Pages

Saturday, July 6, 2019

ရင်ဘတ်ထဲကလူ (အက်ဆေး-၅)

1st of March
ရာသီဥတုက အရမ်းပူတယ် မောင်
အလုပ်ကိစ္စမရှိရင် အပြင်မထွက်ပါနဲ့
ဖြူလွလွ ချည်သားအိင်္ကျီလေးတွေကို ရွေးဝတ်ပါနော်
အလုပ်ထဲမှာမို့ မဖြစ်မနေ အပေါ်ဆုံးက အိင်္ကျီကျယ်သီးကို တတ်ဝတ်ရမယ်ဆိုလည်း နားချိန်ရောက်တာနဲ့ ဖြုတ်ထားလိုက်ပါနော်
မောင် အိုက်နေမှာစိုးလို့ပါ..
ဆံပင်ကိုလည်း တိုတိုညှပ်လိုက်အုံးနော်..
မောင့်ဆံပင်တွေရှည်နေတယ်လို့ ကျမပြောတာမဟုတ်ဘူးနော်
ကြုံလို့ ပြောလိုက်တာပါ..
အချိန်ရတိုင်း ရေခဲရည်မဟုတ်တဲ့ ရေအေးအေးလေးကို ခနခန သောက်ပေးပါနော်
သွေးဆူစေမယ့် အစားအသောက်တွေကို ဒီလပိုင်းမှာ ရှောင်ပါနော်
အသားမကြိုက်တဲ့မောင်အတွက် သစ်သီးလေးတွေလည်း စားပေးဖို့မမေ့ပါနဲ့
မောင်ပြောပြတဲ့ မောင့်အကြောင်းလေးတွေကို သိရတော့ မောင့်ကို ပိုချစ်ပြီး ပိုဂရုစိုက်ရမယ်ဆိုတာ သိလာတယ်..
မောင့်ကိုလည်း အရင်ကထက် ပိုနားလည်လာတယ်
လူချင်းဝေးနေပေမယ့် ကျမရဲ့စိတ်ဝိဥာဉ်တွေ မောင့်ဘေးနားမှာရှိတယ်ဆိုတာ ယုံပေးပါနော်
မောင်က ..
မောင့်စိတ်နဲ့မောင့်ကိုယ် ဆိုပေမယ့်
ကျမက ကျမကိုယ်နဲ့ မောင့်စိတ်ရယ်ပါ
💗ချစ်သူ..
ကြည်ဖြူစွာ ခွင့်လွှတ်တတ်သူ
ရင်ခွင်ထဲမှာ
ပေးဆပ်ခြင်းပဲ အချစ်ဖြစ်တယ်ဆိုရင်
မောင်လေ .. ပေးဆပ်ချင်တယ်
ချစ်သူ..
စွဲမက်စွာ ပိုင်စိုးလိုသူ
ရင်ခွင်ထဲမှာ
ရယူခြင်းပဲ အချစ်ဖြစ်တယ်ဆိုရင်
မောင်လေ ရယူချင်တယ်
ချစ်သူ..
အမှန်တကယ်ပြောခွင့်ရရင်
ကိုယ်လည်းပဲ အချစ်စစ်လိုလားတယ်
ချစ်သူ..
ရိုးရိုးသားသားချစ်ခဲ့တယ်
အသွေးအသားလေးတွေ တံတားခင်းခဲ့တယ်
ချစ်သူ ..
သိပ်ချစ်မိတော့ သိပ်လွမ်းရတယ်
ချစ်သူ..
လွမ်းဆွေးခြင်းက အချစ်လားဟင်💗
ကျမကို မောင်ပေးခဲ့တဲ့ကဗျာလေး.. ကျမရင်ထဲ ထာဝရသိမ်းထားမယ်..
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်
ဘဝဆက်တိုင်း
ကျမက မောင့်ထက်ပိုပြီးချစ်ရတဲ့သူဖြစ်ရပါစေ...




No comments:

Post a Comment

Name/Url မှာ မိမိတို့ရဲ့ အမည်ကို ထည့်ပြီး Url မထည့်ပဲ Comment ပေးခြင်းအားဖြင့် Malware ရန်မှကင်းရှင်းနိုင်ပါသည်။