Sunday, April 15, 2012

Cyprus Easter(အီစတာ)


ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသော ဆိုက်ပရပ်စ်နိုင်ငံမှ ဆီပရိယို(Cypriot) လူမျိုးများအတွက် ခရစ္စမတ်(Christmas)နေ့ထက် ပိုအရေးကြီးသောနေ့သည် အီစတာ(Easter)နေ့ဟု အဆိုရှိသည်။


ဆိုက်ပရပ်စ်နိုင်ငံ၏ အီစတာ(Easter) နေ့သည် အင်္ဂလိပ် အီစတာထက် တပတ်စော၍ ကျရောက်လေ့ရှိသည်။
ဆီပရီယို လူမျိုးများသည် အီစတာနေ့မရောက်ခင် ရက်(၅၀) အလိုတွင် ကျရောက်သော တနင်္လာနေ့ကို
Green Monday ဟုသတ်မှတ်ပြီး ထိုနေ့မှ“စ”၍ အီစတာနေ့အထိ ၎င်းတို့၏ ခန္ဓာ(body)နှင့် စိတ်(sold)ကို သန့်စင်သည့်အနေဖြင့် သွေးမြင်ရသော အသားများ(Animal products)ကိုရှောင်ကာ သွေးမပါသည့် ပုဇွန်နှင့်ငါးတချို့ကို စားကာ အီစတာ(Easter) နေ့ရောက်သည့်အခါ ဘုရားရှင်၏ ခွင့်လွှတ်ခြင်း မေတ္တာတော်နှင့်တကွ ဘုရားရှင်မှချီးမြှင့်တော်မူသော အသွေးနှင့်အသားကို ရယူကြသည်။

ဆီပရီယို လူမျိုးများ၏ ရိုးရာဓလေ့အရ တနှစ်ပတ်လုံး မိမိတို့ကျူးလွန်ခဲ့သောအပြစ်(အမှား)များကို တနင်္ဂနွေနေ့ဖြစ်သော အီစတာ(Easter)နေ့မတိုင်ခင် တစ်ရက်အလို ည(စနေနေ့)တွင် နီးစပ်ရာဘုရားကျောင်းများသို့သွားပြီး ဘုရားရှင်ထံ ဝန်ချတောင်းပန်ပြီး ဘုရားရှင်မှပေးသော လွတ်ငြိမ်းခြင်းမေတ္တာကို ခံယူလေ့ရှိသည်။

ထို့နောက် ဘုရားကျောင်းမှကျွေးသော ပေါင်မုန့်(ဘုရားရှင်၏အသား)နှင့် ဝိုင်အနီ(ဘုရားရှင်၏သွေး)ကို စတိအဖြစ်သောက်သုံးကြရသည်။

ထိုည ၁၂နာရီအချိန်တွင် ဘုရားကျောင်းမှခေါင်းလောင်းထိုးသံနှင့်အတူ ဘုရားကျောင်းထဲမှ ဘုရားဝတ်ပြုပြီး၍ ထွက်လာကြသောသူများ၏ လက်ထဲတွင် မီးညှိထားသော ဖယောင်းတိုင် တစ်တိုင်စီကို တွေ့မြင်ရသည့် မြင်ကွင်းမှာ အလွန်ကြည်နူးဖို့ကောင်းပါသည်။
မီးညှိထားသော ဖယောင်းတိုင်ကို မိမိတို့နေအိမ်တွင် (၃)ရက်တိုင်တိုင် မီးကူးပြီး မငြိမ်းစေပဲ ထားပါက တနှစ်ပတ်လုံးအန္တရာယ်ကင်းသည်ဟု သေဒခံများက ယုံကြည်ကြသည်။

အီစတာနေ့တွင်တော့ ဆီပရိယိုလူမျိုးများသည် မိမိတို့၏နေအိမ်များတွင် ဆွေမျိုးများတွေ့ဆုံကြကာ ကြက်ဥကို အနီရောင်ဆေးဆိုးပြီး အိမ်သား၂ဦးမှ ကြက်ဥတစ်ယောက်တစ်လုံးစီ ကိုင်ကာ ရိုက်ခွဲတန်းကစားကြသည်။

ကြက်ဥကို ဆေးအနီရောင်ဆိုးရခြင်း၏အဓိပ္ပါယ်ကတော့ ....
“Blood of God” .......“God give the food”... ဟုသိရှိရပါသည်။

ယ္ခုနှစ်တွင် ကျရောက်သော ဆိုက်ပရပ်စ် အီစတာနေ့(၁၅.၄.၂၀၁၂)သည် မြန်မာသင်္ကြန်ရာသီအချိန်နှင့် တိုက်ဆိုင်နေကြောင်း တင်ပြရင်း...
HAPPY EASTER.. ပါရှင်

1 comments:

ကြည်ဖြူခင်ခင် said...

ဒါဆို ဒီနှစ်အီစတာနေ့က ဒီနေ့လေးပေါ့.. သိခွင့်ရတာ.. ကျေးဇူးပါ.. မဟာဆန်သူရေ..။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger