Showing posts with label ပြောချင်တာလေး. Show all posts
Showing posts with label ပြောချင်တာလေး. Show all posts

Saturday, June 29, 2013

အလျော်အစား

အရှုံးအမြတ်တိုင်းမှာ အလျော်အစားရှိတယ်..

လူတွေက ကိုယ်ရလိုက်တာကိုပဲ မြင်ကြတယ်..၊
ကိုယ့်ဖက်က ပေးလိုက်ရတာကို သတိမထားမိကြဘူး။

တချို့ကျပြန်တော့ ကိုယ်ပေးလိုက်တာကိုပဲ မြင်ပြီး
ကိုယ်ရလိုက်တာတွေကို မေ့လျှော့နေတတ်ကြတယ်..။

တစ်ကယ်တော့ အရှုံးပဲဖြစ်ဖြစ် အမြတ်ပဲဖြစ်ဖြစ်
အလျော်အစားက ၅၀/ ၅၀ ဆိုတာပါပဲ..

Friday, June 28, 2013

Free your mind


ကျမမှာ တခြားလူတွေနဲ့မတူတဲ့အချက်တွေရှိတယ် ...
ကိုယ်ဖြစ်ချင်တဲ့ဘဝကို ကိုယ်ကိုယ်တိုင်ဖန်တီးယူတယ် ....

ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့နေတယ်ဆိုပေမယ့် သူတို့အတွက် ကိုယ်ကရှင်သန်ပေးရတာမျိုးကို ဘယ်တော့မှလက်မခံဘူး....

ပတ်ဝန်းကျင်ဆိုတာ ကြောက်တတ်ရင်ဖြဲခြောက်တတ်တဲ့အရာမျိုး....
ပတ်ဝန်းကျင်ကြောင့် ကိုယ့်ရဲ့ဆန္ဒ္ဒကိုချုပ်တည်းထားကြတဲ့သူတွေဟာ ဘဝမှာ အရှုံးတစ်ဝက်ကို ရရှိပြီးတဲ့သူတွေဖြစ်တယ်....

ကျမကတော့ ကိုယ့်ဘဝကိုယ်ကြေနပ်တဲ့သူဖြစ်တဲ့အတွက် မနက်ဖြန်သေမယ်ဆိုရင်တောင်
အစွဲအလန်းမရှိ သေပျော်ပါတယ်

ကျမရဲ့ပတ်ဝန်းကျင်က လူအတော်များများကို ကျမ လေ့လာကြည့်တယ် (မလေ့လာလည်း မြင်နေ၊ ကြားနေရတော့ သိနေတာပေါ့)၊
သူတို့ရဲ့လှုပ်ရှားမှုတွေမှာ ပတ်ဝန်းကျင်ရဲ့ချုပ်ကိုင် ကြိုးကိုင်မှုတွေ အများကြီးပါတယ်၊
စိတ်ထဲက ဖြစ်ချင်တာ၊ လုပ်ချင်တာတွေကို မြိုသိပ်ရင်း ဆန္ဒရဲ့ဆန့်ကျင်ဖက်တွေကို လုပ်နေကြရတယ်

အဲဒီအတွက် သူတို့ရဲ့ဘဝတွေမှာ အပျော်တွေဆုံးရှုံးကြရတယ်
ဒါဟာ ဘာလဲဆိုတော့
ကိုယ့်ကိုယ်ကို လိမ်လည်နေခြင်းပဲ
ပတ်ဝန်းကျင်ကိုလိမ်လို့ရမယ်
ဒါပေမယ့် ကိုယ့်ကိုယ်ကို လိမ်လို့မရဘူး..

တချို့လူတွေရှိသေးတယ်..
လွတ်လပ်ပျော်ပါးနေတဲ့သူတွေကိုတွေ့ရင် အပြစ်ပြောချင်ကြတယ်..၊ အတင်းပြောကြတယ်၊
တစ်ကယ်တော့ သူတို့က အဲဒီလိုဖြစ်ချင်/ နေချင်ပေမယ့် သူတို့ကိုယ်ကို ချုပ်တီးထားကြတယ်၊

စည်းလွတ်ဝါးလွတ် လွတ်လပ်ခြင်းမျိုးလည်းမဟုတ်၊
ပျော်ရွှင်မှုအခွင့်အရေးကို ဆုံးရှုံးစေမယ့် ထိန်းချုပ်ခြင်းမျိုးလည်းမဟုတ်ပဲ
ပေါ့ပေါ့ပါးပါးလေး နေကြည့်လိုက်ပါ..
ဘဝဟာ သိပ်ကို ပျော်စရာကောင်းပါတယ်..

Tuesday, June 25, 2013

ပန်းတိုင်


ဘဝဆိုတာ..
လမ်းလျှောက်သင်ကာစ ကလေးငယ်တစ်ယောက်နဲ့ သဏ္ဍာန်တူတယ်..
ခဏခဏ လဲကျမယ်..
ခဏခဏလည်း ပြန်ထမယ်..
အဲဒီလိုနဲ့ ကလေးငယ်တွေဟာ လမ်းလျှောက်တတ်သွားကြတယ်..

ကျမတို့တစ်တွေလည်း အဲဒီလိုပါပဲ..
ဘဝမှာ ကျရှုံးမှုတွေနဲ့ရင်ဆိုင်ရတယ်
ဆုံးရှုံးမှုတွေနဲ့ တွေ့ကြုံရတယ်..

ကျမရဲ့ဘဝအကြောင်းပြောပြမယ်
ကျမဘဝမှာပိုင်ဆိုင်မှုတွေ အများကြီးဆုံးရှုံးခဲ့ဖူးတယ်
စိတ်ဓာတ်ကျခဲ့ဖူးတယ်
ကူညီမယ့်သူမရှိဘူး
အနားမှာရှိနေတဲ့သူတွေတောင် အကူညီတောင်းမှာစိုးလို့ ခပ်ဝေးဝေးကို ရောက်သွားကြတယ်

အဲဒီတော့ ကျမ စဉ်းစားတယ်
ကျမကိုယ်ကျမ ပြန်အားပေးတယ်
အချိန်တော့ ပေးရတာပေါ့
ဘဝကို ၁ကပြန်စတယ်

ကံ၊ ဥာဏ်၊ လုံ့လ၊ ဝရိယတွေလည်းလိုအပ်ပါတယ်
အဲဒီလိုနဲ့ (၉)နှစ်ကြာခဲ့တဲ့အချိန်မှာ
အရင်က ဘဝထက် သာတဲ့ဘဝကို ကျမ ပြန်ရနေပါပြီ

သူငယ်ချင်းတို့တွေလည်း ဆုံးရှုံးမှုနဲ့ကြုံတွေ့တဲ့အခါ စိတ်ဓာတ်မကျကြပါနဲ့
လဲကျရင် ပြန်ထပါ..
ကိုယ့်ကိုယ်ကိုသာ ကိုးကွယ်ရာ..
အားကိုးရာပါ....


ပန်းတိုင် ဆိုတာ လူတိုင်းမှာရှိတယ်
ပန်းတိုင်ကို မရောက်သေးတာပဲ ရှိမယ်
မရောက်ဘူး ဆိုတာ မရှိပါဘူး..
ကြိုးစားဖို့ပဲလိုပါတယ်..

Monday, June 24, 2013

Forget your Mistake


ဘဝမှာ မှားခဲ့ဖူးလို့စိတ်ညစ်နေတာလား..
(သို့မဟုတ်)
ဘဝမှာ အမှားတွေကို ကျူးလွန်ခဲ့ဖူးလို့ စိတ်ဓာတ်ကျနေတာလား...
အဲဒီအမှားကြောင့် ကိုယ့်ရဲ့ဘဝတစ်ခုလုံးကို ရေစုန်မျှောလိုက်တော့မှာလား၊
အဓိပ္ပါယ်မရှိလိုက်တာ...

လူတိုင်းလူတိုင်း အမှားနဲ့မကင်းကြပါဘူး..

မှားခဲ့ဖူးတာက “အတိတ်”ကဖြစ်ရပ်တစ်ခုပါ
အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါ

လက်ရှိရောက်နေတဲ့ ပစ္စုပန်မှာ အမှားမလုပ်မိဖို့ ကြိုးစားဖို့ကသာ အဓိကပါ...

အဲ..
ပစ္စပ္ပန်မှာ ထပ်ပြီး အမှားလုပ်မိခဲ့ရင်လည်း စိတ်ဓာတ်မကျနဲ့..
သင့်မှာ အနာဂတ်ဆိုတဲ့ ပြင်ဆင်စရာအချိန်တွေ အများကြီးကျန်ပါသေးတယ်...

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger