မိုးကုတ်စက်ဝိုင်းကြီးရဲ့အောက်က ပင်လယ်ပြင်ရဲ့ အစွန်းတစ်ဖက်တစ်ချက်စီမှာ....
နင်နဲ့ငါ ရပ်နေကြတယ်....
ငါ...နင့်ကိုလွမ်းတိုင်း ပင်လယ်ပြင်ကိုသွားကြည့်တယ်.....
နင်...ငါ့ကိုလွမ်းတိုင်း ပင်လယ်ပြင်ကိုသွားကြည့်တယ်....
ငါတို့နှစ်ယောက်ရဲ့အချစ်ကို ပင်လယ်ပြင်က ဆက်သွယ်ပေးထားတယ်....
တစ်ယောက်ကိုတစ်ယောက် အမှန်တစ်ကယ်မမြင်ရပေမဲ့....နှလုံးသားကတဆင့် တွေ့မြင်နေရတယ်....
ငါပြောချင်တဲ့စကားတွေကို ပင်လယ်ပြင်က သိနေတယ်....“သူ”...နင့်ကိုပြန်ပြောပြပါလိမ့်မယ်...
နင့်ဆီက အနမ်းတွေကို လှိုင်းတွေက ငါ့အတွက်ယူဆောင်လာပေးပြီး....
ငါ့ဆီက အလွမ်းတွေကို နင့်အတွက် သူတို့ပြန်ယူသွားကြတယ်....
ငါယုံကြည်တယ်....
တစ်နေ့...နင်နဲ့ငါ....ပင်လယ်ပြင်ကြီးရဲ့ ..တစ်ဖက်တစ်ချက်စီမှာမဟုတ်ပဲ...ပင်လယ်ပြင်ရဲ့တစ်ဖက်ထဲမှာ...
တို့နှစ်ယောက်အတူတူရှိနေလိမ့်မယ်ဆိုတာကိုပါပဲ......
I believe myself......
တယ်လီဖုန်း.....
1 day ago
1 comments:
ပင်လယ်ကြီးရဲ့ တစ်ဖက်တည်းမှာ အတူ ဆုံနိုင်ကြပါစေ။ ကိုယ်ချင်းလည်း စာပါတယ်။ ကျနော်လည်း အဲလိုပဲ ခံစားနေရတယ်လို့ ထင်တယ်လေ။ ဒါပေမယ့် အဲလိုလေး ခံစားချင်လိုက်တာဗျာ။ တရားဝင်ပေါ့။
Post a Comment