Saturday, December 8, 2012

လရောင်အောက်က လွမ်းကဗျာ



ကျမလေ..
တစ်ခါတစ်လေတော့လည်း ရင်ထဲမှာ အချစ်မရှိတဲ့သူဖြစ်ချင်ခဲ့တယ်..
အချစ်ရှိခဲ့ရင်လည်း မချစ်တတ်တဲ့သူတစ်ယောက်  ဖြစ်ချင်ပါတယ်..

ဘာဖြစ်လို့များ ကျမရဲ့ကိုယ်ထဲမှာ အချစ်တွေ ကြင်နာခြင်းတွေ နာကျင်ခြင်းတွေ လွမ်းဆွတ်ခြင်းတွေနဲ့ ပြည့်ကြပ်နေခဲ့ရတာလဲ..
ဘာဖြစ်လို့များ ဘဝမှာ အစွဲလန်းကြီးသူတစ်ယောက်ဖြစ်နေခဲ့ရတာလဲ..

သူနဲ့ပတ်သက်ပြီး ကျမလေ.. အစွဲလန်းကြီးသူတစ်ယောက်ဖြစ်ခဲ့ရတယ်..
အချစ်တတ်ဆုံးသူ ဖြစ်ခဲ့ရတယ်..
ရင်ထဲမှာ လွမ်းဆွတ်ခြင်းတွေ.. ကြင်နာခြင်းတွေ.. နာကျင်ခြင်းတွေ ပြည့်ကြပ်ခဲ့ရတယ်..

သူ့ရဲ့လှည့်စားမှုမာယာကြားမှာ  ကျမရဲ့နှလုံးသားလေး ဒူးထောက်ခဲ့ရပြီလား..
အေးမြတဲ့ လရောင်အောက်မှာ ကျမတို့တွေ့ဆုံခဲ့ကြတယ်..
လရောင်ရဲ့မှုန်ပြပြ အလင်းရောင်အောက်မှာ နှစ်ယောက်သား ကဗျာတွေ ရေးစပ်ခဲ့ဖူးတယ်..
ပြီးတော့ လသာတဲ့ ညတစ်ညမှာပဲ ကျမတို့ လမ်းခွဲခဲ့ကြတယ်..

အခုတော့ လမင်းကြီးရဲ့အရိပ် အာဝါသအာက်မှာ ကျမတစ်ယောက်ထဲ..
သူမြတ်နိုးခဲ့ဖူးတဲ့ အလွမ်းကဗျာလေးတွေကိုရေးလို့

နာကျင်ခြင်း ဝေဒနာတွေနဲ့အတူ အထီးကျန် လွမ်းနေဆဲပါလေ....

3 comments:

mstint said...

အစွဲအလန်းကြီးလွန်းရင်း ခံစားရပိုပြင်းထန်တယ် နတ်သမီးလေးရေ။ အချစ်ရဲ့ကျေးကျွန်အဖြစ် ခံယူသူတိုင်းရဲ့ မပြီးဆုံးနိုင်တဲ့ ကန္တာရ ခရီးလမ်ပေါ့ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

မိုးငွေ့........ said...

i know who is the one you miss..:)

Bebedores do Gondufo said...

Very.

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger