ကျမပေါ်ကိုရွာချလိုက်တယ်...
မိုးရည်တွေတော့မဟုတ်ဘူး...
မျက်လုံးပေါင်းမြောက်များစွာရဲ့ အကြည့်တွေပါ၊ သူတို့ရဲ့အကြည့်တွေထဲမှာ သနားခြင်း၊စိတ်မကောင်းခြင်း၊ ကိုယ်ချင်းစာတတ်တဲ့ အကြင်နာအကြည့်တွေကို ကျမတွေ့လိုက်ရတယ်။
“မြန်မာ”ဆိုတဲ့ သွေး..သူတို့မှာရှိတယ်...
ကြင်နာသနားတတ်တဲ့“စိတ်”...သူတို့မှာရှိတယ်...
ရိုင်းပင်းကူညီတတ်တဲ့“စိတ်”...သူတို့မှာရှိတယ်...
မိသားစု“စိတ်ဓာတ်”..သူတို့မှာရှိတယ်...
စောင့်ထိန်းရမဲ့“စည်း”..သူတို့မှာရှိတယ်..
အားငယ်နေသူကို အားပေးတတ်တဲ့“စိတ်”..သူတို့မှာရှိတယ်...
လဲကျနေသူကို တွဲခေါ်တတ်တဲ့“စိတ်”..သူတို့မှာရှိတယ်...
လူပီသတဲ့“စိတ်”..သူတို့မှာရှိတယ်..
ဖြူစင်တဲ့စိတ်ထားတွေနဲ့ကြည့်နေကြတဲ့ သူတို့ရဲ့အကြည့်တွေ...အကြည့်တွေ....
ကျမရဲ့အပေါ်ကို တစက်ချင်း နူးညံ့စွာ ရွာချလိုက်တဲ့ သူတို့တွေရဲ့ အကြင်နာအကြည့်တွေရဲ့အောက်မှာ ကျမတကိုယ်လုံး ရွှဲရွှဲစိုသွားရင်း ကြည်နူးခြင်း..ဝမ်းနည်းခြင်း..ဆိုတဲ့ ခံစားချက်တွေ ရောယှက်နေတဲ့ ပီတိအပြုံးလေးတစ်ခုကို ယဲ့ယဲ့လေးပြုံးရင်း .....
I LOVE YOU...ALL....
4:37 PM
လင်းထက်

Posted in: 

Nicosia Time
6 comments:
မမေရ........
ထာဝရပြုံးပျော်နိုင်ပါစေ။
အားတင်းထားပါ အရာရာအတွက်
နတ်သမီးလေးလိုပဲ လှ၏
လာခဲ့တယ်...။
အမြဲပျော်ရွှင်နိုင်ပါစေ...အဖြူရောင်နတ်သမီးလေးရေ...
ဆုတောင်းပေးပါတယ်ခင်ဗျာ...။
အဖြူရောင်နတ်သမီးဘလော့ကို အစက မသိခဲ့၊ နမ်းမဝ မှန်းလဲ မသိခဲ့၊
သိမဲ့သိရတော့လဲ၊ သနားခြင်း၊ ကိုယ်ချင်းစာခြင်း၊ ကြင်နာခြင်း၊ ဖေးမလိုခြင်းများနဲ့သာ စ သိခဲ့ရတယ်
ကိုယ်လို လာဖွင့်မပြောဖြစ်၊ ကွန်မက်မပေးဖြစ်ပဲ စိတ်ထဲမှာပဲ စာနာမိသူ လူတွေ ပိုများမယ်ထင်တယ်။
ဘလော့ဂါတို့ရဲ့ ဘလော့ဂါကိုတောင် ကျေးဇူးတင်ရမလိုဖြစ်နေတယ်
နတ်သမီး လာလည်တယ်နော်... ပျော်ရွှင် အောင်မြင်ပါစေ..... နတ်သမီးဝါသနာပါတဲ့ အနုပညာလုပ်ငန်းလည်းအောင်မြင်ပါစေလို့။
ညီမလးရေ...
လောကကြီးက အဲလိုပါပဲ ... အကောင်း အဆိုး ဒွန်တွဲလျှက်ပါပဲ ... ခုလို မောင်နှမတွေ စည်းစည်းလုံးလုံးတွေ့ရတဲ့ အခါကျလဲ ဘ၀က နေပျော်သွားပြန်ရော ... ( မလှတဲ့ စာမျက်နှာတွေ ဖျောက်ထားရင်း ပျော်ရွှင်တဲ့ ဘ၀လေးကိုပဲ ရရှိနိုင်ပါစေ ...)
Post a Comment