Tuesday, March 27, 2012

အားဆေးတစ်ခွက်


ကုတင်ဖြူဖြူ နံရံဖြူဖြူတွေကြားက

ဝေဒနာအပြည့်နဲ့လူ

“အကူ”ဆိုတဲ့ အောက်စီဂျင်ကိုရှူ

ရင်ဘတ်တစ်ခြမ်းနဲ့ မရဏမင်းနဲ့စစ်ခင်းခဲ့တဲ့..“ည”

အသက်ရှူကြပ်တယ်..

မောတယ်..

ဟိုက်တယ်..

ဝေဒနာကိုအံတု

ထွက်သက်ဝင်သက်ကြားက

ခေါ်သံလိုလို အော်သံလိုလိုအသံများ

“သူငယ်ချင်း.. Fighting!!!”...ဆိုတဲ့ လွမ်းနေခွင့်ရဲ့အသံ

“အားငယ်မှုတွေနဲ့ သိမ်ငယ်စိုးရွံ့မှုတွေတစ်ဖက်မှာ နင့်အတွက်ငါတို့အားလုံးရှိတယ်”..တဲ့

“စိုးရိမ်နေတဲ့ တီတင့်ရဲ့စကား“အိမ်ပြန်ရောက်ရင် ဂျီတော့မှာ အော့ဖ်လိုင်းမက်ဆေ့လေးချန်ပေးခဲ့“..ဆိုလား

DJရွှေပုရဲ့“Get well soon”ဆိုတဲ့စကား..ကိုလင်းဦးရဲ့ဆုတောင်းအဆုံး..

အသိတစ်ခုနဲ့ ကုန်းရုန်းအထ

နောက်ဆုံးသိလိုက်ရတာက

တာဝန်ကျဆရာမလေးရဲ့ ဆေးထိုးအပ်ကြား

ကျမ အိပ်စက်ခဲ့တဲ့...“ည”

အိပ်မက်လို ဝေဝေဝါးဝါး

စိုးရိမ်ခြင်းများ

ဆုတောင်းသံတွေကြားက လူတစ်စု

မှတ်မှတ်ရရ ..မဒမ်ကိုး၊ သဒ္ဓါလှိုင်း၊ သားငယ်၊စန္ဒကူး၊ မောင်ဘကြိုင်၊ မိဘုတ်၊ ကိုဘဲဥ၊ DJချောချော

ကိုလတ်၊ ဒေါင်းဒေါင်နဲ့ အလင်းသစ်တို့ရဲ့မျက်နှာများ..

“သူမအတွက်”ဆိုတဲ့ မဒမ်ကိုးရဲ့ပန်းစည်းများ

အမည်မပါသူ သူငယ်ချင်းတစ်စုရဲ့အကြင်နာဆုတောင်း...“ည”

ဘယ်သူတွေပြောလဲကွယ်.. ကျမမှာမိဘမရှိဘူးလို့

ဘယ်သူတွေပြောလဲကွယ်... ကျမမှာမောင်နှမမရှိဘူးလို့

ဘယ်သူတွေပြောလဲကွယ်... ကျမမှာ မိတ်ဆွေစစ်မရှိဘူးလို့

ကျမ တစ်ခဏသေသွားခဲ့တဲ့အဲဒီ..“ည”

ဆုတောင်းများက ပြတဲ့သက်သေ

ဂရုဏာနဲ့တိုက်တဲ့အားဆေးတစ်ခွက်

ကျမအတွက် ဆေးပေါင်းခခဲ့တယ်...။

“သွေးသားမတော်စပ်ပေမယ့် - -- ငါတို့မှာ ရင်းနှီးမှုတွေရှိတယ် နားလည်စာနာခြင်းတွေရှိတယ်

ဝမ်းနည်းစရာတွေကို အတူဝေမျှ ငိုကြွေးပေးမယ့် မျက်ရည်တွေရှိတယ်

ဟုတ်တယ် - - နင်အားမငယ်ပါနဲ့ သူငယ်ချင်း

နင်မြင်နိုင်မယ်ဆို တစ်ချက်လောက်သာ စောင်းငဲ့ကြည့်လိုက်ပါ

ငါတို့အားလုံးရဲ့ စိုးရိမ်ကြောင့်ကျနေတဲ့ နင့်အတွက်စိတ်ပူပန်မှုတွေကို နင်တွေ့ရလိမ့်မယ်”..တဲ့

သူတို့ပေးတဲ့“အား”ကိုဆုပ်ကိုင်

ပြတင်းပေါက်ကတဆင့် ကောင်းကင်ပေါ်ကိုမော့အကြည့်

အနာဂတ်ကြယ်ဖြူတွေကို ကျမမြင်နေရတယ်

အဲဒီကြယ်ဖြူတွေဆီကို သူငယ်ချင်းတို့နဲ့အတူ ရောက်အောင်သွားရအုံးမယ်..

ဟုတ်တယ်..ကျမတို့ ...ကြ ယ် ေ တြ ဆီ ေ ရ ာ က္ ေ အ ာ င် သွား ကြ မ ယ်ေ လ ။

ကျေးဇူးတင်လွှာ။ ။ ကျမ ဆေးရုံတက်နေစဉ်အတွင်း ကျမအား စိုးရိမ် စိတ်ပူပေးကြသော သူငယ်ချင်းများ၊ ကျမ အမြန်နေကောင်းအောင် ဆုတောင်းပေးကြသော သူငယ်ချင်းများ၊ ပန်းစည်းများနှင့် စားသောက်ဖွယ်ရာများပေးပို့ပေးခဲ့ကြသော သူငယ်ချင်းများအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ကျမရဲ့ဘဝမှာ ဘာနဲ့မှလဲလို့မရခဲ့တဲ့ သူငယ်ချင်းတို့ရဲ့ဆုတောင်း “အားဆေးတစ်ခွက်”ဟာ ဘယ်လိုမှတန်ဖိုးမဖြတ်နိုင်ခဲ့ပါဘူး။ အဲဒီအတွက် ဒီကဗျာလေးကို အမှတ်တရရေးဆပ်ရင်း တုန့်ပြန်ကျေးဇူးဆပ်ရင်း သူငယ်ချင်းများအားလုံး စိတ်၏ချမ်းသားခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။

သတင်းမေး ဆုတောင်းပေးကြသော သူငယ်ချင်းများအားလုံးကို Tag ချင်ပါသော်လည်း Tag ဦးရေ သတ်မှတ်ချက်ရှိပါ၍ အားလုံးကို Tag ၍မရပါ။ နာမည်များအားလုံးကို ဤနေရာမှာပဲ ဖော်ပြပေးလိုက်ပါတယ်။

အန်တီတင့်၊ မဒမ်ကိုး၊ လွမ်းနေခွင့်၊ ကိုလင်းဦး၊ ကိုလတ်၊ သဒ္ဓါလှိုင်း၊ သားငယ်၊ DJရွှေပု ၊DJချောချော၊ DJနှင်းယု၊ DJဆူး၊ စန္ဒကူး၊ ဒေါင်းဒေါင်၊ အလင်းသစ်၊ ကိုဘကြိုင်၊ ကိုဘဲဥ၊ သူငယ်ချင်း မိဘုတ်၊ Royal Rio၊ Sai Sanlin၊ Kyaw Myat Thu၊ Kts Gamelover ၊ Law Ka ၊ မမခြင်၊ မမကိ၊ မသက်ဝေ၊ ဦးလေးဂျစ်တူး၊ ကိုအောင် (ပျူနိုင်ငံ)၊ ကြယ်စစ်သည်၊ မမိုးငွေ့၊ မချော( အစိမ်းရောင်လွင်ပြင်)၊ အိန်ဂျယ်လှိုင်၊ မမနော်ဟရီ၊ မနန်းဝါဝါမောင်၊ မမြသွေးနီ၊ မချစ်ကြည်အေး၊ အင်ကြင်းသန့်၊ မအိမ့်ချမ်းမြေ့၊ ကိုဇော်၊ ဝင်းမင်း၊ မူလလက်ဟောင်းကလူသစ်၊ အမောင်(စွယ်စုံကြမ်း)၊ အမရွှေစင်၊ မြစ်ကျိုးအင်း၊ လွင်ပြင်လှိုင်းငယ်၊ မိစံ၊ ကျော်လေမိုး၊ မပန်ဒိုရာ၊ ကိုကိုးအိမ်၊ ကဗျာဆရာလက်ဝဲ၊ အဘဘိုးဏီ၊ Ree Noe Mann ၊ Ko Mgmg ၊ Ma Than Than ၊ Mg Thant ၊ Naw Phaw ၊ Mag Mag DreamLover ၊ Ko Ko Naing ၊ Mg Thant ၊ ဦးSosegado ၊ မTheingar Kyaw ၊ Mya Lay Shin ၊ Black Roze ၊ Laminn May ၊ Thin Nwe Soe ၊ Golden Triangle ၊ Nay Win Naing ၊ Min Yein ၊ Khin Thin Pon Greenery ၊ Zaw Win Maung ၊ Pho Kyi ၊ Zayar Aung ၊ Sann Sann Yee ၊ Phyo Lay ၊ Phone Thazin Naing ၊ Kevin Kao ၊ Poem Queen ၊ Paul Well Vong ၊ လင်းလက်ကြယ်စင်၊ လမင်းပျို၊ May Soe ၊ Eainmat Sayar ၊ Htin Lin Oo ၊ Rupa Aung ၊ မMaw Maw Aung ၊ အန်တီNyonyo Batu ၊ Htinlinn Aung ၊ Sandy Same ၊ Susan Aung ၊ Pyone Thazin Naing ၊ Su Myam Min ၊ Khun Zaw Naing ၊ May Zin Aye ၊ Sau Gerald ၊ Khaing Zin Oo ၊ Jasmine White ၊ May Wut Yee ၊ Pa Ki Lay ၊ Angela Sue ၊ Khaing Su ၊ Kyaw Swar Tun ၊ Zwe Lwin ၊ Nay Gyee ၊ Frankly Snow ၊ဘုန်းဘုန်းသီရိနန္ဒ၊ ကြယ်လေး ဗီးနပ်၊ မီးမီးတာလူး၊ နှင်းချစ်သူ၊ ကိုမင်းသုခ၊

အထက်တွင်ဖော်ပြထားသော နာမည်များအားလုံးကို ကဗျာထဲတွင်ထည့်ချင်ပါသော်လည်း မည်သို့မှ မဖြစ်နိုင်သည့်အတွက် “အမည်မပါသူ သူငယ်ချင်းတစ်စုရဲ့အကြင်နာဆုတောင်း...ည“ဟု နာမ်စားသုံးစွဲထားသည်ကို နားလည်ခွင့်လွှတ်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။

9 comments:

jasmine(တောင်ကြီး) said...

စာပြန်ရေးနိုင်တာသိရလို့ဝမ်းသာနေမိပါတယ်
နောက်တင်မည့်စာတွေဆက်လက်စောင့်နေတယ်နော်
ကျန်းမာရေးကိုအထူးဂရုစိုက်ပါနော်

မိစံ said...

ဘေဘီဗိုက်တာ သောက်ပြီးပြီဆိုတော့
ကိုယ့်မကြီး အားတွေပြည့်နေပြီပေါ့း)
Fighting !! အစ်မး)
မကြာခင်..အချိန်တွင်းမှာ
များများရိုက်ပြီးတင်နိုင်ပါစေ..။
(ဓာ့ပုံပြောပါတယ်း)

ချစ်ခင်လျှက်

ချစ်စံအိမ် said...

မမနေကောင်းဖြစ်သေးတာလား
ကျန်းမာပါစေမမရေ
မသိလိုက်ဘူး..

လွင်ပြင်လှိုင်းငယ် said...

သွားကြတာပေါ့ နတ်သမီးလေးရေ

မဒမ်ကိုး said...

ခင်ရာဆွေမျိုး မိန်ရာဟင်းကောင်းပါပဲ မမရယ်
ဘယ်သူပြောလဲ မိဘမရှိဘူးလို့
ဘယ်သူပြောလဲ ဆွေမျိုးမရှိဘူးလို့
တို့တွေအားလုံးမှာချစ်တတ်တဲ့ နွေးထွေးတဲ့နှလုံးသားတစ်စုံဆီပိုင်ဆိုင်ကြမှတော့
မြင်မြင်သမျှနွေးထွေးလှပနေပါလိမ့်မယ်

မမနေကောင်းသွားတာကိုအရမ်းပျော်ရွှင်မိပါတယ်
ဘာကြောင့်မှန်းမသိဘူး စိတ်မကောင်းဘူး အဲလိုကြီးမြင်ရတာ
ကျနော်ဆို ခနခန ဆေးရုံမှာ ခွဲစိတ်ခဲ့ရတာ နှာခေါင်းတွေပိုက်သွင်း အောက်ဆီဂျင်စက်တွေနဲ့ ဆီးပိုက်တွေနဲ့ အဲဒီဘ၀ကလာခဲ့တာ သိပ်အားငယ်တာဘဲ
ဒါကြောင့် မမဆေးရုံတက်တော့ သိပ်သနားတာဘဲ

ကျန်းမာရေးကိုဂရုစိုက်ပါနော်

ချစ်တဲ့

ဒိုးကန်

ချော(အစိမ်းရောင်လွင်ပြင်) said...

ရှေ့ဆက်ပြီး နေကောင်းကျန်းမာ စိတ်ချမ်းသာစွာနဲ့ စာတွေ အများကြီးဆက်ရေးနိုင်ပါစေ....

မိုးငွေ့...... said...

နတ်သမီး ကျန်းမာပျော်ရွှင်နေတာပဲမြင်ချင်တာပါကွယ်...။ ကဗျာလေးရေးထားတာ သိပ်ကောင်းတယ်...။ အားဆေးဖြစ်မယ့် ဂရုဏာသံတွေနဲ့ဝန်းရံခံထားရလို့ ခု..ငါ့ညီမလေး ပြန်နေကောင်းသွားပြီ မဟုတ်လား....း)

ချစ်တဲ့
မိုးငွေ့

san htun said...

အလုပ်များနေတာနဲ့  နတ်သမီး နေမကောင်းတာ သိလိုက်ဘူး..နေကောင်းတယ်ဆိုလို့  ဝမ်းသာ၏..ကဗျာတွေကို ကျန်းကျန်းမာမာနဲ့  အများကြီး ရေးနိုင်ပါစေနော်...

8Yar said...

ဖဘမှာ အစ်မ သူငယ်ချင်းလာ ရေးတာတွေ့တယ်။ အစ်မပုံလဲတွေ့ရော။ ဟောဗျာ.. ဘယ်လိုဖြစ်ရတာလဲ အစ်မရယ်... လို့တောင်ပြောမိသေးတယ်။ အခုစာတွေပြန်ရေးနိုင် နေတာတွေ့တော့ ဝမ်းသာမိတယ် အစ်မရေ။ ဒီကြီးကြားထဲ ခေါင်းလျှော်ချင်တယ်ဆိုတာရှိသေး။ ဟိ ဟိ :P

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger