Pages

Tuesday, August 24, 2010

ခွဲသွားဖို့မပြောနဲ့...


လရောင်သန်းမှ လန်းရရှာတဲ့ ပဒုမ္မာနှလုံးသား
သူ့ရဲ့ တထောင့်တညပုံပြင်တွေကြားက
အနမ်းညရင်ခုန်သံအောက်မှာ
အလွမ်းတွေပျောက်ခဲ့ရတယ်

ချစ်သူရေ...
နွမ်းလျှမဝေးတော့တဲ့
နှစ်ယောက် တအိပ်မက်ဘဝက
တို့ရဲ့လက်တကမ်းအလို...

ရာသီပြက္ခဒိန်တွေကိုဖြတ်သန်း
နာရီလက်တံတွေကြား လျှောက်လှမ်းရင်း
မင်း...ငါ့ကိုအရမ်းချစ်ပါ

သဝန်တိုတတ်တာကို အပြစ်မဆိုကြေး
မျက်တောင်တခတ်လေးတောင်
အပျောက်မခံနိုင်ပါဘူး...

မင်း..ကိုလေ
ခွဲသွားဖို့မပြောနဲ့
တွေးလိုက်ရုံနဲ့တောင်
မျက်ရည်ဝဲတယ်

27 comments:

  1. ၀ါး.. အောက်ဆုံးအပိုဒ်လေး အရမ်းနူးညံ့တယ်...း))).... တွေးလိုက်ရုံနဲ့တောင် မျက်ရည်ဝဲတယ်တဲ့... တကယ်ဖြစ်ဖူးလို့ အရမ်းကို နှစ်သက်မိတယ်...


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  2. မြန်မြန် နီးပါစေဗျာ .. ဂျီးတော် ဘယ်အကောင့်သုံးနေတာလဲ .. အက်လိုက်ဦး ...

    ReplyDelete
  3. ဝက်ဝံလေးAugust 24, 2010 at 3:29 PM

    ခွဲသွားဖို့မပြောဘူးနော် စိတ်ချ
    ဟိဟိ

    ReplyDelete
  4. ခုတော့ နီးချင်ပြီပေါ့လေ ...
    နီးစေဗျား ...း)

    ReplyDelete
  5. လရောင်ဆန်းတဲ့ လွမ်းလွင်ပြင်မှာ
    တညတည ......
    အရောက်လှမ်းခဲ့တဲ့ အနမ်းညနယ်နိမိတ်မှာ
    တစ်ကျော့တေး ပြန်ပြန်ဆိုနေရတဲ့ အဖြစ်တွေ....

    မဝေးလှတဲ့ ဘ၀တိုထဲ
    ခပ်ရိုးရိုးလေးနဲ့ ပင့်သက်ရှိုက်
    စိတ်အနောက်တွေ ပြေပျောက်တဲ့ ချစ်သူ့ရင်ခွင် ...

    သ၀န်တိုတတ်မှုတွေ ကျောပိုးထားပေမယ့်
    ဘ၀ရဲ့ ရုန်းကြွမှုတိုင်း
    အမှားမကင်းတဲ့ လူ့ချစ်ခြင်းတရားမှာ
    ဖြူစင်မှု ပကတိနဲ့ .....

    ခွဲသွားဖို့ မပြောနဲ့
    အသက်ထက် ကျောက်အက္ခရာမှာ
    င့ါရဲ့ပုဝါဖြူ နတ်သမီးတစ်ပါးက
    သင်္ကေတတစ်ခုကို ပုံအပ်နှင်းသွားခဲ့တာ.....
    ......................
    ............
    ချစ်သူ့အတွက် င့ါမနက်က အသက်ဆက်နေတယ် ..။ ။

    idulize(အရုပ်ကလေး)

    ReplyDelete
  6. အင်း...တစ်ခုခုတော့ ဖြစ်နေပြီလို့ ထင်တာပဲ။
    ခွဲမသွားဖြစ်ကြပါစေနဲ့။

    ReplyDelete
  7. ခွဲခွါရမယ့်စကား ဘယ်သော ဘယ်အခါမှ မကြုံဆုံ ရပါစေနဲ့ဗျာ။

    ခင်မင်စွာဖြင့်
    ကိုရီး{ကိုကြီး}

    ReplyDelete
  8. ချစ်စရာ ကဗျာလေး ဖတ်သွားတယ်ညီမရေ

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  9. ကဗျာလေးက ချစ်စရာ
    နတ်သမီးလေးက ချစ်စရာ

    ReplyDelete
  10. ကဗျာတစ်ပုဒ်လုံးကြိုက်တယ် စကားလုံးလေး
    တွေအကုန်ထိမိပြီးကဗျာဆန်တယ် နောက်ဆုံး
    အပိုဒ်ကတော့ ထိမိရုံမကတော့ဘူးတစ်ပုဒ်လုံး
    ရဲ့ အသက်လို့ ပြောရလောက်အောင်ကိုသ
    ဘောကျမိပါရဲ့ ဗျာ . . . အချစ်ကိုတန်ဖိုးထား
    မြတ်နိုးတဲ့ နတ်သမီးလေး ပျော်ရွှင်ချမ်းမြေ့မှုကို
    ထာဝရပိုင်ဆိုင်နိုင်ပါစေသားဗျာ . . . :)

    ReplyDelete
  11. သ၀န်တိုတာ မိန်းခလေးတွေရဲ့ သဘာဝပါမောင် လို့ ပြောပြလိုက်လေ...
    သ၀န်မတိုဘဲ လုပ်ချင်ရာလုပ်၊ နေချင်သလိုနေ လို့ ပစ်ထားခံရတာက သ၀န်တိုခံရတာထက် ပိုဆိုးတယ်ဆိုတာ သူမသိသေးလို့ဖြစ်မယ်.. လောကမှာ အချစ်ခံရတာဟာ ဥပက္ခာပြု ခံလိုက်ရတာထက် ပိုကောင်းတယ် မဟုတ်လားနော်..

    ReplyDelete
  12. တိုက်ဆိုင်လိုက်တာများဗျာ။ ဖေဖေါ်ဝါရီ ကိုးရက် အဲ ။

    မင်းကိုလေ ခွဲသားဖို့မပြောနဲ့ တွေးလိုက်ရုံနဲ့တောင် ညက်ရည်ဝဲလယ်။ ဂယ်

    နောက်တစ်ခါ သူများကို စောင်းနကြောနဲ့နော်။ ဘာပဲဖြစ်ဖြစ်ပဲ သူလဲ အိမ် ထောင်ကျသွားတယ်။ ကိုယ်လည် အခုမှ လွပ်လတ်သွားတယ်။ ဟီဟိ

    ReplyDelete
  13. အင်းး..သ၀န်တိုတာကိုလဲ အပြစ်ပြောလို့မရဘူးနော်။
    တိုနိုင်သူတွေ တိုကြပါ...တိုကြပါ။ :(

    ReplyDelete
  14. ခွဲသွားဖို့ဆိုတဲ့စကားလုံးက တွေးလိုက်ရုံနဲ့တောင်
    မျက်ရည်ဝဲတယ်..တဲ့အမှန်ပဲ မနတ်သမီးရေ..
    မနတ်သမီးတို့လည်းပျော်ရွှင်စွာနဲ့
    အမြန်ဆုံးဆုံဆည်းနိုင်ကြပါစေ..

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  15. မခွဲသွားပါဘူး ဟိဟိ မတွေ့တာကြာပေါ့ နတ်သမီးရေ လိုင်းမကောင်းလို့ ရေထဲနစ်နေတယ် ဟီး

    ReplyDelete
  16. မျက်တောင်တစ်ဖျက်ကလေးတောင်
    အပျောက်မခံနိုင်ပါဘူး။
    မင်းကိုလေ
    ခွဲသွားဖို့မပြောနဲ့ တွေးလိုက်ယုံနဲ့တင်
    မျက်ရည်ဝဲတယ်။

    မနမ်းရေ ချစ်တတ်လိုက်တာ
    တွဲလက်တွေနှင့်အတူ အချစ်ခရီးလမ်းသာယာဖြာင့်ဖြူးပါစေနှော်။

    ခင်မင်စွာဖြင့်
    ခိုင်နုငယ်

    ReplyDelete
  17. ညွှန်းချက်က တအားပဲ
    ကြက်သီးတောင် ထတယ် ဟဲဟဲ
    အလကားစတာအမ
    သူများတွေ ချစ်နေကြတာ မနာလိုလို့း)

    ReplyDelete
  18. မနမ်းရေ ကဗျာဆိုတဲ့အတိုင်း အတွေးရောစာသားလေး
    တွေပါ အရမ်းကို ကဗျာဆန်လွန်းတယ်..

    ကဗျာလေးလိုပဲ ခွဲသွားမယ့်စကားတွေမကြားရပဲ..
    အရမ်းပဲဆက်ချစ်နိုင်ကြပါစေနော်

    မနမ်း

    ReplyDelete
  19. ချစ်သူနဲ့အမြန်ဆုံးနီးပါစေရှင်..

    ReplyDelete
  20. လာလည်သွားတယ် . . ကျွန်တော် You ဆီကို ခုမှရောက်ဖူးတာပါ . . ကဗျာ Blogger သူငယ်ချင်းတော့ ရပြီ . . .။
    ကျွန်တော်ဆီလည်း အားရင်လာလည်းပေါ့ . . Blog ကတော့ ပြုပြင်ဆဲပဲ :) . . လိပ်စာက www.d-yanayh.co.cc ပါ။

    ReplyDelete
  21. မနေ့ကတည်းက လာရေးတာ မရလို့ ခုတော့ဘိတ်ဖြစ်နေပြီ...း(

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  22. တွေးလိုက်ရုံနဲ့တောင် မျက်ရည်ဝဲ သတဲ့လား...။
    အမြန်ဆုံးနီးကြပါစေဗျား...။

    ReplyDelete
  23. မျက်ရည်ဝဲမယ်ဆိုလည်းမတွေးပါနဲ့လေ...
    ကဗျာလေးကတော့ အရမ်းသိသာနေပြီနော်..
    အဆင်ပြေပျော်ရွှင်ပါစေ နတ်သမီးရေ..
    ပြောချင်တာလေးရှိလို့ နတ်သမီးမေလ်းလေး လိုချင်တယ်နော်း))

    ReplyDelete
  24. မရေ... ကဗျာလေးကတော့ ရှယ်ပဲ။ ဇွန်းပါလို့နဲ့တူတယ်နော်...ဟိဟိ... နောက်တာနော်.. စိတ်ဆိုးနဲ့.... ရီမိုးလည်း ကဗျာနောက်ဆုံးပိုဒ်လေးကို သဘောကျ၏။ ခံစားချက်ခြင်း တူနေလို့လေ... :)

    ReplyDelete
  25. ကဗျာလေးကောင်းတယ်ဆိုရမလား မကောင်းဖူးပြောရမလား ဖတ်တဲ့သူကိုဝမ်းနည်းစေတယ် တမျိုးလေးပဲ
    ကဗျာနဲ့ရေးတဲ့သူ ရောမသွားဖူးဗျာ ကဗျာကို ကဗျာလိုပဲခံစားဖတ်သွားတယ်း)း)

    ReplyDelete
  26. စာရေးကဗျာရေးကောင်းတဲ့ ငါ့တူမကို ဘကျောက်က အမြဲသတိရပ့ါဗျာ.. ဘိုလိုအဆဲခံရမှာမကြောက်ပါနဲ့..ဒီတခါ ဘကျောက်က ပဲလို(စပိန်လို) ဆဲမှာပါ...အဟဲ..အလကားနောက်တာ

    ReplyDelete
  27. တွေးလိုက်ရုံနဲ့တော့ မျက်ရည်မကျခဲ့ဘူး၊ ဝဲခဲ့ဘူးတယ်၊

    ReplyDelete

Name/Url မှာ မိမိတို့ရဲ့ အမည်ကို ထည့်ပြီး Url မထည့်ပဲ Comment ပေးခြင်းအားဖြင့် Malware ရန်မှကင်းရှင်းနိုင်ပါသည်။