မနာကျင် စေချင်ပါဘူးကွယ်..
ဒါပေမယ့်လည်း
ဘယ်တုန်းကမှ လှည့်ကြည့်မခံခဲ့ရတဲ့ဘဝ
ဘယ်တုန်းကမှ လှည့်ကြည့်မခံခဲ့ရတဲ့ဘဝ
တစ်သက်စာအထိတော့ မဆွေးပါရစေနဲ့
လူရှေ့မှာ တည်
ဘာမှ မသိသလို နေသတဲ့လား
ကစားခဲ့သမျှ ခံခဲ့ရတယ်
“အပိုင်”ဆိုတဲ့ကိန်းဂဏန်းကိုတည်
ဥပက္ခာတွေနဲ့ ကစားခဲ့တယ်
အချိန်တန် အိမ်ပြန်တဲ့အခါ ရင်ခွင်ဖွင့်လို့ကြိုမယ်..တဲ့
တော်ပါတော့ကွယ်
မိန်းမဆိုတာ..
မာနနဲ့တည်ဆောက်ထားသတဲ့
လိုချင်တဲ့ အကြင်နာ မရသ၍တော့
မျှော်လင့်ခြင်းတံခါးကိုပိတ်
မာန် ဆိုတဲ့ ဟန်ကလေးနဲ့
ယဲ့ယဲ့ကလေးပြုံး..
အခုကတည်းကပဲ
လက်ပြနှုတ်ဆက်လိုက်ပါ့မယ်...
1:41 PM
လင်းထက်
Posted in: 

Nicosia Time
1 comments:
မိန်းမဆိုတာ..
မာနနဲ့တည်ဆောက်ထားသတဲ့
လိုချင်တဲ့ အကြင်နာ မရသ၍တော့
မျှော်လင့်ခြင်းတံခါးကိုပိတ် ထားရင်းနဲ့ .. ယဲ့ယဲ့လေး ပြုံးပြီး နှုတ်ဆက် မှာပေါ့..။ အရမ်း မာန ကြီးတဲ့ မင်းသမီး တစ်ပါးပဲနော်..။
Post a Comment