
ကြယ်လေးပွင့် စားသောက်ဆိုင်ကြီးတစ်ခုထဲက ဧည့်ကြိုကျမ တစ်ယောက်တရုတ်ရိုးရာဝတ်စုံလေးကို ဝတ်ပြီး.....
မိတ်ကပ်အဖွေးသားနဲ့ ရေမွှေးနံ့တွေ ကိုယ်မှာစွဲလို့....
ဧည့်ကြိုကောင်တာမှာ ကျော့ကျော့လေးရပ်နေရင်း...
ဆိုင်အပြင်ဘက်ဆီသို့ ကျမ၏ အကြည့်လေးတစ်ချက်
ရောက်သွားချိန်မှာ....ဂျင်းဘောင်းဘီ ခပ်နွမ်းနွမ်းလေးကို
ဝတ်လို့....လက်ထဲမှာလည်း တရုတ်ပြည်ကလုပ်တဲ့... မွှေးပွ ဝက်ဝံရုပ်လေးတွေ တပွေ့တစ်ပိုက်ကြီးနဲ့....လမ်းလျှောက်ဈေးသည် တရုတ်မလေး တစ်ယောက်ကို ကျမတွေ့လိုက်ရတယ်.....။
၃ထပ်တိုက် တရုတ်စားသောက်ဆိုင်ကြီးကို မော့ကြည့်နေတဲ့ သူမရဲ့ မှိုန်ဖျော့ဖျော့မျက်လုံးလေးတွေထဲမှာ အားငယ်မှုတွေနဲ့ ရောလျှက်နေတဲ့ နာကျင်မှုတွေနဲ့ပေါ့...........................။
ပူပြင်းတဲ့ရာသီဥတူတုရဲ့အောက်မှာ....ချွေးသံတရွှဲရွှဲနဲ့ အရုပ်ရောင်းနေရသော.....သူမ၏ ဘဝ........။
တရုတ်လူမျိုးဖြစ်ပါလျှက်နဲ့....ဂျင်းဘောင်းဘီ ခပ်နွမ်းနွမ်းလေးကို ဝတ်လို့ အလှဆုံးပြုံးပြီး မွှေးပွရုပ်လေးတွေကို
အင်္ဂလိပ်ဘာသာစကားနဲ့ အော်ရောင်းနေရတဲ့ .....သူမ..................။
လေအေးပေးစက်အလုံးပေါင်းများစွာကြားမှာ မိတ်ကပ်အပြည့်....ရေမွှေးနံ့သင်းပျံ့စွာဖြင့် တရုတ်ရိုးရာဝတ်စုံလေး ကိုဝတ်လို့... တရုတ်ဘာသာစကားကိုပြောပြီးစားသောက်ဆိုင်ကြီးရဲ့
မျက်နှာဆာက ဧည့်ကြိုကောင်တာမှာကျော့ကျော့လေးရပ်နေတဲ့...
“ကျမ နှင့် သူမ” ရုတ်တရက်အကြည့်ချင်း ဆုံတွေ့လိုက်တဲ့ အခိုက် တစ်ယောက်ကို တစ်ယောက် အနွေးထွေးဆုံးပြုံးပြမိကြတယ်....
အဲဒီအပြုံးတွေထဲမှာ အဓိပ္ပါယ်များစွာနဲ့ တူညီတဲ့ ခံစားချက်တွေ ပါဝင်နေခဲ့တယ်....ဆိုတာကို လစ်လျှူရှုထားတဲ့ သူကတော့.......အသင်လောကကြီးပဲပေါ့.......................။
“တရားရဲ့လား...လောကကြီးရယ်”.....
(နောက်ပိုင်းမှာတော့ အဲဒီတရုတ်မလေးနဲ့ကျွန်မ သူငယ်ချင်းတွေဖြစ်သွားကြတယ်။ သူ..ဆိုင်ရှေ့ကဖြတ်သွားတိုင်း ကျွန်မတို့ လက်ပြပြီးနှုတ်ဆက်ဖြစ်ကြတယ်)
2:08 AM
လင်းထက်
Posted in: 

Nicosia Time
0 comments:
Post a Comment