Monday, February 27, 2012

တနင်္လာနေ့မှာတိုက်တဲ့ ကျိန်စာ

ပြက္ခဒိန်ကိုကြည့် ကျမတွေးမိ

ခုချိန်ထိ ကျမကံမကောင်းသေး

အကြင်နာငတ်သူတစ်ယောက်

အကြင်နာပေးသူနောက်

တကောက်ကောက်လိုက်ခဲ့..

လမ်းခုလတ်အရောက် သူကိုယ်ရောင်ဖျောက်

မြစ်တို့၏မာယာဆိုတာ...

ကွေ့ကောက်စီးဆင်းတတ်တဲ့သဘော...

ကျမက အကြင်နာကိုရှူတဲ့သူ

သူက အောက်စီဂျင်ကို ရှူတဲ့လူ

ကျမက သူ့အရိပ်နဲ့စကားပြောသူ

သူက စိတ်နဲ့စကားပြောတဲ့လူ

မတူညီတာက အဲဒီက“စ”

သူကပြောတယ်

“သူ့စိတ်နဲ့သူ့ကိုယ်”တဲ့

ကျမက ပြန်ပြောလိုက်တယ်

“ရှင့်အရိပ်နဲ့ကျမကိုယ်”လို့

သူကထပ်ပြောတယ်

“သူမနဲ့ငါ စိတ်ခြင်းလည်းတူတယ် အရိပ်ချင်းလည်းတူတယ်”တဲ့

ဒီနေ့ တနင်္လာနေ့

မိုးက သည်းသည်းမဲမဲရွာနေတယ်

ကျမက သူ့ကိုချစ်တယ်

သူက သူမကိုချစ်တယ်

ကျမတို့နှစ်ယောက်ကြား

ရက်စက်တဲ့သူမက

ဘာလို့ကြားဝင်လာခဲ့တာလဲ

မိုးကပြိုတယ်..

ကျမက ငိုတယ်..

မျက်စိကိုမှိတ် အံကိုကြိတ်

ကျမရဲ့ရင်ခွင်မှာ အထီးကျန် သစ်တစ်ပင်ကိုစိုက်

ကျမ သစ္စာဆိုပါမည်


“ကျမ သူ့ကိုချစ်သည်”

“ဤမှန်သည့်သစ္စာစကားကြောင့်

ဘဝတွေ ဘယ်လိုခြားခြား သူ့ရင်ခွင်မှာ ကျမကို မေ့မရပါစေသား”..

..

13 comments:

ချစ်စံအိမ် said...

ကဗျာလေးကောင်းလိုက်တာမမရေကျမ သူ့ကိုချစ်သည်”

“ဤမှန်သည့်သစ္စာစကားကြောင့်
ဘဝတွေ ဘယ်လိုခြားခြား သူ့ရင်ခွင်မှာ ကျမကို မေ့မရပါစေသား”..

..

san htun said...

တောင်းသောဆုများ ပြည့်စေသတည်း..

မိုးဇက် said...

သူ့စိတ်နဲ့သူ့ကိုယ်”တဲ့

ကျမက ပြန်ပြောလိုက်တယ်

“ရှင့်အရိပ်နဲ့ကျမကိုယ်”လို့
မိုက်တယ် သုံးသွားတဲ့ စာသားလေက ကြွနေတာပဲ........

ခင်တဲ့မောင်လေး

မိုးဇက်

မြသွေးနီ said...

တနလာင်္နေ့မှာ နတ်သမီးတစ်ယောက် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ ရှိပါစေ...လို့...။

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေး အရမ်းကောင်းတယ်ဗျာ

Ehlar™ said...

I Hate Monday {မ}

မိုးငွေ့...... said...

မနေ့ညကမှ ကျိန်စာတိုက်တဲ့ ရုပ်ရှင်ကားတစ်ကားကိုကြည့်ထားတယ်...။

jasmine(တောင်ကြီး) said...

ဖတ်လိုက်တယ် ပြီးတော့ ငုတ်တုတ်မေ့သွားရလောက်အောင်ကို
ကောင်းတယ်-----------
“ဤမှန်သည့်သစ္စာစကားကြောင့်
ဘဝတွေ ဘယ်လိုခြားခြား သူ့ရင်ခွင်မှာ ကျမကို မေ့မရပါစေသား”..
ချစ်တဲ့ jasmine

PYAE SONE MUE * * * said...

ကောင်းတဲ့ ကဗျာလေးပါပဲ အားပေးသွားပါတယ် .....

PYAE SONE MUE * * * said...

အလွန်ကောင်းတဲ့ တဲ့ကဗျာလေးပါပဲ အားပေးသွားပါတယ်

PYAE SONE MUE * * * said...

အားပေးသွားပါတယ်

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ငုတ်တုတ်မေ့သွားတယ်
သြော်အချစ်အချစ်

မဒမ်ကိုး said...

အဲသူမကိုဖယ်ထုတ်လိုက်
တနလာင်္ကျိန်စာက တကယ်ထက်တယ်နော


ချစ်တဲ့

ဒိုးကန်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger