လူတွေပြောနေကြတဲ့.....
အချစ်ဆိုတာ..........“ရယူခြင်း”...တဲ့
အချစ်ဆိုတာ..........“ပေးဆပ်ခြင်း”...တဲ့
အချစ်ဆိုတာ..........“ပူဆွေးခြင်း”...တဲ့
အချစ်ဆိုတာ..........“ငိုကြွေးခြင်း”...တဲ့
အချစ်ဆိုတာ..........“ပျော်ရွှင်ခြင်း”...တဲ့
အချစ်ဆိုတာ..........“စွန့်လွှတ်အနစ်နာခံခြင်း”...တဲ့
သူတို့ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေပေါ်မူတည်ပြီး အဓိပ္ပါယ်အမျိုးမျိုးသတ်မှတ်ကြတယ်...ကျွန်မအတွက်ကတော့ အချစ်ဆိုတာ...“မျှဝေခံစားခြင်း”ပါ။ ဟုတ်တယ်လေ...အချစ်ဆိုတာ “မှန်လေးတစ်ချပ်”လိုပါပဲမတူညီတဲ့ ဘဝနှစ်ခုကို တူညီအောင် ညှိယူရမယ်...၊ခံစားချက်လေးတွေကို..နှစ်ယောက်အတူ မျှဝေခံစားကြမယ်...၊
“သူ”ငိုရင် ကိုယ်လည်းငိုမယ်...၊
“သူ”ရီ(ရယ်)ရင် ကိုယ်လည်းရီ(ရယ်)မယ်..၊
“သူ”ပျော်ရင် ကိုယ်လည်းပျော်တယ်...၊
သူ့ကို ကိုယ်ပေးလိုက်သလောက်...သူ့ဆီကလည်း အဲဒီပမာဏအတိုင်း...ကိုယ်ပြန်လိုချင်တယ်...ကျွန်မကတော့.မျှတတဲ့အချစ်ပဲဖြစ်ချင်ပါတယ်...၊
သူနှင့်ကျွန်မ=မျှဝေခံစားခြင်း
အချစ်=မျှဝေခံစားခြင်း
သူနှင့်ကျွန်မ=အချစ်=မျှဝေခံစားခြင်း
3 comments:
ဟုတ်လိုက်လေဗျာ
ရယူခြင်းကဆုံးရှုံးရမှာစိုးရတယ်
ပေးဆပ်ခြင်းတဲ့
အမြဲတစေခွန်အားတွေကရှိပါ့မလား
ပူဆွေးရခြင်းသောကတွင်းနဲ့
ငိုကြွေးရခြင်းဆင်းရဲတွင်းကို
ဘယ်သူတွေကဆင်းခြင်မလဲ
သောကကင်းကင်းပျော်ရွှင်ခြင်းတော့
လောကကြီးမှာရှိမယ်မထင်
စွန့်လွှတ်နစ်နာခံနိုင်ပါဘူး
ဘယ်သူတွေမှ ချစ်ရသူကို.....?
သူပြုံးကိုယ်ရီ(ရယ်)
သူငိုကိုယ်ဆွေး
မှန်ကလေးလို
ခံစားမျှဝေအချစ်တွေနဲ့
လောကကြီးပါလှနေမယ်။ ။
ဂျီးတော်ရဲ့ အချစ်အကြောင်း ဒဿနက ရေလည်မိုက်တယ်။ ဟုတ်တယ် မျှဝေခံစားပေးတတ်ရမယ်။ နားလည်ပေးတတ်တဲ့ အချစ်က အကောင်းဆုံးပါပဲ။
အချစ်အကြောင်းလေးလာဖတ်သွားတယ်..နတ်သမီးလေးရေ
....အင်း...အရာအားလုံးအဆင်ပြေပါစေနော်...ချစ်ခြင်းက
အစပေါ့....
Post a Comment