အနောက်နိုင်ငံများတွင် “ကာနေဗယ်လ်” ပွဲတော်ကို ရိုးရာပွဲတော်တစ်ခုအဖြစ် သတ်မှတ်၍ နှစ်စဉ်ကျင်းပလျှက်ရှိရာ Cyprus နိုင်ငံလဲ အပါအဝင်ဖြစ်သည်။
ထိုနေ့တွင် လူကြီး လူငယ် လူတန်းစားမရွေး မျက်စိနောက်စေသော အကြောင်အကြား အကျီင်္ိများ၊အစီအစဉ်မတည့်သော ဒီဇိုင်းအဝတ်တန်စာများ၊ တရိစ္ဆာန်ပုံစံချုပ်လုပ်ထားသော အကျီင်္ိဒီဇိုင်းများကို ဝတ်ဆင်ပြီးမျက်နှာ ဆံပင်ပုံစံတို့ကိုလည်း ကိုယ်၏ အသိမိတ်ဆွေများအလွယ်တကူ မမှတ်မိစေရန် ချယ်လှယ်ကြရသည်..။
ဤပွဲတော်တွင် ကျောင်းများ၊ ရုံးဋ္ဋါနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဟိုတည်များ၊စားသောက်ဆိုင်များ၊မှသတ်မှတ်ထားသော နံပါတ်စဉ်အလိုက် အစုဖွဲ့ကာ ကိုယ်ပိုင်တီးဝိုင်းများဖြင့် မြို့ထဲတွင် စီတန်းလှည့်လည်ကြသော ပွဲတော်ဖြစ်သည်။
ဤပွဲအပြီးတွင် မြို့တော်ဝန်မှ အကောင်းဆုံး အဝတ်အစားဆု ကိုချီးမြှောက် သောပွဲတော်လည်းဖြစ်သည်။
အကြမ်းအားဖြင့် ဖေဖော်ဝါရီလနှင့်မတ်လများတွင် ကျင်းပလေ့ရှိသည်။ Cyprus နိုင်ငံတွင် သက်သတ်လွတ် ၊ သွေးလွတ်စားသော “လ” များကို ဥပုသ်ဝင်သည့်လ ဟုသတ်မှတ်ကာ ၎င်းနေ့မတိုင်ခင် ကျရောက်မည့် “စနေနေ့” ကို ပွဲတော်နေ့ဟု သတ်မှတ်ကာ ကာနေဗယ်ပွဲတော် ကို ပွဲတော်ပြီး၍ နောက်တစ်ရက်ဖြစ်သော တနင်္ဂနွေနေ့တွင် ဒေသခံများ၏ အိမ်များတွင် ကြက်ဥကို အနီရောင်စိုးပြီး အိမ်သား၂ဦး ကြက်ဥတစ်ယောက်တစ်လုံးစီ ကိုင်ကာ ရိုက်ခွဲတန်းကစားကြသည်။
ကြက်ဥကို ဆေးအနီရောင်ဆိုးရခြင်း၏အဓိပ္ပါယ်ကတော့ “Blood of God” .......“God give the food”... ဟုသိရှိရပါသည်။
ဤပွဲတော်ကို..............ကာနေဗယ်လ်ပွဲတော်..(သို့)...Easter ပွဲတော်ဟုခေါ်ဆိုကြသည်...။
9 YEARS OF YOU.....
12 hours ago
0 comments:
Post a Comment