Pages

Thursday, June 20, 2019

ရင်ဘတ်ထဲကလူ (အက်ဆေး -၃)




သူ့ရဲ့နာမည်လေးက ကျမကို စိုးမိုးသွားခဲ့တာပါပဲ...

သိပ်လှတဲ့နာမည်လေးလည်း မဟုတ်ပါပဲ..
စိတ်ဝင်စားမိတာကိုက
သူနဲ့ကျမ အတိတ်ဘဝက ရေစက်ပေပဲလား

သူ ကျမကို မသိခင်မှာပဲ
သူ့ပါတ်ဝန်းကျင် သူ့အသိုင်းဝိုင်းကြား မယောင်မလည် ကျမခြေရှုပ်ခဲ့တယ်

တစ်ခါတစ်ခါကျတော့လည်း
သူသတိထားမိအောင်
အကြောင်းရှာခဲ့ရ..
သူ့အလုပ်ထဲ အလုပ်သဘောအရ
သူနဲ့ထိပ်တိုက်တွေ့အောင် ကျမဖန်းတီးခဲ့ရတာပေါ့

အဲဒီလိုနဲ့ သူ ကျမကို သတိပြုမိလာတယ်
စိတ်ဝင်စားလာခဲ့တယ်...

ကျမရဲ့မာယာတွေကြား
မောင် သာယာပါစေ..
ကျမရဲ့ချစ်ခြင်းမေတ္တာတွေကြာ
မောင် အေးချမ်းပါစေ..
ကျမရဲ့ အကြင်နာတွေကြား
မောင် ပျော်ရွှင်ပါစေ..

တစ်ကယ်ဆို..
ကျမက စ ချစ်ခဲ့ရသူပါ မောင်

နမ်းမဝ
( "ရင်ဘတ်ထဲက လူ"- အက်ဆေး ၃)

No comments:

Post a Comment

Name/Url မှာ မိမိတို့ရဲ့ အမည်ကို ထည့်ပြီး Url မထည့်ပဲ Comment ပေးခြင်းအားဖြင့် Malware ရန်မှကင်းရှင်းနိုင်ပါသည်။