လူမနေတဲ့ ...အိမ်
တစ်ချိန်က
ဒဏ်ရာရခဲ့တဲ့ သူ့ရဲ့နှလုံးသား
ပင့်ကူအိမ်တွေရဲ့ကြားမှာ
နေသားကျခဲ့ပေါ့......။
အပိုင်းပိုင်း ကျိုးပဲ့ကွဲကြေနေတဲ့
ဓာတ်ပုံမှန်ဘောင် တစ်ခုရဲ့အောက်က
အသက်ငွေ့ငွေ့သာ ကျန်တော့တဲ့
အချစ်ငတ် လိပ်ပြာတစ်ကောင်.......။
သခင်ပြန်အလာကိုမျှော်ငေးရင်း
အသံတိတ် ငိုကြွေးနေတဲ့
အခန်းထောင့်တစ်နေရာက
ကြိုးပြတ်နေတဲ့
ဂီတာအိုတစ်လက်.......။
ဟိုး...အရင်က
ဝေဟင်မှာ ပျံ့လွင့်ခဲ့ဖူးတဲ့
သခင့်ရဲ့သီချင်းသံ
မျှော်လေတိုင်း ဝေးခဲ့ရပြီ........။
အော်........အခုတော့လည်း
အိမ်အပြင်ဘက်ဆီက
ယူကလစ်ပင်ပေါ်မှာ
တေးဆိုနေကြတဲ့
ပုဇင်းရင်ကွဲတို့ရဲ့
စူးဝါးတဲ့ ဂီတသံစဉ်ကို
အဖော်ပြုလို့
သခင့် ပြန်အလာကို
မျှော်နေတဲ့
(သူ) ရင်ကွဲနေတဲ့.......အိမ်
5 comments:
ရင်ကွဲနေတဲ့အိမ်ဆိုတော့ ငလျင်ကြောင့်လားဗျ။ ပြန်လာမယ့် သူကို မျှော်နေတယ်ဆိုရင် မဟုတ်မှလွဲရော အဲဒီလူက အင်ဂျင်နီယာထင်တယ်။ ကဗျာလေး ဖတ်လို့ ကောင်းတယ်ဗျ။
အင်ဂျင်နီယာဆိုရင်တော့ မျှော်မနေနဲ့တော့ဗျ
ကိုယ့်ဟာကိုယ်ပြန်ပြင်လိုက်တာကမှကောင်းဦးမယ်..စတာနော်
ကဗျာလေးကတကယ်ဖတ်လို့ကောင်းတယ် ...းဝ
ဟိဟိ မမ ဓာတ်ပုံလေးလား လှတယ် နော် မမက ကြည့်သွားဒယ် သိရား ခိခိ ဘိုင် အော် ကဗျာပါ ဖတ်တွားဒယ် တိရားနော် ခစ်ခစ်
ကဗျာလေး က ဖတ်လို့ ကောင်းတယ်...
ခံစားချက်တွေ ပြင်းထန်နေလို့ထင်တယ်.. ဟိဟိ
ကိုနွေဆူးပြောသလို ရင်ကွဲနေတဲ့ အိမ်လေးကို ကိုကိုအင်ဂျင်နီယာလေး မြန်မြန်လာ ပြင်ဆောက်စေ။
ဟိဟိ အမိန့် ပေးလိုက်ပြီနော်။
ပြန်လာတော့မယ်တဲ့။
Post a Comment