အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူး
()တရားတယ်ထင်ရင်...
နင် ငါ့ကိုချစ်လို့ရတယ်။
ဘယ်လောက်ထိချစ်မှာလဲ
ဘယ်လိုချစ်မှာလဲ
()တရားတယ်ထင်ရင်...
နင် ငါ့ကိုကစားလို့ရတယ်။
လှည့်စားလို့ရတယ်။
ဘယ်လောက်ထိ နင်လှည့်စားနိုင်မှာလဲ ?
()တရားတယ်ထင်ရင်...
နင် ငါ့ကိုထားခဲ့လို့ရတယ်။
ဘယ်လိုထားခဲ့မှာလဲ ..?
ဘာကြောင့်ထားခဲ့တာလဲ..?
()တရားတယ်ထင်ရင်...
နင် ငါ့ကိုမေ့လိုက်လို့ရတယ်။
ရက်စက်လို့ရတယ်
မုန်းပစ်လို့ရတယ်။
“အချစ်နဲ့ စစ်မှာ မတရားတာမှမရှိတာ”
()ဒီတစ်ခါ ငါ့အလှည့်ပေါ့..
.......
.......
အပေးအယူတစ်ခုတော့ရှိတယ်
ကြေးကြီး ကောင်းကြီးမယ်
ငါ့အချစ်က ပြင်းကောင်း ပြင်းမယ်
()နင့်ကို ငါချစ်တယ်
ငါ့အသက်နဲ့ထပ်တူချစ်တယ်
ငါ့ဘဝနဲ့ထပ်တူချစ်မယ်
ငါတစ်ယောက်ထဲပဲချစ်မယ်။
()နင့်ရဲ့အတွေးတွေကို ငါပိုင်စေရမယ်
နင့်ရဲ့စိတ်ကို ငါ နိုင်စေရမယ်
ငါ့ရဲ့စိတ်နဲ့ နင့်ရဲ့ကိုယ်ဖြစ်စေရမယ်
နင့်ရဲ့အသိတရားတွေကို
ငါလွှမ်းမိုးထားမယ်.....။
()ငါ့ရဲ့ခွင့်ပြုချက်မရပဲ
နင်နဲ့ပတ်သက်သမျှတွေအားလုံး
ဘာတစ်ခုမှ လုပ်ပိုင်ခွင့်မရှိစေရ...။
()နင့်ရဲ့နောက်ဆုံး“ထွက်သက်” ကိုတောင်
ငါပိုင်စေရမယ်...။
ငါ့ရဲ့ခွင့်ပြုချက်မရပဲ ငါ့ဘဝထဲက
နင်..ထွက်သွားပိုင်ခွင့်မရှိစေရ..။
“အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူး”...တဲ့
နင်..စဉ်းစား..
အတ္တကြီးတဲ့..ငါ့ရဲ့အချစ်ကို တရားတယ်ထင်ရင်..
နင်...ငါ့ကိုချစ်လို့ရတယ်..။
နင့်ကိုငါ...
နင်..စဉ်းစား..
အတ္တကြီးတဲ့..ငါ့ရဲ့အချစ်ကို တရားတယ်ထင်ရင်..
နင်...ငါ့ကိုချစ်လို့ရတယ်..။
နင့်ကိုငါ...
ချစ်ခွင့်ပေးလိုက်မယ်...။ ။
5 comments:
အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူးတဲ့လား အဖြူရောင်နတ်သမီးလေးရေ
ကဗျာ လေးကောင်းပါတယ်ဗျာ။နောက်ထပ် ခံစားချက်ကဗျာလေးတွေ ပိုရးနိုင်ပါစေဒအားပေးဖတ် ရှု့နေပါတယ်ဗျာ။
ခင်မင်မှုဖြင့်-
အားလုံးကို ပျော်စေချင်တဲ့--
ကိုလတ်
ကဗျာလေး သဘောကျမိတယ် ဗျာ ... ခံစားချက်တွေ ပြင်းထန်ပုံရတယ် ... အိမ်လေးလည်း
သဘောကျမိပါတယ် ... ပိုင်ရှင်ကလည်း တကယ်.
နတ်သမီးပါဘဲ :) ... ခင်မင်လျက်
အစ်မနတ်သမီးလေးရေ... ကဗျာလေးက စာသားတွေကလဲ လှသလို အစ်မကလဲ လှပကျော့ရှင်းနေတာပဲ....
ချစ်စရာအရမ်းကောင်းတယ်...ငါ့အစ်မက... အာဝါးးးးးအမြှောက်၃သန်းပေးခဲ့လိုက်တယ်...ဟိဟိ...
နေဦး..မှန်ထဲပြန်ကြည့်ဦး..တော်နေ ပါးတွေချိုင့်ကုန်ပြီလားမသိဘူး ...ဟီးးး
တရားတယ်ထင်လို့ အာဝါးးပေးခဲ့လိုက်တာ... ဟိဟိ
:P
i am very thankfull to read all of you poem and also nextime send me more poem and some of history.
Rosan
washinggton dc
Post a Comment