Pages

Thursday, June 27, 2019

ရင်ဘတ်ထဲကလူ ( အက်ဆေး- ၄)




ဒီရက်ပိုင်းတွေမှာ ကျမတစ်ယောက်ထဲ ပြုံးနေတတ်တယ်..
စက္ကန့်တိုင်းလွမ်းနေမိတာက မောင့်ရဲ့ဂရုစိုက်မှုတွေကိုပါပဲ..
မနေ့က အလုပ်မအားတဲ့ကြားက ကျမဂျီတိုက်လို့ ကျမဆီ မောင်ရောက်လာခဲ့တယ်
ပူအိုက်တဲ့ရာသီကြား မောင်ဝတ်ထားတဲ့စတစ်ကော်လာ အိင်္ကျီဖြူဖြူလေးနဲ့မောင့်ကို ကျမ ငေးစိုက်ကြည့်နေတုန်း
မောင့်နားထင်မှ ပါးပြင်ပေါ်ကိုစီးကျလာတဲ့ ချွေးစက်လေးကို ကျမရဲ့လက်ချောင်းလေးတွေနဲ့ ထိတွေ့မိတဲ့ အခိုက်အတန့်
ကျမနှလုံးသားလေး လှုပ်ရှားသွားတာ
မောင်သိလိုက်ပါ့မလား..
မောင့်ပါးလေးနဲ့ ထိတွေ့ထားဆဲ ကျမရဲ့လက်ချောင်းလေးတွေကို အတန်ကြာ မခွာမိခဲ့တာကိုက မောင့်ရဲ့အချစ်တွေကို လိုလိုလားလား ကျမလက်ခံမိနေတာပါပဲ..
တဒင်္ဂငြိမ်သက်သွားတဲ့ကျမကို မောင်ကကြည့်တယ်..
မောင့်ပါးပေါ်က ကျမရဲ့လက်ကလေးကို မောင်ကဆုပ်ကိုင်လိုက်တော့ ကျမရှက်မိပြီပေါ့
ကျမက လူတစ်မျိုး...
မောင့်ရှေ့မှာ ဘာမှမခံစားရသလို မလှုပ်မယှက်နေတတ်ပေမယ့် မောင်အနားမှာ မရှိတဲ့အချိန်ကျမှ မောင့်ကို ကလိတတ်တာမျိုးပါ..
ကျမ ရေချိုးပြီးလို့ အလှပြင်ပြီးရင် ဓာတ်ပုံလှလှလေးတွေ ရိုက်ပြီး မောင်ဆီပို့ပေးတဲ့အခါ..
" ချစ်ရေ.. မောင်ရုံးမှာ .. မောင့်ကိုယိမ်းယိုင်သွားအောင် မလုပ်နဲ့ကွာ" လို့ မောင်ပြောတဲ့အခါ ခလေးလေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးစွာ ရယ်(ရီ)မောနေတတ်သူက မောင့်ရဲ့ချစ်သူ ကျမပါမောင်...
#######$$$
အဖြူရောင် စတစ်ကော်လာလေးအကြောင်း'
*******
ပင်လယ်ကမ်းစပ်မှာ
ဆံနွယ်ခက်တွေ ဝေ့ဝဲ
ပန်းခင်းတချို့
လွမ်းခြင်းတချို့
ဇာပုဝါဖြူဖြူလေးနဲ့
ကြယ်ကလေးတွေ စီစုရီ
ဝိုင်တစ်ခွက်ထဲ
သံစဉ်တွေစီးမျော
လောဘ ဒေါသ မောဟ တို့ကင်းဝေးရာ
လှိုင်းတို့သယ်ဆောင်ရာ ကောင်းကင်ထက်
အိန်ဂျယ်ပေးတဲ့
အပျိုစင်အသည်းတစ်ခြမ်းနဲ့
တစ်ခါမှမခုန်ဖူးသေးတဲ့
ညာဖက်ရင်အုံသန့်သန့်လေးမှာ
အဖြူရောင် စတစ်ကော်လာလေးအကြောင်း
အိပ်မက်တွေ မက်နေဆဲပေါ့

.............



နမ်းမဝ
(ရင်ဘတ်ထဲကလူ - အက်ဆေး ၄)

No comments:

Post a Comment

Name/Url မှာ မိမိတို့ရဲ့ အမည်ကို ထည့်ပြီး Url မထည့်ပဲ Comment ပေးခြင်းအားဖြင့် Malware ရန်မှကင်းရှင်းနိုင်ပါသည်။