Wednesday, December 12, 2012

ပြောခွင့်ပြုပါ


ဂစ်တာအိုပြုစား
ရင်ပင်လယ် လှိုင်းခတ်
လူးလွန့်လှိုက်ဖို
ရှိုက်ငိုခဲ့ရတဲ့ သူ့ကဗျာ..

အသိတစ်ခုမှာ
သတိပြုမိသွားတဲ့
ရင်ထဲက ဘာသာစကား
သူ့အတွက် ခပ်ပါးပါးကိုယ်ခံစား

ဂရုဏာတို့ကွန်းခို
နှုတ်ခွန်းချိုချိုက ကိုယ်မဆို
မျက်ဝန်းညိုညိုကတဆင့်
ပြောခွင့်ပြုပါ...။
...............................................

မှတ်ချက်။   ။
တီတင့်က ဘလော့ဂ်ကာတွေကို၁၂.၁၂.၂၀၁၂ မှာ အမှတ်တရ ပို့စ်တင်ဖို့ ကြိုပြောခဲ့ပေမဲ့ မသိလိုက်ဘူး၊ သိလိုက်ရတဲ့အချိန်က အရမ်းကို ကပ်နေခဲ့ပြီ၊ ဆောင်းပါးရေးဖို့ကလည်း အချိန်မမှီနိုင်တော့ဘူး။
အဓိက က အမှတ်တရ တစ်ခုခု ရေးတင်ဖို့ပါပဲ..။
အဲဒါနဲ့ပဲ ဒီကဗျာလေးကို အမှတ်တရ တင်ဖြစ်ခဲ့ပါတယ်။

၁၂.၁၂.၂၀၁၂(ဗုဒ္ဓဟူးနေ့)မှ အစပြုလို့ သတ္တဝါအပေါင်း ဘေးကင်းရန်ကွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်..။

3 comments:

mstint said...

အမှတ်တမဲ့ ပြောခဲ့တဲ့ စကားလေးကို အသိအမှတ်ပြုခဲ့တဲ့ နတ်သမီးလေးကို ကျေးဇူးတင်ပါတယ်း)
ကဗျာလေးအားပေးသွားရင်း နတ်သမီးလေးရဲ့ တောင်းဆုလေးနဲ့ ပြည့်ဝကြပါစေလို့။

မေတ္တာဖြင့်
အန်တီတင့်

ချစ်စံအိမ်~2028~ said...

လည်လည်လာရင်း စာလေးတွေ ဖတ်သွားပါတယ် မမ
အမြဲအားပေးနေပါတယ်

~ Kk ~

orchidgirl222@gmail.com said...

မမ
ကျွန်တော်က မမ ရဲ့စာဖက်ပရိတ်သတ် အသစ်ပါ။ မမ ရဲ့နှစ်သစ်ကူးဆုတောင်းလေးကို မြန်မာ နှစ်သစ်ကူးအချိန် မှာ တိုက်တိုက်ဆိုင်ဆိုင် ဖက်ရလို့ ပျော်မိတယ်။ မမ လည်းအောင်မြင်တဲ့ နှစ်သစ်တစ်ခု ထပ်တိုးပြီး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger