Pages

Friday, August 20, 2010

မူပိုင်ရှင်....




ငယ်စဉ်ကပါလာတဲ့ “အကျင့်” (သို့မဟုတ်) “ဗီဇ” ဆိုတာ လူတိုင်းမှာရှိကြပါတယ်..။
ကျမနားလည်သလို ပြောရမည်ဆိုလျှင် “အကျင့်” ဆိုတာ လူတယောက်ရဲ့အမြဲတစေ လုပ်လေ့လုပ်ထရှိတဲ့ အပြုအမူ မျိုးကိုဆိုလိုပါတယ်။
“ဗီဇ” ဆိုတာကတော့ မွေးရာပါ စိတ်ဓာတ်နဲ့ အလေ့အကျင့် လို့ ကျမအနက်အဓိပ္ပါယ်ဖွင့်ဆိုပါရစေ။

လူမှန်းသိတတ်စ အရွယ်ကတည်းက စိတ်ကောက်တတ်တဲ့ ကျမရဲ့အကျင့်လေးဟာ အခုချိန်ထိ ဖျောက်ဖျက်လို့မရခဲ့ပါဘူး။
ကျမလိုပဲ ကျမရဲ့မေမေဟာလည်း စိတ်ကောက်လွယ်သူတယောက်ဖြစ်ပါတယ်။
အမေတူသမီးမို့ စိတ်ကောက်တတ်တဲ့အကျင့်ကလေးတခုဟာ ကျမအတွက် မျိုးရိုးလိုက်တဲ့ ဗီဇလို့ခေါ်မလားပဲ..။

ကျမမှတ်မိသလောက် ပြောရမယ်ဆိုရင် ကျမ မူလတန်းကျောင်းသူဘဝက စ လို့ အခုချိန်ထိ ပါလာခဲ့တဲ့ အကျင့်လေးတခုကိုပြောပြချင်ပါတယ်

မူလတန်းအချိန်က အကြောင်းတွေကို သေခြာ မမှတ်မိတော့ပေမယ့် အလယ်တန်းကျောင်းသူဘဝက အကျင့်လေးတွေကိုတော့ မှတ်မိနေပါသေးတယ်။
စာလုံးလေးတွေကို ဝိုင်းအောင်ရေးလေ့ရှိတဲ့ ကျမဟာ ခဲတံနဲ့ ဘောပင်လှလှလေးတွေကို ကျမရဲ့
ကွန်ပါဘူးထဲမှာ အမြဲဆောင်ထားလေ့ရှိပါတယ်။
စာရေးရာမှာလည်း အရောင်စိုသောမှင်၊ လက်ရေးလှစေရန် ပွိုင့် ဟုခေါ်သော ဘောပင်၏ ထိပ်မှ
ဘောစိ သည်လည်း အရေးပါတာမို့ ရေးလို့ကောင်းသော ဘောပင်လေးများကိုသာ ရွေးဝယ်လေ့ရှိပါတယ်။

ကျမမှာ အကျင့်တခုရှိတယ်။ ဘောပင်တချောင်း ရေးလို့ကောင်းပြီဆိုလျှင် အဲဒီဘောပင်ကို
မှင်ကုန်သည်အထိ စွဲပြီး ရေးလေ့ရှိတယ်။
အဲဒီဘောပင်ကို သူငယ်ချင်းတွေက ငှါးရေးရင်လည်း ကျမ မပေးဘူး။
အပိုဝယ်ထားတဲ့ ကွန်ပါဘူးထဲက ဘောပင် ၃/၄ ချောင်းကိုသာ သူငယ်ချင်းတွေကို ငှါးလေ့ရှိတယ်။

အဲဒီခေတ်က အတန်းထဲမှာ ဆရာမက ရှေ့ကနေ ခေါ်ပေးတဲ့စာကို ကျမတို့က လိုက်ရေးရတာလေ။ လက်ရေးလှဖို့ အသားပေးပြီးရေးတတ်တဲ့ ကျမဟာ စာရေးရာမှာ နှေးကွေးတဲ့အတွက် ဆရာမခေါ်ပေးတဲ့စာကို
မနည်းလိုက်ရေးခဲ့ရတာပေါ့ရှင်။
ဒီကြားထဲ အရေးကြီးတဲ့စာကြောင်းတွေကို မှင်နီတားရတဲ့နေရာ၊ စာလုံးအရေးမှားလို့ Correction Pan နဲ့ဖျက်ရမယ့် အခါမျိုးတွေမှာ ကျမဟာ တခြားကျောင်းသူတွေထက် ပိုပြီးကြာတတ်ပါတယ်။
အကြောင်းရင်းကတော့ ကျမရဲ့ မင်နီဘောပင်၊Correction Pan နဲ့ ပေတံ တွေဟာ ကျမအသုံးလိုတဲ့အချိန်မှာ
ကျမရဲ့ရှေ့မှာ အဆင်သင့်ရှိမနေပဲ သူငယ်ချင်းတွေရဲ့လက်ထဲကို ရောက်နေတတ်လို့ပါပဲ။

ကျမမှာ သူတို့နဲ့ မတူတဲ့အချက်ကတော့ ကျမရဲ့လွယ်အိတ်ထဲမှာ ကျောင်းသုံးစာရေးကရိယာ
အစုံအလင်ကို အမြဲဆောင်ထားတတ်ပါတယ်။
ကျမရဲ့ ဘေးတဖက်တချက်ဆီမှာ ထိုင်တဲ့ ကျမရဲ့သူငယ်ချင်းတွေကတော့ အဲဒီပစ္စည်းတွေကို ဝယ်ဖို့ စိတ်ကူးထဲတောင်ရှိပုံမရပါဘူး။
ကျမရဲ့ကွန်ပါဘူးထဲက ပစ္စည်းတွေဟာ သူတို့လိုသလို ယူငင်သုံးစွဲလို့ရနေတာကိုး။
သူတို့စာရေးတော့မယ်ဆိုလျှင် ကျမရဲ့ကွန်ပါဘူးကိုဖွင့်ပြီး သူတို့ကြိုက်တဲ့ဘောပင်ကို ယူရေးလေ့ရှိပါတယ်။


ကျမဟာ တွန့်တိုတတ်သူ တယောက်မဟုတ်ပေမယ့် လိုအပ်လျှင် အဆင်သင့်ရှိနေစေဖို့
စာရေးကရိယာအစုံအလင်ကို ဝယ်ထားခဲ့တာလေ...။
အခုတော့ ကျမလိုအပ်တဲ့အချိန်မှာ စာရေးကရိယာပစ္စည်းတွေဟာ ကျမအတွက်မဟုတ်ပဲ
သူငယ်ချင်းတွေအတွက်ဖြစ်နေတတ်ပြီး ကျမဆီကို ပြန်ရောက်လာဖို့ နှောင့်နှေးရင်း
ကျမအတွက် စိတ်ရှုပ်စရာဖြစ်လာခဲ့ရတယ်။

အဲဒီနောက်ပိုင်းမှာတော့ ကျမဟာ စာရေးကရိယာများကို ကျမအတွက် တစုံနဲ့
သူငယ်ချင်းများသုံးရန် တစုံ သတ်မှတ်ပြီး ဝယ်တဲ့စနစ်ကိုကျင့်သုံးရပါတော့တယ်။
သူငယ်ချင်းများကိုလည်း သူတို့အတွက် ဝယ်ပေးထားသော ပစ္စည်းများကိုသာ သုံးရန်နှင့်
ကျမအတွက် (လိုအပ်ချိန်မှာ အဆင်သင့်ရှိစေရန်) သီးသန့်ဝယ်ထားသော စာရေးကရိယာများကို
မသုံးရန် မေတ္တာရပ်ခံထားသည့်အချိန်မှစ၍ ဆရာမခေါ်ဆိုသော စာများကို စိတ်အေးချမ်းစွာ
လိုက်၍ ရေးနိုင်ပါတော့တယ်။

အဲဒီကျမရဲ့ အကျင့်လေးဟာ အခုနိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့အချိန်ထိ ကပ်ပါလာခဲ့ပြန်တယ်။
ကျမရဲ့ ဧည့်ကြိုကောင်တာမှ ပစ္စည်းတချို့ကို လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများက လာလာယူတတ်ပါတယ်။
သူတို့တခုခု အလိုရှိပြီဆိုလျှင် ကျမဆီမှာ လာရှာတတ်ကြတယ်။ယူသွားပြီးလျှင်လည်း
ကျမဆီပြန်လာမပေးတော့ပဲ တွေ့တဲ့နေရာမှာထားခဲ့တတ်တဲ့ သူတို့ရဲ့အကျင့်ကို ကျမကလည်း
လုံးဝမကြိုက်သူဆိုတော့ ခနခနစကားများရတာပေါ့ရှင်။
အဲဒီ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ကုမ္ပဏီကငွေနှင့် ဝယ်ရတာမို့ ပစ္စည်းတိုင်းဟာ
လူတိုင်းဆီမှာ ရှိကြသော်လည်းပဲ တခုခုလိုလျှင် ကျမရဲ့ကောင်တာက ပစ္စည်းကိုသာ လာယူသုံးတတ်တဲ့
သူတို့ရဲ့အလွယ်လိုက်မှု အကျင့်ဆိုးလေးတွေကိုတော့ မဖျောက်ဖျက်နိုင်ကြပါဘူး။

တခါတလေ...
သူငယ်ချင်းတွေစုပြီး အပြင်မှာ ဓာတ်ပုံရိုက်တဲ့အခါမျိုး၊ ဆိုင်မှာ လာစားနေကျ ရင်းနှီးလွန်းတဲ့
ဧည့်သည်တွေရဲ့ ဖိတ်ကြားမှုနဲ့ သူတို့ရဲ့အိမ်တွေကို အုပ်စုလိုက် လိုက်လည်ရတဲ့အခါမျိုးတွေမှာ
စတိုင်ကျကျ ၊ ဖက်ရှင်ကျကျ မဝတ်တတ်တဲ့ တရုပ်မလေးတွေအတွက် ကျမကပဲ ဒီဇိုင်နာလုပ်ပေးရင်း
ကျမရဲ့ အဝတ်အစားတချို့ကို ဆင်ပေးရတဲ့အခါမျိုးတွေမှာ အဲဒီအဝတ်အထည်တွေကို
ပြန်မယူတော့ပဲ သူတို့ကို အပိုင်ပေးလေ့ရှိပါတယ်..
(အဲဒီလို ပေးရာမှာလည်း ကိုယ်မဝတ်ချင်တော့တဲ့ အဝတ်အထည်မျိုး၊ အပိုင်ပေးလိုက်နိုင်တဲ့
အဝတ်အထည်ကို ရွေးပြီးဝတ်စေပါတယ်)။
ဆိုလိုရင်းက အင်္ကျီတထည်ကို တယောက်တလှည့်ဝတ်တတ်တဲ့ အကျင့် ကျမမှာမရှိလို့ပါ။

အဲဒီလိုပါပဲ...
သက်ရှိဖြစ်တဲ့ ကျမရဲ့ချစ်သူ(သို့မဟုတ်) ကျမချစ်ရတဲ့သူ ဆိုလျှင်လည်း ကျမရဲ့မူပိုင်ပဲဖြစ်စေချင်ပါတယ်
လူဆိုတာကလည်း မိတ်ဆွေအသိုင်းအဝိုင်း၊ သူငယ်ချင်းအသိုင်းအဝိုင်း ဆိုတာတွေက ရှိသေးပြန်တော့
သဘောကောင်းပြီး လူချစ်လူခင်များတဲ့ ကျမရဲ့ချစ်သူ၊ သူတပါးကို ကူညီလေ့ရှိတဲ့ ကျမရဲ့ချစ်သူနဲ့
သူ့ရဲ့အမျိုးသမီး မိတ်ဆွေတွေ စကားပြောဆို ဆက်ဆံရာမှာလည်း သူတို့ပြောဆိုသော
စကားလုံးတိုင်းကို အဓိပ္ပါယ်ကောက်ပြီး မကြာခန ချစ်သူနဲ့ စကားများတတ်တဲ့ ကျမရဲ့အကျင့်လေးကြောင့်
ချစ်သူခမျာ အနေအထိုင်၊ စကားပြော အရမ်းဂရုစိုက်ရတာပေါ့ရှင်။
အဲဒီလိုချစ်သူနောက်က အရိပ်ကလေးလို တကောက်ကောက်လိုက်တတ်နေတာကိုက အရသာဆိုတာ
ချစ်သူရှိကြသူတိုင်းသိကြမှာပါ။
တချို့ဆိုရင် Facebook လို နေရာတွေ၊ လူငယ်စကားဝိုင်း လိုနေရာတွေ၊ ရေခဲနန်းတော်လိုနေရာတွေက
chatting တွေမှာ ချစ်သူရှိမှန်းသိသိကြီးနဲ့ ကြောင်တောင်ဝင်နှိုက်တတ်တဲ့ သူတွေကလည်း ရှိနေကြပြန်တော့...
ကိုယ့်လူ ကိုယ်ထိန်းနိုင်မှတော်ရုံကျမှာမို့........

ကျမရဲ့ငယ်ငယ်က အကျင့်လေးဟာ ကျမအတွက်သော်၎င်း....
ကျမ၏ ချစ်သူအတွက်သော်၎င်း...
အများအတွက်သော်၎င်း...
ကောင်းခြင်း၊ ဆိုးခြင်းတွေ ရှိနေပေမယ့်လည်း...
ကျမရဲ့မူပိုင်ရှင်....မောင်ဖြစ်သလို...
မောင့်ရဲ့မူပိုင်ရှင်....ကျမသာ ဖြစ်ပါရစေ....။

“နမ်းမဝ”..ဆိုတာ
သက်ရှိကို မဆိုထားနဲ့...
သက်မဲ့ပစ္စည်းလေးတခုကိုတောင် မျှဝေသုံးတတ်သူမဟုတ်သူ..ဆိုတာ..
သိမြင်တတ်ရင်ဖြင့်...။

26 comments:

  1. ဝက်ဝံလေးAugust 20, 2010 at 5:34 PM

    မောင့်မူပိုင်ရှင် ဟိဟိ
    မုန့်သာဝေစားမယ်နော် ဟုတ်လား အချစ်တွေတော့ မဝေနိုင်ပါဘူး ရှန် ဟိဟိ
    ချစ်လို့စတယ်နော် စိတ်မဆိုးနဲ့ ညော် မမနတ်သမီးးး

    ကိုင်းးး လိုတာပြည့်စေကွယ် ဟဲဟဲ

    ReplyDelete
  2. မုန့်လည်း မရဘူး..
    တခု သတ်သတ်ဝယ်ပေးမှာ....
း)

    ReplyDelete
  3. အဲသလိုတွေ ရှိသလား....

    မောင့်မူပိုင်ရှင်....ကို ကျောင်းမှာတုန်းက..မူမူ ဆိုတဲ့ သူငယ်ချင်းကို နောက်ပြီး “ မူ့မောင်ပိုင်ရှင် ” ဆိုပြီး ပြောဖူးတယ်။ အခုတော့ ...“ နမ်းမောင်ပိုင်ရှင် ” ပေါ့။ ဂွတ်ထ...

    ReplyDelete
  4. မနမ်းလိုချင်တဲ့
    မောင့်မူပိုင်ရှင်ဖြစ်ပါစေလို့.ဆုတောင်းပေးခဲ့တယ်နော်။

    ReplyDelete
  5. မောင်တွေ အများကြီတော့ မဆောင်ထားနဲ့နော်ညီမ.... ကွန်ပါဘူးထဲအပိုထည့်ထားဘို့လေ... :D :D

    ReplyDelete
  6. သားအတွက် တစ်ခုပိုဝယ်ခဲပါ အစ်မ

    စားဖို့အသက်ရှင်တာ မဟုတ်ပေမယ့် အသက်ရှင်ဖို့စားမယ့် ကျွန်တော့်အတွက် အသက်ရှည်အောင် များများဝယ်လာရင်လည်း စိတ်မဆိုးတတ်ပါဘူး။ :P

    ReplyDelete
  7. မုန့်တောင် ခွဲမကျွေးဘူးဆိုတော့ မူပိုင်ရှင်လေးကတော့.. အင်း... အင်း...
    အတော်ကံကောင်းရှာမှာဘဲနော်။း))

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  8. မရေ..
    မရဲ့ သဘောထားလေးကို မရဲ့မောင် နားလည်သဘောပေါက်ပါစေ လို့ဆုတောင်းပေးတယ်နော်
    ဒါမှ နှစ်ယောက်စကားမများရမှာ.. တော်ကြာ မမ စိတ်ကောက်ရတာမောနေလိမ့်မယ်...

    ReplyDelete
  9. မှန်တာပေါ့မနတ်သမီးရေ..
    နတ်သမီးမူပိုင်ရှင်ပေါ့နော်...
    သဒ္ဓါလည်းဘာပဲဖြစ်ဖြစ်သပ်သပ်ပဲကြိုက်တယ်..

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  10. အင်း ဒီပိုစ့်လေးက တစ်ခုခုတော့ တစ်ခုခုဘဲ.. မောင့်ကို သတိပေးတာလား.. မောင့်ကို ကြံရွယ်နေတဲ့ တစ်ယောက်ယောက်ကို အသိပေးတာလားဘဲ.. ဘာဘဲ ဖြစ်ဖြစ် မိန်းခလေးချင်းမို့ ကိုယ်ချင်းစာပါတယ်.. မုန့်ကိုသာဝေပေးချင်ပေးမယ်.. အကျီင်္ကို သာ စွန့်လွှတ်ချင်စွန့်လွှတ်နိုင်မယ် ကိုယ့်ရင်ထဲက မြတ်မြတ်နိုးနိုး တန်ဖိုးထားရတဲ့ ချစ်သူကိုတော့ ဘယ်လိုလုပ်မျှဝေနိုင်မှာလဲ... ပြီးတော့ အချစ်ဆိုတာ အခြားသူတွေနဲ့ ဝေမျှခံစားနေရပြီ၊ ကိုယ်က တစ်ခုလုံးအပြည့်အ၀ မရပြီဆိုမှတော့ ဘယ်လိုများ ပျော်ရွှင်နိုင်ပါဦးမလဲ..ဒီလိုဆိုရင်ဖြင့် ပျော်ရွှင်ကြည်နူးစရာ ချစ်ခြင်းတစ်စုံ ဖြစ်မနေတာတော့ သေချာပြီ။
    ကိုယ်ကလဲ သူတစ်ယောက်တည်း၊ သူကလည်း ကိုယ့်တစ်ယောက်တည်းကို သစ္စာရှိရှိ ချစ်တဲ့အချစ်မျိုးကိုသာ လိုချင်ကြတာ မိန်းခလေးတိုင်းရဲ့သဘာဝပါဘဲ.
    ညီမလေး လိုလားတောင့်တတဲ့ ချစ်ခြင်းမျိုးကို ပိုင်ဆိုင်ရပါစေ.. သက်ဆိုင်သူများလည်း နားလည်ပေးနိုင်ပါစေလို့ ဆုတောင်းပေးသွားတယ်နော်...

    ReplyDelete
  11. ညီမ ရေ

    ဒါဆို မုံစားမယ် အသစ် များများလေးဝယ်ပေးနော်

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  12. အကျင့်လေးတွေတူနေပါလား မောင့်မူပိုင်ရှင်လေးရေ...
    မောင့်မူပိုင်ရှင် ရာသက်ပန်ဖြစ်ပါစေနော်...း)))

    ReplyDelete
  13. ဖတ်ရင်းနဲ့ မောင့်မူပိုင်ရှင် သီချင်းလေးကိုညည်းမိတယ်... :D

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  14. ဦးနှောက်အသိ ရင်ဘတ်အရှိမှာ
    ငြိနေဆဲပုံရိပ်ကြား .....
    မောင့် မူပိုင်ရှင်အဖြစ် တည်မြဲပါစေ .. ။
    မူပိုင်ရှင် မောင်တစ်ယောက်လည်း သိမြင်ပါစေ ...။

    idulize(အရုပ်ကလေး)

    ReplyDelete
  15. ရေးဖြစ်အောင်တော့ရေးသေးတာပဲ..
    ဘယ်တော့ရေးမလဲလိုစောင့်နေတာ...တကယ်ရေးသဟ

    ReplyDelete
  16. မနမ်းချစ်သူမောင်တစ်ယောက် ခံစား
    သိမြင်နားလည်လို့  နတ်သမီးလေးရဲ့ 
    တစ်ဦးပိုင်နာမ် ဖြစ်ပြီး ထာဝရမူပိုင်ရှင်
    အဖြစ်လိုအင်ဆန္ဒပြည့်ဝပါစေသော် . . .

    ReplyDelete
  17. ညီမ နတ်သမီးရေ...နတ်သမီးရဲ့ မောင့်ကိုတော့ အပိုတစုံ ထားဖို့ မဖြစ်နိုင်ဘူး...၊ ဒါမျိုးကျ ငှားသုံးမယ့်သူ ရှိရင်တောင် သူက မလိုက်ဖို့လည်း လိုသေးတာကိုးနော်...။
    ကြပ်ကြပ်လေးသာကိုင် ညီမ... (ဟီးဟီး...မြှောက်ပေးခဲ့ပြီ...:P)

    ReplyDelete
  18. ဟုတ်တာပေါ့။ မုန့်ကိုသာ မျှဝေစားနိုင်တာ
    အချစ်ကိုမျှဝေ ဘယ်ချစ်နိုင်ပါ့မလဲနှော်။
    မနမ်းရေ မောင့်မူပိုင်ရှင် ထာဝရဖြစ်ပါစေ။
    တွဲလက်တွေခိုင်မြဲပါစေ။

    ခင်မင်စွာဖြင့်
    ခိုင်နုငယ်

    ReplyDelete
  19. “ကိုယ်ကျင့်တရားပျက်ပြားပြီး သိက္ခာမရှိတဲ့
    မိန်းမတယောက်ရဲ့ဘဝဟာ
    လူတကာဝင်ချင်တိုင်းဝင်၊
    ထွက်ချင်တိုင်းထွက်လို့ရတဲ့
    အရံအတားမရှိတဲ့ ဇရပ်ပျက်တခု လိုပါပဲ”...

    “ပန်းတပွင့်ရဲ့တန်ဖိုးဟာလည်း
    အဲဒီပန်းမှာရှိသင့်တဲ့ အရောင်အဆင်း၊
    အနံ့၊အရည်အသွေးတို့ကို
    မြင့်မားလာအောင် ပြုစုပျိုးထောင်ပေးတဲ့
    ပန်းပျိုးသူဥယျာဉ်မှူးပေါ်မှာ မူတည်နေပါတယ်”

    “မိန်းမတယောက်ရဲ့ ဂုဏ်သိက္ခာ
    ဟာလည်း သူ့ရဲ့အိမ်ထောင်ဖက်
    ယောက်ျား(အမျိုးသား)ပေါ်မှာ
    အများကြီးမူတည်နေပါတယ်”......

    ReplyDelete
  20. အမြဲတမ်းမူပိုင်ရှင်ဖြစ်ပါစေရှင်

    ReplyDelete
  21. အမချစ်ပြောသလိုပဲ...ကျပ်ကျပ်ကိုင်ထားနော် နတ်သာမီးလေး....။ ဒီပို့စ်ကိုခုမှရေးဖြစ်သွားတာကိုး... တို့သိတယ်နော် တို့သိတယ်...။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  22. အပေါ်ဆုံးက စာတွေကို
    ဆောင်းနှင်း အသိတစ်ယောက်ကို
    အရမ်း ဖတ်စေချင်လိုက်တာ ..

    တစ်ခါတစ်လေမှာ
    ကိုယ့်ပစ္စည်းနဲ့ ကိုယ် စိတ်ရှုပ်ခံရတာလောက်
    စိတ်ညစ်စရာ ကောင်းတာ
    မရှိဘူး .. >>>

    ReplyDelete
  23. အဟား မနမ်းတို့ကတော့ သူပုံတွေလှကြောင်း ကြွားလို့ကိုမဆုံးနိုင်တော့ဘူးနော်။ မုန့်ကျွေး အဟဲ
    သားမွေးနေ့ရောက်တော့မှာနော်.. ဆက်ဆက်

    ReplyDelete
  24. ချောလိုက်တာ

    ReplyDelete
  25. ကျမရဲ့မူပိုင်ရှင်....မောင်ဖြစ်သလို...
    မောင့်ရဲ့မူပိုင်ရှင်....ကျမသာ ဖြစ်ပါရစေ....။

    ReplyDelete

Name/Url မှာ မိမိတို့ရဲ့ အမည်ကို ထည့်ပြီး Url မထည့်ပဲ Comment ပေးခြင်းအားဖြင့် Malware ရန်မှကင်းရှင်းနိုင်ပါသည်။