Pages

Thursday, August 22, 2019

ရင်ဘတ်ထဲကလူ (အက်ဆေး ၉)

ဘဝမှာ
အကြည်နူးဆုံးအရာကို ပြောပါဆိုရင် ..
မောင့်မွေးနေ့မှာ ကျမလက်ပေါ် သူ့လက်ကလေးကို ထပ်ရင်း
မောင်ပေးခဲ့တဲ့ ဘဝတစ်သက်စာ ကတိလေးရယ်..

ကျမကို သူ့ရင်ခွင်ထဲ ထွေးပွေ့ထားပြီး ဆံနွယ်လေးတွေကို ပွတ်သပ်ရင်း ကျမအတွက် ဘုရားစာလေးတွေကို ကျမဘဝ အေးချမ်းပါစေကြောင်း မောင်ဆုတောင်းရွတ်ဆိုပေးခဲ့တယ်.

မောင့်မွေးနေ့မှာ မောင် ကျမကို ပေးခဲ့တဲ့ လက်ဆောင်လေးနှစ်ခုပါ

ကျမအတွက် ဘယ်တော့မှမမေ့နိုင်တဲ့ တစ်သက်စာ အမှတ်တရပါ မောင်

ဒီလို လူကြီးဆန်တဲ့ စိတ်ကူးမျိုး ဘယ်သူတွေးမိမှာလဲကွယ်
မောင့်အချစ်က တည်ငြိမ်တယ်..

မောင့်ရဲ့အေးချမ်းလှတဲ့ မေတ္တာက
ကျမကို ကြည်နူးစေတယ်

မောင့်ရင်ခွင်ထဲ မှေးစက်ရတာ ကျမအတွက်
ငြိမ်းချမ်းလိုက်တာ..

မောင်က လူကြီးသိပ်ဆန်တယ်
တစ်ကယ်ဆို ကျမက မောင့်ထက် ရင့်ကျက်သင့်တယ်ဆိုပေမယ့်
အကြင်နာငတ်မွတ်နေတဲ့ ကျမအတွက်
မောင့်အကြင်နာတွေ.. ဂရုစိုက်မှုတွေ..
နွေးထွေးလုံခြုံတဲ့ မောင့်မေတ္တာရိပ်အောက်မှာ ကလေးဆိုးလေးတစ်ယောက်လို နေခွင့်ပေးပါနော်
*******
ကဗျာပြုသူ
စာနုသူမို့ 
“စိတ်ကူးတိမ်တိုက်သူ”လို့
တွေးလိုက်လေသလားမောင် . . .

ကဗျာဖူးသူ စာရူးသူ
မေ့နှလုံးသားဖော့ဖယောင်းလို
ပျော့ပြောင်းပေမဲ့
ချစ်သူအတွက်ဆိုရင်
ကလောင်ကို
ကိုင်တဲ့လက်ဖမိုးနု
ရဲရင့်ခြင်းကို
သွေးသောက်အဖော်ပြုလို့ 
ပြတ်သားခြင်း
အဘိဓာန်ကိုချနင်း

အန္တရယ်စက်ကွင်းမှာ
စီးချင်းထိုးရင်း
မာန်ဟုန်ပြင်းပြင်း
ရင်ဆိုင်ခြင်းကျောက်စာမှာ

“ရာဇဝင်ထဲကမောင့်သတို့ သမီး” ဖြစ်သူမို့ 
ချစ်သူသည်သာ
ကိုယ့်အနားရှိဖို့ လိုသည် ...

နမ်းမဝ (ရင်ဘတ်ထဲကလူ_အက်ဆေး (၉)


No comments:

Post a Comment

Name/Url မှာ မိမိတို့ရဲ့ အမည်ကို ထည့်ပြီး Url မထည့်ပဲ Comment ပေးခြင်းအားဖြင့် Malware ရန်မှကင်းရှင်းနိုင်ပါသည်။