်ကို လာဖတ်တဲ့ သူငယ်ချင်းများရှင့်..
ကျေးဇူးပြုပြီး ကျမရဲ့ တုန်းချက်..အ ချက်..နုံ ချက်များကို ထောက်ခံတဲ့အနေနဲ့ ကျမကို နားရင်းတစ်ချက်စီ အုပ်ပေးသွားကြပါရန် မေတ္တာရပ်ခံပါတယ်ရှင့်....း( ...း(...း(

19 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ဖျောင်း ဖျောင်း ဖျောင်း..

စေတနာ နဲနဲပိုသွားလို့ သုံးချက်တိတိ နားရင်းအုပ်သွားတယ်နော် နတ်သမီးးး။း)

နဂိုကထဲက ဒဲလ်ဆိုင်ကို ပို့လိုက်ရင် ပိုက်ဆံလဲ မကုန်ဘူး။ ဒီထက်လဲ မြန်ဦးမယ်။ ဖြစ်ရလေ။
သင်ခန်းစာ တစ်ရပ်လို့သာ မှတ်ပေတော့နတ်သမီးရေ...

လင်းဦး(စိတ်ပညာ) said...

ဒုက္ခ.... ဒေါ်နမ်းမ၀တို့ကတော့ ဖြစ်လိုက်ရင်....။

နာရင်းပါအုပ်မှာမဟုတ်ဘူး။ တိုင်နဲ့ ခေါင်းနဲ့ပါ ဆောင့်ပစ်လိုက်ချင်တာ။

ဒါနဲ့ သူတို့နိုင်ငံမို့လို့ပဲ။ မြန်မာလာကြည့်စမ်းပါ။ ချက်ခြင်း ဖြုတ်ပြီး တပ်လိုက်ရုံပဲ။ ဘယ့်နှယ် ဘယ်လိုလုပ် ပစ္စည်းတွေက အဲ့မှာ ရှားပါးရတာလဲဆိုတာ နားမလည်တော့ဘူး။

လွင်ပြင်လှိုင်းငယ် said...

ဟိ သူကြီးက ထပ်ရိုက်လိုက်တော့ လေးခါနာဖြစ်သွားလို့
အားနာပြီးပြန်သွားပါတယ်

Ehlar said...
This comment has been removed by the author.
Ehlar said...

တိုင်ကိုခေါင်းနဲ့တော့ မဆောင့်လိုက်ပါနဲ့ မမရေ
နာရင်းလည်း မအုပ်ရက်ပါဘူး။

(၃)ပတ်ကြာပါမယ် ဆိုတာပဲစိတ်မကောင်းပါဘူး
ကွန်ပျူတာဖက်အိပ်သူတွေအချင်းချင်း ကိုယ်ချင်းစာလို့ပါ။
အမ်အမ်။

ဆွေလေးမွန် said...

ဟုတ်ပ ဆွေလေးလဲ အိမ်မှာ online ပျက်သွားဖူးလို့ နေမရ ထိုင်မရ ဖြစ်ဘူးတယ်..
ကိုယ်ချင်းစာတယ်..

နောက်ဆို tablets လေးဘာ ဆောင်ထားပါလား.
၎ ခါနာအောင်တော့ အကြံပေးခဲ့ တယ်.

အလင်းသစ် said...

ဆွေလေးမွန်ကတော့ အချွန်နဲ့မခဲ့ပြီ..ဟိဟိ.. tablets ဝယ်ရင်လည်း သေချာမေးစမ်းပြီးမှ ဝယ်နော်.. မပြောမရှိနဲ့ တချို့tablets တွေမှာ မြန်မာဖောင့်သွင်းရတာ အားကြီးခက်ကိုးဗျ.. အဲဒီတော့မှ နားရင်းထပ် အုပ်ခိုင်းနေရမယ်.. ဟီးးးးးးးးးးးးး

Angelhlaing(May everybody be happy and healthy! said...

မမရေ ဘာမှအားငယ်နဲ့..ညီမလေးလည်း ဘာမှသိဝူး.....:):)

မောင်(စွယ်စုံကျမ်း) said...

ပြောပြောကမစောပဲနဲ့  ပြင်ပေးမှာပေါ့လို့  ပူနေရင် ၀ိုင်လေး လောင်းလိုက်..ငှဲငှဲငှဲ

...အလင်းစက်များ said...

အသစ်တစ်လုံး ပစ်ပျက်ဝယ်ပစ်လိုက်စမ်းဘာာာာ နတ်နတ်တို့ ကလည်း ဒါလေးများ .... ဒါလေးများ

လေးခါနာရုံမက ငါးခါ နာအောင် အကြံပေးခဲ့ပါသီ။ :D

mstint said...

နတ်သမီးလေး အစာအိမ်ပြန်ဖြစ်နေတော့
နားလို့ရအောင် လက်တော့ပ်က အလိုက်တသိ
နားခိုင်းလိုက်တယ်လို့ သဘောထားလိုက်ပေါ့နော်။
ကျန်းမာရေးလည်းဂရုစိုက်အုံး နတ်သမီးရေ။
နေမကောင်းရင် အောက်ကျနေတဲ့ စိတ်ကို
ပြန်ကောက်တင်နေရမှာပင်ပန်းတယ်လေကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

မြသွေးနီ said...

နရင်းမအုပ်ရက်ပါဘူး...
ကိုယ်ချင်းစာနိုင်လို့ပါ....
အစစ အဆင်ပြေပါစေ ညီမရေ...

jasmine(တောင်ကြီး) said...

ဟိ သူကြီးက ထပ်ရိုက်လိုက်တော့ လေးခါနာဖြစ်သွားလို့
အားနာပြီးပြန်သွားပါတယ် တဲ့ မောင်လွင်ပြင်ကလေ
တစ်ကယ်လို့သဂျီးမရိုက်ရင် သူကပဲရိုက်တော့မလိုနော်
ကြောက်နေရပါလားတော်----

blackroze said...

အမလေး
မရိုက်ရက်ပါဘူးလေ..
ဒီလောက်လှတဲ့ငါ့အမကို

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်ပ တစ်ပတ် ၂ပတ် မပြောနဲ့
တစ်ရက်လေးတောင် ခွဲမနေနိုင်ပါဘူးဆိုမှ..

တွတ်တွတ် said...

ကျွန်တော့် လပ်တော့ လေးကတော့ ဗိုင်းဗိုင်းနှိပ်စက်လို့..ဗိုင်းခနဲရပ်ပီး..ဆားဗစ်စင်တာကိုရောက်သွားရှာပြီဗျာ...အင်တာနက်ဆိုင်နဲ့နှစ်ပါးဂဟေဆက်နေရတဲ့ဘ၀ကိုတန်းရောက်သွားတော့တာပဲ...

ဆူးသစ် said...

တစ်ခုတော့ အကြံပေးပါရစေ ညီမငယ်။ ညီမငယ်က ဒီစကားနဲ့ဘာလို့ခိုင်းနှိုင်းပြီး သုံးသလဲတော့မသိပါဘူး။ မိအေးနှစ်ခါနာဆိုတာ တော်တော်ကိုမကောင်းတဲ့ဥပမာလို့တော့ အစ်ကိုနားလည်နေမိတယ်။ ဒါပေမဲ့အဲဒါကိုပဲ လူတွေက မကောင်းတဲ့နေရာမှာ သုံးနေကြတယ်။ အစ်ကို့ကိုမေးရင်တောင် အစ်ကိုသိထားတာကို ပြောပြဖို့တော်တော်ခက်တဲ့ ဥပမာမျိုးပါညီမငယ်။ ကွန်ပျူတာပျက်တာတော့ စိတ်မညစ်ပါနဲ့။ စက်ပဲကိုး။ မှားတာကလည်း ဒီလိုပဲဖြစ်တတ်ပါတယ်။ အစ်ကိုတို့ဆို ငွေကုန်တာရော၊ လူပင်ပန်းတာရော မှားခဲ့တာတွေ ခဏခဏ။ ဖြေသာပါတယ်ညီမငယ်။ ကိုယ့်ကိုယ်ကို ရိုက်နှက်ဆုံးမခိုင်းလောက်အောင်တော့ ငါ့ညီမ မမိုက်မဲသေးပါဘူး။

ငဝန်နဒီ said...

ပိုက်ဆံတော်တော် ပိုနေတာ သုံးနည်းပေါ့

ငဝန်နဒီ said...

ပိုက်ဆံ သုံးနည်းအသစ်ပေါ့...နှစ်နေရာ အလုပ်ရအောင်လုပ်တတ်လိုက်တာ...စီမံတာ အရမ်းတော်တာပဲ...

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger