လူတစ်ယောက်မှာ ကျန်းမာခြင်းဟာ တစ်ကယ်အရေးကြီးတာပဲနော်...
လွန်ခဲ့တဲ့ ၈လလောက်ကတည်းက ကျွန်မလေ ..တရှောင်ရှောင်နဲ့ ချောင်းဆိုးနေခဲ့တာ...။
ဆေးရုံကြီးမှာလည်း..စက်ကြီးတွေနဲ့ ဆေးစစ်ပြီးပါပြီ..။ တီဘီ ပိုးလည်းမတွေ့ရ၊ကင်ဆာလက္ခဏာလည်းမပြဘာမှန်းကိုမသိပဲ...အခုထိတစ်ခါတစ်ခါ...
ချောင်းအရမ်းဆိုးတတ်ပါတယ်..၊ အဲဒီလိုဆိုးရင်လည်း..အားနဲ့ဆိုးရတာမို့...အဆုတ်ရဲ့ကြွက်သားတွေ အလွန်နာပါတယ်..၊နောက်ဆုံး ချောင်းဆိုး၊နှာခြေ..၊ရီရင်တောင် ညာဘက်ဂျိုင်းအောက်..အဆုတ်နေရာက အောင့်ပါတယ်..၊တစ်ပါတ်လောက်နေရင် ပျောက်သွားရော...။အထူးသဖြင့် အဲဒီအချိန်မျိုးမှာ အလေးအပင်တွေ“မ”ရင် ပိုအောင့်ပါတယ်..။အခုလည်း အရမ်းအောင့်နေလို့ အလုပ်ကနေ ခွင့်ယူပြီးပြန်လာခဲ့တယ်..။စိတ်အရမ်းညစ်နေတယ်..။အခုအချိန်မှာ ငွေပုံကြီး နဲ့ ကျန်းမာခြင်း...ဘယ်ဟာကိုယူမလဲဆိုရင်...ကျန်းမာခြင်းကိုပဲ အပြန်တစ်ရာ ရွေးမိမှာပဲ..သိလား...။အခုတော့ ကုတင်ပေါ်မှာ အနားယူနေရပါတယ်။
အဲဒီရောဂါ...မြန်မြန်ပျောက်ပါစေလို့ ဆုတောင်းပေးကြပါနော်... ။

9 comments:
ကျန်းမာရေး ကို ဂရုစိုက်ပါမမရယ်.
.မြန်မြန်နေကောင်းပါစေလို့  ဆုတောင်းပေးနေမယ်နော်....ပျော်ရွှင်သောနေ့လေး
တွေ ပိုင်ဆိုင်ပါစေ မမ....
မြန်မြန်နေကောင်းပါစေ....လို့..ဆုတောင်းပေးပါတယ်..အမ
i wish for
may Allah give to u good health.
and may Allah give to easy life.
aungkoko
နေအမြန်ပြန်ကောင်းပါစေနော် ..
ကျန်းမာရေးဂရုစိုက်ပါ ..
ပျော်ရွှင် ချမ်းမြေ့ပါစေ ..း)
နေမကောင်းဆိုတော့
နေမြန်မြန်ကောင်းပါစေလို့ဆုတောင်းပေးပါတယ်ဗျာ
ကျနော်လည်း ရန်ကုန်မှာတစ်ယောက်တည်းလာနေရတာ ဆိုတော့ နေမကောင်းဖြစ်ရင် အားငယ်တယ်ဗျ
နေအမြန်ကောင်းပါစေနော်း)
အစ်မရေ
နေမြန်မြန်ကောင်း ပါစေဗျာနော်..
ဆုတောင်းပေးပါတယ်နော်
မမနတ်သမီးရေ......
ကျန်းမာပါစေ။
ပျော်ရွှင်ပါစေ။
ဂရုစိုက်ပါနော်။
ကျန်းမာခြင်းသည် လာဒ်တစ်ပါးတဲ့။
လူပျံတော် ပတ္တမြားကိုဆောင်ထားတဲ့။
ဟဲဟဲ...စတာပါ.
ကျန်းမာပျော်ရွှင်ပါစေ။
နတ်သမီးလေးရေ..စက်တွေနဲ့စမ်းသပ်ထားတာတောင် တီဘီ ကင်ဆာဘာမှမတွေ့၇ဘူးဆိုတော့ ရိုးရိုး viral infections ပဲဖြစ်နိုင်ပါတယ် virus ဖြစ်တဲ့အတွက် ဆေးမရှိပါဘူး လူကိုယ်ထဲမှာ ၁ ပတ်လောက်နေပြီးသူ့ဟာ သူသေသွားပါလိမ့်မယ်။အရမ်းကြီးမစိုးရိမ်ပါနဲ့ respiratory tract infection ဆိုတာ ကိုယ်ခံအား immune နည်းလို့လည်းဖြစ်နိုင်ပါတယ်အစ်မ.....ဒါကြောင့်အစားအသောက်ကိုပုံမှန်စား အိပ်ရေးဝအောင်အိပ် သစ်သီးဖျော်ရည်များများသောက်ပေးပါ....နတ်သမီးလေးအမြန်ဆုံးကျန်းမာလာပါစေ...ဆက်သွယ်ချင်ရင်...thettantchocho@gmail.com မှာရှိပါတယ်...
အမရေ stress တွေများနေတဲ့အခါ အလုပ်ပင်ပန်းတဲ့အခါ အာရုံစူးစိုက်ချိန်ကြာတဲ့အခါ ရင်နဲ့ ကျောညှပ်အောင့်တတ်ပြီး အိပ်မပျော်ခြင်းလဲ ဖြစ်တတ်ပါတယ်။ အကောင်းဆုံး ဆေးကတော့ တရားထိုင်ခြင်းပါ။ စိတ်ကို စုစည်းပေးနိုင်လို့  အိပ်ပျော်စေတဲ့ အထောက်အကူ ဖြစ်စေပါတယ်။ နောက်တနည်းကတော့ အိပ်ခါနီး မျက်နှာသစ်ပြီး နောက် ၁၀ မိနစ် ၁၅ မိနစ်ကြာတဲ့အခါ ခြေထောက်ကိုပဲ ရေအေးအေးနဲ့ လောင်းပြီး အိပ်ရာဝင်ဘို့ ပါ။ မြန်မြန်အိပ်ပျော်စေဘို့  နည်းလမ်းလေးတစ်ခုပါ။
Post a Comment