Thursday, September 17, 2009

Cyprus ရဲ့..ပုဂံ


(ကျွန်မ အလုပ်လုပ်တဲ့ဆိုင်ရှေ့ကနေ ကိုယ်တိုင်ရိုက်ထားတဲ့..ပုံပါ)

Cyprus နိုင်ငံရဲ့မြို့တော်ကို Nicosia မြို့တော်အဖြစ် သတ်မှတ်ခဲ့သော်လည်း ကျမနေထိုင်သော Paphos မြို့လေးသည် Cyprus နိုင်ငံရဲ့သမိုင်းဝင်မြို့လေးအဖြစ် ထင်ရှားခဲ့သည်..။ Paphos မြို့လေးသည် ရှေးအကျဆုံးဘုရင်များ နေထိုင်ခဲ့သော မြို့လေးဖြစ်သည့်အတွက် နိုင်ငံခြားခရီးသည်များ အများဆုံးလာရောက်လည်ပတ်သော မြို့လေး လည်းဖြစ်သည်။
မြန်မာနိုင်ငံမှ ပုဂံမြို့ဟောင်းကဲ့သို့ပင် Greece ဘုရင်မျိုးနွယ်များ နေထိုင်ခဲ့သောနေရာဟောင်းများကို ရှေးလက်ရာမပျက်ထိမ်းသိမ်းထားပြီး သမိုင်းဝင်နေရာများအဖြစ် သတ်မှတ်ထားသည်။
-ဘုရင့်နန်းတော်ကို ရှေးဟောင်းပြတိုက်(Kastle Museum)အဖြစ်၎င်း ၊


-ဘုရင်များနတ်ရွာ စံ၍ မြှုပ်နှံထားသောဂူသချိင်္ိုင်းကို (Tombs of the Kings)ဟု၎င်း၊

-ရှေးခေတ်က ဘုရင်နှင့်တကွ မိသားစု အခြွေအရံများ အပန်းဖြေကြည့်ရှူလေ့ရှိသော လူနှစ်ယောက် စီးခြင်းထိုးသည့် လူသတ်ကွင်းကို (Kolossi Castile)အဖြစ်၎င်း ၊

-နတ်ဘုရားကိုပူဇော်ပြီး ဘေးမဲ့လွှတ်သောနေရာကို (Sanctuary of Apolo)ဟူ၍၎င်း။
ဘုရင့်မိသားစုရေချိုးရာတွင် ဝင်ပေါက်တစ်ခုမှတဆင့် မြေအောက်ကိုဖြတ်ပြီး ကမ်းခြေသို့သွားနိုင်သော အဆောက်အအုံလေးတစ်ခုကို (The Frankish bath)ဟု၎င်း၊

- ဘုရင်အဆက်ဆက်နေထိုင်ခဲ့သောနေရာများကို အမည်နာမများ သတ်မှတ်ကာ ရှေးဟောင်းနေရာအဖြစ် သတ်မှတ်ပြီး ကမ္ဘာလှည့်ခရီးသည်များ ကြည့်ရှူလေ့လာရန် စီစဉ်ထားသည်များကို တချို့တဝက်တင်ပြရင်း............."Cyprus ရဲ့ ပုဂံ လို့သာ...တင်စားလိုက်ပါတော့သည်။

3 comments:

Anonymous said...

မရောက်ဖူးတဲ့နေရာကို ရောက်ရသလိုပါပဲခင်ဗျာ
တော်တော် သာယာလှပတဲ့နေရာလေးပဲနော်
ပျော်စရာကြီး..
အဆင်ပြေပါစေခင်ဗျာ..
လေးစားစွာ
လင်းကြယ်ဖြူ

ဏီ(န်)ကင်း said...

ပုံလေးတွေနဲ့ဗဟုသုတတွေအတွက်ကျေးဇူးပါ။ကျွန်တော်လဲ ခရီးသွားရတာဝါသနာပါပါတယ်။

ဇော် said...

သြော .. ကိုကြယ်က ရောက်သွားပြီကိုး ... =)

အဆောက်အဦးပုံတွေထက် လူပုံက ပိုလှတယ် ..
ဒါပေမယ့် ကျနော်က မိန်းကလေးနော်။
မောင်သ၀န်တိုနေဦးမယ်။ =)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger