Pages

Sunday, June 16, 2019

ရင်ဘတ်ထဲကလူ (အက်ဆေး -၂)

တွေးတွေးပြီး ပြုံးနေမိတာကိုက အချစ်ရဲ့အရသာ...

သူ့ကိုစတွေ့စဉ်အခါက

သူ့အလုပ်
သူ့နေရာ
သူ့သိက္ခာအရ
မပြုံး မရယ်(ရီ)
အိနြေ္ဒကြီးတစ်ခွဲသားနဲ့ ..

သူရီအောင် ကျမလုပ်တော့ ထိန်းထားတဲ့ကြားက လှစ်ကနဲ့ ပြုံးသွားတဲ့ သူ့အပြုံးကို ကျမတွေ့လိုက်ရပေမယ့်
ဘေးလူတွေကတော့ မသိလိုက်ပါဘူး

ကျမကို
'လုပ်ထားနော် ပြီးကျမှတွေ့မယ်' ဆိုတဲ့ သဘော.. သူမျက်လုံးနဲ့ပြတယ်

စိတ်ရှပ်စရာ သူ့အလုပ်တွေကြား တဒင်္က သူအမောပြေရင်ပဲ ကျမက ကြည်နူးနေရသူပါ မောင်

သူ့ကို"မောင်" လို့ခေါ်ကတည်းက
"ပိုင်ဆိုင်ခြင်း၊
မြတ်နိုးခြင်း၊
လွှမ်းမိုးခြင်း၊
ရင့်ကျက်တည်ငြိမ်ခြင်း"ဆိုတဲ့ အဓိပ္ပါယ်တွေ ပါဝင်နေပြီလေ..

နမ်းမဝ
(ရင်ဘတ်ထဲကလူ_ အက်ဆေး ၂)


No comments:

Post a Comment

Name/Url မှာ မိမိတို့ရဲ့ အမည်ကို ထည့်ပြီး Url မထည့်ပဲ Comment ပေးခြင်းအားဖြင့် Malware ရန်မှကင်းရှင်းနိုင်ပါသည်။